မိခင်တစ်ယောက်ဖြစ်ရခြင်းရဲ့ မဖြစ်မနေရရှိနိုင်မယ့် အကောင်းဆုံးသော အကျိုးကျေးဇူးများ

0
208
- Advertisement -

မိခင်ဘဝက သံသယဖြစ်စရာမလိုဘဲ အလွန်လှပတယ်ဆိုတာ အားလုံးလက်ခံထားပြီးဖြစ်ပါတယ်။ မိခင်ဘဝဆိုတာ အမျိုးသမီးရဲ့ ဘဝတစ်သက်တာမှာ အလှဆုံးကာလတွေဖြစ်ပါတယ်။ မိခင်ဖြစ်ခြင်းက ဘဝမှာ ရှိသမျှအရာအားလုံးထက် ပိုပါတယ်။ ဒါ့ကြောင့်မို့ ဒီနေ့မှာ မိခင်တစ်ယောက်ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို တိတိကျကျသိရဖို့ မျှဝေပေးမှာဖြစ်ပါတယ်။

၁။ ချစ်ခြင်းမေတ္တာဆိုတာကို အပြည့်အဝနားလည်လာခြင်း

အမျိုးသမီးတွေက ကလေးမရှိဘူးဆိုရင်တောင် ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီးတော့ အပြည့်အဝသိနားလည်တယ်လို့ ထင်မှတ်နေကြတယ်။ သို့ပေမယ့် ကမ္ဘာကြီးထဲကို လူသေးသေးလေးကို ဖိတ်ခေါ်လာရတဲ့အခါမှသာ စစ်မှန်သောအချစ်ရဲ့အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိသွားကြတာဖြစ်ပါတယ်။ ချွင်းခြက်မရှိခြင်း၊ ပြီးပြည့်စုံခြင်း၊ အထူးစီမံထားသော ချစ်ခြင်းမေတ္တာကိုပေါ့။ မိခင်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာဆိုတာ သူမ ကြုံတွေ့ဖူးသောအရာတွေအားလုံးထက် ကွဲပြားခြားတဲ့အရာဖြစ်ပါတယ်။ မိခင်တစ်ဦးက မိမိတို့ရဲ့ကလေးတွေကို အခြားအရာတွေအားလုံးထက် အမြဲဦးစားပေးလေ့ရှိပါတယ်။ ဒီအရာက ထာဝရချစ်ခြင်းမေတ္တာဖြစ်နိုင်ပါတယ်။

- Advertisement -

၂။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု

မိခင်တွေက သူတို့တစ်ခါမှ မသိခဲ့ဖူးတဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းတွေကို လေ့လာသင်ယူကြရပါတယ်။ သူတို့က ပို၍ စိတ်ရှည်သော၊ သည်းခံတတ်သော၊ ဂရုစိုက်တတ်သော၊ တာဝန်ယူတတ်သော ၊ချစ်တတ်သောလူသားတွေဖြစ်လာကြပါတယ်။

တစ်ချိန်တည်းမှာ သူတို့က အသေးစိတ်အချက်အလက်တွေကအစ တိုးတက်ဖွံ့ဖြိုးစေဖို့ ကြိုးပမ်းကြပါတယ်။

၃။ စုံတွဲတစ်တွဲရဲ့ ချစ်ခြင်းမေတ္တာကို အားဖြည့်နိုင်တယ်

မိခင်နဲ့ သူမရဲ့ ပါတနာအကြား ဆက်သွယ်မှုက ကလေးလေးရောက်ရှိလာချိန်မှာ ပိုမိုအားကောင်းလာနိုင်ပါတယ်။ သူတို့က အနာဂတ်ကို ကြည်နူးပျော်ရွှင်စွာ မျှဝေဆွေးနွေးကြပါတယ်။ သူတို့ရဲ့ အပြန်အလှန်ကတိကဝတ်တွေက ပိုမိုလေးနက်သောရှုထောင့်အသစ်တစ်ခုပေါ်ပေါက်လာစေပါတယ်။

မိခင်နှင့် ဖခင်တွေက ပိုမိုကောင်းမွန်တဲ့ မိဘတွေဖြစ်လာစေဖို့ ကြိုးပမ်းအားထုတ်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုကို နေ့စက်တွေ့မြင်နိုင်ပါတယ်။ သူတို့က သူတို့သား/သမီး ကောင်းကျိုးအတွက် အတူတကွလုပ်ဆောင်ကြပါတယ်။

၄။ ကလေးဘဝ ပြန်လည်ရှင်သန်လာခြင်း

သင့်ကလေးကို ပြုစုပျိုးထောင်တဲ့အခါ သင်ဖြတ်သန်းခဲ့ဖူးတဲ့ ကလေးဘဝအပျော်ရွှင်ဆုံးကာလတွေက ပြန်အသက်ဝင်လာပါလိမ့်မယ်။ ပန်းချီဆွဲခြင်း၊ ပြေးခြင်း၊ သီချင်းဆိုခြင်း၊ ပန်းခြံသို့သွားခြင်း နှင့် အခြားပျော်ရွှင်ဖွယ်ကိစ္စတွေအားလုံးကို သင့်မိသားစုနဲ့ပျော်ရွှင်ကြပါတယ်။ အထူးသဖြင့် မိခင်တစ်ယောက်အနေနဲ့ ငယ်ရွယ်တဲ့ဘဝကို နောက်တစ်ကြိမ်ဖိတ်ခေါ်ခြင်း ခံရပါလိမ့်မယ်။

၅။ သူငယ်ချင်းအသစ်ရရှိခြင်း

မိခင်တစ်ဦးဆိုတာ ကလေးတစ်ယောက်အတွက် အလွန်ထူးခြားသော၊ ခိုင်မြဲသောနှောင်ကြိုးတွေနဲ့အတူ ယုံကြည်စိတ်ချရသူဖြစ်ပါတယ်။ မိခင်တစ်ဦးက ကလေးတစ်ယောက်ရရှိရုံမက မဟာမိတ်အသစ်တစ်ဦးလည်း ဖြစ်လာနိုင်ပါတယ်။ အပြင်ထွက်ခြင်း၊ မျှဝေခြင်း၊ တစ်ယောက်နဲ့ တစ်ယောက်ပြဿနာတွေကို နားထောင်ပြီး အဖြေရှာခြင်းတွေ ပြလုပ်နိုင်ပါတယ်။

၆။ ကျန်းမာရေးတိုးတက်စေနိုင်ခြင်း

သွေးပေါင်ချိန်ကျခြင်းက နှလုံးကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်။ တစ်ချိန်တည်းမှာ နို့တိုက်ကျွေးမှုက အချို့သောအတိုင်းအတာတစ်ခုအထိ ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

ကိုယ်ဝန်ဆောင်ပြီးနောက်မှာ ဖြစ်ပွားတဲ့ ဟော်မုန်းပြောင်းလဲမှုတွေက ဦးနှောက်ကို အနည်းငယ်ပြောင်းလဲစေနိုင်ပါတယ်။ ဒီအပြောင်းအလဲက သူမရဲ့ ကလေးငယ်ကို ပိုအာရုံစိုက်နိုင်ဖို့ အမျိုးသမီးတစ်ယောက်ရဲ့ အာရုံကို ပိုသက်ဝင်စေပါတယ်။

၇။ မသန့်ရှင်းမှုတွေကို ခွင့်ပြုနိုင်တယ်

ကလေးတစ်ဦးရဲ့ ဘဝမှာ ပထမနှစ်စမှာကတည်းက အရာဝတ္ထုအမျိုးမျိုးနှင့် စမ်းသပ်တတ်ကြပါတယ်။ ၎င်းတို့ တစ်နေရာရာမှာ တစ်နေရာသို့ ရွေ့လျားခြင်း၊ ကစားစရာတွေကို ချိုးဖဲ့ခြင်းနှင့် ကစားစရာတွေကို ပစ်လွှင့်ဖျက်ဆီးခြင်းတွေ ပါဝင်ပါတယ်။ မိခင်တွေက ကလေးလုပ်သမျှကို ဂရုစိုက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ကလေးတွေရဲ့ သိချင်စိတ်ကို လေ့လာပြီးတော့ သင်ယူရတာဟာ ပျော်ဖို့ကောင်းလို့ပါပဲ။

၈။ အရမ်းနောက်ကျနေမယ်ဆိုရင်တောင် အဆင်ပြေတယ်

အိမ်ကနေ အပြင်ထွက်ဖို့အချိန်ကျရောက်လာတဲ့အခါ သင့်ကလေးကြောင့် အတားအဆီးပေါင်းသန်းတစ်ရာလောက်ရှိနေနိုင်ပါတယ်။ မကြာခဏဆိုသလို နောက်ဆုံးမိနစ်တွေကျမှ အံ့အားသင့်စရာတွေနှင့် အဆင်မပြေမှုတွေက သင့်အစီအစဥ်တွေကို နှောင့်နှေးစေပါတယ်။ ကံကောင်းထောက်မစွာနဲ့ လူအများစုက မိခင်တစ်ယောက်ဆိုတဲ့အချက်ကို ထည့်သွင်းစဥ်းစားကြပြီးတော့ မိခင်တွေကို ထောက်ထားစာနာလာကြပါတယ်။

(၉) သင့်မိဘတွေကို ချစ်တဲ့ ချစ်ခြင်းမေတ္တာက ပိုမိုကြီးထွားလာနိုင်ပါတယ်

ဒီအချက်က မိခင်တစ်ယောက်ဖြစ်ခြင်းရဲ့ အကောင်းဆုံးသောအကျိုးကျေးဇူးလည်းဖြစ်ပါတယ်။ စွန့်လွှတ်အနစ်နာခံခြင်းနှင့် သည်းခံခြင်းတို့ရဲ့ အဓိပ္ပာယ်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ မိဘတွေက အကောင်းဆုံးဥပမာဖြစ်ပါတယ်။ ဒါ့အပြင် အဘိုးအဘွားတွေက အကောင်းဆုံးလက်ဆောင်တွေလည်း ဖြစ်ပါတယ်။ သူတို့မြေးတွေ လုယက်သောင်းကျန်းနေချိန်မှာ လိုအပ်သလို ကူညီပေးပြီးတော့ လမ်းညွှန်ပေးတတ်သူတွေပါ။

ဒါ့ကြောင့်မို့လို့ မိခင်အသစ်တွေက သူတို့ရဲ့မိဘတွေအနေနဲ့ သူတို့နှင့်အတူဖြတ်သန်းခဲ့သမျှကို ရှင်းရှင်းလင်းလင်းနားလည်လာနိုင်ပါတယ်။ ဒါ့အပြင် ၎င်းတို့က လိုက်နာဖို့ စံပြပုဂ္ဂိုလ် ဖြစ်နိုင်ပါတယ်။ သူတို့လိုအပ်တဲ့အခါ သူတို့မိဘတွေဆီက အကူအညီတောင်းခံနိုင်ပါတယ်။

အမေဖြစ်ခြင်းရဲ့ အားသာချက်တွေက များပြားလှပြီးတော့ ထူးခြားပါတယ်။ လှပသော ဘဝသစ်တစ်ခုကို ကမ္ဘာကိုယူဆောင်လာခြင်းရဲ့ တစ်ခုတည်းသောလုပ်ရပ်က လူသားတစ်ဦးရရှိနိုင်သမျှမှာ အံ့ဩဖွယ်ရာအကောင်းဆုံးနှင့် မယုံနိုင်စရာအတွေ့အကြုံဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here