မိခင်နို့တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူး (၉)မျိုး

0
139
- Advertisement -

မိခင်နို့တိုက်ကျွေးခြင်းက ကလေးအတွက် ကောင်းကျိုးဖြစ်စေပါတယ် ။ ကလေးတွေအတွက် ဘယ်လောက်ကောင်းတယ်ဆိုတာ အမြဲပြောလေ့ရှိကြပေမယ့် မိခင်တွေအတွက်ကော။ တကယ်တော့ မေမေတို့အတွက် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ အားသာချက်တွေရှိပါတယ်။

၁။ ကလေးမွေးဖွားပြီးနောက် သဘာဝအတိုင်း ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးပါတယ်

ကလေးမွေးပြီးရင် နို့တိုက်တာက ကိုယ်အလေးချိန်ကျစေပါတယ်။ မိခင်နို့က တစ်နေ့လျှင် ကယ်လိုရီ ၄၃၀ မှ ၅၂၀ကြား လောင်ကကျွမ်းပါတယ်။

- Advertisement -

၂။ စုပ်ယူမှုက သားအိမ်ကျုံ့ခြင်းကို အရှိန်မြှင့်ပေးပါတယ်

သင့်ကလေး နို့စို့လိုက်တဲ့အခါမှာ သင့်ရဲ့အောက်ဆီတိုစင် ပမာဏ မြင့်တက်လာပါတယ်။ ၎င်းက သားအိမ်ကျုံ့မှုကို ကူညီပေးပြီး postpartum bleeding ကိုလျှော့ချပေးပါတယ်။ ဒါက အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို မြန်မြန်ပုံမှန်ပြန်ဖြစ်စေပါတယ်။

၃။ အချို့သော ကင်ဆာအမျိုးအစားတွေ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်

မိခင်နို့တိုက်ကျွေးပါက ရင်သားကင်ဆာ ဖြစ်နိုင်ချေကို မိခင်နို့တိုက်ကျွေးတဲ့ နှစ်တိုင်း ၄.၅%လျော့ကျစေကြောင်း သိပ္ပံနည်းကျအထောက်အထားတွေ ရှိပါတယ်။ သားအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကိုလည်း တစ်နှစ်လျှင် ၂၈% ဖြင့် လျော့ကျစေပါတယ်။ ဒါကို Human Lactation ဂျာနယ် လေ့လာမှုတစ်ခုက သက်သေပြခဲ့ပါတယ်။

၄။ သန္ဓေတားတဲ့ သက်ရောက်မှုရှိပါတယ်

နို့တိုက်နေချိန်မှာ မျိုးဥထွက်တာ နှောင့်နှေးပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ် ပြန်ပြီးကျန်းမာလာဖို့ အသုံးပြုတဲ့အချိန် ပထမ ၆လမှာ ကိုယ်ဝန်မရအောင် တားဆီးရာမှာ ထိရောက်မှုရှိပါတယ်။ သင့်ကလေးအား ၂နာရီတစ်ကြိမ် နို့တိုက်ပေးရင် ဒီအကျိုးကျေးဇူးတွေက အံ့ဖွယ်ဖြစ်ပါတယ်။ ကလေးက နို့စို့တာ နည်းတယ်ဆိုရင် အခြားသန္ဓတားနည်းတွေကို အသုံးပြုသင့်ပါတယ်။

၅။ မီးဖွားပြီးနောက် စိတ်ကျရောဂါကို ကာကွယ်ပေးပါတယ်

အရင်ကပြောခဲ့သလိုပဲ မိခင်နို့တိုက်တာက အောက်ဆီတိုစင်ဟော်မုန်းထွက်ရှိမှုနဲ့ ဆက်စပ်နေပါတယ်။ ဒီဟော်မုန်းက ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှု၊ တွယ်တာမှုစတဲ့ အပြုသဘောဆောင်တဲ့ ခံစားချက်တွေပေါ်လာခြင်းနဲ့ ဆက်စပ်နေပါတယ်။ သားဖွားပြီးနောက် စိတ်ကျရောဂါဖြစ်နိုင်ခြေကို နည်းပါးစေတယ်လို့ လက်တင်အမေရိက သူနာပြုဂျာနယ်မှာ ထုတ်ဝေတဲ့ သုတေသနအရ သိရပါတယ်။

၆။ မိခင်နို့က ဖော်မြူလာနို့မှုန့်တွေထက် စျေးသက်သာပါတယ်

ကလေးဖော်မြူလာနို့မှုန့်တွေက အရမ်းစျေးကြီးတာကြောင့် မိခင်နို့တိုက်ဖို့ ဆုံးဖြတ်ရင် ငွေလည်းသက်သာပါတယ်။ ဒါ့ကြောင့် မိခင်နို့တိုက်ကျွေးခြင်းဟာ မိသားစု စီးပွားရေးအတွက် အကျိုးကျေးဇူးတစ်ခုလည်း ဖြစ်ပါတယ်။

၇။ အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်

ရေရှည်မှာ မိခင်နို့က အမျိုးသမီးတစ်ဦးရဲ့ ကယ်လ်စီယမ် သိုလှောင်မှုကို တိုးစေပါတယ်။ နို့တိုက်ခြင်းဖြင့် ဇီဝဖြစ်ပျက်မှု တိုးလာပေမယ့် ကယ်လ်စီယမ် စုပ်ယူမှုလည်း တိုးလာပါတယ်။ ဒါက နောက်ဆုံးမှာ အရိုးကျိုးနိုင်ခြေကို လျော့နည်းစေပါတယ်။

၈။ အိပ်ရေးဝအောင်ကူညီပေးပြီး အနားယူမှုကို အားပေးပါတယ်

မိခင်နို့တိုက်ခြင်းဖြင့် နို့ထွက်ရှိမှုကို လှုံ့ဆော်ပေးသော prolactin ဟော်မုန်းကို ထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းက မိခင်ရာ၊ ကလေးအတွက်ပါ relaxing ဖြစ်စေပါတယ်။

၉။ မိခင်တွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ လုံခြုံမှုကို တိုးစေပါတယ်

မိခင်နို့တိုက်ကျွေးခြင်းက မိခင်ကို စိတ်ကျေနပ်မှု မြင့်မားစေတာကြောင့် ကလေးရဲ့ အာဟာရဓါတ်က မိခင်အပေါ်မှာ မူတည်ပါတယ်။ ကလေးတွေကို မိခင်နို့တိုက်ကျွေးခြင်းက ရုပ်ပိုင်းနဲ့ စိတ်ခံစားမှုဆိုင်ရာ ကျေနပ်အားရမှုကို ဖြစ်စေပြီး မိခင်တွေမှာ အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို ဖြစ်စေပါတယ်။ ဒါက ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးစေပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းက သင့်ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက မိခင်အတွက်ပါ ကောင်းမွန်ပါတယ်။ နို့တိုက်ကျွေးတဲ့အခါ မိခင်နဲ့ သူ့ကလေးကြား စည်းလုံးမှုထက် ပိုကောင်းတဲ့ အခိုက်အတန့် မရှိတော့ပါဘူး။

Chit_MayMay

Nandar

Ref-youaremom.

LEAVE A REPLY

Please enter your comment!
Please enter your name here