မာန်မာနမထားဘဲ မိမိကိုယ်ကို အပြည့်အဝချစ်တတ်တဲ့ ကလေးတွေကို ပြုစုပျိုးထောင်နည်း

0
23
- Advertisement -

ကလေးတွေရဲ့ စိတ်ခံစားမှုကို သင်ကြားပေးရခြင်းက ကြီးကျယ်တဲ့ တာဝန်တစ်ခုပါ။ ခက်ရင်းအသုံးပြုနည်း (သို့) ဖိနပ်ကို မှန်ကန်စွာ ဝတ်ဆင်နည်းကို သင်ပေးရခြင်းထက် ပိုရှုပ်ထွေးပါတယ်။ အဲဒါက သူတို့အား စိတ်ခံစားချက်တွေ နားလည်သဘောပေါက်အောင်၊ စိတ်ခံစားချက်တွေကို စီမံခန့်ခွဲတတ်အောင် ကူညီပေးခြင်းတို့ ပါဝင်တာကြောင့်ပါ။

Self-love နှင့်မာနကို ပိုင်းခြားပေးတဲ့ မျဉ်းက ပါးလွှာပြီး တစ်ခါတစ်ရံမှာ ပိုင်းခြားဖို့မလွယ်တဲ့ အရာတစ်ခုပါ။ သို့သော် အယူအဆနှစ်ခုကြား ခြားနားချက်အပေါ် ရှင်းလင်းဖို့နှင့် မာန်မာနမထားဘဲ မိမိကိုယ်ကို အပြည့်အဝချစ်တတ်အောင် ကလေးတွေကို သင်ကြားပေဖို့ အရေးကြီးပါတယ်။

ကျွန်မတို့ဟာ ကျွန်မတို့ ကလေးတွေမှာ တန်ဖိုးတွေကို မွေးမြူပေးဖို့ ကြိုးပမ်းတဲ့အခါ ယေဘုယျအားဖြင့် သူတို့အား ယဉ်ကျေးဖော်ရွေပြီး အခြားသူတွေအပေါ် စာနာတတ်ဖို့ သတိပေးခြင်းအပေါ်မှာ အာရုံစိုက်ပါတယ်။ ကိုယ်ချင်းစာတတ်ဖို့၊ ခွင့်လွှတ်မှု တောင်းဆိုတတ်ဖို့နဲ့ ကျေးဇူးတင်တတ်ဖို့ သင်ပေးကြပါတယ်။ သို့သော် ကျွန်မတို့ဟာ self-love ကို ပျိုးထောင်ပေးဖို့၊ အထက်ဖော်ပြပါ အလေ့အထတွေကို သူတို့ဘာသာ ကျင့်သုံးနိုင်အောင် ကူညီပေးဖို့ အကြိမ်ကြိမ် မေ့လျော့နေတတ်ပါတယ်။

- Advertisement -

အတန်းဖော်တစ်ဦးက ကျွန်မတို့ကလေးကို အခွင့်ကောင်းယူဖို့ ကြိုးစားတဲ့အခါ (သို့) ကျွန်မတို့ ကလေးက အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေအပေါ် လွှမ်းမိုးလွန်းတယ်လို့ ကျွန်မတို့ ခံစားရတဲ့အခါ သူတို့က “ကိုယ့်ကိုယ်ကို ကာကွယ်ကြတာ”လို့ (ဒါမှမဟုတ်) သူတို့မှာ မာနပိုရှိကြတာလို့ ကျွန်မတို့ ခိုင်ခိုင်မာမာ ပြောဆိုမိနိုင်ပါတယ်။ သို့သော် ဒီလိုပြုလုပ်တဲ့အခါမှာ ကျွန်မတို့ဟာ မှားယွင်းတဲ့ သဘောထားကို အားပေးအားမြှောက်ပြုမိတာ ဖြစ်နိုင်ပါတယ်။

မာန်မာနနဲ့ မိမိကိုယ်ကို ချစ်ခြင်းကြားက ကွာခြားချက်

  • လုပ်ဆောင်မှု (သို့) တုံ့ပြန်မှု

မာန်မာနက အခြားသူတွေ ပြောတဲ့အရာပေါ်မှာ စိတ်မြန်လက်မြန်နဲ့ အလိုအလျောက် တုံ့ပြန်ဖို့ တွန်းအားပေးပါတယ်။ ဒါ့ကြောင့် မာနကြီးတဲ့ ကလေးဟာ သိပ်စဉ်းစားမနေပဲ ရန်တုံ့လှန် ပြန်ပြောနိုင်ပါတယ်။ မာနကြီးတဲ့ ကလေးတွေဟာ တခြားသူရဲ့ အပြုအမှုကို မကြိုက်တဲ့အခါ စပရိန်တစ်ခုလို ခုန်ဖို့ သင်ယူကြမှာပါ။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ကျောင်းမှာ မိမိကိုယ်ကို ခုခံကာကွယ်ဖို့ သင်ယူစေချင်ပေမယ့် သူတို့ဟာ အိမ်မှာ အလားတူပုံစံမျိုးလုပ်ဆောင်နိုင်ခြေ ရှိနေပါတယ်။

အခြားတစ်ဖက်ကကြည့်ရင် မိမိကိုယ်ကို ချစ်တတ်တာက ကျွန်မတို့ကို တည်ငြိမ်တဲ့ ပုံစံဖြင့် ပြုမှုဖို့ ကူညီပေးပြီး ကျွန်မတို့ ဘာတွေလုပ်နေတယ် ဆိုတာကို ပိုသတိထားမိစေပါတယ်။ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး အသင့်လျော်ဆုံး တုံ့ပြန်မှုကို ရွေးချယ်နိုင်စေပါတယ်။ တိုက်ခိုက်မှုကို ရင်ဆိုင်ရတဲ့အခါမှာ self-love အပြည့်ရှိတဲ့ ကလေးတွေဟာ ရန်လိုခြင်း၊ စော်ကားခြင်းတို့ဖြင့် တုံ့ပြန်မှာ မဟုတ်ပါဘူး။ အဲဒီအစား သူတို့ဟာ အခြားသူတွေနဲ့ နယ်နိမိတ် သတ်မှတ်လိုက်တာက ပိုကောင်းတယ်လို့ ဆင်ခြင်နိုင်တာ (သို့)ခပ်ဝေးဝေးနေလိုက်တာ ဖြစ်ပါတယ်။

  • Power dynamics

မာနအမြင်ကနေ ကလေးတွေဟာ လူမှုဆက်ဆံရေးကို အာဏာလွန်ဆွဲပွဲလို မြင်မိကြပါလိမ့်မယ်။ တစ်စုံတစ်ယောက်က အပေါ်စီးမှာ အမြဲတမ်း ရှိနေပြီး အခြားတစ်ယောက် အမြဲတမ်းအောက်မှာ ရှိနေတာပါ။ ဥပမာအားဖြင့်- မာနကြီးတဲ့ ကလေးဟာ မာနထောင်လွှားပြီး အမြဲတမ်း မှန်ချင်နေပါလိမ့်မယ်။ ဒါ့အပြင် သူတို့ဟာ အခြားသူရဲ့အမြင်တွေကို နားထောင်ဖို့ တွန့်ဆုတ်နေပါလိမ့်မယ်။

သူတို့ဟာ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနှင့် သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးကို တိုက်ပွဲအမျိုးအစားတစ်ခုအဖြစ် ရှုမြင်ကြပြီး သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ အမြဲအသင့်ရှိနေတတ်ကြပါတယ်။ မာန်မာနက တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ ဓားနဲ့ ဒိုင်း နှစ်ရပ်စလုံး ဖြစ်ပါလိမ့်မယ်။ ထိုသဘောအရ အောင်ပွဲခံဖို့အတွက် ထိခိုက်နစ်နာစေသော စကားလုံးတွေကို ဖော်ပြဖို့ မကြောက်ကြပါဘူး။

Self-love အပြည့်အဝရှိတဲ့ ကလေးတွေကတော့ မိမိကိုယ်ကို ချစ်ပြီး အခြားသူတွေကို ချစ်တတ်ဖို့ သင်ယူကြမှာ ဖြစ်ပါတယ်။ Relationships ကို အပြုသဘောဆောင်ပြီး သာယာသော ဖလှယ်မှုတစ်ခုအဖြစ် မြင်ကြပါလိမ့်မယ်၊ အခြားသူတွေရဲ့ ဖော်ရွေမှုဘက်ကိုလည်း သတိမူမိနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ သာလွန်နေဖို့ လိုအပ်တယ်လို့ ခံစားနေမှာ မဟုတ်သလို နိမ့်ကျတယ်လို့လည်း ခံစားရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီကလေးတွေဟာ လူတိုင်းက မိမိကိုယ်ရော၊ အခြားသူတွေပါ တန်ဖိုးရှိတယ်လို့ နားလည်ကြပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ပတ်ဝန်းကျင်က သူတွေကို ဖော်ရွေတတ်လာပြီး ကိုယ်ချင်းစာတတ်လာပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကို လေးလေးစားစား ထုတ်ဖော်ပြောဆိုနိုင်ပြီး ကြောက်ရွံ့မှုမရှိဘဲ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေက အရေးကြီးသလို တခြားသူတွေရဲ့ အမြင်တွေကိုလည်း မျက်ခြေမပြတ် နားထောင်ပေးပါလိမ့်မယ်။

  • Self-esteem

မာနကြီးသူတွေဟာ ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှု ပိုမြင့်မားတယ်လို့ ထင်ရပေမယ့် ဆန့်ကျင်ဘက်ပါပဲ။မာန်မာနက မလုံခြုံဘူးလို့ ခံစားရတဲ့အခါ ကျွန်မတို့ ကာရံထားတဲ့ တံတိုင်းတစ်ခု, သံချပ်ကာ အမျိုးအစားတစ်ခုပါပဲ။ အခြားသူတွေက ကျွန်မတို့ကို တိုက်ခိုက်နို်ငတယ်လို့ ခံစားရတာကြောင့် အတားအဆီးတစ်ခုကို မြှင့်တင်ဖို့ လိုအပ်နေတတ်ပါတယ်။ မာန်မာနက အတွင်းအကြောက်တရားကို ဖုံးကွယ်ထားသော မျက်နှာဖုံးတစ်ခုဖြစ်ပါတယ်။

Self-love အသိကောင်း ဖွံ့ဖြိုးတဲ့ကလေးတွေဟာ သောကကင်းဝေးမှုကို ခံစားရပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ အဖိုးတန်တယ်၊ လုပ်နိုင်စွမ်းရှိတယ်။ သူတို့က အလုံအလောက်ကောင်းတယ်ဆိုတာကို သိထားတာကြောင့်ပါ။ သူတို့ အရေးပါတယ်လို့ ခံစားရဖို့အတွက် တခြားသူတွေကို နှိမ့်ချဖို့ မလိုပါဘူး။ အလားတူပဲ သူတို့ဟာ ရန်ပွဲတွေ, ငြင်းခုံမှုတွေမှာ ပါဝင်ဖို့ မလိုအပ်ပါဘူး။ သူတို့ရဲ့ ကိုယ့်ကိုယ်ကို လေးစားမှု (self-esteem) ဟာ ခိုင်မာတာကြောင့် တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေနဲ့ ပတ်သတ်လာရင် သူတို့မှာ အားငယ်မှုမျိုး မရှိပါဘူး။

Chit_MayMay

Nandar

Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here