၁။ စွမ်းအင်လိုအပ်ချက်တွေနဲ့ ကိုက်ညီခြင်း
မိခင်တိုက်ကျွေးမှုက ကလေးမွေးဖွားပြီးနောက် ပထမ (၆)လအတွင်းမှာ တစ်ရက်လျှင် ၆၄၀ ကယ်လိုရီလိုအပ်ပါတယ်။ ငှက်ပျောသီးက စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ အလတ်စားငှက်ပျော်သီးတစ်လုံးက ခန့်မှန်းခြေအားဖြင့် ၁၀၉ ကယ်လိုရီပါဝင်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးတစ်လုံးကို နေ့လည်စာစားအပြီးမှာ အချိုပွဲအဖြစ် စားသုံးပေးပါ။
၂။ အာဟာရဖြည့်ဆည်းပေးတယ်
ငှက်ပျောသီးက အာဟာရသိပ်သည်းတဲ့ အသီးဖြစ်တာကြောင့် ပိုတက်ဆီယမ်၊ ဗီတာမင် ၆၊ copper၊ Manganese နှင့် fiber များစွာပါတဲ့ အသီးဖြစ်ပါတယ်။ ကလေးမွေးဖွားပြီးတဲ့အခါ ကျန်းမာရေးကို ထိန်းသိမ်းဖို့နှင့် အလျင်အမြန်ကုသနိုင်ဖို့အတွက် ဒီအာဟာရအားလုံးကို လိုအပ်ပါတယ်။

၃။ကိုယ်အလေးချိန် ကျစေခြင်း
ငှက်ပျောသီးမှာ အစာအိမ်ထဲမှာ ကြာရှည်စွာခံနိုင်ရည်ရှိတဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ဒါ့ကြောင့် အစားအစာစားသုံးမှုကို ထိန်းညှိပေးပြီးတော့ ဗိုက်ဆာခြင်းကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်ပါတယ်။ အလွန်အကျွံစားသုံးခြင်းမှ ကူညီပေးပါတယ်။
၃။ အစာချေကျန်းမာရေးကို အထောက်အကူပြုခြင်း
ငှက်ပျောသီးမှည့်မှာ အစာချေဖျက်နိုင်တဲ့ အမျှင်ဓာတ်ပါဝင်ပါတယ်။ ၎င်းက အူသိမ်အူမလှုပ်ရှားမှုတွေမှာ ပြန်လည်ကူညီပေးပါတယ်။

၄။ Gut microflora ပါဝင်ခြင်း
ငှက်ပျောသီးမှည့်မျာ prebiotic ဂုဏ်သတ္တိတွေရှိတာကြောင့် FODMAP ( Fermentable Oligo, Di, Mono- saccharides နှင့် Polyols) များစွာပါဝင်ပါတယ်။ Prebiotics က အူအတွင်းမှာရှိတဲ့ probiotic အဆင့်တိုးတက်ဖို့ ကူညီပေးနိုင်ပါတယ်။

၅။ ကိုယ်ခံအားကို ထောက်ပံ့ပေးခြင်း
ဗီတာမင် C နှင့် B6၊ ငှက်ပျောသီးထဲမှာပါတဲ့ phenols နှင့် phytosterols ကဲ့သို့ bioactive ဒြပ်ပေါင်းတွေက သူတို့ရဲ့ antioxidant & inflammatory effect တွေကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။
၆။ စိတ်ကျရောဂါကို တိုက်ဖျက်နိုင်ဖို့ ကူညီပေးခြင်း
ငှက်ပျောသီးမှာ tryptophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တွေပါဝင်ပါတယ်။ ၎င်းက ကလေးမွေးဖွားပြီးနောက် စိတ်ကျရောဂါကို တိုက်ဖျက်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ Serotonin က စိတ်ကျဝေဒနာကို တိုက်ဖျက်ရာမှာ အထောက်အကူပြုတဲ့အပြင် စိတ်ခံစားချက်တွေကို ကောင်းမွန်စေတာကြောင့် သင့်စိတ်ကိုလည်း ပိုမိုရွှင်လန်းစေပါလိမ့်မယ်။
Chit_May_May
Nyein_Thu
Ref-momjunction