Home Parenting Mom and Baby ဘေဘီသေးသေးလေးတွေကို မကြာခဏရေချိုးပေးဖို့ လိုအပ်သလား?

ဘေဘီသေးသေးလေးတွေကို မကြာခဏရေချိုးပေးဖို့ လိုအပ်သလား?

0
28

မွေးကင်းစကလေးတွေကို ရေချိုးပေးခြင်းက ပထမဆုံးမိဘဖြစ်ရသူတွေအတွက် စိတ်အားထက်သန်စွာ မျှော်လင့်ကြသော အရာတစ်ခုဖြစ်ပါတယ်။ ရေကန်ထဲ ကန်ကျောက်ရုန်းကန်နေတဲ့ လူသေးသေးလေးကို ရေချိုးပေးရတာက တကယ်ကို အသည်းယားစရာအတွေ့အကြုံတစ်ခုဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ပထမဆုံးအကြိမ်မှာ အခက်အခဲတွေရှိနိုင်တာကြောင့် မေမေတို့အတွက် ဒီနေ့မှာ ဘေဘီသေးသေးလေးတွေကို မကြာခဏရေချိုးပေးဖို့ လိုအပ်သလားဆိုတဲ့အကြောင်းကို မျှဝေပေးမှာဖြစ်ပါတယ်။

ကလေးရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို သေချာလုပ်ပေးမယ်၊ diaper area ကို သေချာဆေးကြောပေးမယ်ဆိုရင် နေ့တိုင်းရေချိုးဖို့ မလိုအပ်ပါဘူး။

ပထမနှစ်လသားအရွယ်မှာ ဆပ်ပြာအပျော့စားဖြင့် တစ်ပတ်လျှင် နှစ်ကြိမ်ကနေ လေးကြိမ်အထိရေချိုးခြင်းက မွေးကင်းစကလေးငယ်တွေမှာ ချွေးထွက်ခဲခြင်း (သို့) မကြာခဏ ရေချိုးဖို့ လိုအပ်လောက်အောင် ညစ်ပတ်နေတာကြောင့် ကောင်းမွန်သော အတိုင်းအတာဖြစ်တယ်လို့ ဒေါက်တာ Segura က ရှင်းပြပါတယ်။

မကြာခဏရေချိုးခြင်းဟာ မွေးကင်းစကလေးရဲ့ အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါပေမယ့် ကလေးက လမ်းလျှောက်တတ်စအရွယ်ရောက်လာပြီး အပြင်ဘက်မှာ စူးစမ်းလေ့လာဆော့ကစားတတ်လာတာနဲ့အမျှ သူတို့ဟာ ရေချိုးဖို့ ပိုလိုအပ်လာမှာ အမှန်ပါပဲ။

ရေချိုးဖို့ အကောင်းဆုံးအချိန်

သင့်ကလေးကို ဘယ်နေ့ဘယ်အချိန်မှာ ရေချိုးမလဲဆိုတာက သင့်အပေါ်မှာ မူတည်ပါတယ်။ မိသားစုများစွာက အိပ်ရာမဝင်ခင်မှာ ရေချိုးပေးကြပြီး ဒီလိုရေချိုးပေးခြင်းအားဖြင့် အိပ်ရာဝင်ရတော့မှာဖြစ်ကြောင်း ကလေးကို နားလည်စေပြီး အလွယ်တကူအိပ်ပျော်စေပါတယ်။

အရမ်းမအေးတဲ့ဒေသတွေမှာ ညနေခင်းတွေမှာ မိဘတွေနှင့် ပြုစုစောင့်ရှောက်သူအများအပြားက သူတို့ရဲ့ ရင်သွေးငယ်တွေကို ရေချိုးဖို့ အချိန်ပိုပေးကြသော အချိန်လည်းဖြစ်ပါတယ်။ သင့်ကလေးကို မနက်ခင်း ဒါမှမဟုတ် နေ့ဘက် ရေချိုးပေးမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။

ကလေးရေချိုးရမယ့်အချိန်ကို သင်သတိအရှိနိုင်ဆုံးအချိန်၊ စိတ်အရှည်ဆုံးအချိန်ကို ရွေးချယ်သင့်ပါတယ်။ ကလေးငယ်တွေကို ရေချိုးပေးတဲ့အခါ မွေးကင်းစကလေးတွေကို ရေချိုးပေးခြင်းက ပြုစုစောင့်ရှောက်သူဘက်ကနေ လက်-မျက်လုံး ညှိနှိုင်းမှု၊ စိတ်ရှည်မှုနှင့် သတိရှိမှုတွေ လိုအပ်ပါတယ်။ တစ်ခြားတာဝန်တွေရှိနေခြင်း (သို့) တစ်ခြားကလေးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တယ်ဆိုရင် သင့်ကလေးကို ရေချိုးဖို့ တစ်ခြားတစ်ချိန်ကို ရွေးချယ်ခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Chit_May_May

Nyein_Thu

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here