မိခင်တိုင်း လိုအပ်တဲ့ သူငယ်ချင်း အမျိုးအစား (၅)မျိုး

0
49
- Advertisement -

သူငယ်ချင်းမိတ်ဆွေတွေဆိုတာ လူတိုင်းရဲ့ဘဝမှာ အထူးသဖြင့် မိခင်တစ်ယောက်ရဲ့ဘဝမှာ အခြေခံကျသော မှတ်တိုင် ဖြစ်ပါတယ်။ သို့သော် ခင်မင်ရင်းနှီးမှုက တစ်ပုံစံတည်း မဟုတ်ပါဘူး။ ကျွန်မတို့အားလုံးမှာ မတူညီတဲ့ မိတ်ဆွေတွေနဲ့ ခင်မင်ရင်းနှီးမှု အမျိုးအစား အမျိုးမျိုးရှိကြပါတယ်။ ပြဿနာတစ်ခုရှိလာတဲ့အခါ ၊ ရယ်စရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် (သို့) အကြံဉာဏ်တွေလိုအပ်လာတဲ့အခါ ဘယ်သူကို ဖုန်းဆက်ရမယ်ဆိုတာ သင်ချက်ချင်းသိလိုက်ပါတယ်။ ကျွန်မတို့သူငယ်ချင်းတွေက ကျွန်မတို့ရဲ့ အဖိုးထိုက်တန်ဆုံး ရတနာတွေ ဖြစ်ကြပါတယ်။

သူငယ်ချင်းတိုင်းက အရေးပါပြီး ကိုယ့်ဘဝကို မတူညီတဲ့အရာတွေ ယူဆောင်လာပေးပါတယ်။ ဒါ့ကြောင့် အောက်မှာ မိခင်တိုင်းမှာ လိုအပ်တဲ့ သူငယ်ချင်းအမျိုးအစားတွေကို မျှဝေပေးထားပါတယ်။

မိခင်တိုင်းလိုအပ်တဲ့ မိတ်ဆွေ (၅)မျိုး

မိခင်တိုင်းမှာ သူငယ်ချင်းအမျိုးအစားတစ်ချို့ လိုအပ်ပါတယ်။

၁။ သင့်ကို အမြဲတမ်းကူညီမယ့်သူ

သင်မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင်နဲ့အတူ အမြဲရှိနေတဲ့ သူငယ်ချင်းဖြစ်ပါတယ်။ ဒီသူငယ်ချင်းက အချိန်မရွေး၊ နေရာမရွေး သင့်ကို အမြဲကာကွယ်ပေးပါတယ်။ သင်စိတ်ဓါတ်ကျနေရင် ကူညီပေးပါလိမ့်မယ်။ သင့်ဘဝမှာ ဘာပဲ အကူအညီလိုလို သင့်မိတ်ဆွေက သင့်အနားမှာ ရှိနေမယ့် ပထမဆုံးသူ ဖြစ်ပါလိမ့်မယ်၊ သူတို့က သင့်ရဲ့ အကြီးမားဆုံး အားပေးသူဖြစ်ပြီး သင့်ကိုလည်း အမြဲယုံကြည်သူ ဖြစ်ပါတယ်။ ဒီသူငယ်ချင်းက လောကကြီးအတွက် သင်လက်မလွတ်သင့်တဲ့ ရတနာတစ်ခုဖြစ်ပါတယ်၊

၂။ သင့်ကို အမြဲတမ်းရယ်မောစေသူ

တစ်ခါတစ်ရံ အခြေအနေတွေက ဆိုးရွားလာတဲ့အခါ ပြဿနာတွေ သင့်ဆီ မရောက်လာနိုင်တဲ့ နည််းလမ်းတစ်ခု အမြဲရှိပါတယ်။ ဒါက ရယ်မောခြင်းပါ။

ဒီသူငယ်ချင်းက အဆိုးဆုံးအချိန်မှာတောင် သင့်ကိုရယ်မောစေသူ ဖြစ်ပါတယ်။ သင့်ကို ဘဝက ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာ သိအောင် လုပ်ပေးနိုင်ပါတယ်။။ သင်အမှားလုပ်ခဲ့မိရင်တောင် ” ဘဝက ရယ်စရာကောင်းတယ်ကွ၊ မင်းအမှားက ဘယ်လောက်ဆိုးလို့လဲ၊ ရယ်စမ်းပါကွာ”ဆိုပြီး သင့်ကို ခံစားမှုတွေ ပိုကောင်းအောင် အားပေးမှာ သေချာပါတယ်။ ဒီသူငယ်ချင်းက ဘယ်အခြေအနေမှာမဆို အပြုသဘောဆောင်တဲ့ မြင်ကွင်းကို သင်မြင်တွေ့စေဖို့ နည်းလမ်းရှာပါလိမ့်မယ်။ ရယ်မောခြင်းက အကောင်းဆုံးဆေးဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီသူငယ်ချင်းကို လက်မလွတ်ပါနဲ့။

၃။ ဆွပေးတတ်သူ

သင်မှားနေတယ်၊ သင်မှားနေတာလည်း သင်သိတယ်၊ ဒါပေမယ့် ဒါကို ဝန်မခံချင်သေးဘူး။ ဒီသူငယ်ချင်းက အခြေအနေတိုင်းရဲ့ အခြားတစ်ဖက်ကို သင်မြင်အောင် ကူညီပါလိမ့်မယ်။ ဒီလူက သင်အမှန်တကယ် စစ်ဆေးဖို့ လိုအပ်တဲ့အခါ (သို့) ရင်ဖွင့်ဖို့ တစ်စုံတစ်ယောက် လိုအပ်တဲ့အခါ သင်ခေါ်လို့ရမယ့် သူငယ်ချင်းဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ဒီခင်မင်ရင်းနှီးမှုက မလွယ်ပါဘူး။ သင့်ရဲ့တခြား relationships ထက် အနည်းငယ် ပိုအလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ သို့သော် သင့်ဘဝမှာ ဟန်ချက်ညီဖို့ ဒီလူကို လိုအပ်တယ်ဆိုတာ နက်နက်ရှိုင်းရှိုင်း သိလာပါလိမ့်မယ်။

၄။ ဉာဏ်ပညာနဲ့ ပြည့်ဝသူ

ကျွန်မတို့ တစ်ဦးချင်းစီမှာ အကြောင်းအရာအမျိုးမျိုးကို နှံ့နှံ့စပ်စပ် သိတဲ့ မိတ်ဆွေတစ်ဦး လိုအပ်ပါတယ်။ သူတို့က အကြံဉာဏ်တစ်ချို့ ပေးတတ်ပြီး ၊ စကားပြောကောင်းတာကြောင့် သင်အကြံဉာဏ်လိုရင် သူတို့ကို ဖုန်းခေါ်နိုင်တယ်ဆိုတာ သင်သိပါတယ်။ ဒါက အချက်အပြုတ် (သို့) မိဘအုပ်ထိန်မှုနှင့် ပတ်သတ်တာဆိုရင်တောင် ကိစ္စမရှိပါဘူး။ ဒီသူငယ်ချင်းက မင်းကို အားပေးဖို့ စကားလုံးတွေ အမြဲပြောပါလိမ့်မယ်။

ကျိုးပဲ့နေတဲ့ အရာတစ်ခုခုကို ဘယ်လိုပြုပြင်ရမယ်ဆိုတာ မသိဘူးဆိုရင် ဒီသူငယ်ချင်းက သူမဘာသိတယ်၊ ဘယ်သူက သင့်ကိုကူညီနိုင်မယ်ဆိုတာကို ပြောပြနိုင်ပါတယ်။ သူတို့မသိရင်တောင် သူတို့ ကူညီနိုင်တဲ့အချိန်ကျရင် ပြဿနာကို စုံစမ်းပေးပါလိမ့်မယ်။ ဘာကိစ္စပဲဖြစ်ဖြစ် သူတို့ကို ဖုန်းခေါ်ရင် အဖြေတစ်ခုကို မြန်မြန်ရှာနိုင်လိမ့်မယ်ဆိုတာ သင်သိပါတယ်။

၅။ အလွယ်တကူ ဆက်သွယ်နိုင်သူ

မြင်မြင်ချင်းချစ်တယ်ဆိုတာကို ယုံကြည်တဲ့သူတွေ ရှိသလိုပဲ သူငယ်ချင်းဆက်ဆံရေးနဲ့ ပတ်သတ်လာတဲ့အခါ ထပ်တူဖြစ်ပျက်လိမ့်မယ်လို့ ယုံကြည်သောသူတွေ ရှိကြပါတယ်။ ဘယ်အကြောင်းပြချက်နဲ့မဆို အလွယ်တကူ connect လုပ်နိုင်တဲ့ လူတွေလည်း ဒီကမ္ဘာမှာ ရှိပါတယ်။

ဒီလူက သင့်ရဲ့ ဝိဉာဏ်ဘက် ညီအစ်မဖြစ်ပြီး သင်သေတဲ့အထိ မိတ်ဆွေဖြစ်ပါလိမ့်မယ်။ နှစ်တွေအကြာကြီး အဆက်အသွယ်ပြတ်သွားနိုင်ပေမယ့် ပြန်တွေ့တဲ့အခါ မနေ့တစ်နေ့ကလို ခံစားရပါလိမ့်မယ်။ ဒီလူက သင့်ကို ဘယ်တော့မှ ဝေဖန်အကဲဖြတ်မှာ မဟုတ်တာကြောင့် ဘယ်အရာကိုမဆို ရင်ဖွင့်နိုင်တဲ့ သူငယ်ချင်းဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး၊ အိမ်ထောင်ဖက်၊ ကလေးတွေနှင့် အလုပ်အကိုင်က ဘယ်လိုပင်ရှိပါစေ၊ ဒီလူနဲ့ခင်မင်ရင်းနှီးမှုက ဆက်တည်ရှိနေပါလိမ့်မယ်။

သင့်ဘဝမှာ ဒီလိုမိတ်ဆွေအမျိုးအစားတွေ ရှိပါသလား? မင်းကံကောင်းပါတယ်။

တခါတရံ သင့်ဘဝမှာ လူတစ်ယောက်ဟာ အမျိုးအစားများစွာနဲ့ ကိုက်ညီပြီး တစ်ခါတစ်ရံမှာသူငယ်ချင်း အမျိုးအစားတွေ ပြောင်းလဲသွားကြပါတယ်။ တစ်နေ့နေ့မှာ မင်းကို အမြဲတမ်းရယ်မောစေတဲ့သူက ရုတ်တရက် သင့်ကို အမှန်တွေချည်းပဲ ပြောပြမယ့် အကောင်းဆုံးလူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ဒီနေ့ သင့်ကိုအကြံပေးတဲ့သူက မနက်ဖြန် သူတို့ပုခုံးပေါ်မှာ ငိုခွင့်ပေးသူလည်း ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ သင့်မှာ ဒီလိုသူငယ်ချင်း အမျိုးအစားတွေ ရှိပါက သင်ဟာ ကံကောင်းတဲ့ အမျိုးသမီးဖြစ်ပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom.

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here