မိခင်တစ်ယောက်အနေနဲ့ မိဘအုပ်ထိန်းမှုတွေရဲ့ စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချမလဲ

0
86
- Advertisement -

မိဘအုပ်ထိန်းမှုမှာ တစ်ယောက်တည်းအုပ်ထိန်းရတာပဲဖြစ်ဖြစ်၊ နှစ်ယောက်ပေါင်းပြီး ပျိုးထောင်ရတာပဲဖြစ်ဖြစ် တာဝန်ဝတ္တရားတွေဟာ မိခင်က ဖခင်ထက် ၅ ဆပိုသာသလို စိတ်ဖိစီးမှုလည်း ပိုများပါတယ်။ စွမ်းအင်တွေ၊ စိတ်အားထက်သန်မှုတွေ၊ ပျော်ရွှင်မှုနှင့် သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဟာ သင့်ဆီကနေစွန့်ခွာသွားပြီး အလွန်အကျွံပင်ပန်းနေတာမျိုးတွေ ကြုံတွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ကိုယ်သင်အချိန်ပေးနိုင်ဖို့နှင့် သင့်အတွက်အရေးကြီးတဲ့ကိစ္စတွေကို မျှဝေပေးချင်ပါတယ်။

၁။ သင့်ရဲ့ ဖိစီးမှုတွေကို သတ်မှတ်ပါ

သင့်ဘဝမှာ အထူးသဖြင့် သင့်ရဲ့ မိဘအုပ်ထိန်းမှုတွေမှာ သင့်ဘဝထဲကို ဖိစီးမှုတွေဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို ရှာဖွေပါ။ သင့်ကို စိတ်ဓာတ်ကျကောင်း ကျစေနိုင်တဲ့ အိမ်မှုကိစ္စတွေ၊ ကလေးတွေကို စီမံခန့်ခွဲခြင်းတွေ၊ မိသားစုကိစ္စတွေနှင့် လူမှုရေးကိစ္စတွေကို ခွဲခြားပါ။ အဆိုးရွားဆုံးတာဝန်တွေကို ချရေးပါ။ ဥပမာ – အိမ်အလုပ်တွေက သင့်ကို စိတ်ဖိစီးမှုတွေဖြစ်စေနိုင်တယ်ဆိုရင် သင့်ရဲ့ အိမ်မှုကိစ္စတွေမှာ သင့်ရဲ့ ကလေးတွေနဲ့အမျိုးသားကိုလည်း တစ်ဖက်တလမ်းကနေ ပါဝင်စေပါ။

- Advertisement -

၂။ ‘No’လို့ ပြောတတ်ဖို့သင်ယူပါ

မိဘတစ်ယောက်အနေနဲ့ ကတိကဝတ်တွေမြောက်များစွာ ပြုလုပ်ထားမိနိုင်ပါတယ်။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ၊ မိသားစု (သို့) အသက်မွေးဝမ်းကျောင်းအလုပ်တွေစသဖြင့် တာဝန်သိစိတ်တွေမြောက်များစွာကို ထမ်းပိုးထားရခြင်းထက် ‘no’ လို့ ပြောရခြင်းရဲ့ တန်ဖိုးတွေကိုသင်ယူပါ။ သင်မလုပ်မဖြစ် လုပ်ရမယ့် အလုပ်တွေ၊ သင်လုပ်နိုင်တဲ့အလုပ်တွေအပြင် သင့်အနေနဲ့ ”no” လို့ ပြောနိုင်တဲ့ ကိစ္စတွေမှာလည်း ‘no’ လို့ပြောပါ။

ဥပမာအနေနဲ့- သင်ကူညီနိုင်တဲ့ တစ်ချို့ကိစ္စတွေမှာ သဘောတူတာနဲ့ ပတ်သက်ပြီး ချိန်ညှိပါ။ ကလေးနဲ့အတူ တစ်ချိန်လုံးကစားနေတာမျိုးတွေမှာ ကန့်သတ်ပါ။ ဥပမာ – ကလေးတစ်ယောက်တည်းကစားနိုင်မယ့် လှုပ်ရှားမှုတွေကို ရွေးချယ်ပါ။

၃။ တစ်ယောက်တည်းနေချိန်တွေ ရှာပါ

သင်တစ်ယောက်တည်းနေနိုင်မယ့်အချိန်တွေကိုလည်း ဦးစားပေးပါ။ အဲ့ဒီ့အချိန်လေးတွေက အရမ်းနည်းမယ်ဆိုရင်တောင် တန်ဖိုးထားပါ။ သင်ဟာ အလုပ်လုပ်နေတဲ့ မိဘတစ်ယောက်ဖြစ်မယ်ဆိုရင် သင့်ရဲ့ ကိုယ်ပိုင်အချိန်ဖြစ်တဲ့ သင့်ရဲ့ နေ့လည်စာစားချိန်ကို ပြည့်ပြည့်ဝဝနားပါ။ စာဖတ်ပါ။ လမ်းလျှောက်ပါ။ သင့်ရဲ့ ကိုယ်ပိုင်အချိန်မှာ သင်ပျော်ရွှင်နိုင်မယ့် အရာတစ်ခုခုကို ပြုလုပ်ပါ။ သင်ဟာ အိမ်မှာပဲနေတဲ့သူဖြစ်မယ်ဆိုရင် သင့်ကလေးခဏအိပ်ချိန်တွေမှာ ဒါမှမဟုတ် ငြိမ်နေချိန်မှာ သင့်ကိုယ်တိုင်အတွက် အချိန်တစ်ခုယူနိုင်ပါတယ်။ တစ်ယောက်တည်းနေချိန်တစ်ချို့ကို ဖန်တီးချင်တယ်ဆိုရင် သင့်ရဲ့ ပါတနာကို ကလေးတွေကို ခဏကြည့်ခိုင်းတာမျိုး လုပ်ကြည့်ပါ။

၄။ Schedule ဆွဲထားပါ

သင့်ရဲ့ ဦးစားပေးလုပ်ငန်းတွေကို အရင်ရှာပါ။ အရေးကြီးအလုပ်တွေပြီးရင် အလုပ်သေးသေးလေးတွေကို စီမံခန့်ခွဲပါ။ သင်နဲ့ သင့်မိသားစုအတွက် အချိန်ဇယား (သို့) လုပ်ရိုးလုပ်စဉ်တစ်ခုကို ဖန်တီးထားပါ။ ဘယ်အရာကို မျှော်လင့်ရမယ်ဆိုတာ သိထားခြင်းက လူတိုင်းအတွက် စိတ်အေးစေနိုင်ပြီး တစ်နေ့တာကို အေးအေးဆေးဆေးအာရုံစိုက်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုခုကို မေ့ပြီး မလုပ်လိုက်ရတာမရှိတာကြောင့် စိုးရိမ်ပူပန်မှုတွေလည်း လျော့ကျသွားပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref-wikihow

LEAVE A REPLY

Please enter your comment!
Please enter your name here