မိခင်တိုင်းလိုအပ်တဲ့ ဆရာအတတ်ပညာ (၅)ခု

0
281
- Advertisement -

လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ စကားအတိုင်း မိဘတွေက သားသမီးတို့ရဲ့ လက်ဦးဆရာပဲ ဖြစ်ပါတယ်။ သားသမီးတွေဆီမှာ အကျင့်ကောင်းလေးတွေ ရရှိသွားအောင်နဲ့ စွဲမြဲသွားစေဖို့အတွက် သွန်သင်လမ်းညွှန်ပေးရမှာက မေမေဖေဖေတို့ရဲ့ တာဝန်ပါ။ ထို့အတူ မိဘများက ကလေးရဲ့ ပထမဆုံးတာဝန်ရှိသော ဆရာတွေ ဖြစ်ကြပါတယ်။

၁။ စိတ်ရှည်ပါ

မေမေတို့ ဆရာဖြစ်တဲ့အခါ ကလေးတိုင်းအတွက် သတ်မှတ်ထားတဲ့ အရှိန်အဟုန်ဆိုတာ မရှိကြောင်း လက်ခံရပါမယ်။ ဆရာတစ်ဦးဟာ စိတ်ရှည်သည်းခံရပါတယ်။ ကလေးတွေဟာ မတူညီတဲ့နှုန်းဖြင့် ရင့်ကျက်တယ်၊ သင်ယူတတ်မြောက်တယ်ဆိုတာ နားလည်ရပါမယ်။

မေမေတွေအတွက်လည်း ဒီလိုပါပဲ။ အိမ်မှာလည်း ကျွန်မတို့ကလေးတွေရဲ့ သင်ယူမှု Progress နှင့်အတူ စိတ်ရှည်ရပါမယ်။ သူတို့ဘယ်တော့ သင်ယူမှာလဲ? လို့တွေးရတာ လွယ်ပါတယ်။ ဒါပေမယ့် သင်ယူခြင်းက လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး ကျောင်းမှာသင်ကြားတဲ့ သဘောတရားတွေလိုပဲ သင်ခန်းစာတွေကို ကျေညက်ဖို့ ထပ်ခါတလဲလဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဆရာ၊ ဆရာတွေမှာ တဖြည်းဖြည်းချင်းလွှတ်ပေးတယ်ဆိုတဲ့ ဒီအယူအဆကြီးရှိပါတယ်။ ဆိုလိုတာက အလုပ်တစ်ခုကို ဘယ်လိုလုပ်ရမယ်ဆိုတာ ကလေးကို အရင်ပြပြီးတော့ အတူတူလုပ်ကြည့်ပြီးတော့ ကလေးက သူ့ဘာသာသူလုပ်တာကို ဆိုလိုတာပါ။ ကျွန်မတို့ဟာ ဒီနည်းလမ်းကို အသုံးပြုပြီး ကျွန်မတို့ရဲ့ ကလေးတွေကို ပြင်ဆင်ထားမယ်ဆိုရင် ကျွန်မတို့ရဲ့ စိတ်ရှည်သည်းခံမှုမှာ အများကြီး ကြိုးစားရမှာ မဟုတ်ပါဘူး။

၂။ စီစဉ်မှု

အမေဘဝရဲ့ ဒီအဆင့်မှာ သင့်အတွက် အရေးကြီးဆုံး နယ်ပယ်သုံးခုကို ဆုံးဖြတ်ပါ။ အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါတယ်။ ဥပမာအားဖြင့် သင့်ကလေးတွေကို ဝေယျာဝစ္စလုပ်ခြင်းရဲ့ အရေးပါမှုကို သင်ပေးခြင်းက သင့်စာရင်းထိပ်ဆုံးမှာ ရှိနေရင် ဒီchore chartကို အသုံးပြုပါ။ သေးသေးလေးကနေ စတင်ပါ။ ပြီးတော့ သင့်ရဲ့ကလေးတွေကို ပထမအပတ်မှာ အိမ်မှုကိစ္စတစ်ခု (သို့) နှစ်ခုလောက် လုပ်ခိုင်းပါ။ ပြီးတော့ စာရင်းထဲမှာ ထည့်ပါ။

၃။ စာသင်ခန်း စီမံခန့်ခွဲမှု

ဒါက သင်ကြားရေးမှာ အဓိကပါ။ ကျွန်မတို့ရဲ့ဟာ ကျောင်းသားတွေရဲ့ အပြုအမှုကို မစီမံနိုင်ရင် သင်ကြားမှု ကောင်းမွန်မှာ မဟုတ်ပါဘူး။ စာသင်ခန်းစီမံခန့်ခွဲမှုက အိမ်မှာ ကျွန်မတို့ကလေးတွေရဲ့ အပြုအမှုကို စီမံခန့်ခွဲပုံနှင့် ညီမျှပါတယ်။ ဆရာကောင်းတွေဟာ အော်ဟစ်ခြင်း (သို့) ကဲ့ရဲ့ခြင်းကို အားမကိုးကြသလို အတန်းကို ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ကြပါဘူး။

ဆရာကောင်းတစ်ယောက်လိုပါပဲ၊ မိဘကောင်းတစ်ယောက်က သူ့သားသမီးတွေကို သူယုံကြည်ကြောင်း သိစေချင်ပါတယ်။ ဒါက ကလေးတွေကို ပြုမှုချင်စိတ်ပိုဖြစ်စေမှာပါ။ ဒါ့အကြောင့်အသေးအမွှားလေးတွေအတွက်တောင် မကြာခဏ ချီးမွမ်းပေးပါ။

နောက်ထပ် ဆရာ့လှည့်ကွက်တစ်ခုကတော့ ကောင်းမွန်တဲ့ အပြုအမှုကို မျှော်လင့်တာဖြစ်ပါတယ်။ “မင်းရဲ့စာအုပ်ကိုထုတ်ပြီး စာမျက်နှာ ၁၂ကိုဖွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”။ အိမ်မှာဆိုရင် ” ညစာစားပြီး ပန်းကန်တွေ ယူလာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်” လို့ပြောပေးတာပါ။

၄။ တီထွင်ဖန်တီးမှု

သင်ကြားမှုမှာ တီထွင်ဖန်တီးမှုရှိရင် ကျောင်းသားတွေ စိတ်ဝင်စားပြီး သင်ကြားရေးပိုထိရောက်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့မိခင်အလုပ်ကို လုပ်ဖို့ တီထွင်ဖန်တီးမှုနည်းလမ်းတွေကို စဉ်းစားပါ။။ သင့်ကလေးတွေကို အဝတ်ခေါက်စေချင်ရင် အဝတ်တွေကိုခွဲပေးပြီး အဝတ်ခေါက် ပြိုင်ပွဲလုပ်ပေးပါ။ သူတို့ရဲ့ screens တွေကို ပိတ်စေချင်ရင် စက္ကန့် ၃၀အတွင်း သင့်အား ပွေ့ဖက်ဖို့ သူတို့ရဲ့ စက်ပစ္စည်းတွေကို ချထားပြီး ပြေးလာနိုင်ပါက စနေ၊ တနင်္ဂနွေမှာ screen time ၁၀မိနစ် ပိုရလိမ့်မှာဖြစ်ကြောင်း သူတို့ကိုပြောပြပါ။

၅။ ကလေးဗဟိုပြုပါ

ဆရာတွေအတွက် အကြီးမားဆုံး စည်းမျဉ်းတွေထဲမှ တစ်ခုက အတန်းထဲမှာ သူတို့ရဲ့ဖုန်းကို ထုတ်ခွင့်မပြုခြင်းပင်ဖြစ်ပါတယ်။ ဆရာက သင်ပေးဖို့ ရှိနေရပြီး သူ့တပည့်တွေကို အာရုံစိုက်ရပါမယ်။ ကောင်းပါပြီ၊ ကျွန်မတို့ဟာ မိခင်တစ်ဦးဖြစ်ဖို့ အသုံးချတဲ့အခါ ကျွန်မတို့သားသမီးတွေကို အဓိက အာရုံစိုက်ထားဖို့မှာ ပိုအရေးကြီးပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ ” မေမေ”လုပ်နေတဲ့အခါမှာ ကျွန်မတို့ရဲ့ သားသမီးတွေကို အာရုံစိုက်ပြီး ဆရာမုဒ်မှာ ရှိနေဖို့ လိုအပ်ပါတယ်။

Chit_MayMay

Nandar

Source-imom

LEAVE A REPLY

Please enter your comment!
Please enter your name here