Home Parenting Child Teaching ဘေဘီလေးတွေ အရာရာသင်ယူနိုင်အောင် ကူညီပေးဖို့ မိဘတွေ သိထားသင့်တဲ့ အကြံပြုချက် (၁၂)ချက်

ဘေဘီလေးတွေ အရာရာသင်ယူနိုင်အောင် ကူညီပေးဖို့ မိဘတွေ သိထားသင့်တဲ့ အကြံပြုချက် (၁၂)ချက်

0
ဘေဘီလေးတွေ အရာရာသင်ယူနိုင်အောင် ကူညီပေးဖို့ မိဘတွေ သိထားသင့်တဲ့ အကြံပြုချက် (၁၂)ချက်

မိဘတစ်ဦးဖြစ်လာခြင်းက (ကလေးတွေအတွက် အကောင်းဆုံးဘဝအရည်အသွေး ရရှိမှုကို သေချာစေဖို့ ) လောကကြီးနှင့်ပတ်သတ်တဲ့ အသစ်အဆန်းတွေများစွာကို သင်ယူခြင်းလို့ ဆိုလိုပါတယ်။ ဒါ့ကြောင့် သင့်ကလေးရဲ့ပထမ ၃နှစ်မှာ သူတို့ရဲ့ ဦးနှောက် ၈၀% ကျော်ကို ဖွဲ့စည်းတယ်ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ ပွေ့ဖက်တိုင်း၊ အနမ်းပေးတိုင်း ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေကျွေးတိုင်း၊ ဂိမ်းကစားချိန်တိုင်းက သင့်ကလေးရဲ့ ဦးနှောက်ကို တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေပါတယ်။

၁။ မေမေတို့ရဲ့ မွေးကင်းစကလေးသည် လွတ်လပ်စွာ ရွေ့လျားနိုင်ကြောင်း သေချာပါစေ

မွေးကင်းစကလေးငယ်တွေကို ကြည့်ရှု့စောင့်ရှောက်ရတာက အလုပ်များနိုင်ပေမယ့် သူတို့ရဲ့လှုပ်ရှားမှုတွေကို ချုပ်တည်းမထားဖို့ အရေးကြီးပါတယ်။ ဒီလှုပ်ရှားမှုဖြင့် ထိန်းချုပ်ရန် သူတို့သင်ယူနေတာကြောင့်ပါ။ အစပိုင်းမှာ သင့်ကလေးရဲ့ လက်တွေနဲ့ ခြေထောက်တွေက အစီအစဉ်မကျတဲ့ ပုံစံအတိုင်း ရွေ့လျားနေမှာဖြစ်ပြီး မကြာခင်မှာ သူတို့တိုးတက်မှု ရှိလာတာကို သင်တွေ့မြင်ရမှာ ဖြစ်ပါတယ်။

၂။ သင့်ကလေးရဲ့ အပြုံးတွေကို တုံ့ပြန်ပါ၊ သူတို့နှင့် စကားပြောနေစဉ် သင့်လေသံကို ပြောင်းလဲပါ

ကလေးအား အရာရာကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ သင်ကြားပေးခြင်းက အရေးကြီးတာကြောင့် ကလေး ပြုံးနေတာမြင်ရင် ပြန်ပြုံးပြဖို့ မမေ့ပါနဲ့၊ ဒါမှသာ အပြုသဘောဆောငာ်တဲ့ အပြန်အလှန်ဆက်ဆံရေးဖြစ်ကြောင်း သူတို့နားလည်ကြမှာပါ။

ကလေးနဲ့စကားပြောရာမှာ ကလေးအား မတူညီတဲ့ တုံ့ပြန်မှုတွေနဲ့ စကားပြောပုံစံတွေ အသုံးပြုလာတတ်စေဖို့ အနိမ့်၊ အမြင့်၊အနှေး၊ အမြန်ဖြစ်စေအောင် သင့်ရဲ့လေယူလေသိမ်းကို ပြောင်းလဲသင့်ပါတယ်။

၃။ ဘေးကင်းတဲ့အရာဝတ္တုတွေကို လက်လှမ်းယူရန် အားပေးပါ

ကလေးအသက် ၁လမှ ၆လအတွင်း ပလတ်စတစ်ခွက်တွေလို အရာဝတ္တုတွေကို သူတို့ကိုယ်တိုင် လက်လှမ်းယူဖို့ တွန်းအားပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်ကလေးရဲ့ မျက်လုံးရှေ့မှာ အရာဝတ္တုတစ်ခုကို တစ်ဖက်မှ တစ်ဖက်သို့ (သို့) အပေါ်၊ အောက်သို့ ဖြည်းဖြည်းချင်းရွှေ့ခြင်းဖြင့် ကလေးဟာ အရာဝတ္တုကို မျက်လုံးဖြင့် လိုက်ကြည့်နိုင်ပါတယ်။ ကလေးဘဝရဲ့ တတိယလမှာ သူတို့ရဲ့ အမြင်အာရုံတွေကျယ်ပြန့်လာတာကြောင့် လုပ်ဆောင်ဖို့ ကောင်းပါတယ်။

၄။ ကလေးအား မေးခွန်းတစ်ခု မေးတဲ့အခါ ဖြေဆိုဖို့ အချိန်ပေးပါ

အသက် ၆လမှ ၉လသားအရွယ်မှာ ရိုးရှင်းတဲ့ မေးခွန်းတွေ မေးခြင်းဖြင့် ကလေးနှင့် စတင်ဆက်သွယ်ပါ။ ဒါပေမယ့် အဖြေကို ချက်ချင်းမမျှော်လင့်လိုက်ပါနဲ့။ သင့်ခေါင်းထဲမှာ ၁၀ အထိ ရေတွက်ပြီး စဉ်းစားဖို့ အချိန်ပေးပါ။ အဖြေမလာရင် မေးခွန်းကို ကိုယ့်ဘာသာကိုယ်ဖြေပါ။ ဒါမှ သူတို့မှတ်မိနိုင်မှာပါ။

၅။ သင့်ကလေးအတွက် ရိုးရှင်းတဲ့ ရုပ်ပုံစာအုပ်တွေ (သို့) ပဟေဠိတွေကို ဝယ်ယူပါ

ဒီအသက်အရွယ်မှာ သင့်ကလေးဟာ ၎င်းတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာအကြောင်းကို သိချင်စိတ်ပြင်းပြလာတာကြောင့် ရိုးရှင်းတဲ့ စာအုပ်တွေ (သို့) အရုပ်တွေကို လှုပ်ရှားမှုအမျိုးမျိုးဖြင့် ဝယ်ယူခြင်း (သို့) အရုပ်တွေ ပြုလုပ်ခြင်းဖြင့် သူတို့အား အသစ်အဆန်းတွေ လေ့လာဖို့ ကူညီပေးပါ။

၆။ ကလေးအသက် ၆လမှာ ပျားရည်ကလွဲပြီး ဘာမဆို စားနိုင်တာကို သတိရပါ

ကလေးအား အသက်၁နှစ်အရွယ်အထိ ပျားရည်မတိုက်သင့်သော်လည်း အခြားသော ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာတွေအားလုံးက အန္တရာယ်ကင်းပါတယ်။

၇။ ကလေးရဲ့ သင်ယူမှုလုပ်ငန်းစဉ်ကို အားပေးပြီး ဆုချပါ

သင့်ကလေးနှင့် တတ်နိုင်သမျှ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်ဖို့ မမေ့ပါနဲ့။ self-esteem နဲ့ confidence ကောင်းရှိဖို့အတွက် သူတို့ဟာ (မကောင်းဘူး၊ ဆိုးတယ်) ဆိုတဲ့ အပျက်သဘောဆန်တဲ့ စကားလုံးတွေထက် အပြုသဘောဆောင်တဲ့ စကားလုံးတွေကို ပိုကြားနေသင့်ပါတယ်။

၈။ ကလေးအား အရာဝတ္တုတွေရဲ့အမည်တွေကို ပြောပြပြီး ရိုးရှင်းတဲ့ အမူအရာတွေကို သင်ပေးပါ

အသက်၉လမှ ၁၂လအတွင်း သင့်ကလေးက သူတို့ပတ်ဝန်းကျင်ရှိ အရာဝတ္တုတွေကို စိတ်ဝင်စားမှုများစွာ ပြသသင့်ပါတယ်။ ဒါ့ကြောင့် သူတို့အတွက် အရာဝတ္တုတွေရဲ့ အမည်တွေနဲ့ လူတွေကို မှတ်မိစေဖို့ ထပ်ခါတလဲလဲ ပြောပေးဖို့ မမေ့ပါနဲ့။ လှုပ်ရှားမှုနဲ့ စကားလုံးတွေအကြား ဆက်နွှယ်မှုကို လေ့လာနိုင်စေဖို့ ကလေးကို ” bye- bye” လို့ ဝှေ့ယမ်းတတ်အောင် သင်ပေးပါ။

၉။ အရုပ်တွေပေါ်ရှိ မျက်နှာအသွင်အပြင်ကို ညွှန်ပြပါ

ဥပမာ- အရုပ်ရဲ့ မျက်နှာပေါ်ရှိ ပါးစပ်ကို “ဒါ..ဘာလဲ” လို့ ညွှန်ပြပါ၊ “ဒါက…ပါးစပ်”လို့ အမည်ပေးပါ။ ပြီးရင် မေမေတို့ရဲ့ ပါးစပ်ကို ညွှန်ပြပါ။ ပြီးတော့ ကလေးပါးစပ်ကို ညွှန်ပြပါ။ ဒီနည်းဖြင့် ကလေးဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြည်းဖြည်းချင်းမှတ်သားနိုင်မှာ ဖြစ်ပါတယ်။

၁၀။ ကလေးအား ပစ္စည်းတွေကို ဘူးအလွတ်တစ်ခုထဲသို့ ထည့်ခိုင်း၊ ထုတ်ခိုင်းပါ

အသက် ၁နှစ်အရွယ်မှာ ကလေးတစ်ဦးရဲ့ မျက်လုံး- လက် ပေါင်းစပ်ညှိနှိုင်းမှု စွမ်းရည် ဖွံ့ဖြိုးတိုးတတ်စေဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးကို ဘူးအလွတ်တစ်ခုထဲ ထည့်လိုက်၊ ထုတ်လိုက် လုပ်ဖို့ အန္တရာယ်ကင်းတဲ့ ပစ္စည်းတွေ အသုံးပြုခွင့်ပေးပါ။

၁၁။ ကလေးနဲ့ အချိန်တိုင်း စကားပြောပေးပါ

ရေချိုးခြင်း၊ လမ်းလျှောက်ထွက်ခြင်းနဲ့ တခြားအရာတွေအပါအဝင် လှုပ်ရှားမှုတိုင်းက ကလေးနဲ့ ပြောဆိုဆက်သွယ်ဖို့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ သင်စကား ပိုပြောပေးလေလေ သင်ပြောနေတဲ့အရာတွေကို ကလေးနားလည်ဖို့ ပိုလွယ်ကူလေ ဖြစ်ပါတယ်။ ကလေးရဲ့ စကားပြောဆိုဖို့ ကြိုးပမ်းမှုတွေကို အမြဲတမ်း တုံ့ပြန်ပေးရပါမယ်။

၁၂။ နေ့စဉ်လှုပ်ရှားမှုတွေ ပြုလုပ်ခြင်းဖြင့် ရေတွက်နည်း သင်ပေးပါ

ကျောင်းမှာ သင်ကြားဖို့ စောင့်ဆိုင်းနေမယ့်အစား အသက် ၂နှစ်အရွယ်မှာ ကလေးအား အိမ်မှာ နောက်ထပ်အကြောင်းအရာတွေ သင်ယူဖို့ ကူညီပေးနိုင်ပါတယ်။ သင်နှင့်အတူ အရာဝတ္တုတွေကို ရေတွက်ဖို့ အမြဲတမ်းအားပေးပါ။ အရာဝတ္တုတွေကို ရေတွက်ရာမှာ ” ဒါဘယ်နှစ်ခုလဲ” ဆိုတဲ့ မေးခွန်းတွေ မကြာခဏ မေးပါ။

Chit_MayMay

Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here