အိမ်ထောင်ရေးတစ်ခုမှာ ကလေးလေးတွေပါဝင်လာတာနဲ့အမျှ အရာအားလုံးပြောင်းလဲသွားပါတော့တယ်။ အမေတွေအနေနဲ့ ကလေးတွေကိုထိန်းရတာ အပြင်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အဖေတွေလိုပဲ ခက်ခဲကြောင်းကို အောက်ပါသရုပ်ဖော်ပုံတွေက ဖော်ပြပေးနေပါတယ်။
နေ့တိုင်း လုပ်ရိုးလုပ်စဉ်
မိခင်တစ်ယောက်ဖြစ်လာတာနဲ့ နေ့စဉ်အလုပ်တွေက တိုးပွားလာပါတယ်။ အမေတွေဟာ မိုးလင်းကနေမိုးချုပ်ထိနားရတယ်လို့မရှိပဲ ကလေးတွေကိုကျွေးဖို့၊ အနှီးလဲဖို့၊ အညစ်အကြေးတွေရှင်းလင်းဖို့၊ အဝတ်တွေလျှော်ဖို့ စတဲ့ များပြားလှတဲ့တာဝန်တွေကို နိစ္စဒူဝလုပ်ရခြင်းဟာ အဖေတွေအပြင်မှာ ပင်ပန်းတာထက် မလျော့ပါဘူး။ ဒါ့အပြင် သားသမီးကျန်းမာရေးတွေ၊ ခင်ပွန်းရဲ့ဝေယျာဝစ္စတွေ၊ လူမှုရေးကိစ္စတွေမှာလဲ ဦးဆောင်ဖြေရှင်းနေရတဲ့အတွက် အမေတွေဟာ ကမ္ဘာ့အလုပ်အများဆုံးလူတွေဖြစ်ပါတယ်။

အချန်ဇယားဆွဲလို့မရခြင်း
ဘယ်အလုပ်ပဲဖြစ်ဖြစ် အချိန်ဇယားဆွဲပြီးလုပ်ခြင်းဟာ ပိုမိုအောင်မြင်နိုင်သော်လည်း ကလေးထိန်းခြင်းနဲ့တွဲလိုက်ရင်တော့ အချိန်ဇယားဆွဲဖို့မစဉ်းစားပါနဲ့တော့။ ကလေးတွေဟာ အချိန်မရွေးငိုနိုင်သလို၊ အညစ်အကြေးအချိန်မရွေးစွန့်တတ်တာကြောင့် ငိုနေရင် တိတ်အောင်ချော့ပြီး သိပ်ရသလို အညစ်အကြေးစွန့်တဲ့အခါလည်း ချက်ချင်းသန့်ရှင်းရပါတယ်။ ဒါကြောင့် သင့်ရဲ့ကလေးဟာ သင့်ရဲ့သူဋ္ဌေးပေါက်စလေးပါပဲ။

ကြိုးစားမှုရဲ့ရလာဒ်
ပညာသင်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် ကြိုးစားရင်ကြိုးစားသလောက် ရလဒ်ကောင်းတွေ ဆုတွေရရှိပေမယ့် အမေတွေအတွက်တော့ တစ်နေကုန်ဘယ်လောက်ပင်ပန်းပါစေ ပန်းတိုင်ဆိုတာမရှိပါဘူး။ တကယ်လို့ ကလေးတွေဖွထားသမျှတွေကို အောင်မြင်စွာရှင်းလိုက်နိုင်ပေမယ့် ခဏနေရင်ပြန်ရှုပ်ပွနေတာကို ထပ်မံမြင်ရသလို ဘယ်လောက်ပဲအဝတ်တွေသန့်ရှင်းအောင်လျှော်ဖွပ်ဖွပ် ညနေကြရင်တော့ အဝတ်တွေက ပြန်လည်ညစ်ပတ်နေမှာဖြစ်ပါတယ်။

ကိုယ့်ကိုကိုယ်ယုံကြည်မှုပျောက်ဆုံးခြင်း
ကလေးမွေးပြီးတာနဲ့ အမေတွေဟာ လူမှုဆက်ဆံရေး၊ ခန္ဓာကိုယ်အချိုးအစား စတာတွေပြောင်လဲသွားတာကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ပြောင်းလဲသွားပါတယ်။ သူမအရင်လို အလုပ်တွေလုပ်နိုင်ပါ့မလား၊ ဘယ်တော့လဲ၊ အရင်လိုခန္ဓာကိုယ်အချိုးအစားပြန်ရနိုင်ပါတော့မလား၊ အိမ်ထောင်မကျခင် သူမကိုစိတ်ဝင်စားတဲ့လူတွေကကော ခုပုံဆိုရင်၊ အရင်လို ဖက်ရှင်တွေကငါနဲ့ဆိုင်ပါတော့မလား စသဖြင့် ယုံကြည်မှုတွေ ပျောက်ဆုံးကြပါတယ်။ အရင်လို ဇာတ်လမ်းတွေ၊ ဖက်ရှင်တွေထက် လေထိုးလေအောင့်ရောဂါနဲ့ အာဟာရဖြစ်အောင်ဘယ်လိုကျွေးမွေးရမယ်ဆိုတာကို ပိုမိုသိလာကြပါတယ်။

ခြွင်းချက်မရှိတဲ့မေတ္တာ
သူတို့ဟာ ဘယ်လောက်ပဲပင်ပန်းနေပါစေ၊ နေ့စဉ်လုပ်နေရလို့ ဘယ်လောက်ပဲငြီးငွေ့နေပါစေ၊ သားသမီးရဲ့အပြုံးနဲ့ ချစ်စရာစကားလေးတွေကြားယုံနဲ့ ပင်ပန်းတာတွေအားလုံးဟာ ပျောက်ကွယ်သွားပါတယ်။ ဒါကြောင့်လည်း ကလေးနောက်ထပ်တစ်ယောက်ကို ထပ်မွေးဖို့အဆင်သင့်ဖြစ်နေတဲ့ မဟာမေတ္တာရှင်တွေ ဖြစ်နေကြတာပါ။

LM_Naung_Naung
Source-BrightSide
မိခင္တစ္ေယာက္ျဖစ္လာတာနဲ႔အမွ် ဘာေတြေျပာင္းလဲသြားမလဲ

အိမ္ေထာင္ေရးတစ္ခုမွာ ကေလးေလးေတြပါ၀င္လာတာနဲ႔အမွ် အရာအားလံုးေျပာင္းလဲသြားပါေတာ့တယ္။ အေမေတြအေနနဲ႔ ကေလးေတြကိုထိန္းရတာ အျပင္ကုမၸဏီတစ္ခုမွာ အလုပ္လုပ္ေနတဲ့ အေဖေတြလိုပဲ ခက္ခဲေၾကာင္းကို ေအာက္ပါသ႐ုပ္ေဖာ္ပံုေတြက ေဖာ္ျပေပးေနပါတယ္။
ေန႔တိုင္း လုပ္႐ိုးလုပ္စဥ္
မိခင္တစ္ေယာက္ျဖစ္လာတာနဲ႕ ေန႔စဥ္အလုပ္ေတြက တိုးပြားလာပါတယ္။ အေမေတြဟာ မိုးလင္းကေနမိုးခ်ဳပ္ထိနားရတယ္လို႔မရွိပဲ ကေလးေတြကိုေကၽြးဖို႔၊ အႏွီးလဲဖို႔၊ အညစ္အေၾကးေတြရွင္းလင္းဖို႔၊ အ၀တ္ေတြေလွ်ာ္ဖို႔ စတဲ့ မ်ားျပားလွတဲ့တာ၀န္ေတြကို နိစၥဒူ၀လုပ္ရျခင္းဟာ အေဖေတြအျပင္မွာ ပင္ပန္းတာထက္ မေလ်ာ့ပါဘူး။ ဒါ့အျပင္ သားသမီးက်န္းမာေရးေတြ၊ ခင္ပြန္းရဲ႕ေ၀ယ်ာ၀စၥေတြ၊ လူမႈေရးကိစၥေတြမွာလဲ ဦးေဆာင္ေျဖရွင္းေနရတဲ့အတြက္ အေမေတြဟာ ကမၻာ့အလုပ္အမ်ားဆံုးလူေတြျဖစ္ပါတယ္။

အခ်န္ဇယားဆြဲလို႔မရျခင္း
ဘယ္အလုပ္ပဲျဖစ္ျဖစ္ အခ်ိန္ဇယားဆြဲၿပီးလုပ္ျခင္းဟာ ပိုမိုေအာင္ျမင္ႏိုင္ေသာ္လည္း ကေလးထိန္းျခင္းနဲ႔တြဲလိုက္ရင္ေတာ့ အခ်ိန္ဇယားဆြဲဖို႔မစဥ္းစားပါနဲ႔ေတာ့။ ကေလးေတြဟာ အခ်ိန္မေရြးငိုႏိုင္သလို၊ အညစ္အေၾကးအခ်ိန္မေရြးစြန္႔တတ္တာေၾကာင့္ ငိုေနရင္ တိတ္ေအာင္ေခ်ာ့ၿပီး သိပ္ရသလို အညစ္အေၾကးစြန္႔တဲ့အခါလည္း ခ်က္ခ်င္းသန္႔ရွင္းရပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ကေလးဟာ သင့္ရဲ႕သူေ႒းေပါက္စေလးပါပဲ။

ႀကိဳးစားမႈရဲ႕ရလာဒ္
ပညာသင္တာပဲျဖစ္ျဖစ္၊ အလုပ္လုပ္တာပဲျဖစ္ျဖစ္ ႀကိဳးစားရင္ႀကိဳးစားသေလာက္ ရလဒ္ေကာင္းေတြ ဆုေတြရရွိေပမယ့္ အေမေတြအတြက္ေတာ့ တစ္ေနကုန္ဘယ္ေလာက္ပင္ပန္းပါေစ ပန္းတိုင္ဆိုတာမရွိပါဘူး။ တကယ္လို႔ ကေလးေတြဖြထားသမွ်ေတြကို ေအာင္ျမင္စြာရွင္းလိုက္ႏိုင္ေပမယ့္ ခဏေနရင္ျပန္႐ႈပ္ပြေနတာကို ထပ္မံျမင္ရသလို ဘယ္ေလာက္ပဲအ၀တ္ေတြသန္႔ရွင္းေအာင္ေလွ်ာ္ဖြပ္ဖြပ္ ညေနၾကရင္ေတာ့ အ၀တ္ေတြက ျပန္လည္ညစ္ပတ္ေနမွာျဖစ္ပါတယ္။

ကိုယ့္ကိုကိုယ္ယံုၾကည္မႈေပ်ာက္ဆံုးျခင္း
ကေလးေမြးၿပီးတာနဲ႔ အေမေတြဟာ လူမႈဆက္ဆံေရး၊ ခႏၶာကိုယ္အခ်ိဳးအစား စတာေတြေျပာင္လဲသြားတာေၾကာင့္ ကိုယ့္ကိုကိုယ္ယံုၾကည္မႈေတြ ေျပာင္းလဲသြားပါတယ္။ သူမအရင္လို အလုပ္ေတြလုပ္ႏိုင္ပါ့မလား၊ ဘယ္ေတာ့လဲ၊ အရင္လိုခႏၶာကိုယ္အခ်ိဳးအစားျပန္ရႏိုင္ပါေတာ့မလား၊ အိမ္ေထာင္မက်ခင္ သူမကိုစိတ္၀င္စားတဲ့လူေတြကေကာ ခုပံုဆိုရင္၊ အရင္လို ဖက္ရွင္ေတြကငါနဲ႔ဆိုင္ပါေတာ့မလား စသျဖင့္ ယံုၾကည္မႈေတြ ေပ်ာက္ဆံုးၾကပါတယ္။ အရင္လို ဇာတ္လမ္းေတြ၊ ဖက္ရွင္ေတြထက္ ေလထိုးေလေအာင့္ေရာဂါနဲ႕ အာဟာရျဖစ္ေအာင္ဘယ္လိုေကၽြးေမြးရမယ္ဆိုတာကို ပိုမိုသိလာၾကပါတယ္။

ျခြင္းခ်က္မရွိတဲ့ေမတၱာ
သူတို႔ဟာ ဘယ္ေလာက္ပဲပင္ပန္းေနပါေစ၊ ေန႔စဥ္လုပ္ေနရလို႔ ဘယ္ေလာက္ပဲၿငီးေငြ႔ေနပါေစ၊ သားသမီးရဲ႕အျပံဳးနဲ႕ ခ်စ္စရာစကားေလးေတြၾကားယံုနဲ႕ ပင္ပန္းတာေတြအားလံုးဟာ ေပ်ာက္ကြယ္သြားပါတယ္။ ဒါေၾကာင့္လည္း ကေလးေနာက္ထပ္တစ္ေယာက္ကို ထပ္ေမြးဖို႔အဆင္သင့္ျဖစ္ေနတဲ့ မဟာေမတၱာရွင္ေတြ ျဖစ္ေနၾကတာပါ။

LM_Naung_Naung
Source-BrightSide