မိခင်နို့တိုက်ကျွေးစဉ်ကာလအတွင်းမှာ အကျိုးရှိစေတဲ့ အစားအစာ(၅)မျိုး

0
199
- Advertisement -

ကလေးကို မိခင်နို့တိုက်ကျွေးနေတဲ့ မိခင်တွေဟာ မေးခွန်းတွေ မေးလေ့ရှိပါတယ်။ မေးခွန်းများစွာထဲက တစ်ခုကတော့ သင့်တော်တဲ့ အစားအစာနှင့် အစာစားခြင်း အလေ့အထများ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယနေ့မေမေတို့အတွက် မိခင်နို့တိုက်ကျွေးချိန်မှာ အကျိုးရှိတဲ့ အစားအစာ (၅)မျိုးကို မျှဝေပေးချင်ပါတယ်။

၁။ မက်မွန်သီး၊ လိမ္မော်သီး၊ ပျားလိမ္မော်

ဒီအသီးသုံးမျိုးမှာ သူတို့ရဲ့ကွဲပြားခြားနားတဲ့ လိမ္မော်အရာင်နဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာတွေ ရှိပါတယ်။ ဒီအရောင်က သူတို့မှာ ခန္ဓာကိုယ်က အစာခြေ၊ စုပ်ယူတဲ့အခါ ဗီတာမင် အေအဖြစ် ပြောင်းလဲသွားတဲ့ beta-carotene နှင့် provitamin A တို့ပါဝင်နေကြောင်း ညွှန်ပြနေပါတယ်။

- Advertisement -

ဒီဗီတာမင်ဟာ အစာခြေစနစ်ကို အားကောင်းစေပါတယ်။ ထို့အပြင် ၎င်းက သွေးနှင့် နို့ထုတ်လုပ်မှု၊ ဖွဲ့စည်းမှုကို တိုးတတ်စေပါတယ်။ သစ်သီးတွေကို နေ့တိုင်းစားပေးဖို့ မလိုပါဘူး၊ တစ်ပတ်လျှင် သုံးလေးကြိမ် စားနိုင်ပြီး ရာသီပေါ်မူတည်ပြီး နေ့စဉ်အသီးအနှံအမျိုးမျိုးကို ပြောင်းနိုင်ပါတယ်။ ဒါဆိုရင် ငြီးငွေ့တော့မှာ မဟုတ်ပါဘူး။

၂။ နို့ထွက်ပစ္စည်းများ

ကလေးကို မိခင်နို့တိုက်ကျွေးခြင်းနည်းတူ မေမေတို့အနေနဲ့လည်း သောက်သုံးဖို့ လိုအပ်ပါတယ်။ မိခင်နှင့် ကလေးအတွက် နို့ထွက်ပစ္စည်းတွေ မရှိမဖြစ်လိုအပ်ပါတယ်။ နို့က ကလေးရဲ့ အရိုးဓါတ်သတ္တုတွေကို ကူညီပေးတာကြောင့် ဖြစ်ပါတယ်။ အဆီနိမ့်တဲ့ နို့ကို ရွေးချယ်ဖို့နှင့် တစ်နေ့ကို တစ်လီတာခန့် သောက်ဖို့ အကြံပြုပါတယ်။

၃။ အခွံမာသီး

အခွံမာသီးဟာ နို့တိုက်နေစဉ်မှာ အကျိုးရှိတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ အခွံမာသီးမှာ နို့ရည်များများထွက်အောင် ကူညီပေးတဲ့ အင်တီအောက်ဆီဒင့်တွေ များတာကြောင့် ဖြစ်ပါတယ်။ အခွံမာသီးအမျိုးမျိုးရှိသဖြင့် သင်ကြိုက်နှစ်သက်တဲ့အရာတွေကို ရွေးချယ်နိုင်ပါတယ်။ တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အကြား ပမာဏအနည်းငယ်စီ စားပေးနိုင်ပါတယ်။ အများကြီး စားပါက အကျိုးကျေးဇူးဟာ ဆိုးကျိုးဖြစ်စေနိုင်တာကြောင့် ပမာဏ အများကြီး မစားသင့်ပါဘူး။

၄။ ငါး

မိခင်နို့တိုက်နေစဉ်မှာ အကျိုးအရှိဆုံးသော အစားအစာတစ်ခုက ငါးဖြစ်ပါတယ်။ နေ့တိုင်းလိုလို ငါးစားသုံးပေးဖို့ အကြံပြုပါတယ်။ ငါးကိုမနှစ်သက်ပါက၊ ခဏခဏမစားချင်ပါက တစ်ပတ်လျှင် သုံးကြိမ်စားသုံးနိုင်ပါတယ်။ ကလေးကို အန္တရာယ်ဖြစ်စေတဲ့ မာကျူရီပါသော ငါးတွေကိုတော့ ရှောင်ရှားပါ။

၅။ ပဲမျိုးစုံ

ပဲမျိုးစုံဟာ နို့တိုက်နေစဉ်မှာ အကောင်းဆုံး အပင်အရင်းအမြစ်မှရသော အစားအစာများဖြစ်ပါတယ်။ သူတို့က အဆီနည်းပြီး ပရိုတိန်းတွေအများကြီး ပေးစွမ်းပါတယ်။ စွမ်းအင်ကို မြှင့်တင်ပေးပြီး ကလေးဖွံ့ဖြိုးစေဖို့ ကူညီပါလိမ့်မယ်။

နို့တိုက်နေစဉ်မှာ မကြာခဏ မစားသင့်တဲ့ အစားအစာများ

နို့တိုက်နေစဉ် အကျိုးရှိတဲ့ အစားအစာရှိသလိုပဲ အချို့အစားအစာတွေ စားသုံးမှုကို လျှော့ချတာ၊ လုံးဝမစားတာ ပြုလုပ်သင့်ပါတယ်။ ပထမရွေးချယ်မှုအနေနဲ့ ချောကလက်၊ သကြားဓါတ်များတဲ့ အချိုရည်များ၊ သကြားဓါတ်များတဲ့ အစားအစားများ ဖြစ်ပါတယ်။ အဆီများတဲ့ အသားနှင့် ဝက်အူချောင်းတွေကို ရှောင်ရှားသင့်ပါတယ်။

ဒုတိယရွေးချယ်မှုအရ အရက်ယမကာနှင့် ဆေးရွက်ကြီး ပါဝင်ပါတယ်။ ဆေးရွက်ကြီးက အစားအစာတစ်ခုမဟုတ်သော်လည်း အရက်လို အန္တရာယ်ဖြစ်စေပါတယ်။
ဘယ်အစားအစာမဆို အသင့်အတင့်စားသုံးပါက မိခင်နှင့် ကလေးအတွက် မကောင်းတဲ့ အစားအစာဆိုတာ မရှိပါဘူး။ သို့သော် အချို့ အစားအစာတွေက နို့တိုက်ချိန်မှာ အကျိုးရှိသော်လည်း အချို့က အန္တရာယ်ပိုဖြစ်စေတာ မှန်ပါတယ်။

Chit_MayMay

LM_Nandar

Source-youaremom

မိခင္ႏို႔တိုက္ေကြၽးစဥ္ကာလအတြင္းမွာ အက်ိဳးရွိေစတဲ့ အစားအစာ(၅)မ်ိဳး
ကေလးကို မိခင္ႏို႔တိုက္ေကြၽးေနတဲ့ မိခင္ေတြဟာ ေမးခြန္းေတြ ေမးေလ့ရွိပါတယ္။ ေမးခြန္းမ်ားစြာထဲက တစ္ခုကေတာ့ သင့္ေတာ္တဲ့ အစားအစာႏွင့္ အစာစားျခင္း အေလ့အထမ်ား ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ယေန႔ေမေမတို႔အတြက္ မိခင္ႏို႔တိုက္ေကြၽးခ်ိန္မွာ အက်ိဳးရွိတဲ့ အစားအစာ (၅)မ်ိဳးကို မွ်ေဝေပးခ်င္ပါတယ္။

၁။ မက္မြန္သီး၊ လိေမၼာ္သီး၊ ပ်ားလိေမၼာ္

ဒီအသီးသုံးမ်ိဳးမွာ သူတို႔ရဲ႕ကြဲျပားျခားနားတဲ့ လိေမၼာ္အရာင္နဲ႔ ထူးျခားတဲ့ သြင္ျပင္လကၡဏာေတြ ရွိပါတယ္။ ဒီအေရာင္က သူတို႔မွာ ခႏၶာကိုယ္က အစာေျခ၊ စုပ္ယူတဲ့အခါ ဗီတာမင္ ေအအျဖစ္ ေျပာင္းလဲသြားတဲ့ beta-carotene ႏွင့္ provitamin A တို႔ပါဝင္ေနေၾကာင္း ၫႊန္ျပေနပါတယ္။
ဒီဗီတာမင္ဟာ အစာေျခစနစ္ကို အားေကာင္းေစပါတယ္။ ထို႔အျပင္ ၎က ေသြးႏွင့္ ႏို႔ထုတ္လုပ္မႈ၊ ဖြဲ႕စည္းမႈကို တိုးတတ္ေစပါတယ္။ သစ္သီးေတြကို ေန႔တိုင္းစားေပးဖို႔ မလိုပါဘူး၊ တစ္ပတ္လွ်င္ သုံးေလးႀကိမ္ စားႏိုင္ၿပီး ရာသီေပၚမူတည္ၿပီး ေန႔စဥ္အသီးအႏွံအမ်ိဳးမ်ိဳးကို ေျပာင္းႏိုင္ပါတယ္။ ဒါဆိုရင္ ၿငီးေငြ႕ေတာ့မွာ မဟုတ္ပါဘူး။

၂။ ႏို႔ထြက္ပစၥည္းမ်ား

ကေလးကို မိခင္ႏို႔တိုက္ေကြၽးျခင္းနည္းတူ ေမေမတို႔အေနနဲ႔လည္း ေသာက္သုံးဖို႔ လိုအပ္ပါတယ္။ မိခင္ႏွင့္ ကေလးအတြက္ ႏို႔ထြက္ပစၥည္းေတြ မရွိမျဖစ္လိုအပ္ပါတယ္။ ႏို႔က ကေလးရဲ႕ အ႐ိုးဓါတ္သတၱဳေတြကို ကူညီေပးတာေၾကာင့္ ျဖစ္ပါတယ္။ အဆီနိမ့္တဲ့ ႏို႔ကို ေ႐ြးခ်ယ္ဖို႔ႏွင့္ တစ္ေန႔ကို တစ္လီတာခန္႔ ေသာက္ဖို႔ အႀကံျပဳပါတယ္။

၃။ အခြံမာသီး

အခြံမာသီးဟာ ႏို႔တိုက္ေနစဥ္မွာ အက်ိဳးရွိတဲ့ အစားအစာ တစ္ခုျဖစ္ပါတယ္။ အခြံမာသီးမွာ ႏို႔ရည္မ်ားမ်ားထြက္ေအာင္ ကူညီေပးတဲ့ အင္တီေအာက္ဆီဒင့္ေတြ မ်ားတာေၾကာင့္ ျဖစ္ပါတယ္။ အခြံမာသီးအမ်ိဳးမ်ိဳးရွိသျဖင့္ သင္ႀကိဳက္ႏွစ္သက္တဲ့အရာေတြကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။ တစ္ပတ္လွ်င္ ႏွစ္ႀကိမ္မွ သုံးႀကိမ္အၾကား ပမာဏအနည္းငယ္စီ စားေပးႏိုင္ပါတယ္။ အမ်ားႀကီး စားပါက အက်ိဳးေက်းဇူးဟာ ဆိုးက်ိဳးျဖစ္ေစႏိုင္တာေၾကာင့္ ပမာဏ အမ်ားႀကီး မစားသင့္ပါဘူး။

၄။ ငါး

မိခင္ႏို႔တိုက္ေနစဥ္မွာ အက်ိဳးအရွိဆုံးေသာ အစားအစာတစ္ခုက ငါးျဖစ္ပါတယ္။ ေန႔တိုင္းလိုလို ငါးစားသုံးေပးဖို႔ အႀကံျပဳပါတယ္။ ငါးကိုမႏွစ္သက္ပါက၊ ခဏခဏမစားခ်င္ပါက တစ္ပတ္လွ်င္ သုံးႀကိမ္စားသုံးႏိုင္ပါတယ္။ ကေလးကို အႏၲရာယ္ျဖစ္ေစတဲ့ မာက်ဴရီပါေသာ ငါးေတြကိုေတာ့ ေရွာင္ရွားပါ။

၅။ ပဲမ်ိဳးစုံ

ပဲမ်ိဳးစုံဟာ ႏို႔တိုက္ေနစဥ္မွာ အေကာင္းဆုံး အပင္အရင္းအျမစ္မွရေသာ အစားအစာမ်ားျဖစ္ပါတယ္။ သူတို႔က အဆီနည္းၿပီး ပ႐ိုတိန္းေတြအမ်ားႀကီး ေပးစြမ္းပါတယ္။ စြမ္းအင္ကို ျမႇင့္တင္ေပးၿပီး ကေလးဖြံ႕ၿဖိဳးေစဖို႔ ကူညီပါလိမ့္မယ္။

ႏို႔တိုက္ေနစဥ္မွာ မၾကာခဏ မစားသင့္တဲ့ အစားအစာမ်ား

ႏို႔တိုက္ေနစဥ္ အက်ိဳးရွိတဲ့ အစားအစာရွိသလိုပဲ အခ်ိဳ႕အစားအစာေတြ စားသုံးမႈကို ေလွ်ာ့ခ်တာ၊ လုံးဝမစားတာ ျပဳလုပ္သင့္ပါတယ္။ ပထမေ႐ြးခ်ယ္မႈအေနနဲ႔ ေခ်ာကလက္၊ သၾကားဓါတ္မ်ားတဲ့ အခ်ိဳရည္မ်ား၊ သၾကားဓါတ္မ်ားတဲ့ အစားအစားမ်ား ျဖစ္ပါတယ္။ အဆီမ်ားတဲ့ အသားႏွင့္ ဝက္အူေခ်ာင္းေတြကို ေရွာင္ရွားသင့္ပါတယ္။

ဒုတိယေ႐ြးခ်ယ္မႈအရ အရက္ယမကာႏွင့္ ေဆး႐ြက္ႀကီး ပါဝင္ပါတယ္။ ေဆး႐ြက္ႀကီးက အစားအစာတစ္ခုမဟုတ္ေသာ္လည္း အရက္လို အႏၲရာယ္ျဖစ္ေစပါတယ္။
ဘယ္အစားအစာမဆို အသင့္အတင့္စားသုံးပါက မိခင္ႏွင့္ ကေလးအတြက္ မေကာင္းတဲ့ အစားအစာဆိုတာ မရွိပါဘူး။ သို႔ေသာ္ အခ်ိဳ႕ အစားအစာေတြက ႏို႔တိုက္ခ်ိန္မွာ အက်ိဳးရွိေသာ္လည္း အခ်ိဳ႕က အႏၲရာယ္ပိုျဖစ္ေစတာ မွန္ပါတယ္။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here