
ဘေဘီလေးတွေဟာ နို့ချိုတိုက်ကျွေးနေစဉ်အတွင်းမှာ ငိုကြွေးတာဟာအာရုံပျံ့လွှင့်ခြင်းကနေ ပြင်းထန်တဲ့ နို့ချို့တိုက်ကျွေးခြင်းပြဿနာတစ်ခုခုအထိ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
မကြာခဏနို့တိုက်နေစဉ် ငိုကြွေးခြင်းက ပုံမှန်ဖြစ်ပေမယ့် မကြာခဏဆိုသလို ငိုကြွေးခြင်းနှင့် နို့တိုက်တာကို ငြင်းဆန်တာတွေဖြစ်လာတယ်ဆိုရင် ဆေးကုသမှုလိုအပ်ခြင်းနှင့် နို့တိုက်ခြင်းနဲ့ ပတ်သက်ပြီး ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ ဒီကနေ့မှာ နို့တိုက်နေစဉ်ဘာကြောင့် ငိုကြွေးတာလဲဆိုတဲ့ အကြောင်းရင်းတစ်ချို့ကို မျှဝေချင်ပါတယ်။
၁။ အလွန်အကျွံစိတ်ဆိုးနေခြင်း

တစ်ခါတရံမှာ အမေဖြစ်သူက နို့ရည်အရမ်းထွက်နေတယ်(သို့) မထွက်ဘူးဆိုရင် ကလေးဟာ စိတ်ဆိုးဒေါသထွက်ပြီး ငိုယိုလေ့ရှိပါတယ်။ အလွန်အကျွံစိတ်ဆိုးခြင်းက ကလေးကို လေထိုးလေအောင့်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
၂။ နို့ဝခြင်း
မိခင်တစ်ယောက်အနေနဲ့ ကလေးနို့ဝမယ့် အချိန်အတိုင်းအတာတစ်ခုကို သိသင့်ပါတယ်။ တကယ်လို့ ကလေးနို့ဝနေပြီး မိခင်က တိုက်ကျွေးနေဦးမယ်ဆိုရင် ကလေးဟာ ငိုယိုတာကလည်း ပုံမှန်ဖြစ်လာပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ သူတို့နို့မဆာဘဲ နို့စို့ရချိန်မှာလည်း ငိုကြွေးတတ်ပါတယ်။
၃။ ပုံမှန်မဟုတ်သော ခန္ဓာကိုယ်အနံ့

ကလေးငယ်တွေဟာ နို့ချိုတိုက်ကျွေးနေစဉ်အတွင်း သူတို့ရနေကြအနံ့မဟုတ်တဲ့ ရေမွှေးအနံ့၊ ဆပ်ပြာနှင့် လိုးရှင်းတွေရဲ့ အနံ့ကို ရတဲ့အခါမှာလည်း ငိုယိုတတ်ကြပါသေးတယ်။
၄။ မိခင်နို့အရသာ ပြောင်းလဲမှု
ကလေးတွေဟာ မိခင်နို့အရသာ ပြောင်းလဲခြင်း (သို့) အရောင်ပြောင်းလဲခြင်းတွေဖြစ်လာမယ်ဆိုရင် နို့ရည်ကို ငြင်းဆန်တာတွေ၊ ငိုယိုတာတွေဖြစ်နိုင်ပါသေးတယ်။
၅။ နို့တစ်ဖက်တည်း တိုက်ခြင်း
တစ်ချို့ကလေးငယ်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် နို့တစ်ဖက်တည်းစို့ရတာကို နှစ်သက်ပြီး တစ်ခြားတစ်ဖက်ကို ပြောင်းတိုက်တဲ့အခါမှာလည်း ငိုတာတွေဖြစ်နိုင်ပါတယ်။

၆။ သွားများ
သွားပေါက်ပြီးသား ဘေဘီလေးတွေမှာ သွားဖုံးရောင်ခြင်းနှင့် နာကျင်ခြင်းတွေကြောင့် နို့တိုက်တဲ့အခါ ငြင်းဆန်ခြင်း၊ ငိုယိုခြင်းတွေဖြစ်နိုင်ပါတယ်။
၇။ မက်ခရုပေါက်ခြင်း
မက်ခရုပေါက်ခြင်းကို candida လို့ ခေါ်တဲ့ မှိုပိုးတစ်မျိုးကြောင့် ဖြစ်တတ်တဲ့အနာတစ်မျိုးပါ။ ဒီအခြေအနေမှာ လျှာနှင့် ပါးစပ်တွေမှာ အဖြူရောင်အဖူးလေးတွေမျိုး တွေ့ရပါလိမ့်မယ်။ ဒါကလည်းကလေးငယ်တွေ နို့တိုက်နေစဉ်အတွင်း ငိုကြွေးခြင်းရဲ့ ပြဿနာတစ်မျိုးပါပဲ။

၈။ နှာခေါင်းပိတ်ခြင်း
ဘေဘီလေးတွေဟာ အသက်ရှူကြပ်နေတဲ့အနေအထားမျိုးမှာ ငိုကြွေးတာမျိုးဖြစ်နိုင်ပါတယ်။ အအေးမိခြင်း (သို့) တုပ်ကွေးဖြစ်ခြင်းက ကလေးငယ်တွေမှာ နှာခေါင်းပိတ်ခြင်းတွေဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နို့ချိုတိုက်ကျွေးနေစဉ် ကိုယ်ဟန်အနေအထားမှားယွင်းမှုကြောင့်လည်း နှာခေါင်းပိတ်နနိုင်ပါတယ်။
Chit_May_May
Nyein_Thu
Ref-momjunction