သင်ဟာ မိခင်တစ်ယောက် မဟုတ်သေးပေမယ့် မကြာခင်မှာ ဖြစ်လာတော့မယ်ဆိုရင် မိခင်ဖြစ်လာတာနဲ့အမျှ သင့်ဘဝမှာ ပြောင်းလဲသွားမယ့် အရာတစ်ချို့ကို သိထားသင့်ပါတယ်။
၁။ သင့်ရဲ့ အမေကို လေးစားလာပါလိမ့်မယ်
သင်မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ သင့်အမေနှင့် ပတ်သတ်တဲ့ အရာရာတိုင်းကို စတင်နားလည်လာပါတယ်။ သင့်အတွက် ထူးဆန်းနေပုံရပေမယ့် သင်မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ သင့်မှာဖြစ်လာတဲ့ ခံစားမှုအသစ်တစ်ခုက ကိုယ့်ရင်သွေးကို ကိုယ်ဘယ်လောက်ချစ်ကြောင်း (ဖော်ပြနိုင်တဲ့ စကားတွေမရှိ)နှင့် သင့်မိခင်က သင့်ကို (အကြွင်းမဲ့) ဘယ်လောက်ချစ်ကြောင်း သဘောပေါက်လာပါတယ်။ ကလေးတစ်ယောက်ပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာဟာ သူ့အလိုအလျောက်ဖြစ်ပေါ်လာတာဖြစ်ပြီး မိခင်တစ်ယောက်မဖြစ်ခင်က တန်ဖိုးထားခဲ့တာတွေထက် အမေကို ပိုတန်ဖိုးထားလာစေပါတယ်။

၂။ ကျန်တဲ့အရာတွေက သင့်အတွက် အရေးမပါတော့ပါဘူး
မိခင်တစ်ယောက်ဖြစ်လာရင် တစ်ကိုယ်ကောင်းဆန်မှုက သင်ကြုံတွေရမယ့် အရာမဖြစ်နိုင်တော့ပါဘူး။
ဆုံးဖြတ်ချက်တွေချတဲ့အခါ (သို့) သင့်ဘဝမှာ အရေးကြီးတဲ့ ပြောင်းလဲမှုတွေ ရှိလာတဲ့အခါ ဘယ်တော့မှ ကိုယ့်ကိုယ်ကို ဦးစားမပေးနိုင်တော့ပါဘူး။ ယခုအချိန်မှာ ဆုံးဖြတ်ချက်တွေ အားလုံးမချခင် သင့်ကလေးဟာ ဦးစားပေး ဖြစ်လာပါလိမ့်မယ်။
၃။ အရင်တုန်းကလို အပြင်မထွက်တော့ပါဘူး
မိခင်တစ်ယောက်ဖြစ်လာရင် အရင်လုံးကလို စိုးရိမ်ပူပန်မှုမရှိဘဲ အိမ်ပြန်နောက်ကျတဲ့အထိ နေလို့မရတော့ပါဘူး။ ကလေးတွေကို အဘိုးအဘွားတွေ ကလေးထိန်းတွေနဲ့ ထားခဲ့ရင်တောင်မှ ကလေးငိုနေမလား? ဗိုက်ဆာနေမလား?ဆိုတာ စိတ်က တထင့်ထင့်နဲ့ ကလေးမပါဘဲ အပြင်ထွက်ရတဲ့ ခံစားချက်က ပျော်စရာမကောင်းတော့ပါဘူး။

၄။ သင့်ရဲ့ ပျော်စရာပုံစံက ပြောင်းလဲသွားပါတယ်
အရင်တုန်းက သင်ဟာ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရတာ၊ အလှပြင်ဆိုင်သွားရတွေကို နှစ်သက်ပေမယ့် မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ သင့်ရဲ့ ပျော်စရာအချိန်က မိသားစုနှင့် အတူတူအချိန်ဖြုန်းရတဲ့အချိန်၊ သားသားမီးမီးတွေကို ပွေ့ဖက်နမ်းရှုပ်ရတဲ့အချိန်၊ သားသမီးတွေရဲ့ တီတီတာတာ စကားလေးတွေ နားထောင်ရတဲ့ အချိန်တွေ ဖြစ်နိုင်ပါတယ်။
၅။ သင့်ရဲ့ စိတ်ရှည်မှုကို သင် အံ့အားသင့်သွားပါလိမ့်မယ်
သည်းခံခြင်းက သင့်ရဲ့ personality မှာ အားသာချက်တစ်ခု မဟုတ်ပေမယ့် မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ မျှတတဲ့ ကိုယ်ရည်ကိုယ်သွးနှင့် ကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ဖြင့် ကလေးတွေ ကြီးပြင်းလာစေဖို့ စိတ်ရှည်ရတော့မှာပါ။ နောက်ပိုင်းမှာ သင်ဟာ ကလေးနှင့်သာမက အရာရာတိုင်းမှာ သည်းခံစိတ်ပိုရှိလာပါလိမ့်မယ်။

၆။ သေးငယ်တဲ့အရာတွေက အရေးအကြီးဆုံးဖြစ်လာပါတယ်
ရုပ်ပစ္စည်းတွေက သင့်ဘဝမှာ ကြာရှည် အရေးမပါတော့ပါဘူး။ အခိုက်အတန့်သာ ဖြစ်ပါလိမ့်မယ်။ ပိုက်ဆံက သင့်အတွက် မတူညီတဲ့ တန်ဖိုးတစ်ခုရှိပြီး မတူညီတဲ့ ဦးစားပေးတစ်ခု ဖြစ်ပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ ငွေကြေးဥစ္စာထက် ကိုယ့်သားသမီးက ပိုအရေးကြီးတယ်လို့ ခံယူလာနိုင်ပါတယ်။
၇။ အချိန်ဇယားတစ်ခု ရှိလာပါတယ်
မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ အချိန်ဇယားတွေက တစ်ချို့အကြောင်းရင်းတွေအတွက် ရုတ်တရက်ပြောင်းလဲသွားပုံရပါတယ်။ အရင်က ၁နာရီဖြစ်ခဲ့ရင် ယခု ၁၀မိနစ်ဖြစ်လာပါတယ်။ အချိန်တိုအတွင်းမှာ လုပ်ရမယ့်အရာများစွာ ရှိလာပါတယ်။
သင်အိမ်ကနေ အပြင်ထွက်တဲ့အခါ နာရီများစွာ ကြိုတင်စီစဉ်ထားရတာ (သို့) အမြဲတမ်းနောက်ကျတာ ဖြစ်လာပါလိမ့်မယ်။ ကလေးတွေဟာ ကြိုတင်မမြင်နိုင်တဲ့ အဖြစ်အပျက်များစွာ ဖြစ်နိုင်တဲ့အတွက် သူတို့ဟာ အိမ်က မထွက်ခင် အနှီးလဲပေးရတာတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

အရေးအကြီးဆုံးကတော့
မိခင်တစ်ယောက်အဖြစ် သင်သတိပြုမိတဲ့ အပြောင်းအလဲဟာ သင့်ဘဝရဲ့ အရေးအကြီးဆုံးသော အရာဖြစ်ပြီး သင့်ကို လူတစ်ယောက်အနေနဲ့ ရှင်သန်စေပါလိမ့်မယ်။ ကလေးအတွက် မိခင်တစ်ယောက်ရဲ့ အချစ်က အစင်ကြယ်ဆုံးနှင့် အစစ်မှန်ဆုံးသော အချစ်တွေဆိုတာ သင်သိပါလိမ့်မယ်။
Chit_MayMay
LM_Nandar
Source-Yourmom