မိခင်တွေနဲ့ပတ်သက်လို့ ကလေးအများစု သိပ်ပြီးမသိကြသေးတဲ့ အချက်များ

0
29
- Advertisement -

ကိုးလလွယ်ထားပြီးတော့ စားချင်တာမစားရ နေချင်သလိုမနေရဘဲ ဝမ်းအနာခံမွေးဖွားခဲ့ရတာဟာ မာတာမိခင်တွေပါ။ မွေးပြီးတော့လည်း ပြီးဆုံးမသွားဘဲနဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ဖို့အတွက် အစစအရာအရာ ကြိုးစားပမ်းစားနဲ့ လုပ်ကိုင်ကြရပါသေးတယ်။ သို့သော်လည်း အရွယ်ရောက်လာတဲ့ သားသမီးအများစုကတော့ မိခင်ရဲ့အချစ်တွေထက် အပြစ်တွေကိုသာ မြင်တတ်ပြီး ဆိုးသွမ်းတတ်လာကြပါတယ်။ ဒါကြောင့် အရာရာအနစ်နာခံပြီး သားသမီးတွေရှေ့ရေးကိုသာ မျှော်တွေးတတ်ကြတဲ့ မိခင်တွေရဲ့ နောက်ကွယ်က ခံစားချက်၊ အတွေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ သူမကို ငိုအောင် အများကြီးလုပ်ခဲ့တယ်

ကိုယ်ဝန်ရှိနေပြီလို့ သိခဲ့ရတုန်းကလည်း အပျော်ကြောင့် ငိုကြွေးခဲ့ရတယ်။ ရင်သွေးလေးကို မွေးဖွားပြီးချိန်တုန်းကတစ်ကြိမ်၊ သူ့ကိုပထမဦးဆုံး ထွေးပွေ့ခဲ့ရတုန်းကတစ်ချိန် မျက်ရည်ကျခဲ့ရပါတယ်။ သင်ငယ်သေးလို့ သေချာနားမလည်နိုင်သေးပေမယ့်လည်း သင့်ရဲ့နာကျင်မှု၊ ပျော်ရွှင်မှုတို့ကို အတူဝေမျှခံစားရလို့ မျက်ရည်ကျခဲ့ရခြင်းဖြစ်ပါတယ်။

၂။ သူလည်းအတူတူစားချင်တာပါပဲ

ဒါပေမယ့်လည်း လျှာသေးသေးလေးနဲ့လျက်နေပြီး မျက်လုံးပြူးပြူးလေးနဲ့ ကြည့်နေတဲ့ သင့်ရဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါ ဘာမှကိုမစားနိုင်တော့ပါဘူး။ သူစားရမှာထက် သင်ဗိုက်ပြည့်နေတာ မြင်လိုက်ရရင်ကိုပဲ ပိုပြီးပျော်ရွှင်ရမယ်ဆိုတာကို သိတဲ့အတွက် သူမစားဘဲ သင့်ကိုပဲကျွေးလေ့ရှိတာဖြစ်ပါတယ်။

၃။ နာကျင်တတ်တယ်

ညှပ်လို့မဖြစ်နိုင်သေးတဲ့ သင့်ရဲ့လက်သည်းချွန်ချွန်ထက်ထက် သေးသေးလေးတွေနဲ့ သူ့ရဲ့ဆံပင်တွေကို ဆွဲတဲ့အခါ၊ နို့ချိုစို့နေရင်းနဲ့ ကိုက်လိုက်တဲ့အခါ မိခင်လည်း နာကျင်တတ်တာပါပဲ။ ဗိုက်ထဲကနေ ကန်လိုက်ချိန်မှာ သူမရဲ့နံရိုးတွေကို ဒဏ်ဖြစ်စေပြီး လူ့လောကကြီးထဲကို ရောက်လာချိန်မှာလည်း ဘယ်လိုမှဖော်ပြလို့မရနိုင်တဲ့ နာကျင်ဝေဒနာကို ပေးစွမ်းခဲ့ပါတယ်။

၄။ အမြဲတမ်းကြောက်ရွံ့နေတယ်

သင့်ကိုကိုယ်ဝန်ရှိလိုက်ပြီဆိုကတည်းက သင့်ကိုကာကွယ်ဖို့အတွက် အစွမ်းကုန်ကို ကြိုးစားပါတော့တယ်။ နေမကောင်းဖြစ်မှာ၊ ဘေးအန္တရာယ်ဖြစ်မှာကို အမြဲစိုးရိမ်နေရပါတယ်။ အရွယ်ရောက်လာတော့လည်း အပြန်နောက်ကျလို့ မအိပ်နိုင်သေးဘဲ စောင့်နေရတာတစ်မျိုး၊ မနက်စောစောထပြီး ကျောင်းသွားဖို့ ပြင်ဆင်ပေးရတာ စသဖြင့် မိခင်တာဝန်ကို အစွမ်းကုန် ကြိုးစားထမ်းဆောင်ရပါတော့တယ်။

၅။ အိပ်ပျော်ချိန်ဆို ဘေးနားကနေ အမြဲစောင့်ကြည့်နေတယ်

သင်အိပ်ပျော်ဖို့အတွက် မနက် ၃ နာရီထိ မအိပ်နိုင်သေးဘဲ ဘေးနားကနေ စောင့်ကြည့်ရတဲ့ ညတွေဆိုတာ မနည်းတော့ပါဘူး။ အိပ်ပျော်သွားတဲ့အခါမှာလည်း ပင်ပန်းသမျှတွေအားလုံး အရည်ပျော်သွားပြီး အိပ်ပျော်နေတဲ့ သင့်ဘေးနားမှာ ထိုင်နေပြီး ကြင်ကြင်နာနာစောင့်ကြည့်ရတာလည်း ညတွေမနည်းပါပဲ။

၆။ သင်ငိုတိုင်း သူ့နှလုံးသားကွဲကြေသွားသလိုပါပဲ

သင့်ငိုသံ သို့မဟုတ် သင့်မျက်အိမ်ကနေ မျက်ရည်ကျလာရတာကို မြင်လိုက်ရတာလောက် မိခင်တစ်ယောက်အတွက် ဝမ်းနည်းစရာကောင်းတာ မရှိတော့ပါဘူး။ သင်အငိုတိတ်အောင် အစွမ်းကုန်ကြိုးစားချော့သလို အငိုမတိတ်တဲ့အခါမှာလည်း သူမနှလုံးသားက အစိတ်စိတ်အမြွှာအမြွှာ ကွဲကြေသွားသလိုပါပဲ။

#Chit_May_May

#Thinzar

Ref- upworthy

LEAVE A REPLY

Please enter your comment!
Please enter your name here