မရမနေတောင်းဆိုတတ်တဲ့ ကလေးတွေကို ပြုစုပျိုးထောင်ခြင်း

0
235
- Advertisement -

ဇွဲကြီးကြီးနဲ့ မရမကတောင်းဆိုတတ်ခြင်းက ငယ်ရွယ်တဲ့ ကလေးတွေအတွက် ပုံမှန်ပဲဖြစ်ပါတယ်။ သို့သော် မရမနေ တောင်းဆိုတတ်တဲ့ ကလေးကို ပြုစုပျိုးထောင်ရတဲ့အခါ သင်ဘာပဲလုပ်ပေးလုပ်ပေး ကျေနပ်ရောင်ရဲ့မှုမရှိပုံရတယ်လို့ ခံစားမိနိုင်ပါတယ်။

ဒီကလေးတွေရဲ့လက္ခဏာတွေက ဘာတွေလဲ? ဒီလိုကလေးတွေကို ပျိုးထောင်ခြင်းနှင့် ပတ်သတ်လာတဲ့အခါ မိဘတွေ ဘာသိသင့်သလဲ? ဒီအခြေအနေနှင့်အတူ သူတို့ကို ဘယ်လိုကူညီဖြေရှင်းပေးနိုင်သလဲ?

မရမနေ တောင်းဆိုတတ်တဲ့ ကလေးတွေရဲ့ လက္ခဏာများ

- Advertisement -

မရမနေ တောင်းဆိုတတ်တဲ့ ကလေးတွေမှာ ခက်ခဲသော စိတ်နေစိတ်ထားရှိပြီး မိဘတွေကို အရမ်းတောင်းဆိုလေ့ရှိကြပါတယ်။ ဒီကလေးတွေရဲ့ အဓိကလက္ခဏာမှာ မိဘတွေနဲ့ အခြားအရွယ်ရောက်သူတွေရဲ့အာရုံကို အမြဲတမ်းလိုအပ်နေခြင်းဖြစ်ပါတယ်။ သူတို့ဟာ မိဘတွေရဲ့ လက်ထဲမှာ အချိန်တိုင်းနေရဖို့၊ မိဘနှင့်အတူ အိပ်ဖို့၊ ချစ်ခင်မှုကို ရရှိဖို့ ၊ မိဘရဲ့အနီးမှာ အမြဲရှိနေဖို့ လိုအပ်ကြပါတယ်။ ထို့ကြောင့် ဒီလိုကလေးတွေကို ပြုစုပျိုးထောင်ရတာဟာ အရမ်းပင်ပန်းပါတယ်။ အလားတူပဲ သူတို့ဟာ hyperactive လေးတွေပါ။ နည်းနည်းအိပ်ပြီး များများငိုတတ်တဲ့ ကလေးတွေဖြစ်သလို ဆူညံသံကြားတဲ့အခါမှာလည်း နိုးလာတတ်ပါတယ်။

ဒီကလေးတွေဟာ စဉ်ဆက်မပြတ် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု လိုအပ်ပါတယ်။ သူတို့မှာ ခက်ခဲတဲ့ စိတ်ထားရှိနေသော်လည်း များသောအားဖြင့် အရမ်းထိလွယ်ရှလွယ်ကြပါတယ်။ ဒီအကြောင်းကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးအကြောင်း ပြောဆိုတဲ့အခါ အထူးဂရုပြုသင့်ပါတယ်။

သူတို့ဘာ့ကြောင့် ဒီလောက် တောင်းဆိုရတာလဲ?

လက်တွေ့စိတ်ပညာရှင် Ularsula Perona ရဲ့အဆိုအရ ကလေးရဲ့ တောင်းဆိုချက်တွေဟာ စိတ်ပျက်စရာမဟုတ်ပါဘူး။ လူကြီးရဲ့အာရုံစိုက်မှုကို ပိုခံချင်လို့ ၊ချစ်ခင်မှုနှင့် ထိတွေ့မှုကို ပိုလိုအပ်ကြတာကြောင့် ဒီကလေးတွေဟာ အရမ်းတောင်းဆိုတာ ဖြစ်ပါတယ်။ ဒီလိုတောင်းဆိုချက်တွေက စိတ်ပျက်စရာမဟုတ်ပါဘူး။ အဲဒီအစား သူတို့ရဲ့ ကြီးပြင်းလာမှုကို ချဉ်းကပ်သင့်တဲ့ နည်းလမ်းက သူတို့ရဲ့ လိုအပ်ချက်တွေကို ဘယ်လိုစီမံရမယ်ဆိုတာ သင်ပေးခြင်းဖြစ်ပါတယ်။

  • အဖြေတစ်ခုအတွက် “NO” ကို ဘယ်လိုလက်ခံရမယ်ဆိုတာသိခြင်း ။သူတို့ဟာ အရမ်းငယ်တာကြောင့် သူတို့လိုချင်တဲ့ အရာအားလုံးကို မရရှိနိုင်ကြောင်း နှင့် ငြင်းပယ်ခြင်းဟာ ဘဝရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာကို သင်ယူဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေကို အချို့သော အခါသမများမှာ ကောင်းကောင်းခံယူနိုင်သော်လည်း အမြဲတမ်းတော့ မရဘူးဟု ကလေးကို နားလည်စေပါ။
  • ဂျီကျပြီး မတောင်းဆိုရန် ပြောပါ။ ကလေးတွေကို ဂရုစိုက်ဖို့ လိုအပ်ကြောင်း နှင့် သူတို့ရဲ့ ရှင်သန်မှုဆိုင်ရာ အသိစိတ်က သင့်အပေါ်မှီခိုနေကြောင်း သတိပေးရမှာကို သင်နားလည်ရပါမယ်။ ကလေးက ငယ်လေလေ သူတို့ဖြစ်ချင်တဲ့ တောင်းဆိုမှုများလေလေ ဖြစ်ပါတယ်။ သို့သော် သူတို့ဟာ သင့်ရဲ့အာရုံစိုက်မှုကို request လုပ်ရမယ်၊ သူတို့လိုအပ်ချက်နှင့် ဆန္ဒတွေကို ယဉ်ယဉ်ကျေးကျေး လေးစားစွာဖြင့် တောင်းခံရမယ်ဆိုတာ သူတို့နားလည်ထားရပါမယ်။ သူတို့ရဲ့လေသံကို ပြောင်းလဲရမယ်ဆိုတာ အသိပေးပါ။
  • သူတို့သင်လျော်စွာ ပြုမှုလာတဲ့အခါ အထူးဂရုစိုက်မှုကို ပြပါ။ တောင်းဆိုမှုမြင့်မားတဲ့ ကလေးတွေရဲ့ ရည်မှန်းချက်မှာ မိဘတွေနဲ့ လူကြီးတွေကို အာရုံစိုက်ဖို့ ဖြစ်ပါတယ်။ သူတို့ကောင်းကောင်းပြုမှုတဲ့အခါ သင့်ဂရုစိုက်မှုရတယ်လို့ နားလည်သဘောပေါက်ရင် သူတို့ဆက်ပြီး ကောင်းကောင်းပြုမှုပါလိမ့်မယ်။
  • သူတို့ရဲ့ တောင်းဆိုမှုတွေကို မလျှော့မပေးပါနဲ့ ။ အာရုံအပြောင်းအလဲကို ဖန်တီးပေးခြင်းက တောင်းဆိုတတ်တဲ့ ကလေးတွေကို အလျှော့ပေးခြင်းမှ ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းတစ်ချို့ဖြစ်ပါတယ်။ နားညီးလို့ အလျှော့ပေးပေးလေလေ သူတို့ကို ပိုပြီးအလိုလိုက်သလို ဖြစ်လေလေပါပဲ။ ဒါ့ကြာင့် အရာရာတိုင်းကို အလျှော့မပေးသင့်ပါဘူး။

အရမ်းတောင်းဆိုတတ်တဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရခြင်းက အရမ်းစိတ်ပျက်စရာကောင်းပြီး မိဘတွေဟာ တစ်ခါတစ်ရံမှာ အပြစ်ရှိသလို ခံစားရတာ ဖြစ်နိုင်ပါတယ်။ မိဘတွေအနေနဲ့ သူတို့ကို အလွန်အကျွံအလိုလိုက်ခြင်းကြောင့် ဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here