မိခင်နို့တိုက်ခြင်းကို ရှောင်ရှားသင့်တဲ့ အခြေအနေများ

0
494
- Advertisement -

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကလေးတွေကို အသက် ၆လအရွယ်ထိ မိခင်နို့ကိုသာတိုက်ဖို့ အကြံပြုထားပါတယ်။ သို့သော် ကံမကောင်းစွာဘဲ နို့တိုက်ခြင်းမှ ရှောင်ရှားသင့်တဲ့အခြေအနေမျိုးတွေရှိပါတယ်။ ယေဘုယျအားဖြင့် ယခုဖော်ပြပေးမယ့် ရောဂါတွေထဲက တစ်ခုမှမရှိဘူးဆိုရင် မိခင်တွေဟာ နေမကောင်းဖြစ်နေသည့်တိုင် ကလေးငယ်ကို နို့တိုက်ကျွေးနိုင်ပါတယ်။

၁။ လူ့ T-cell သွေးကင်ဆာ

လူ့ T-cell သွေးကင်ဆာဟာ retrovirus ကြောင့်ဖြစ်ပါတယ်။ သူဟာ ဆဲလ်ကို အောင်မြင်စွာ ကူးစက်ပြီးနောက် RNA ကို DNA အဖြစ်ပြောင်းလဲဖို့ အင်ဇိုင်းတစ်ခုကိုသုံးပါတယ်။ အိမ်ရှင်ဆဲလ်ရဲ့ DNA နဲ့ ရောနှောပြီး ပေါင်းစုံလာပါတယ်။ ဒီကူးစက်မှုက မိခင်မှ ကလေးသို့နို့တိုက်ခြင်းမှတဆင့် ကူးစက်နိုင်ပါတယ်။

- Advertisement -

၂။ HIV virus

HIV ဗိုင်းရပ်စ်ဟာ မိခင်နို့မှတစ်ဆင့် ကူးစက်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ထို့ကြောင့် မိခင်မှာဒီဗိုင်းရပ်စ်ပိုးရှိပါက နို့တိုက်ခြင်းကို ရှောင်ကြဉ်တာ အကောင်းဆုံးဖြစ်ပါတယ်။ သို့သော် သုတေသီများက အိပ်ချ်အိုင်ဗွီပိုးရှိတဲ့ မိခင်တွေ နို့တိုက်နိုင်တဲ့နည်းလမ်းတွေကို လေ့လာနေကြပါတယ်။

၃။ Galactosemia

ဒီရောဂါဟာ မိခင်နို့ထဲမှာ lactose ကိုဖြစ်စေတဲ့ သကြားဓါတ်တစ်ခုဖြစ်သော galactose ကိုအစာကြေနိုင်စွမ်းမရှိသော သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။ ၎င်းက ကလေးရဲ့အသည်းနှင့် ဗဟိုအာရုံကြောစနစ်ကို ပျက်စီးစေနိုင်သော ရှားပါးအမွေခံရတဲ့ရောဂါဖြစ်ပါတယ်။

၄။ အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်နေရလျှင်

နို့တိုက်ခြင်းကို ရှောင်ရှားသင့်တဲ့ အခြားအခြေအနေတစ်ခုမှာ အန္တရာယ်ရှိသော ကိုယ်ဝန်ဆောင်နေရလျှင်ဖြစ်ပါတယ်။ ကိုယ်ဝန်က အန္တ၇ာယ်မရှိဘူးဆိုရင် နို့တိုက်နိုင်တယ်လို့ ဆရာဝန်တွေက သဘောတူထားပါတယ်။ တကယ်လို့ သွေးထွက်ခြင်း၊ လမစေ့ခင်မွေးဖွားခြင်းဖြစ်နိုင်ရင် ဆရာဝန်တွေက နို့မတိုက်သင့်ပါလို့ များသောအားဖြင့် ပြောကြပါတယ်။

၅။ အချို့ဆေးဝါးများ သောက်သုံးခြင်း

အချို့သောဆေးတွေကို ပုံမှန်သောက်နေရလျှင် နို့တိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ ဥပမာအားဖြင့် anxiolytics, antiretroviral drugs, ခေါင်းကိုက်ပျောက်ဆေး, အိပ်ဆေးတွေကို သောက်နေသောသူတွေ ဖြစ်ပါတယ်။ ဓါတုကုထုံးအတွက်လည်း အလားတူပါပဲ။

၆။ အရက်၊ မူးယစ်ဆေး

အရက်နှင့် မူးယစ်ဆေးစွဲသုံးသူတွေဟာ မိခင်နို့မတိုက်သင့်တဲ့ အခြေအနေဖြစ်ပါတယ်။ အမှန်က ကိုယ်ဝန်ဆောင်ဖို့ မကြိုးစားခင်မှာ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကိုရပ်ဖို့ ဆရာဝန်တွေ အကြံပြုကြပါတယ်။

နို့တိုက်ခြင်းကို ရှောင်ရှားသင့်တယ်လို့ မဆိုလိုသော ရောဂါများ

အထက်မှာ ဖော်ပြထားသောရောဂါများမှအပ တကယ်လို့ medical contraindication မဖြစ်ခဲ့ရင် အခြားရောဂါတွေဟာ နို့တိုက်ခြင်းကို အတားအဆီးဖြစ်စေမှာ မဟုတ်ပါဘူး။ ထို့အပြင် အောက်ဖော်ပြပါရောဂါတစ်ခုခုကို သင်ခံစားနေရရင် ဆရာဝန်နှင့် စစ်ဆေးရပါမယ်။

အသည်းရောင်ရောဂါ – အသည်းရောင်ရောဂါ(ဘီပိုး)နှင့် စီပိုးတွေဟာ မိခင်နို့ရည်မှတဆင့် ဖြတ်သန်းမသွားပါဘူး။ မိခင်က သယ်ဆောင်သူဖြစ်ရင် မွေးကင်းစကလေးတွေကို ဒီရောဂါကူးစက်ခြင်းမှ ကာကွယ်ဖို့ ကာကွယ်ဆေးထိုးပေးလေ့ရှိပါတယ်။

Chagas ရောဂါ – ဒီရောဂါအပေါ်မှာ အချက်အလက်တွေ တိတိကျကျမရှိသေးပါဘူး။ သို့သော် WHO ရဲ့နောက်ဆုံးပေါ် လေ့လာမှုများအရ ဒီရောဂါရှိတဲ့ မိခင်တွေဟာ နို့တိုက်ကျွေးခြင်းကို ရပ်ဖို့ မလိုပါဘူး။

တီဘီ- စပိန်ကလေးအထူးကုအသင်းမှ အချက်အလက်များအရ နို့တိုက်ခြင်းဟာ ဒီအခြေအနေနှင့် ပြဿနာမရှိပါဘူး။

ရေကျောက်- ဆရာဝန်များက များသောအားဖြင့် မွေးကင်းစကလေးကို စောင့်ကြည့်ခြင်းအပြင် ဆက်ပြီးနို့တိုက်ကျွေးဖို့ အကြံပြုထားပါတယ်။ တကယ်တေ့ ကလေးကို ရေကျောက်ကာကွယ်ဆေးပေးဖို့ ဖြစ်နိုင်ပါတယ်။

ရင်သားခွဲစိတ်ခြင်း – တကယ်လို့ မိခင်အနေဖြင့် ရင်သားခွဲစိတ်မှု ခံယူထားပါက ပြဿနာမရှိဘဲ နို့တိုက်နိုင်ပါတယ်၊

ပန်းနာရင်ကျပ်ရောဂါ၊ ဓါတ်မတည့်ခြင်း၊ ကြို့ထိုးခြင်းနှင့် သိုင်းရွိုက်ဟော်မုန်းများသောရာဂါတွေကလည်း နို့တိုက်ခြင်းကို ရှောင်ရှားသင့်တဲ့ ရောဂါတွေ မဟုတ်ပါဘူး။ ကျွန်မတို့ အမြဲပြောနေသလိုပဲ မိခင်ရဲ့ အခြေအနေနှင့် ပတ်သတ်ပြီး ဆရာဝန်နှင့် တိုင်ပင်ရပါမယ်။ ဆရာဝန်ထက် ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်ကို အကြံဉာဏ်ပေးနိုင်မှာ မဟုတ်ပါဘူး။

Chit_MayMay

LM_Nandar

Source-steptohealth

Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here