မိခင်နို့တိုက်ကျွေးတဲ့ မေမေတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် (၁၃)မျိုး

0
23

ကျန်းမာရေးဟာ မိခင်နို့ကနေ ကလေးဆီကို စီးဆင်းပါတယ်။ မေမေတို့စားလိုက်တဲ့ အစားအစာထဲက အာဟာရတွေဟာ မေမေတို့အတွက်သာမဟုတ်ပါဘူး၊ မေမေ့ကလေးအတွက်လည်း ဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတဲ့အခါ ဘေဘီလေးဟာ မေမေရဲ့ မိခင်နို့မှတဆင့် သူတို့နေ့စဉ် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ ရရှိပါတယ်။ ဒီဆောင်းပါးမှာ နို့တိုက်ကျွေးနေတဲ့ မေမေတို့အတွက် စားသုံးရမယ့် ဗီတာမင်တွေနဲ့ ပတ်သတ်ပြီး အကြံပြုချက်တစ်ချို့ကို မျှဝေပေးမှာ ဖြစ်ပါတယ်။

သင့်ဘေဘီလေးအတွက် ဗီတာမင်က ဘာ့ကြောင့်အရေးကြီးတာလဲ?
ဗီတာမင်တွေက ဘေဘီလေးရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးပါပြီး နေ့စဉ်အာဟာရလိုအပ်ချက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဗီတာမင်တွေမရှိရင် ကလေးဟာ ဖွံ့ဖြိုးမှု မိုင်တိုင်တွေကို နှောင့်နှေးနိုင်ပြီး သူ့ရဲ့ကြီးထွားမှုကို တန့်သွားနိုင်တဲ့ ချို့တဲ့ရောဂါအန္တရာယ်တွေ ကျရောက်နိုင်ပါတယ်။
ကလေးပထမလအနည်းငယ်အတွင်းမှာ မိခင်နို့ဟာ ဗီတာမင်တွေရဲ့ အရင်းအမြစ်တစ်ခုသာ ဖြစ်ပါတယ်။ ၆လကြာလို့ ကလေးလေးကို အစာမာစတင်ကျွေးချိန်မှာတောင် မိခင်နို့ဟာ ဗီတာမင်ရဲ့ အရင်းအမြစ်တစ်ခု ဖြစ်နိုင်ဆဲပါ။

မိခင်နို့စို့နေတဲ့ မွေးကင်းစကလေးမှာ ဘာဗီတာမင်တွေ မရှိမဖြစ် လိုအပ်ပါသလဲ?
ဗီတာမင်အားလုံးဟာ မွေးကင်းစကလေးတစ်ယောက်ရဲ့ ကျန်းမာစွာ ကြီးထွားမှုမှာ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါတယ်၊ အောက်မှာ ပြထားတဲ့ဇယားကတော့ နို့တိုက်မိခင်တွေ နေ့စဉ်စားသုံးရမယ့် ဗီတာမင်တစ်ခုစီရဲ့ အစားအစာအရင်းအမြစ်စာရင်း ဖြစ်ပါတယ်။

၁။ ဗီတာမင် A
ဗီတာမင် A ဟာ အမြင်အာရုံဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။
အသားအရေနှင့် ဆံပင်အပါအဝင် တစ်ရှူးတွေရဲ့ ကျန်းမာစွာ ဖွဲ့စည်းမှုမှာ အကူအညီပေးပါတယ်။
နာမကျန်းမှုအတော်များများကို ဆန့်ကျင်ကာကွယ်မှုမှာ ထောက်ပံ့ပေးတဲ့ ကိုယ်ခံအားစနစ် ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

၂။ ဗီတာမင် B1 (Thiamin)
ခန္ဓာကိုယ်ရဲ့ဆဲလ်တွေဟာ စွမ်းအင်ရဲ့ အရင်းအမြစ်တစ်ခုအဖြစ် အသုံးပြုရတာကြောင့် ဗီတာမင် B1 ဟာ adenosine triphosphate (ATP) လို့ခေါ်တဲ့ ကွန်ပေါင်းဖွဲ့စည်းမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
ဆဲလ်တွေရဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် အတော်များများဟာ ဗီတာမင် B1 ပေါ်မှာ မှုတည်ပါတယ်။
မှတ်ဉာဏ်ဖွဲ့စည်းခြင်းနှင့် သိမြင်ခြင်းဆိုင်ရာလုပ်ဆောင်မှုတွေအတွက် တာဝန်ယူပေးရတဲ့ ဉီးနှောက်အာရုံကြောတွေ ကျန်းမာစွာ ဖွဲ့စည်းခြင်းမှာ အကူအညီပေးပါတယ်။

၃။ ဗီတာမင် B12 (Cobalamin)
ခန္ဓာကိုယ်ရဲ့ အုတ်မြစ်တည်ဆောက်ခြင်းတစ်ခုအဖြစ် လုပ်ဆောင်တဲ့ ခန္ဓာကိုယ် ပရိုတိန်းအသစ်တွေ ဖွဲ့စည်းခြင်းမှာ အကူအညီပေးပါတယ်။ ဒီပရိုတိန်းဟာ ကလေးတွေကြီးထွားမှုအတွက် ကူညီပေးပါတယ်။
(အာရုံခံ) အာရုံကြောဆဲလ်တွေရဲ့ ကျန်းမာရေး ကောင်းဖို့အတွက် အရေးပါပါတယ်။ အာရုံကြောဆဲလ်တွေ ကျန်းမာစွာ အသိအမြင်ဖွံ့ဖြိုးခြင်းမှာ ကူညီပေးပါတယ်။
ဗီတာမင် B12 ဟာ ဆဲလ်တွေရဲ့ မျိုးရိုးဗီဇ ပစ္စည်းများဖြစ်တဲ့ DNA နှင့် RNA ဖွဲ့စည်းခြင်းမှာ မရှိမဖြစ် အခန်းကဏ္ဍမှ ပါဝင်ပါတယ်။

၄။ ဗီတာမင် B2( Riboflavin)
Riboflavinဟာ ခန္ဓာကိုယ် သံဓါတ် စုပ်ယူခြင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်၊ ဗီတာမင် B2 စားသုံးမှုက မွေးကင်းစကလေးတွေကို ဟေမိုဂလိုဘင်အဆင့် အကောင်းဆုံး ထိန်းသိမ်းခြင်းမှာ အကူအညီပေးပါတယ်။
Vitamin B2 က ဆဲလ်များပျက်စီးမှုကနေ တားဆီးပေး (သို့ )လျော့ချပေးတဲ့ အင်တီအောက်ဆီဒင့်တစ်ခုအဖြစ် အလုပ်လုပ်ပါတယ်။
Vitamin B2က မွေးကင်းစကလေးတွေမှာ သွေးအားနည်းခြင်းရဲ့ အခွင့်အလမ်းကို လျော့ကျအောင် ကူညီပေးနိုင်တဲ့ သွေးနီဆဲလ်တွေ ကျန်းမာစွာ ထုတ်လုပ်ခြင်းအတွက် အရေးပါပါတယ်။

၅။ ဗီတာမင် B3(Niacin)
ဗီတာမင် B3 ဟာ အာရုံကြောစနစ်ကို ကျန်းမာစွာ ထိန်းသိမ်းခြင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
နိုင်ယာဆင်ဟာ ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှုကို ထုတ်လွှင့်တဲ့ တခြားဟော်မုန်းများနှင့် ကျောက်ကပ်အနီးရှိ အာဒရီနယ် ဂလင်း ကဲ့သို့ မတူညီတဲ့ ဂလင်းတွေ ထုတ်လုပ်မှုမှာ အကူအညီပေးပါတယ်။
ဗီတာမင် B3က ရောင်ရမ်းမှု လျော့ကျအောင် ကူညီပေးပါတယ်။

၆။ ဗီတာမင် B5 (Pantothenic Acid)
Pantothenic acid ဟာ ခန္ဓာကိုယ်ရဲ့ မတူညီတဲ့ ဂလင်းတွေနဲ့ သွေးနီဆဲလ်တွေရဲ့ ကျန်းမာရေးတို့အတွက် အရေးပါပါတယ်။
အစာခြေစနစ်ကို ကျန်းမာစွာ စောင့်ရှောက်ပေးသလို ခန္ဓာကိုယ်ကို အထူးသဖြင့် riboflavin ဗီတာမင်တွေ အသုံးပြုဖို့ ကူညီပေးပါတယ်။
ဗီတာမင် B5က အထူးသဖြင့် ခွဲစိတ်ကုသထားတဲ့ ခန္ဓာကိုယ်ကို ပိုမိုကောင်းမွန်စေပြီး အနာမြန်မြန်ကျက်စေအောင် ကူညီပေးပါတယ်။

၇။ ဗီတာမင် B6 (Pyridoxine)
ဗီတာမင် B6 ဟာ ဉီးနှောက်နှင့် ကျောရိုးဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အရေးပါပါတယ်။
ဗီတာမင် B6 ဟာ ခန္ဓာကိုယ်ရဲ့ အိပ်စက်ခြင်းနှင့် နိုးထခြင်းသံသရာကို ထိန်းညှိပေးတဲ့ မက်လတိုနင်ဟော်မုန်းရဲ့ ဖွဲ့စည်းခြင်းမှာ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါတယ်။

၈။ ဗီတာမင် B9 (Folic Acid/Folate)
DNA နှင့် RNA ဖွဲ့စည်းမှုကို ထောက်ပံ့ပေးပါတယ်။၎င်းက ဆဲလ်များကို ပိုမိုမြန်ဆန်များပြားအောင် ကူညီပေးပါတယ်။
ကလေးတွေရဲ့ ဉီးနှောက်ဖွံ့ဖြိုးမှုကို ကူညီပေးပါတယ်။
ခန္ဓာကိုယ်က သံဓါတ်စုပ်ယူမှုနှင့် သွေးနီဆဲလ်များ ဖွဲ့စည်းခြင်းအတွက်လည်း အရေးပါပါတယ်။

၉။ဗီတာမင် C (Ascorbic Acid)
ဆံပင်၊ အသားအရေ နှင့် သွေးကြောများ ဖွဲ့စည်းရန် အသုံးပြုသော ပရိုတိန်း၊ ကော်လာဂျင်ဖွဲ့စည်းခြင်းမှာ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါတယ်။
ဗီတာမင် C ဟာ ခန္ဓာကိုယ်ရဲ့ ဆဲလ်များကို ပြန်လည်ပြုပြင်ခြင်းနှင့် အနာကျက်စေခြင်းအတွက် အရေးပါပါတယ်။
သွေးဖြူဆဲလ်များဟာ ခန္ဓာကိုယ်မှ ရောဂါပိုးများကို ဆန့်ကျင်ကာကွယ်ပေးဖို့ မရှိမဖြစ်လိုအပ်တာကြောင့် ဗီတာမင်စီက leukocytes ထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးတယ်လို့ ပြသထားပါတယ်။

၁၀။ ဗီတာမင် D
vitamin D2 သို့ vitamin D3ကနေ ဗီတာမင် ဒီကို အသည်းက ပြုလုပ်ပေးပါတယ်။ ဗီတာမင် D3 ဟာ သဘာဝအားဖြင့် နေရောင်နှင့် ထိတွေ့တဲ့အခါ အရေပြားက ထုတ်လုပ်ပါတယ်။ ဗီတာမင် D2 ကို yeastကနေ ပြုလုပ်ပါတယ်။
ဗီတာမင်ဒီဟာ အရိုးတွေကို ကယ်လစီယမ်နှင့် မဂ္ဂနီဆီယမ် စုပ်ယူခြင်းမှတဆင့် ပိုပြီးမာကျောလာအောင် ပြုလုပ်ပေးတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ကလေးတွေ အရိုးသန်မာအားကောင်းလာဖို့အတွက ဗီတာမင်ဒီက အရေးပါပါတယ်။
ရောဂါပိုးတွေကို ဆန့်ကျင့်ကာကွယ်ပေးတဲ့ ကိုယ်ခံစွမ်းအားစနစ်ဆဲလ်များရဲ့ လုပ်ဆောင်မှုများကို ထိန်းသိမ်းခြင်းမှာ ကူညီပေးပါတယ်။ ဗီတာမင်ဒီကို ဖျော်ရည်၊ စီရီရယ်၊ ပေါင်မုန့်နှင့်နို့ကဲ့သို့သော အစားအစာအတော်များများမှာ ခံတပ်တစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။ ဗီတာမင်ဒီကို ဖြည့်စွက်စာများကနေလည်း ရရှိနိုင်ပါတယ်။

၁၁။ ဗီတာမင် E
ဗီတာမင် အီးက ကြွက်သားတွေ ကျန်းမာစေဖို့ အရေးကြီးပါတယ်။ cell-mediated ကိုယ်ခံစွမ်းအားကို အားကောင်းစေပြီး ရောဂါပိုးကူးစက်မှုကိုလည်း တိုက်ဖျက်ပေးပါတယ်။
ခန္ဓာကိုယ်မှာ သွေးနီဆဲလ်တွေ ကျန်းမာနေစေဖို့ ဗီတာမင် အီးလိုအပ်ပါတယ်။

၁၂။ ဗီတာမင် H(ဗီတာမင် B7လို့လည်း လူသိများပါတယ်) Biotin
ခန္ဓာကိုယ်ထဲမှာ အဆီ၊ အမိုင်နိုအက်ဆစ်များ၊ ကာဗိုဟိုက်ဒရိတ်တွေဟာ ဇီဝကမ္မမျှတစေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ဒီအာဟာရတွေက ခန္ဓာကိုယ်ပုံမှန်လုပ်ငန်းလည်ပတ်မှုနှင့် ကြီးထွားမှုကို ကူညီပေးပါတယ်။
မွေးကင်းစကလေးတွေမှာ အသားအရေကျန်းမာဖို့အတွက် ဗီတာမင် H လိုအပ်ပါတယ်။ Biotin ဟာ အရေပြား၊ ဆံပင်နှင့် လက်သည်း ကျန်းမာရေး အလုံးစုံ ကောင်းမွန်စေဖို့အတွက် အလွန်အရေးပါပါတယ်။

၁၃။ ဗီတာမင် K
သွေးခဲမှုကို ကူညီပေးပါတယ်၊ အရိုးကျန်းမာရေးနှင့် အရိုးသိပ်သည်းဆအတွက် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပါတယ်။ သွေးလည်ပတ်မှုစနစ်နှင့် သွေးကြောကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်။
ကျန်းမာပြီး မျှတတဲ့ အစားအစာများ စားသုံးခြင်းက သင့်ရဲ့နေ့စဉ်လိုအပ်တဲ့ ဗီတာမင်တွေကို ရရှိဖို့ သေချာပါတယ်။

Chit_MayMay

Zawgyi

မိခင္ႏို႔တိုက္ေကြၽးတဲ့ ေမေမတို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္ (၁၃)မ်ိဳး
က်န္းမာေရးဟာ မိခင္ႏို႔ကေန ကေလးဆီကို စီးဆင္းပါတယ္။ ေမေမတို႔စားလိုက္တဲ့ အစားအစာထဲက အာဟာရေတြဟာ ေမေမတို႔အတြက္သာမဟုတ္ပါဘူး၊ ေမေမ့ကေလးအတြက္လည္း ျဖစ္ပါတယ္။ မိခင္ႏို႔တိုက္ေကြၽးတဲ့အခါ ေဘဘီေလးဟာ ေမေမရဲ႕ မိခင္ႏို႔မွတဆင့္ သူတို႔ေန႔စဥ္ မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္ေတြ ရရွိပါတယ္။ ဒီေဆာင္းပါးမွာ ႏို႔တိုက္ေကြၽးေနတဲ့ ေမေမတို႔အတြက္ စားသုံးရမယ့္ ဗီတာမင္ေတြနဲ႔ ပတ္သတ္ၿပီး အႀကံျပဳခ်က္တစ္ခ်ိဳ႕ကို မွ်ေဝေပးမွာ ျဖစ္ပါတယ္။

သင့္ေဘဘီေလးအတြက္ ဗီတာမင္က ဘာ့ေၾကာင့္အေရးႀကီးတာလဲ?
ဗီတာမင္ေတြက ေဘဘီေလးရဲ႕ ဖြံ႕ၿဖိဳးမႈအတြက္ အေရးပါၿပီး ေန႔စဥ္အာဟာရလိုအပ္ခ်က္ရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ ဗီတာမင္ေတြမရွိရင္ ကေလးဟာ ဖြံ႕ၿဖိဳးမႈ မိုင္တိုင္ေတြကို ေႏွာင့္ေႏွးႏိုင္ၿပီး သူ႔ရဲ႕ႀကီးထြားမႈကို တန္႔သြားႏိုင္တဲ့ ခ်ိဳ႕တဲ့ေရာဂါအႏၲရာယ္ေတြ က်ေရာက္ႏိုင္ပါတယ္။
ကေလးပထမလအနည္းငယ္အတြင္းမွာ မိခင္ႏို႔ဟာ ဗီတာမင္ေတြရဲ႕ အရင္းအျမစ္တစ္ခုသာ ျဖစ္ပါတယ္။ ၆လၾကာလို႔ ကေလးေလးကို အစာမာစတင္ေကြၽးခ်ိန္မွာေတာင္ မိခင္ႏို႔ဟာ ဗီတာမင္ရဲ႕ အရင္းအျမစ္တစ္ခု ျဖစ္ႏိုင္ဆဲပါ။

မိခင္ႏို႔စို႔ေနတဲ့ ေမြးကင္းစကေလးမွာ ဘာဗီတာမင္ေတြ မရွိမျဖစ္ လိုအပ္ပါသလဲ?
ဗီတာမင္အားလုံးဟာ ေမြးကင္းစကေလးတစ္ေယာက္ရဲ႕ က်န္းမာစြာ ႀကီးထြားမႈမွာ အေရးပါေသာအခန္းက႑မွ ပါဝင္ပါတယ္၊ ေအာက္မွာ ျပထားတဲ့ဇယားကေတာ့ ႏို႔တိုက္မိခင္ေတြ ေန႔စဥ္စားသုံးရမယ့္ ဗီတာမင္တစ္ခုစီရဲ႕ အစားအစာအရင္းအျမစ္စာရင္း ျဖစ္ပါတယ္။

၁။ ဗီတာမင္ A
ဗီတာမင္ A ဟာ အျမင္အာ႐ုံဖြံ႕ၿဖိဳးမႈအတြက္ အေရးပါပါတယ္။
အသားအေရႏွင့္ ဆံပင္အပါအဝင္ တစ္ရွဴးေတြရဲ႕ က်န္းမာစြာ ဖြဲ႕စည္းမႈမွာ အကူအညီေပးပါတယ္။
နာမက်န္းမႈအေတာ္မ်ားမ်ားကို ဆန္႔က်င္ကာကြယ္မႈမွာ ေထာက္ပံ့ေပးတဲ့ ကိုယ္ခံအားစနစ္ က်န္းမာေရးကို ထိန္းသိမ္းေပးပါတယ္။

၂။ ဗီတာမင္ B1 (Thiamin)
ခႏၶာကိုယ္ရဲ႕ဆဲလ္ေတြဟာ စြမ္းအင္ရဲ႕ အရင္းအျမစ္တစ္ခုအျဖစ္ အသုံးျပဳရတာေၾကာင့္ ဗီတာမင္ B1 ဟာ adenosine triphosphate (ATP) လို႔ေခၚတဲ့ ကြန္ေပါင္းဖြဲ႕စည္းမႈအတြက္ မရွိမျဖစ္လိုအပ္ပါတယ္။
ဆဲလ္ေတြရဲ႕ ကိုယ္တြင္းဇီဝကမၼျဖစ္စဥ္ အေတာ္မ်ားမ်ားဟာ ဗီတာမင္ B1 ေပၚမွာ မႈတည္ပါတယ္။
မွတ္ဉာဏ္ဖြဲ႕စည္းျခင္းႏွင့္ သိျမင္ျခင္းဆိုင္ရာလုပ္ေဆာင္မႈေတြအတြက္ တာဝန္ယူေပးရတဲ့ ဉီးေႏွာက္အာ႐ုံေၾကာေတြ က်န္းမာစြာ ဖြဲ႕စည္းျခင္းမွာ အကူအညီေပးပါတယ္။

၃။ ဗီတာမင္ B12 (Cobalamin)
ခႏၶာကိုယ္ရဲ႕ အုတ္ျမစ္တည္ေဆာက္ျခင္းတစ္ခုအျဖစ္ လုပ္ေဆာင္တဲ့ ခႏၶာကိုယ္ ပ႐ိုတိန္းအသစ္ေတြ ဖြဲ႕စည္းျခင္းမွာ အကူအညီေပးပါတယ္။ ဒီပ႐ိုတိန္းဟာ ကေလးေတြႀကီးထြားမႈအတြက္ ကူညီေပးပါတယ္။
(အာ႐ုံခံ) အာ႐ုံေၾကာဆဲလ္ေတြရဲ႕ က်န္းမာေရး ေကာင္းဖို႔အတြက္ အေရးပါပါတယ္။ အာ႐ုံေၾကာဆဲလ္ေတြ က်န္းမာစြာ အသိအျမင္ဖြံ႕ၿဖိဳးျခင္းမွာ ကူညီေပးပါတယ္။
ဗီတာမင္ B12 ဟာ ဆဲလ္ေတြရဲ႕ မ်ိဳး႐ိုးဗီဇ ပစၥည္းမ်ားျဖစ္တဲ့ DNA ႏွင့္ RNA ဖြဲ႕စည္းျခင္းမွာ မရွိမျဖစ္ အခန္းက႑မွ ပါဝင္ပါတယ္။

၄။ ဗီတာမင္ B2( Riboflavin)
Riboflavinဟာ ခႏၶာကိုယ္ သံဓါတ္ စုပ္ယူျခင္းမွာ အေရးႀကီးတဲ့ အခန္းက႑မွ ပါဝင္ပါတယ္၊ ဗီတာမင္ B2 စားသုံးမႈက ေမြးကင္းစကေလးေတြကို ေဟမိုဂလိုဘင္အဆင့္ အေကာင္းဆုံး ထိန္းသိမ္းျခင္းမွာ အကူအညီေပးပါတယ္။
Vitamin B2 က ဆဲလ္မ်ားပ်က္စီးမႈကေန တားဆီးေပး (သို႔ )ေလ်ာ့ခ်ေပးတဲ့ အင္တီေအာက္ဆီဒင့္တစ္ခုအျဖစ္ အလုပ္လုပ္ပါတယ္။
Vitamin B2က ေမြးကင္းစကေလးေတြမွာ ေသြးအားနည္းျခင္းရဲ႕ အခြင့္အလမ္းကို ေလ်ာ့က်ေအာင္ ကူညီေပးႏိုင္တဲ့ ေသြးနီဆဲလ္ေတြ က်န္းမာစြာ ထုတ္လုပ္ျခင္းအတြက္ အေရးပါပါတယ္။

၅။ ဗီတာမင္ B3(Niacin)
ဗီတာမင္ B3 ဟာ အာ႐ုံေၾကာစနစ္ကို က်န္းမာစြာ ထိန္းသိမ္းျခင္းအတြက္ မရွိမျဖစ္လိုအပ္ပါတယ္။
ႏိုင္ယာဆင္ဟာ ခႏၶာကိုယ္ထဲမွာ စိတ္ဖိစီးမႈကို ထုတ္လႊင့္တဲ့ တျခားေဟာ္မုန္းမ်ားႏွင့္ ေက်ာက္ကပ္အနီးရွိ အာဒရီနယ္ ဂလင္း ကဲ့သို႔ မတူညီတဲ့ ဂလင္းေတြ ထုတ္လုပ္မႈမွာ အကူအညီေပးပါတယ္။
ဗီတာမင္ B3က ေရာင္ရမ္းမႈ ေလ်ာ့က်ေအာင္ ကူညီေပးပါတယ္။

၆။ ဗီတာမင္ B5 (Pantothenic Acid)
Pantothenic acid ဟာ ခႏၶာကိုယ္ရဲ႕ မတူညီတဲ့ ဂလင္းေတြနဲ႔ ေသြးနီဆဲလ္ေတြရဲ႕ က်န္းမာေရးတို႔အတြက္ အေရးပါပါတယ္။
အစာေျခစနစ္ကို က်န္းမာစြာ ေစာင့္ေရွာက္ေပးသလို ခႏၶာကိုယ္ကို အထူးသျဖင့္ riboflavin ဗီတာမင္ေတြ အသုံးျပဳဖို႔ ကူညီေပးပါတယ္။
ဗီတာမင္ B5က အထူးသျဖင့္ ခြဲစိတ္ကုသထားတဲ့ ခႏၶာကိုယ္ကို ပိုမိုေကာင္းမြန္ေစၿပီး အနာျမန္ျမန္က်က္ေစေအာင္ ကူညီေပးပါတယ္။

၇။ ဗီတာမင္ B6 (Pyridoxine)
ဗီတာမင္ B6 ဟာ ဉီးေႏွာက္ႏွင့္ ေက်ာ႐ိုးဖြံ႕ၿဖိဳးမႈအတြက္ မရွိမျဖစ္ အေရးပါပါတယ္။
ဗီတာမင္ B6 ဟာ ခႏၶာကိုယ္ရဲ႕ အိပ္စက္ျခင္းႏွင့္ ႏိုးထျခင္းသံသရာကို ထိန္းညႇိေပးတဲ့ မက္လတိုနင္ေဟာ္မုန္းရဲ႕ ဖြဲ႕စည္းျခင္းမွာ အခန္းက႑တစ္ခုအျဖစ္ ပါဝင္ပါတယ္။

၈။ ဗီတာမင္ B9 (Folic Acid/Folate)
DNA ႏွင့္ RNA ဖြဲ႕စည္းမႈကို ေထာက္ပံ့ေပးပါတယ္။၎က ဆဲလ္မ်ားကို ပိုမိုျမန္ဆန္မ်ားျပားေအာင္ ကူညီေပးပါတယ္။
ကေလးေတြရဲ႕ ဉီးေႏွာက္ဖြံ႕ၿဖိဳးမႈကို ကူညီေပးပါတယ္။
ခႏၶာကိုယ္က သံဓါတ္စုပ္ယူမႈႏွင့္ ေသြးနီဆဲလ္မ်ား ဖြဲ႕စည္းျခင္းအတြက္လည္း အေရးပါပါတယ္။

၉။ဗီတာမင္ C (Ascorbic Acid)
ဆံပင္၊ အသားအေရ ႏွင့္ ေသြးေၾကာမ်ား ဖြဲ႕စည္းရန္ အသုံးျပဳေသာ ပ႐ိုတိန္း၊ ေကာ္လာဂ်င္ဖြဲ႕စည္းျခင္းမွာ အခန္းက႑တစ္ခုအျဖစ္ ပါဝင္ပါတယ္။
ဗီတာမင္ C ဟာ ခႏၶာကိုယ္ရဲ႕ ဆဲလ္မ်ားကို ျပန္လည္ျပဳျပင္ျခင္းႏွင့္ အနာက်က္ေစျခင္းအတြက္ အေရးပါပါတယ္။
ေသြးျဖဴဆဲလ္မ်ားဟာ ခႏၶာကိုယ္မွ ေရာဂါပိုးမ်ားကို ဆန္႔က်င္ကာကြယ္ေပးဖို႔ မရွိမျဖစ္လိုအပ္တာေၾကာင့္ ဗီတာမင္စီက leukocytes ထုတ္လုပ္ျခင္းကို လႈံ႕ေဆာ္ေပးတယ္လို႔ ျပသထားပါတယ္။

၁၀။ ဗီတာမင္ D
vitamin D2 သို႔ vitamin D3ကေန ဗီတာမင္ ဒီကို အသည္းက ျပဳလုပ္ေပးပါတယ္။ ဗီတာမင္ D3 ဟာ သဘာဝအားျဖင့္ ေနေရာင္ႏွင့္ ထိေတြ႕တဲ့အခါ အေရျပားက ထုတ္လုပ္ပါတယ္။ ဗီတာမင္ D2 ကို yeastကေန ျပဳလုပ္ပါတယ္။
ဗီတာမင္ဒီဟာ အ႐ိုးေတြကို ကယ္လစီယမ္ႏွင့္ မဂၢနီဆီယမ္ စုပ္ယူျခင္းမွတဆင့္ ပိုၿပီးမာေက်ာလာေအာင္ ျပဳလုပ္ေပးတဲ့ အခန္းက႑မွ ပါဝင္ပါတယ္။ ကေလးေတြ အ႐ိုးသန္မာအားေကာင္းလာဖို႔အတြက ဗီတာမင္ဒီက အေရးပါပါတယ္။
ေရာဂါပိုးေတြကို ဆန္႔က်င့္ကာကြယ္ေပးတဲ့ ကိုယ္ခံစြမ္းအားစနစ္ဆဲလ္မ်ားရဲ႕ လုပ္ေဆာင္မႈမ်ားကို ထိန္းသိမ္းျခင္းမွာ ကူညီေပးပါတယ္။ ဗီတာမင္ဒီကို ေဖ်ာ္ရည္၊ စီရီရယ္၊ ေပါင္မုန္႔ႏွင့္ႏို႔ကဲ့သို႔ေသာ အစားအစာအေတာ္မ်ားမ်ားမွာ ခံတပ္တစ္ခုအျဖစ္ ထည့္သြင္းထားပါတယ္။ ဗီတာမင္ဒီကို ျဖည့္စြက္စာမ်ားကေနလည္း ရရွိႏိုင္ပါတယ္။

၁၁။ ဗီတာမင္ E
ဗီတာမင္ အီးက ႂကြက္သားေတြ က်န္းမာေစဖို႔ အေရးႀကီးပါတယ္။ cell-mediated ကိုယ္ခံစြမ္းအားကို အားေကာင္းေစၿပီး ေရာဂါပိုးကူးစက္မႈကိုလည္း တိုက္ဖ်က္ေပးပါတယ္။
ခႏၶာကိုယ္မွာ ေသြးနီဆဲလ္ေတြ က်န္းမာေနေစဖို႔ ဗီတာမင္ အီးလိုအပ္ပါတယ္။

၁၂။ ဗီတာမင္ H(ဗီတာမင္ B7လို႔လည္း လူသိမ်ားပါတယ္) Biotin
ခႏၶာကိုယ္ထဲမွာ အဆီ၊ အမိုင္ႏိုအက္ဆစ္မ်ား၊ ကာဗိုဟိုက္ဒရိတ္ေတြဟာ ဇီဝကမၼမွ်တေစဖို႔ မရွိမျဖစ္လိုအပ္ပါတယ္။ ဒီအာဟာရေတြက ခႏၶာကိုယ္ပုံမွန္လုပ္ငန္းလည္ပတ္မႈႏွင့္ ႀကီးထြားမႈကို ကူညီေပးပါတယ္။
ေမြးကင္းစကေလးေတြမွာ အသားအေရက်န္းမာဖို႔အတြက္ ဗီတာမင္ H လိုအပ္ပါတယ္။ Biotin ဟာ အေရျပား၊ ဆံပင္ႏွင့္ လက္သည္း က်န္းမာေရး အလုံးစုံ ေကာင္းမြန္ေစဖို႔အတြက္ အလြန္အေရးပါပါတယ္။

၁၃။ ဗီတာမင္ K
ေသြးခဲမႈကို ကူညီေပးပါတယ္၊ အ႐ိုးက်န္းမာေရးႏွင့္ အ႐ိုးသိပ္သည္းဆအတြက္ အခန္းက႑တစ္ခုမွ ပါဝင္ပါတယ္။ ေသြးလည္ပတ္မႈစနစ္ႏွင့္ ေသြးေၾကာက်န္းမာေရးအတြက္လည္း ေကာင္းေစပါတယ္။
က်န္းမာၿပီး မွ်တတဲ့ အစားအစာမ်ား စားသုံးျခင္းက သင့္ရဲ႕ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္ေတြကို ရရွိဖို႔ ေသခ်ာပါတယ္။

Chit_MayMay

LEAVE A REPLY

Please enter your comment!
Please enter your name here