မိခင်က အနိုင်ကျင့်ခံနေရသူဖြစ်တဲ့အခါ သူ့ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ?

0
241
- Advertisement -

အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်း ပြောတဲ့အခါ မကြာခဏဆိုသလို အကြမ်းဖက်မှု ခံစားရတဲ့ အမျိုးသမီးတွေကိုသာ မြင်မိကြပါတယ်။ သို့သော် သူ့ရဲ့ အကျိုးဆက်တွေက မိသားစုအားလုံးမှာ သက်ရောက်ပါတယ်။

မိခင်က အနိုင်ကျင့်ခံနေရသူဖြစ်တဲ့အခါ ကလေးတွေမှာ နောက်ဆက်တွဲအကျိုးဆက်များ

မိခင်ဖြစ်သူအနိုင်ကျင့်ခံရခြင်းကို ကြုံတွေ့ရခြင်းက ကလေးတွေမှာ ကြုံတွေ့ရနိုင်တဲ့ စိတ်ဖိစီးမှုအများဆုံးနဲ့ အနာကျင်ဆုံး အခြေအနေတွေထဲမှ တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းက ရုပ်ပိုင်းဆိုင်ရာ အပြုအမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များရှိနိုင်ပါတယ်။ ဒီအခြေအနေမှာ ကျွန်မတို့တွေ့ရှိရတဲ့ ကလေးတွေမှာ အဖြစ်အများဆုံးလက္ခဏာအချို့မှာ အောက်ပါတို့ ဖြစ်ပါတယ်။

- Advertisement -
  • အိပ်ပျော်ဖို့ ခက်ခဲခြင်း၊ အိပ်မက်ဆိုးတွေမက်ခြင်းနှင့် ညဘက် လန့်နိုးခြင်း။
  • ဓါတ်မတည့်ခြင်း၊ ဗိုက်အောင့်ခြင်း (သို့) ခေါင်းကိုက်ခြင်း ကဲ့သို့သော ဝေဒနာများ
  • အစာစားချင်စိတ် ဆုံးရှုံးခြင်းကဲ့သို့သော အစာစားခြင်းပြောင်းလဲမှုများ
  • အူလမ်းကြောင်းနဲ့ ဆီးအိမ်ထိန်းချုပ်မှုဆုံးရှံးခြင်း (သို့) လက်စုပ်ခြင်းကဲ့သို့သော အပြုအမူဆိုင်ရာ ဆုတ်ယုတ်မှုများ
  • မတော်မတရားပြုသူ (သို့) အခြားသူစိမ်းတစ်ဦးဦးနှင့် ကြုံတွေ့ရတဲ့အခါမှာ စိုးရိမ်မှု ၊ ကြောက်ရွံ့မှုတို့ကို တွေ့ကြုံခံစားရပါတယ်၊

-ဒေါသ၊ အပြစ်ရှိခြင်း (သို့) ရှက်ခြင်းကဲ့သို့သော ခံစားချက်တွေ ဖြစ်ပေါ်နိုင်ပါတယ်။

  • ပညာရပ်ဆိုင်ရာ စွမ်းဆောင်မှု ခက်ခဲခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်းနှင့် အာရုံစူးစိုက်မှု လျော့နည်းခြင်းတို့ ဖြစ်တတ်ပါတယ်။
  • လူမှုဆက်ဆံရေးစွမ်းရည် ဆုံးရှုံးခြင်း ၊ သူတို့ဟာ လက်ရှိမှာရော ၊ လူကြီးဘဝ ဆက်ဆံရေးမှာပါ ပေါင်းသင်းဆက်ဆံရေးပြဿနာတွေ ကြုံတွေ့ရပါတယ်။ ဥပမာအားဖြင့် ငယ်စဉ်ကလေးဘဝမှာ ရန်လိုခြင်း၊ စိတ်တိုခြင်း၊ ရွယ်တူတွေနဲ့ ထိပ်တိုက်တွေ့ခြင်း (သို့) တိရိစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်ခြင်း စတဲ့အပြုအမှုဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။

သူတို့ဟာ ရန်လိုပြီး အဆိပ်အတောက်ဖြစ်စေသော ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတာကြောင့် ဒါက စံနှုန်းပဲလို့ သင်ယူကြပြီး အနာဂတ်မှာ မတရားဖိနှိပ်ခံရသူတွေနှင့် နောက်ပိုင်းပေါင်းသင်းဆက်ဆံရေးတွေမှာ အနိုင်ကျင့်ခံရသူတွေ ဖြစ်လာနိုင်ပါတယ်။

  • အကူအညီမဲ့ခြင်းနှင့် အကာအကွယ်မရှိခြင်းတို့ကြောင့် မိမိကိုယ်ကို အထင်ကြီးလေးစားမှု နည်းပါးခြင်း
  • မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် ပတ်သက်တဲ့ ရာဇဝတ်မှု (သို့) အပြုအမှုများ

အကြမ်းဖက်မှုရဲ့ အကျိုးသက်ရောက်မှုကို ဆုံးဖြတ်တဲ့အချက်များ

မိခင်က အနိုင်ကျင့်ခံရသူဖြစ်တဲ့အခါ အကျိုးဆက်တွေက မျက်မြင်သက်သေဖြစ်တဲ့ သားသမီးတွေဆီကိုလည်း ရောက်ရှိလာကြပါတယ်။ သို့သော် အချို့သော အချက်တွေပေါ်မူတည်ပြီး အကျိုးသက်ရောက်မှုက လျော့နည်းသွားလိမ့်မှာ (သို့) ပိုရှုပ်ထွေးသွားမှာ ဖြစ်ပါတယ်။ ၎င်းမှာ ကလေးရဲ့ အသက်အရွယ်နဲ့ ဖွံ့ဖြိုးမှုအဆင့် ၊ ကလေးအား အကြမ်းဖက်မှုနဲ့ ထိတွေ့ခံရတဲ့ ကြာချိန်နှင့် မိသားစုအခြေအနေတို့ပါဝင်ပါတယ်။ တခါတရံမှာ တခြားမိသားစုဝင်တွေက ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးတာမျိုးက အရမ်းအသုံးဝင်ပါတယ်။

အကြမ်းဖက်မှုတွေအပြင် ဒီမကောင်းကျိုးသံသရာရဲ့လက္ခဏာသွင်ပြင်က ကလေးတွေဟာ ရှုပ်ထွေးပြီး မရေရာတဲ့ မက်ဆေ့ချ်ကို ရရှိခြင်းဖြစ်ပါတယ်။ သူတို့ချစ်ရသူတစ်ဦးအပေါ် အကြမ်းဖက်မှုက သူတို့ချစ်တဲ့သူတစ်ဦးဆီမှ လာခြင်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကလေးတွေဟာ အကြမ်းဖက်မှုကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မသိကြပါဘူး၊ ဒါ့အပြင် ကလေးတွေဟာ အသက် ၄နှစ်မှ ၅နှစ်ကြားရှိရင် သူတို့မှာအပြစ်ရှိတယ်လို့ ခံစားရပြီး သူတို့ဟာ ” အိမ်မှာဖြစ်တတ်တဲ့ မကောင်းမှုတွေရဲ့ အကြောင်းရင်းဖြစ်တယ်လို့ ယုံကြည်လာကြပါတယ်။

Chit_MayMay

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here