မမွေးသေးတဲ့ကလေးကို ညဏ်ကောင်းထက်မြက်သူဖြစ်လာအောင်နိုင်ဖန်တီးနိုင်မယ့်နည်းလမ်းများ

0
2637
- Advertisement -

မွေးဖွားလာတော့မယ်ကလေးကို အကောင်းဆုံးအရာတွေဖြစ်စေချင်တာတော့မိဘတိုင်းရဲ့စေတနာပါပဲ။ ကိုယ့်ရင်သွေးလေးကို စမတ်ကျတဲ့၊ အောင်မြင်တဲ့ ပျော်ရွှင်စွာနေတတ်တဲ့ ကလေးတစ်ယောက်ဖြစ်လာအောင် ဖန်တီးဖို့ နည်းလမ်းလေးတွေရှိပါတယ်။

ကိုယ်၀န်ဆောင်ချိန်မှာ အစားအစာစားတာကစပြီး စိတ်ခံစားမှုတွေ၊ ဟောမုန်းပြောင်းလဲမှုတွေဖြစ်နေကြတာပါ။ဒီတော့ သင့်ကလေးဦးနှောက်ဖွံဖြိုးတိုးတက်ဖို့အတွက် သင့်ကိုသင်ဘယ်လိုပြောင်းလဲမှုတွေလုပ်လို့ရနိုင်လဲသိပါသလား..မသိသူကျော်သွားသိသူဖော်စားပေါ့နော်..ကဲအောက်က အချက်တွေကိုဖတ်ကြည့်လိုက်ပါ။

ပုံပြင်ဖတ်တဲ့အလေ့အထကိုလုပ်ကြည့်ပါ

၃လနဲ့၃ပတ်လောက်ကစတင်ပြီး အမိ၀မ်းထဲကရင်သွေးလေးဟာ ဘာသာစကားကိုသင်ယူတဲ့အနေနဲ့ သူပုံမှန်ကြားနေတဲ့အသံတွေကို မှတ်မိနိုင်တယ်လို့ သုတေသနေတွေကဆိုပါတယ်။ အမေရိကန်သုတေသီတွေက မိခင်တွေကို The Cat in the Hatဆိုတဲ့စကားကို မမွေးသေးတဲ့ရင်သွေးလေးအတွက် ထပ်ခါထပ်ခါဖတ်ပေးဖို့အကြံပေးခဲ့ပါတယ်။

ကလေးမွေးဖွားလာတဲ့နောက်မှာတော့ ဒီကလေးဟာ ပုံပြင်တွေအများကြီးထဲက သူမမွေးခင်တည်းက ကြားနေရတဲ့ ပုံပြင်ကို ရွေးချယ်တယ်လို့ သုတေသီတွေကဆိုပါတယ်။

ဒီတော့ သင့်ကလေးရဲ့မှတ်ညဏ်နဲ့ ဘာသာစကားသင်ယူနိုင်မှုစွမ်းရည်အတွက် အသံထွက်ပြီး ပုံပြင်ဖတ်တဲ့အလေ့အကျင့်ကို လုပ်သင့်ပါတယ်နော်။ ဒီလိုလုပ်တဲ့အခါ မွေးလာတဲ့ကလေးဟာ ဘာသာစကားသင်ယူမှုမှာ တခြားကလေးတွေနဲ့မတူ ပိုပြီး သင်ယူတတ်မြောက်လွယ်ပါလိမ့်မယ်။

တက်တက်ကြွကြွနေပါ

တက်တက်ကြွကြွနေပါတဲ့ သုတေသီတွေကအကြံပေးတာပါ။ လေ့ကျင့်ခန်းတစ်ခုခုကို သက်တမ်းမရင့်ခင်အထိ ပုံမှန်ပြုလုပ်ပေးလို့ရပါတယ်နော်။ စိုးရိမ်စရာမလိုပါဘူး။ သင်လေ့ကျင့်ခန်းလုပ်တဲ့အခါ ထွက်လာတဲ့ ဟော်မုန်းတွေဟာ သင့်ကလေးအ တွက် ၈နာရီအထိကောင်းမွန်တဲ့ဓါတုဓါတ်တွေထွက်လာစေပြီးသင့်၀မ်းထဲမှာရေချိုးပေးပါတယ်။

လေ့ကျင့်ခန်းလုပ်တာက သင့်ရင်သွေးအနီး သွေးလည်ပတ်မှုကိုတိုးလာစေပြီး ကလေးကိုလည်းဖွံဖြိုးတိုးတက်စေပါတယ်။ နေ ာက်ဆုံးအကြံပြုချက်အရ လေ့ကျင့်ခန်းလုပ်တာဟာ သင့်ကလေးမှတ်ညဏ်နဲ့သင်ယူနိင်မှုစွမ်းရည်ကို ၄၀ရာခိုင်နှုန်းအထိတိုးစေပါတယ်နော်..

နေရောင်ခြည်အနည်းငယ်ယူပါ

နေရာင်ခြည်မှာပါ၀င်တဲ့ ဗီတာမင်စီ၊ ဗီတာမင်ဒီ တွေက ကိုယ်၀န်ဆောင်ချိန်မှာတော်တော်အရေးကြီးပါတယ်။ တစ်နေ့ကို မိ နစ်၂၀လောက် နေပူစာလှုံသင့်ပါတယ်နော်။ ကိုယ်၀န်ဆောင်၇၀ရာခိုင်နှုန်းလောက်က ဗီတာမင်ဒီမလုံလောက်ကြတတ်ပါဘူး။

ဒါကဘာကိုပြလဲဆိုရင် သူတို့အစားအသောက်တွေ နဲ့နေရောင်ခြည်ဆီက ဗီတာမင်ဒီ အပြည့်အ၀မရတာကိုလည်းပြသနေပါတယ်။ ဒီအာဟာရကသင့်ကလေးကို သန်မာတဲ့အရိုးတွေရစေဖို့နဲ့အားကောင်းတဲ့နှလုံးသားရစေဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရတွေပဲဖြစ်ပါတယ်။

နှိပ်နယ်ပေးပါ

ရက်သတ္တပတ်၂၀လောက်ကစပြီး သင့်ကလေးငယ်ဟာ အပြင်ကသင့်ကိုထိခြင်းနဲ့နှိပ်နယ်ခြင်းတွေကိုခံစားနိုင်ပြီး သူ့ရဲ့အာရုံ ကြောစနစ်ကိုမက်ဆေ့တွေရောက်လာတာကို ခံစားရတယ်လို့ သုတေသနတွေကဆိုပါတယ်။

သုတေသီတွေအဆိုအရဆိုရင် မမွေးသေးတဲ့ကလေးတွေက မိခင်နဲ့ဖခင်ရဲ့ထိတွေ့မှုကိုတောင် ခွဲခြားနိုင်တယ်လို့ဆိုပါတယ်။
နှိပ်နယ်တဲ့အခါ ဗာဒံသီးဆီကိုလိမ်းပြီးနှိပ်နယ်တာအကောင်းဆုံးပါနော်။ နှိပ်နယ်တဲ့အခါ ကျောပြင်ဘက်ကနှိပ်လို့ရသလို ဗိုက်ကို အသာအယာပွတ်သပ်နှိပ်နယ်ပေးခြင်းက ပိုထိရောက်ပါတယ်နော်။

ဗိုက်ကိုစကားပြောပါ

ဒါကနဲနဲ ရယ်စရာကောင်းပေမယ့် ကလေးငယ်တွေဟာ ၁၆ပတ်လောက်ကစပြီးနားကြားနိုင်ပါပြီ။ ၂၇ပတ်အကြာလောက်မှာဦးနှောက်ကို ဆက်သွယ်မှုတွေအားလုံးရှိနေပါပြီတဲ့။

ဒါကြောင့်မွေးကင်းစကလေးတွေဟာ အမိ၀မ်းအတွင်းမှာကြားရတဲ့စကားလုံးတွေ ဒါမှမဟုတ် ဘာသာစကားတွေကို တုန့်ပြန်နိုင်ကြပါတယ်။ ဘာသာစကား၂မျိုးပြောတဲ့မိဘတွေဆီက ၂မျိုးလုံးကိုလည်း သူတို့သင်ယူနိုင်ကြပါတယ်။ ဒီတော့ ဆိုလိုတာက သင့်မမွေးသေးတဲ့ကလေးကို ချိုချိုသာသာ ကြင်ကြင်နာနာ စကားတွေပြောပေးပါနော်.

အစားအစာတွေကိုပြောင်းပစ်လိုက်ပါ

သင့်ကလေးကိုညဏ်ကောင်းအောင်လုပ်ဖို့က အစားအစာတွေပေါ်မှာလည်း အများကြီးမူတည်နေပါတယ်နော်။ သင့်ကလေးရဲ့ အရသာခံစားမှုအသိက ၁၂ပတ်ခန့်က စတင်ပါတယ်။၂၅ပတ်အကြာမှာ ကလေးငယ်ဟာ ၂လီတာလောက်ရှိတဲ့အာဟာရဖြစ်တဲ့အရည်တွေကိုစုပ်ယူပါတယ်။ ဒီတော့ အာဟာရဖြစ်တာတွေစားပါ၊ သောက်သုံးပေးပါ။

သီချင်းချိုချိုလေးတွေနားထောင်ပေးပါ

ကလေးတွေအတွက် အရေးကြီးဆုံးက ပညာရေးမလား?သင်ယူမှုအတွက်လည်း ကောင်းမွန်တဲ့မှတ်ညဏ်လိုတယ်မလား? ဒါဆိုရင်တော့ မမွေးသေးတဲ့ကလေးတွေအတွက်သီချင်းနားထောင်ပေးပါ။ သူတို့ကတေးဂီတကိုနှစ်သက်ကြတယ်လို့ လေ့လာမှုတွေမှာ အတိအလင်းဖော်ပြထားပါတယ်။

သူတို့ရဲ့မှတ်ညဏ်ဆဲလ်တွေကို ပိုမိုအားကောင်းစေတဲ့အတွက် မွေးဖွားလာပြီးရင်တောင်မှ တေးသီချင်းတွေနားထောင်ပေးရင် သင့်ကလေးဟာကောင်းမွန်တဲ့ခံစားမှုတွေနဲ့တက်ကြွတဲ့စိတ်တွေကိုရရှိမှာဖြစ်ပါတယ်။

ရိုးရာပျိုးခင်းတေးသီချင်းများဆိုပြပါ

သာယာတဲ့သီချင်းလေးတွေကို ကလေးကိုဆိုပြပါတဲ့။ ဘယ်လိုသီချင်းမျိုးလဲဆိုတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံနဲ့တော့မတူဘူးပေါ့။ “မိတ္ထီလာကန်၀ယ် ဖားကောက်ခဲ့ပါကွယ် ဗျိုင်းရှေ့က ပျံကာပျံကာရယ်”စတဲ့သီချင်းမျိုးပေါ့။

သင့်ကလေးဟာမွေးဖွားလာရင်လည်း အဲ့ဒီသီချင်းလေးတွေကိုမှတ်မိနေစေပြီး သူတို့ငြိမ်ငြိမ်နေအောင် ဒါမှမဟုတ် အိပ်စက်သွားအောင် ကူညီပေးပါလိမ့်မယ်နော်..ကဲဒီလောက်ဆိုရင် Chitmaymay ပရိတ်သတ်တွေအနေနဲ့မမွေးသေးတဲ့ကလေးကို ဘယ်လိုညဏ်ကောင်းထက်မြက်အောင်လုပ်လို့ရမလဲဆိုတဲ့ ဗဟုသုတတွေရသွားလောက်ပြီထင်ပါတယ်နော်..

#Chit_May_May
#Mg_Htet

REF_Chil.Brith.com

LEAVE A REPLY

Please enter your comment!
Please enter your name here