Home Parenting Child Care ဘေဘီလေးတွေ အိပ်ပျော်နေစဉ်မှာ ဘာ့ကြောင့်ပြုံးကြတာလဲ?

ဘေဘီလေးတွေ အိပ်ပျော်နေစဉ်မှာ ဘာ့ကြောင့်ပြုံးကြတာလဲ?

0
642

ကလေးရဲ့ အပြုံးလောက် နွေးထွေးဖွယ်ကောင်းတဲ့အရာ မရှိပါဘူး။ မေမေတို့ ကလေးလေးတွေ အိပ်ပျော်ချိန်မှာ ပြုံးနေတာကို မြင်ဖူးကြမှာပါ။ သူတို့ဘာ့ကြောင့်ပြုံးရတာလဲ?

ကလေးငယ်တွေ အိပ်ပျော်စဉ်မှာ ပြုံးနေရတဲ့ အကြောင်းရင်းတွေကို ချစ်မေမေတို့အတွက် မျှဝေပေးမယ်နော်။

အိပ်ချိန်အတွင်းမှာ ကလေးတစ်ယောက် ဘာ့ကြောင့်ပြုံးရတာလဲ?

နို့စို့အရွယ်နှောင်းပိုင်းမှာ ဖြစ်ပေါ်တဲ့ အပြုံးတုံ့ပြန်မှုနှင့်မတူဘဲ မွေးကင်းစ ကလေးတွေမှာ ဖြစ်ပေါ်တဲ့ “endogenous smile” ဆိုသော အပြုံးပုံစံ ဖြစ်ပါတယ်။ ပြင်ပလှုံ့ဆော်မှုကြောင့် မဟုတ်ပါဘူး။ အိမ်မက် မက်တဲ့အဆင့်ဖြစ်တဲ့ (rapid eye movement ) REM အိပ်စက်ခြင်းအဆင့်မှာ ဇီဝကမ္မ စည်းချက်တွေကို အဆုံးအဖြတ်ပေးတဲ့ endogenouslyရဲ့ တိကျတဲ့ ဦးနှောက်လုပ်ဆောင်မှုတွေကြောင့် ကလေးငယ်တွေဟာ အိပ်ပျော်စဉ်မှာ ပြုံးတာ၊ တစ်ခါတရံ ရယ်မောတာ လုပ်တတ်ပါတယ်။

ကလေးရဲ့အပြုံးက အိမ်မက်ကို တုံ့ပြန်ခြင်းဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့အတွေးတွေကို မဖော်ပြနိုင်တာကြောင့် အိပ်မက်ပါအကြောင်းအရာများကို ပြောပြဖို့ မဖြစ်နိုင်သလောက်ရှိပါတယ်။ သို့သော် အပြုံးဟာ အိပ်မက်ထဲမှာ ဖြစ်ရပ်တစ်ခုကို တုံ့ပြန်တာ ဖြစ်နိုင်ပါတယ်။

မွေးကင်းစကလေးတွေဟာ ပြောဆိုဆက်ဆံမှု ကိရိယာတစ်ခုအဖြစ် ပြုံးတတ်ပါတယ်။ မိဘ (သို့) အုပ်ထိန်းသူတစ်ယောက်၊ အကြိုက်ဆုံးအစားအစာ၊ အိမ်မွေးတိရစ္ဆာန်တစ်ကောင်အကြောင်း အိမ်မက်မက်ပါက ကလေးတွေ ပြုံးတတ်ကြပါတယ်။ ကလေးငယ်တွေဟာ အိပ်ပျော်နေတဲ့အချိန် (သို့) နိုးနေတဲ့အချိန်မှာတောင် သူတို့တွေ့ကြုံခံစားရသော ပျော်ရွင်ဖွယ်ကောင်းတဲ့ ခံစားမှုတွေကို တုန့်ပြန်မှုဖြစ်နိုင်ပါတယ်။

ကလေးတွေ အိပ်နေစဉ်မှာ ဘာ့ကြောင့်ပြုံးရတာလဲဆိုတာကို သိဖို့ အိပ်စက်ခြင်းနှင့် ၎င်းရဲ့အဆင့်တွေကို နားလည်ဖို့ လိုအပ်ပါတယ်။ အိပ်စက်ခြင်းရဲ့ အခြေခံအဆင့်နှစ်ခုမှာ (မျက်လုံးလှုပ်ရှားမှု မရှိချိန်) non-rapid eye movement (NREM) နဲ့ (မျက်လုံးလှုပ်ရှားမှုရှိချိန်) rapid eye movement (REM) တို့ဖြစ်ပါတယ်။

ကလေးတွေဟာ အဆင့် ၄ဆင့်ရှိတဲ့ NREM အဆင့်မှာ စတင်အိပ်စက်ကြပါတယ်။

NREM 1: ကလေးငယ်ဟာ အိပ်ချင်သလို ခံစားလာရပြီး မျက်လုံးငိုက်စိုက်လာပါတယ်။ နိုးတစ်ဝက် အိပ်တစ်ဝက်အနေအထားဖြစ်နိုင်ပါတယ်။

NREM 2: ကလေးငယ်တွေ အနည်းငယ် အိပ်မောကျတဲ့အချိန်ဖြစ်ပြီး အသံနှင့် ပတ်ဝန်းကျင် အခြားအနှောက်အယှက်များရှိရင် နိုးလာပါလိမ့်မယ်။

NREM 3: ကလေးငယ်တွေ လှုပ်ရှားမှုမရှိ၊ တိတ်ဆိတ်ငြိမ်သက်သော နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အဆင့်ဖြစ်ပါတယ်။

NREM 4: ဒါက NREM အိပ်စက်မှုရဲ့ အနက်ရှိုင်းဆုံးဖြစ်ပြီး ကလေးငယ်တွေဟာ သူတို့ကို နိုးစေဖို့ ကျယ်လောင်တဲ့ ဆူညံသံမရှိရင် ဆက်ပြီးအိပ်နေမှာ ဖြစ်ပါတယ်။

ကလေးတစ်ယောက်ဟာ အိပ်စက်ခြင်းသံသရာ အဆင့်၁ကို ဝင်ရောက်ပြီး ၃,၂နှင့် REM မတိုင်ခင်မှာ နောက်ပိုင်းအဆင့် ၂,၃,၄ သို့ ရွေ့သွားပါတယ်။ REM ဟာ အောက်မှာဖော်ပြထားတဲ့ NREM အိပ်စက်မှုရဲ့ရှေ့အဆင့်ကြားမှာ ဖြစ်ပေါ်ပါတယ်။

NREM 1 → NREM 2 → NREM 3 → NREM 4 → NREM 3 → NREM 2 → REM → NREM 2

ဒါ့ကြောင့် ကျွန်တော်တို့အိပ်ပျော်နေတဲ့ တလျှောက်လုံးမှာ (NREM sleep)အပိုင်းအခြား နဲ့ (REM sleep)ဟာ တလှည့်စီအစဉ်လိုက်ဖြစ်နေပါတယ်။

REM, အိမ်မက်, နှင့် ပြုံးခြင်း

REM( မျက်လုံးလှုပ်ရှားမှုရှိချိန်)။ မျက်လုံးက အရှေ့မှ အနောက်သို့ မြန်မြန်ရွေ့လျားလာပြီး အိမ်မက်တွေဖြစ်ပေါ်လာတဲ့ အချိန်ဖြစ်ပါတယ်။ အိပ်စက်ခြင်း ကျွမ်းကျင်သူတွေက မျက်စိလှုပ်ရှားမှုတွေက ဦးနှောက်မှ ပြုလုပ်သော အိမ်မက်တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ယုံကြည်ကြပါတယ်။

REM အဆင့်ဟာ ဦးနှောက်လုပ်ဆောင်မှုကို မြင့်တတ်စေပါတယ်။ REM အိပ်ချိန်အတွင်း ဦးနှောက်ရဲ့ လျှပ်စစ်ပုံစံတွေက ကျွန်တော်တို့နိုးနေတဲ့အချိန် တတ်ကြွနေသော အရာတွေနဲ့ ဆင်တူပါတယ်။ ဒီအချက်က ဦးနှောက်ဟာ အဖြစ်မှန်ကို တုပပုံရသောကြောင့် REM အိပ်ချိန်အတွင်း အိမ်မက်များ ပေါ်ပေါက်လာတယ်လို့ ဆိုလိုပါတယ်။

ကလေးငယ်တွေဟာ တစ်နေ့လျှင် ၁၆နာရီအိပ်လေ့ရှိပြီး တစ်ဝက်မှာ REM အိပ်ခြင်းဖြစ်ပါတယ်။ အသက်ကြီးသော ကလေးတွေနဲ့ လူကြီးတွေဟာ နာရီအနည်းငယ်သာ အိပ်စက်ကြပြီး REM အိပစက်ခြင်းမှာ အချိန်နည်းပါးကြပါတယ်။ ထို့ကြောင့် ကလေးတွေဟာ နေ့ရောညပါ အိပ်ပျော်နေစဉ် ကလေးရဲ့အပြုံးကို တွေ့ရခြင်းက အံ့သြစရာတော့ မဟုတ်ပါဘူး။ နောက်တစ်ခါ သင့်ရဲ့ ကလေးအိပ်နေစဉ်အတွင်း ပြုံးနေပါက သူတို့ကောင်းမွန်စွာ အိပ်ပျော်နေပြီး အိမ်မက်လှလှတွေ မက်နေတာလို့ ဆိုလိုပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here