Home Lotaya မိခင်တစ်ယောက်ဖြစ်လာခြင်းနှင့်ပတ်သတ်ပြီး အံ့သြစရာအကောင်းဆုံး (၉)ခု

မိခင်တစ်ယောက်ဖြစ်လာခြင်းနှင့်ပတ်သတ်ပြီး အံ့သြစရာအကောင်းဆုံး (၉)ခု

0
မိခင်တစ်ယောက်ဖြစ်လာခြင်းနှင့်ပတ်သတ်ပြီး အံ့သြစရာအကောင်းဆုံး (၉)ခု

မိခင်တစ်ယောက်ဖြစ်လာခြင်းက အစားထိုးမရသော အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ သင်ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ၊ အချိန်ကြာလာတဲ့အခါ သင်ကြုံတွေ့ရတဲ့အရာ အားလုံးကို အံအားသင့်မိပါလိမ့်မယ်။ အမျိုးသမီးအများစုက စာအုပ်အမြောက်အများဖတ်ပြီး ကိုယ်ဝန်ရလာတာနှင့်အမျှ မိခင်ဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်လာကြပါတယ်။ ကိုယ့်ကလေးကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သိခြင်းက မရှိမဖြစ်လိုအပ်ပါတယ်။ စာအုပ်တွေ၊ ဗီဒီယိုတွေနှင့် မေမေတွေ ရေးထားတဲ့ ဗီဒီယိုတွေက အခြေခံတွေကို သင်ပေးပါလိမ့်မယ်။ မိခင်တစ်ယောက်ဖြစ်လာရင် သင့်မှာ ပြောင်းလဲမှုတွေ ဖြစ်လာပြီး ဒီလို အံ့သြစရာကောင်းတာတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။

၁။ ရှက်ရွံ့မှုတွေ အဝေးရောက်သွားပါတယ်

သင်ဟာ ယခင်တုန်းက လူအများနဲ့ ဆက်ဆံဖို့ ဝန်လေးသူ တစ်ယောက်ဖြစ်ပြီး စိတ်အနှောက်အယှက်ဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားလေ့ရှိပါတယ်။ ဒါပေမယ် သင် မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ အဲဒီတားဆီးမှုအားလုံးက ပြတင်းပေါက်ကနေ ထွက်သွားပါလိမ့်မယ်။ သိမ်သိမ်မွေ့မွေ့နဲ့ လူအများရှေ့ရောက်ရင် ကိုယ့်ကိုယ်ကို အရမ်းသတိထားတတ်တဲ့ အမျိုးသမီးအနေနဲ့ ကိုယ့်သားသမီး ဗိုက်ဆာနေစဉ်မှာ ဘယ်သူကြည့်နေ၊ ကြည့်နေ ဂရုမစိုက်မိတော့ပါဘူး။ သားသမီးအတွက်ဆို လူရှေ့မှာလည်း အင်္ကျီလှန်ပြီး မိခင်နို့်တိုက်ဖို့ မကြောက်တတ်ကြတော့ပါဘူး။

၂။ ညစ်ပေတဲ့ အနှီးတွေက သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်

ညစ်ပေနေတဲ့အနှီးတွေကို ကိုင်ရမယ်၊ လျှော်ဖွတ်ရမယ်ဆိုတဲ့ အတွေးမျိုးကို ဘယ်သူမှ မကြိုက်ကြပါဘူး။ သင်မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ ညစ်ပေနေတဲ့ အနှီးတွေက သင့်နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။

၃။ ကလေးချစ်သူတစ်ယောက်အဖြစ် ပြောင်းလဲလာပါတယ်

သင်ဟာ အပျိုဘဝမှာတုန်းက ကလေးတွေကို ချစ်ချင်မှ ချစ်မှာပါ။ သို့သော် မိခင်ဖြစ်လာတဲ့အခါ ကလေးချစ်သူတစ်ယောက် ဖြစ်လာပါတယ်။ မိန်းကလေးတွေရဲ့ မွေးရာပါ မိခင်ဗီဇက စတင်လာပြီး သားသမီးကို ရင်အုပ်မကွာစောင့်ရှောက်ပေးတဲ့ မေမေဝက်ဝံလေး ဖြစ်လာပါတယ်။ မအချို့မိခင်တွေဆို သူတို့ကလေးကို ခင်ပွန်းကလွဲပြီး တစ်စုံတစ်ယောက်ချီထားတဲ့အခါ သိမ်းငှက်တစ်ကောင်လို စောင့်ကြည့်လေ့ရှိပါတယ်။

၄။ တိတ်ဆိတ်တဲ့ညတွေကို နှုတ်ဆက်ဖို့ လိုပါတယ်

အိမ်ထောင်မပြုခင်ကတုန်းက တိတ်ဆိတ်နေမှ ၊ တစ်ယောက်တည်းအိပ်ရမှ အိပ်ပျော်တတ်သူ တစ်ယောက်လား? မိခင်တစ်ယောက်ဖြစ်လာရင် ကလေးတွေ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိပ်နေမှာ မဟုတ်ကြောင်း သင်သဘောပေါက်ပါလိမ့်မယ်။ သူတို့ အော်ဟစ်ငိုကြွေးတာတွေလည်း ရှိသလို တခေါခေါနဲ့တောင် ဟောက်နေတာတွေလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် သင်ကောင်းကောင်းအိပ်စက်ရဖို့ကို အနည်းဆုံး ၂နှစ်လောက်တော့ စွန့်လွှတ်ရမှာ သေချာပါတယ်။

၅။ ကလေးကို ရင်ခွင်ထဲ ပွေ့ဖက်ယုယရတဲ့ ခံစားချက်က နှိုင်းပြလို့မရပါဘူး

ကလေးငယ်တစ်ယောက်ကို ချီထားခြင်း၊ သူတို့ကို ပွေ့ဖက်ထားခြင်းက အကောင်းဆုံးခံစားချက်တစ်ခုဖြစ်တယ်ဆိုတာ သေချာပါတယ်။ မိခင်တစ်ယောက်အနေနဲ့ ကလေးကို နေ့စဉ်နေ့တိုင်း တနေ့လုံးရင်ခွင်ထဲမှာ အနီးကပ်ချီထားနိုင်ပြီး ငြီးငွေ့တယ်ဆိုတာ မရှိပါဘူး။

၆။ ဘဝက ပိုကောင်းဖို့အတွက် အများကြီး ပြောင်းလဲပေးပါတယ်

မိခင်အများစုက ကလေးမွေးတဲ့အခါ သူတို့ဘဝတွေ ပြောင်းလဲသွားမှာကို စိုးရိမ်ကြပါတယ်။ အပြောင်းအလဲကို ဘယ်လိုလိုက်လျောညီထွေဖြစ်အောင် လုပ်မလဲဆိုတာကိုတောင် စဉ်းစားကြပါတယ်။ သို့သော် မိခင်ဘဝက သူတို့ဘဝကို ပိုမိုကောင်းမွန်စေပြီး ကျေနပ်အားရစေတာကြောင့် ပြောင်းလဲမှုကို မိခင်တိုင်းက ကြိုဆိုကြပါတယ်။

၇။ အိပ်မပျော်ခဲ့ရတဲ့ ညတွေကို မဖြုံတော့ပါဘူး

အိပ်ရေးမဝရင် အလုပ်လုပ်ရတာ ခက်ခဲပြီး Zombie တစ်ကောင်လိုတောင် ခံစားရနိုင်ပါတယ်။ သို့သော် ကလေးကို မြင်ရတဲ့အခါတိုင်း သင့်မှာ ရွှင်လန်းမှုတွေ ပြည့်နေပါလိမ့်မယ်။ အိပ်မပျော်ခဲ့ရတဲ့ညတွေက အရေးပါတော့မှာ မဟုတ်ပါဘူး။

၈။ ရွံရှာမှုတွေလည်း မရှိနိုင်တော့ပါဘူး

အရင်တုန်းက အညစ်အကြေးဆို အသေရွံခဲ့ပေမယ့် မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ ကလေးရဲ့ အညစ်အကြေးကို သုတ်သင်ပေးရမှုက သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာ ဖြစ်တာကြောင့် ပြင်ဆင်ထားပါ။ ဒီကလေးသေးသေးလေးက အင်အင်းတွေတ ဒီလောက်အများကြီး ဘယ်လိုပါသလဲလို့တောင် တစ်ခါတစ်ရံမှာ သင်တွေးမိပါလိမ့်မယ်။ ဒါတောင် သူတို့နို့ချည်းပဲ စို့လို့နော်။

၉။ ရေချိုးခြင်းက ဇိမ်ခံခြင်းတစ်ခု ဖြစ်လာပါတယ်

မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ ရေချိုးတဲ့ခံစားမှုတိုင်းက ကောင်းကြီးမင်္ဂလာတစ်ခုလို ခံစားရပါလိမ့်မယ်။ တစ်ခါတစ်ရံ ခင်ပွန်းသည်က ကလေးကို ထိန်းပေးနေတဲ့အချိန်မှာ သင့်ရေချိုးချိန်က အချိန်အနည်းငယ်ရတာကြောင့် spa treatment ခံယူနေရသလို ခံစားရပါလိမ့်မယ်။

ပထမဆုံးအကြိမ် မိခင်တစ်ယောက်ဖြစ်ခြင်းက ဟာသမဟုတ်ပါဘူး။ ဒါက ထိန့်လန့်ဖွယ်လည်းဖြစ်နိုင်ပြီး လွှမ်းမိုးခံရဖို့လည်း လွယ်ကူပါတယ်။ သို့သော် အချိန်နည်းနည်းနဲ့ သည်းခံခြင်းများစွာက မိခင်ဘဝလုပ်ငန်းစဉ်တစ်ခုလုံးကို စိတ်လှုပ်ရှားစရာကောင်းစေပြီး ပြည့်စုံလာစေပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction.

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here