မတူကွဲပြားဘဲ ထူးခြားတဲ့မေမေဆိုတာ ဒီအချက် (၈) နဲ့ ကိုက်ညီနေရပါမယ်

0
403
- Advertisement -

ပြည့်စုံခြင်းကို အဓိပ္ပာယ်ဖွင့်လိုက်မယ်ဆိုရင် အပြစ်ကင်းစင်ခြင်း၊ ရှုထောင့်အားလုံးမှာ ပြည့်စုံခြင်းနှင့် ကောင်းမွန်သောစွမ်းရည်တွေ၊ ကိုယ်ရည်ကိုယ်သွေးတွေပြည့်ဝနေတာမျိုးဖြစ်ပါတယ်။ တကယ်လို့များ ကျွန်မတို့အနေနဲ့ ပြည့်စုံသွားပြီဆိုရင် နောက်ထပ်တိုးတက်ဖို့ မလိုအပ်တော့ပါဘူး။ ကျွန်မတို့သာ ပြည့်စုံဖို့ကြိုးစားနေမယ်ဆိုရင် ကျွန်မတို့ကလေးတွေကို စိတ်ပျက်စေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ကလေးတွေကို ပြည့်စုံခြင်းထက် ပိုနည်းတဲ့အရာတွေက ကျရှုံးမှုတွေဖြစ်တယ်ဆိုတာ ပြသဖို့ ကျွန်မတို့ရဲ့ ယုံကြည်မှုတွေနဲ့ အပြုအမူတွေကနေတစ်ဆင့် ချဉ်းကပ်ရတာကြောင့်ပါ။

ကျွန်မတို့ရဲ့ ကလေးတွေဟာ ကျွန်မတို့ကိုစံနမူနာယူတတ်ဖို့လိုပါတယ်။ ကလေးတွေကြီးပြင်းလာတာနဲ့အမျှ အမှားပြုလုပ်ခြင်းနှင့် ရှုံးနိမ့်ခြင်းတွေဟာ ဘဝလမ်းတစ်လျှောက်မှာ ပညာတွေသင်ယူဖို့နှင့် အတွေ့အကြုံတွေပိုင်ဆိုင်လာရစေဖို့ဆိုတာ တဖြည်းဖြည်းနားလည်လာဖို့ အရေးကြီးပါတယ်။ ဆိုတော့…..

၁။ ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပါ

- Advertisement -

သင့်မိသားစုကို သင်ကိုယ်တိုင်ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုမှာ သင်ကိုယ်တိုင်ဂရုစိုက်ဖို့ဖြစ်ပါတယ်။ ဒီလောက်အလုပ်များလွန်းတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်၊ စိတ်၊ ခံစားချက်တွေကို လုပ်ရမယ့်စာရင်းထဲမှာ မိမိကိုယ်ကိုယ်နောက်ဆုံးထားလေ့ရှိပါတယ်။ သူတို့ဟာ အကန့်အသတ်မရှိဘဲ အရာရာကိုပေးဖို့ အရမ်းအာရုံစိုက်လာတယ်။ သူတို့ဖျားနာချိန်မှာတောင် သူတို့ကိုယ်သူတို့ဂရုမစိုက်တဲ့ မိခင်တွေရှိနေပါတယ်။

ဒါ့ကြောင့် မိမိကိုယ်ကိုယ်ဂရုစိုက်ဖို့ အချိန်ယူခြင်းကလည်း သင့်ဘဝမှာ ကလေးတွေနှင့် တစ်ခြားလူတွေကို ပိုမိုကျေနပ်ပျော်ရွှင်စေဖို့ ပိုမိုကျန်းမာသန်စွမ်းသောနည်းလမ်းတစ်ခုကို ဖန်တီးခြင်းဖြစ်ပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ၊ လက်ခံပါ

မိခင်တွေဟာ ကလေးတွေကို ခြွင်းချက်မရှိချစ်နိုင်ခြင်းက အံ့ဩစရာပါပဲ။ သို့ပေမယ့် သင့်ကိုယ်သင်ခြွင်းချက်မရှိချစ်ခြင်းနှင့် ပတ်သက်ပြီးတော့ စဉ်းစားဖူးပါသလား။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို အကဲဖြတ်ခြင်း၊ မိမိကိုယ်ကိုယ်နှိမ်ချခြင်းနှင့် မိမိကိုယ်ကိုဝေဖန်ခြင်းတွေကိုသာ သင့်စိတ်ထဲမှာ ဘယ်လောက်တောင်ပြောနေမိလဲ?

၃။ ဘဝအတွက် သင်ဟာ အမေတစ်ယောက်ဆိုတာ သတိရပါ

ဘဝတစ်လျှောက်လုံးမှာ ကိုယ့်ရဲ့ ကလေးနဲ့ပတ်သက်ပြီး အမျိုးမျိုးသောဆက်ဆံရေးတွေကို ကြုံတွေ့ရပါလိမ့်မယ်။ မိခင်ဖြစ်ရခြင်းဟာ ဘဝတစ်လျှောက်တစ်ခြားသူတစ်ဦးရဲ့ ကြီးပြင်းမှုကို ပံ့ပိုးခြင်း၊ ချစ်ခြင်း၊ လမ်းညွှန်ပေးခြင်း၊ စောင့်ရှောက်ခြင်း၊ သင်ကြားပေးခြင်း၊ ကတိပေးရခြင်းစတဲ့ ကတိကဝတ်တွေအားလုံးကို ပြုလုပ်ရပါတယ်။

၄။ ကလေးဆီကနေ သင့်ကိုယ်သင်သီးခြားကမ္ဘာတစ်ခုဖန်တီးပါ

ကလေးတွေေကတော့ ဘဝတစ်သက်တာလုံးသင့်ကို မတူညီသောနည်းလမ်းမျိုးစုံဖြင့် သင့်ကို လိုအပ်ပါလိမ့်မယ်။ ကလေးတစ်ဦးအနေနဲ့ နို့တိုက်ဖို့၊ အစာကျွေးဖို့၊ အဝတ်အစားလဲပေးဖို့နှင့် ပွေ့ဖက်ဖို့အတွက် အချိန်တိုအတွင်း မိခင်ကို လိုအပ်ပါတယ်။ သို့ပေမယ့် ကလေးဘဝနှင့် ဆယ်ကျော်သက်အရွယ်တွေမှာတော့ လိုအပ်ချက်တွေဟာ ပြောင်းလဲသွားပါလိမ့်မယ်။

ကလေးအတွက် အဆင်သင့်ဖြစ်နေဖို့ တကယ်အရေးကြီးပါတယ်။ သို့ပေမယ့် သင့်ဘဝရဲ့ သူငယ်ချင်းတွေ၊ စိတ်ဝင်စားစရာတွေနှင့် လုပ်ဆောင်မှုတွေဟာလည်း သင့်အတွက်အရေးကြီးပါတယ်။

၅။ တောင်းပန်တတ်ဖို့ သင်ယူပါ

သင်အမှားလုပ်မိတဲ့အခါ၊ နာကျင်စေမိသောတစ်ခုခုကို လုပ်မိတဲ့အခါ၊ သင့်ရဲ့ ဒေါသကို မထိန်းချုပ်နိုင်တဲ့အခါ ဒါမှမဟုတ် တစ်ခုခုကို လုပ်ပေးဖို့ မေ့သွားတဲ့အခါ တောင်းပန်ခြင်းဆိုတဲ့ ကျွမ်းကျင်မှုတစ်ခုကို သင်ယူဖို့ အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ကလေးအပေါ် အမှားလုပ်မိတဲ့အခါ တောင်းပန်ဖို့မတွန့်ဆုတ်ပါနဲ့။

၆။ သင့်ကလေးရဲ့ တုန့်ပြန်မှုတွေအပေါ် ပွင့်လင်းသောသဘောထားရှိပါစေ

ကလေးတွေဟာ အပြုအမူတွေနှင့် စကားလုံးတွေကတစ်ဆင့် အကြောင်းအရာများစွာကို ဆက်သွယ်ကြပါတယ်။ ကလေးပြောစရာတစ်ခုခုရှိတယ်ဆိုရင် နားထောင်ပါ။ အာရုံစိုက်ပါ။ သူတို့ရဲ့ သဘောထားကို သဘောမတူနိုင်ရင်တောင် သူတို့အတွေးတွေကို နားထောင်ခြင်း၊ အချိန်ပေးခြင်းဟာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိမိကိုယ်ကိုယ်ယုံကြည်မှုအတွက် အမှန်တကယ်အကျိုးရှိစေပါတယ်။

၇။ ကလေးကို အချိန်ပေးပါ။

ဒီနေ့ခေတ်မှာ မိဘတွေဟာ ပိုပြီးအလုပ်များကြပါတယ်။ မိခင်တွေအနေနဲ့ ကျွန်မတို့ဟာ အရည်အသွေးပြည့်ဝစွာအချိန်ကို ကုန်ဆုံးတတ်ခြင်းက ကလေးတွေကို မတူညီသောလမ်းကြောင်းတွေကို ဆွဲခေါ်သွားနိုင်ပါတယ်။ သူတို့ရဲ့ မေးခွန်းတွေနဲ့ အဖြေတွေအပေါ်မှာ ပျော်မွေ့ပါ။

၈။ သင့်ခံစားချက်တွေကို ထုတ်ဖော်ပြသပါ။ သိုပေမယ့် ကလေးအပေါ်မှာတော့ မလွှမ်းမိုးပါစေနဲ့

သင့်ရဲ့ စိတ်ခံစားမှုတွေကို ဘယ်လိုစီမံခန့်ခွဲရတယ်ဆိုတာက ကလေးအတွက် အရေးကြီးသောသင်ခန်းစာတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့စိတ်ခံစားချက်တွေဟာ ပုံမှန်မဟုတ်တဲ့နေ့ရက်တွေမှာ ‘အမေ၊ ဒီနေ့ အဆင်မပြေဘူး၊ ဒါ့ကြောင့် မေမေတိတ်တိတ်လေး အေးအေးဆေးဆေးပဲ နေချင်တယ်’ လို့ ပွင့်ပွင့်လင်းလင်းထုတ်ပြောပါ။

Chit_May_May

Nyein_Thu

Ref-mother.ly/life

LEAVE A REPLY

Please enter your comment!
Please enter your name here