Home Parenting Parent Guide မိခင်ကောင်းဆိုတာ ဘာလဲ? မိခင်ကောင်းတစ်ယောက်ဖြစ်စေသော အရည်အချင်းများ

မိခင်ကောင်းဆိုတာ ဘာလဲ? မိခင်ကောင်းတစ်ယောက်ဖြစ်စေသော အရည်အချင်းများ

0
1

ကလေးတွေကို ပြုစုပျိုးထောင်ခြင်းသည် သင်မည်သူဖြစ်တယ်ဆိုတာ စိတ်ဝင်စားဖွယ် ထင်ရှားစွာ ထင်ဟပ်နိုင်ပါတယ်။ ကလေးတွေဟာ သူတို့နဲ့အတူ အချိန်အများစုကုန်ဆုံးနေသူတွေအပါအဝင် သူတို့ပတ်ဝန်းကျင်က ကမ္ဘာကြီးဆီကနေ အတုယူကြပါတယ်။ ဒီတော့ မေမေတို့က မေမေတို့ကလေးတွေကို ဘယ်လိုသင်ပြမှုတွေ လုပ်နေသလဲ? အရည်အချင်းရှိသော မိခင်တစ်ယောက်ဖြစ်ရလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်နိုင်မှာဖြစ်ပါတယ်။

၁။ စိတ်ရှည်သည်းခံမှု

စိတ်ရှည်သည်းခံမှုနဲ့အတူ မေမေတို့လုပ်လိုက်တဲ့အလုပ်တွေနဲ့ ပြောလိုက်တဲ့ စကားတွေဟာ မေမေတို့ကို နောင်တရနိုင်ခြေနည်းစေပြီး ညဘက်ချိန်တွေမှာ စိတ်ချမ်းသာစွာ အိပ်စက်ရစေနိုင်ပါတယ်။ မိခင်ဘဝမှာ အရေးကြီးဆုံးအရာက စိတ်ရှည်သည်းခံဖို့ဖြစ်ပါတယ်။ စိတ်ရှည်သည်းခံခြင်းကို ဘယ်လိုလုပ်မလဲ?

အနားယူပါ – အနားယူခြင်းက စိတ်ရှည်တတ်လာစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်လာပြီး နာကျင်နေရပြီး အနားယူဖို့ လိုအပ်ပနေပါပြီ။
အရှိန်လျှော့ထားပါ – အချိန်တိုလေးအတွင်းမှာ အရာအားလုံးပြီးစီးဖို့အထိ မလောပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အလုပ်ပေးလွန်းတာက မလိုအပ်တဲ့ စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ။
အေးဆေးသော တုံ့ပြန်နည်းကို လေ့ကျင့်ပါ – ကလေးကို စိတ်ဆိုးလာပြီဆိုရင် တစ်ခြားလူတွေအပေါ်မှာ စိတ်ရှည်သည်းခံခဲ့ဖူးတာတွေကို စဉ်းစားပါ။

၂။ လေးစားတတ်ခြင်း

ကျွန်မတို့ဟာ တစ်ခြားလူတွေကို လေးစားမှုပေးဖို့ အင်မတန်လွယ်ကူပါတယ်။ သို့ပေမယ့် ကိုယ့်ရဲ့ ကလေးတွေကို သတိမထားမိဘဲ မလေးစားမိတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ကလေးတွေဟာ ထူးခြားသော ကိုယ်ပိုင်ဟန်ပန်တွေနဲ့ မွေးဖွားလာသူတွေအဖြစ် လေးစားပါ။ ကလေးတွေဟာ ထူးချွန်သော ကိုယ်ရည်ကိုယ်သွေးတွေနဲ့ လွတ်လပ်ကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ခံစားမှုတွေ၊ နှစ်သက်ခြင်း/မနှစ်သက်ခြင်းတွေ၊ လိုချင်မှုတွေ/လိုအပ်ချက်တွေနဲ့ လူတွေပဲဖြစ်ပါတယ်။ ကလေးတွေအပေါ် လေးစားတတ်ခြင်းကို ဘယ်လိုလေ့ကျင့်မလဲ?

သူတို့နဲ့ များများဆက်သွယ်ပြောဆိုပါ။

၃။ သန်မာသူဖြစ်တယ်

မိခင်ဘဝဆိုတာ အသန်မာဆုံးအမျိုးသမီးတွေတောင်မှ စိတ်ထိခိုက်မှုတွေကို ဖြစ်စေရသော ဘဝတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ စိတ်အတွင်းပိုင်းသန်မာမှုကို ကောင်းကောင်းအားဖြည့်ပါ။ စိတ်တည်ငြိမ်စွာ ရှင်သန်ပါ၊ လိုက်လျောညီထွေစွာ ရှင်သန်နေထိုင်ပါ။

ပြဿနာတွေဖြစ်လာချိန်မှာ စိတ်ကို လွှတ်မချလိုက်ပါနဲ့။

၄။ နှိမ့်ချတတ်ခြင်း

မာနတွေမှာ ဘယ်လိုကောင်းကျိုးမှ မရှိပါဘူး။ ကလေးတွေဟာ လူကြီးတွေလိုပဲ အမှားတွေမကြာခဏလုပ်ကြတယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ သူတို့ဟာ သင့်အမှားတွေကြောင့် တောင်းပန်တတ်တဲ့ အမူအကျင့်ကို မတွေ့ရဘူးဆိုရင် ကလေးတွေဟာ နှိမ်ချတတ်သူတွေဖြစ်လာမှာ မဟုတ်ပါဘူး။

နှိမ့်ချခြင်းဟာ ကျွန်မတို့ဘဝတစ်သက်တာလုံးရဲ့ သင်ယူမှုလမ်းကြောင်းပေါ်မှာရှိနေခြင်းက နူးညံ့သိမ်မွေ့သော သတိပေးချက်တစ်ခုဖြစ်ပါတယ်။

၅။ စာနာမှုရှိခြင်း

စာနာမှုဆိုတာ တစ်ခြားလူတွေ ခံစားရမယ့်အရာတွေကို နားလည်ပေးနိုင်ပြီး မျှဝေပေးနိုင်စွမ်းကို ဆိုလိုပါတယ်။ သင်ဟာ တစ်ခြားမိဘတွေလိုပဲ ကလေးငယ်ရဲ့ အပြုအမူတွေမှားယွင်းတဲ့အခါ စာနာခြင်းနဲ့ အာဏာနဲ့ လွဲဆွဲနေတာမျိုးကိုလည်း ကြုံရနိုင်ပါတယ်။

ကလေးတွေရဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး သူတို့ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကို မေးပါ။ သူတို့ရဲ့ အပြုအမူတွေမှာ သင်မစဉ်းစားမိတဲ့အရာတစ်ခုခု ကိန်းအောင်းနေလား? သူတို့ခံစားနေရတဲ့ အရာတွေအကြောင်း စဉ်းစားပါ။ ကလေးကို သူတို့ရဲ့ ခံစားနေရတာနဲ့ပတ်သက်ပြီး အသိအမှတ်ပြုပါ။ နားလည်အောင် ပြောပြပါ။

၆။ ယုံကြည်စိတ်ချရခြင်း

မိခင်ကောင်းတစ်ဦးဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မြင့်မားသော မျှော်လင့်ချက်တွေကို ပြုစုပျိုးထောင်ရင်း ဖြည့်ဆည်းသူဖြစ်ပါတယ်။ ကလေးတွေဟာ ဘေးကင်းတဲ့ ဘောင်တစ်ခုအတွင်းမှာ စူးစမ်းလေ့လာတတ်စေဖို့ နယ်နိမိတ်တွေလည်း လိုအပ်ပါသေးတယ်။ ဒါ့ကြောင့် ကလေးတွေကို ဘာတွေမျှော်လင့်ရမလဲဆိုတာ သင်ပေးပါ။ စည်းကမ်းတွေအကြောင်း သတ်မှတ်ပြီး သူတို့ဘယ်သူတွေဖြစ်တယ်ဆိုတာသိအောင် လုပ်ပေးပါ။

၇။ ပံ့ပိုးပေးခြင်း

ပြောမရ ဆိုမရဖြစ်လာပြီဆိုရင် သင်ပထမဆုံးသတိရရမှာက နားထောင်ပေးဖို့ပါပဲ။ ကျွန်မတို့ရဲ့ တန်ဖိုးတွေ၊ စိတ်ဝင်စားမှုတွေနှင့် စည်းမျဉ်းစည်းကမ်းတွေက ကျွန်မတို့ရဲ့ ကလေးတွေကို မြှင့်တင်နိုင်ပါတယ်။

သင့်ကလေးရဲ့ ဝါသနာနဲ့ စိတ်အားထက်သန်မှုတွေကို စိတ်ပါဝင်စားလာအောင် အားပေးပါ။ သင်ကိုယ်တိုင် ပါဝင်နိုင်ပါစေ။ ကလေးရဲ့ အရည်အချင်းတွေ၊ စိတ်အားထက်သန်မှုတွေနှင့် စိတ်ဝင်စားမှုတွေကို ပိုမိုရရှိစေဖို့အတွက် လိုအပ်သော အရင်းအမြစ်တွေကို ဖြည့်ဆည်းပေးပါ။ သူတို့ကို ပုံသွင်းမယ့်အစား သူတို့စိတ်သဘောနဲ့အတူ အလုပ်လုပ်ပါ။

၈။ ချစ်ခြင်းမေတ္တာ

ကလေးတွေကို စိတ်ထဲက ချစ်နေရုံနဲ့တင် မလုံလောက်ဘဲ ရုပ်ပိုင်းဆိုင်ရာအရ ချစ်ပေးဖို့ လိုအပ်ပါတယ်။ ချစ်ကြောင်း ပြောပါ။ ပွေ့ဖက်ပေးပါ။ ဒီလိုချစ်ခြင်းမေတ္တာကို ပြပေးခြင်းကလည်း မိခင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

ref-sleepingshouldbeeasy

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here