မိခင်နို့တိုက်ကျွေးခြင်းက တကယ့် စူပါ ပါဝါတစ်ခု ဖြစ်ကြောင်း သက်သေပြနေတဲ့ အချက်များ

0
252
- Advertisement -

လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ သူ့ဘာသာ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ်ဆိုရင် စူပါပါဝါရှိတယ်လို့ ပြောလို့ရပါတယ်။ မိခင်နို့ချိိုတိုက်ကျွေးခြင်းက ဒီအတိုင်းဖြစ်နိုင်ပါတယ်နော်။ ဒီစွမ်းအားက မိခင်နှင့် ကလေးနှစ်ယောက်စလုံးအတွက် အံ့သြဖွယ်ကောင်းတဲ့ ဇီဝကမ္မနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။

၁။ ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်

သားဖွားမီးယပ် အထူးကုဆရာဝန်များရဲ့အဆိုအရ မိခင်နို့တိုက်ကျွေးခြင်းဟာ တစ်နေ့ကို ကယ်လိုရီ ၅၀၀အထိ လောင်ကျွမ်းစေနိုင်တယ်လို့ ဆိုပါတယ်။ မိခင်လောင်းအများစုဟာ ကလေးမွေးဖွားပြီးနောက် ဘာ့ကြောင့် ကိုယ်အလေးချိန်ကျလာကြောင်း သတိပြုမိတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ ဘာလေ့ကျင့်ခန်းအပိုမှ လုပ်စရာမလိုပဲ ပေါင်အချို့ လျော့သွားပြီး သူတို့ စားသုံးနေတာထက် ကယ်လိုရီတွေ ပိုပြီးလောင်ကျွမ်းလာပါတယ်။

၂။ မိခင်ရဲ့ ခန္ဓာကိုယ်ဟာ အရသာနှင့် အရောင်ကို ပြောင်းလဲစေသော နို့ကို ထုတ်လုပ်ပါတယ်

မိခင်နို့ရဲ့ အနံ့နှင့် အရသာဟာ မိခင်စားတဲ့ အစားအစာပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ၎င်းက အထူးသဖြင့် ကလေးငယ်တွေကို နို့တိုက်ကျွေးတဲ့ ကာလအတွင်းမှာ မတူညီတဲ့ အရသာများကို ထိတွေ့စေနိုင်ပြီး အစာမာနှင့် မိတ်ဆက်ပေးတဲ့အခါ အစားအစာတွေကို ဇီဇာကြောင်မှု နည်းစေနိုင်ပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က မိခင်နို့ဟာ အမြဲတမ်းအဖြူရောင်မဟုတ်ပါဘူး။ မိခင်ရဲ့ အစားအစာနှင့် ဗီတာမင် စားသုံးမှုပေါ်မှာ မူတည်ပြီး အရောင်တွေ ပြောင်းလဲပါတယ်။

၃။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ ကလေးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ နို့ရည် ပေါင်းစပ်ဖွဲ့စည်းမှုကို ပြောင်းလဲပေးပါတယ်

ကလေးတွေ မြန်မြန်ဖွံ့ဖြိုးပြီး အအေးမိခြင်းကဲ့သို့သော ဖျားနာမှု တစ်ချို့ကို တိုက်ဖျက်ဖို့အတွက် သူတို့ရဲ့ ဖွံ့ဖြိုးမှုအဆင့်ပေါ် မူတည်ပြီး ပရိုတိန်း၊ ဗီတာမင်၊ သတ္တုဓါတ်များ လိုအပ်ပါတယ်။ မိခင်နို့ဟာ ကလေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ၎င်းရဲ့ ပုံသေနည်းကို ပြောင်းလဲစေပါတယ်။ ဒါက တစ်နေ့မှ တစ်နေ့ (သို့) တစ်ပတ်မှ တစ်ပတ် ဖြစ်နိုင်ပါတယ်။

၄။ ကလေးအား ပင်မဆဲလ်များကို ထောက်ပံ့ပေးပါတယ်

ထွားလာတဲ့ ကလေးဟာ သူတို့ရဲ့ ခန္ဓာကိုယ် ဆက်ပြီး ဖွံ့ဖြိုးဖို့ အမေဆီကနေ အကူအညီတစ်ချို့ လိုအပ်နေပါသေးတယ်။ မိခင်နို့ဟာ သူတို့ရဲ့ ဦးနှောက်အစိတ်အပိုင်း၊ နှလုံး၊ ကျောက်ကပ် သို့မဟုတ် အရိုးတစ်သျှူးတွေ ဖြစ်လာဖို့ ကလေးရဲ့ ခန္ဓာကိုယ်မှတဆင့် သွားတဲ့ အရေးကြီးသော ပင်မဆဲလ်များနှင့် သက်ရှိဆဲလ်များ ပါဝင်တာကြောင့် ဒီလုပ်ငန်းစဉ်ရဲ့ သော့ချက်ဖြစ်ပါတယ်။

၅။ ကလေးနှင့် မိခင်ကို ပျော်ရွှင်စေပါတယ်

မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်နှင့် ကလေးရဲ့ ဦးနှောက်ကို ပျော်ရွှင်မှုနှင့် လုံခြုံမှုကို ခံစားရစေသော oxytocin ဟော်မုန်းတွေ ထုတ်လွှင့်ဖို့ လှုံ့ဆော်ပေးပါတယ်။ မိခင်ကိုလည်း အေးဆေး တည်ငြိမ်စေပြီး သူမရဲ့ စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်အဆင့်ကိုလည်း တည်ငြိမ်စေပါတယ်။

၆။ ကင်ဆာရောဂါနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်

မွေးဖွားပြီး စိတ်ဓါတ်ကျခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးရောဂါ ကဲ့သို့သော တခြားရောဂါများ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ ကဲ့သို့သော ကင်ဆာအမျိုးအစားတစ်ချို့ ဖွံ့ဖြိုးမယ့် အန္တရာယ်ကို နည်းပါးစေပါတယ်။ မိခင်ဟာ ကလေးများများမွေးပြီး နို့တိုက်လေ ၊သူမအတွက် အကာအကွယ်ရလေ ဖြစ်ပါတယ်။

၇။ ကလေးကို ရောဂါတွေကနေ ကာကွယ်ပေးပါတယ်

နား၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ကူးစက်ခြင်းကဲ့သို့သော မွေးကင်းစကလေး မကျန်းမာမှုများနှင့် ကူးစက်ရောဂါများဟာ မိခင်နို့စို့တဲ့ ကလေးတွေအတွက် အခွင့်အလမ်းနည်းပါးကြောင်း သိပ္ပံပညာရှင်များက အတည်ပြုထားပါတယ်။ မိခင်နို့ရည်ဟာ ကူးစက်မှု အမျိုးအစားများစွာမှ ကာကွယ်ပေးသော ဂုဏ်သတ္တိများ ရှိပါတယ်။

၈။ ကလေးရဲ့ အိုင်ကျူနှင့် မှတ်ဉာဏ်ကို တိုးမြှင့်ပေးပါတယ်

မိခင်နို့ဟာ ကလေးရဲ့ ဉာဏ်ရည်ကို ထက်မြက်စေပါတယ်။ လေ့လာမှုများအရ အထူးသဖြင့် မွေးဖွားပြီးနောက် ပထမ ၂၈ရက်မှာ မိခင်နို့ များများတိုက်လေ ဦးနှောက်ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအပေါ် အပြုသဘော သက်ရှောက်မှု များလေလေ ဖြစ်ပါတယ်။ သူတို့ရဲ့ သိမြင်မှုစွမ်းရည်နှင့် ဉာဏ်ရည်ကိုလည်း မြင့်တတ်စေပါတယ်။

၉။ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာဟာ နို့စို့အရွယ် ကလေးငယ်တွေအတွက် ပရိုတိန်းပိုများသော နို့ကိုထုတ်လုပ်ပါတယ်

လေ့လာမှုများအရ လမစေ့ကလေးတွေရဲ့ မိခင်တွေဟာ ကလေးကြီးထွားစေဖို့ ပရိုတိန်း ပိုများတဲ့ နို့ကို ထုတ်လုပ်ပါတယ်။ ဖျားနာခြင်းနှင့် ကူးစက်ရောဂါများကို ကာကွယ်ဖို့ နှင့် အရိုးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုရဲ့ အဓိကသော့ချက်ဖြစ်သော ကယ်လစီယမ်၊ အဆီနှင့် အခြားဓါတ်သတ္တုများ ကြွယ်ဝသော နို့ကိုလည်း ထုတ်ပေးပါတယ်။

၁၀။ ကလေးအား ကျန်းမာသော ကိုယ်အလေးချိန်ကို တိုးစေပါတယ်

မိခင်နို့ဟာ ကျန်းမာသော ကိုယ်အလေးချိန်တိုးခြင်းကို အားပေးပြီး ကလေးတွေမှာ အဝလွန်ခြင်းကို တားဆီးပေးပါတယ်။ သုတေသနတွေ့ရှိချက်အရ မိခင်နို့ရည် တိုက်ကျွေးသော ကလေးတွေဟာ အဝလွန်နှုန်း ၃၀ရာခိုင်နှုန်းအောက် နိမ့်ပါတယ်။ မိခင်နို့ကို လတိုင်းသောက်သုံးတဲ့ ကလေးဟာ အဝလွန်မှု အန္တရာယ် ၄ရာခိုင်နှုန်းအထိ လျော့နည်းစေပါတယ်။
မိခင်နို့စို့တဲ့ ကလေးဟာ အဆီသိုလှောင်မှုကို လွှမ်းမိုးစေသော အူဘက်တီးရီးယားကောင်း ပမာဏကို များပြားစေတာကြောင့် သိပ္ပံပညာရှင်များက ဒါကို ဖြစ်နိုင်ချေရှိတယ်လို့ ယုံကြည်ကြပါတယ် ။

၁၀။ ကလေးနှင့် မိခင်ကြားက သံယောဇဉ်ကို ခိုင်မာစေပါတယ်

မိခင်နို့တိုက်ကျွေးခြင်းက မိခင်နှင့် ကလေးရဲ့ သံယောဇဉ် နှောင်ကြိုးအတွက် အဓိကနည်းလမ်းတစ်ခုဖြစ်တယ်လို့ သုတေသနများစွာမှာ ပြသထားပါတယ်။ Oxytocin ဟာ ကလေးနှင့်မိခင်နှစ်ယောက်စလုံးကို စည်းလုံးမှုရှိစေပြီး ချစ်မြတ်နိုးမှုကို ခံစားရစေပါတယ်။

၁၁။ အရိုးတွေကို ပိုမိုအားကောင်းစေပါတယ်

ကလေးကို နို့တိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ထဲက ကယ်လစီယမ်အားလုံး ကလေးဆီရောက်သွားမှာကို စိတ်ပူနေတယ်ဆိုရင် စိတ်မပူပါနဲ့တော့။ ကျွမ်းကျင်သူများက အမျိုးသမီးတစ်ယောက်ဟာကိုယ်ဝန်ဆောင်ပြီး နို့တိုက်ကျွေးခြင်းဖြင့် ကယ်လစီယမ် ပိုမိုရရှိစေကြောင်း သိထားပါတယ်။ ကလေး ၆လသားအရွယ်မှာ ကိုယ်ဝန်မရှိသေးခင်ကထက် မိခင်ရဲ့ အရိုးတွေ ပိုမိုထူထပ်လာပါတယ်။ အရိုးပွရောဂါ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here