မိခင်နို့တိုက်နေဆဲကာလမှာ ရှောင်ရှားသင့်တဲ့ အစားအစာ ၆ မျိုး

0
205
- Advertisement -

ကလေးအသက် ၆လအထိ မိခင်နို့တစ်မျိုးတည်းနဲ့ လုံလောက်တာကို မိခင်တိုင်းသိရှိကြပေမယ့် နို့တိုက်နေဆဲကာလမှာ မိခင်နို့ရဲ့အရည်အသွေးကို ကောင်းမွန်စေဖို့အတွက် ရှောင်ရှားသင့်တဲ့ အစားအစာတွေအကြောင်းကိုလည်း သိရှိထားဖို့ လိုပါတယ်။ မိခင်ဖြစ်သူစားတဲ့ အရာမှန်သမျှဟာ ကလေးဆီကိုနို့ရည်မှတဆင့် ရောက်ရှိစေတာကြောင့် စားသောက်မှုပုံစံကို အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။
၁။ ပဲများ
ကုလားပဲအပါအဝင် အခြားပဲတွေကို မိခင်နို့တိုက်နေချိန်မှာ ရှောင်ရှားသင့်ကြောင်း ဖော်ပြထားပါတယ်။ ပဲအမျိုးမျိုးဟာ ကလေးရဲ့အူလမ်းကြောင်းလုပ်ငန်းဆောင်တာတွေကို ပြောင်းလဲစေပြီး လေပွခြင်းနဲ့၊ ဝမ်းရောင်ခြင်းကို ဖြစ်စေတတ်ပါတယ်။

၂။ အရည်ရွှမ်းတဲ့ သစ်သီးများ
အရည်ရွှမ်းတဲ့ အသီးတွေဖြစ်တဲ့ လိမ္မော်၊ မာလကာ စတဲ့အသီးတွေဟာ ကလေးရဲ့အစာချေလုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်ပြီး ရင်ပူခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ သို့သော်လည်း အဆိုပါအသီးတွေမှာ ဗီတာမင်တွေမြောက်များစွာပါဝင်နေတာကြောင့် ဆရာဝန်နဲ့အရင်ဆုံး စားသင့်မသင့် တိုင်ပင်ပါ။ အရာအားလုံးဟာ မိခင်တစ်ယောက်စီတိုင်းရဲ့ ခံနိုင်ရည်အပေါ်မှာလည်း မူတည်နေပါတယ်။

၃။ အစပ်စာများ
အစပ်စာတွေကတော့ နို့တိုက်မိခင်တွေ လုံးဝရှောင်ရှားသင့်တဲ့ အရာဖြစ်ပါတယ်။ စပ်တဲ့အစားအစာတွေဟာ ကလေးရဲ့အူလမ်းကြောင်း လုပ်ငန်းစဉ်တွေကို နှောက်ယှက်နိုင်ပြီး ကလေးအညစ်အကြေးစွန့်တဲ့အခါမှာလည်း ခက်ခဲစေနိုင်ပါတယ်။ ဒါဟာ ကလေးတွေအတွက် အရမ်းကိုခံရခက်တဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ တကယ်လို့ အစပ်စာတွေကို မြောက်မြားစွာစားသုံးပါက အသည်းနဲ့ နှလုံးကိုပါပျက်စီးစေနိုင်တဲ့အတွက် အစပ်စားမှုကို ထိန်းသိမ်းပေးပါ။

- Advertisement -

၄။ ကြက်သွန်နီ
မိခင်နို့တိုက်နေစဉ်မှာကြက်သွန်နီစားသုံးမှုကို ရှောင်ရှားရမယ့်ဆိုတာ မိခင်တို့ဇဝေဇဝါဖြစ်နိုင်ပေမယ့် ကြက်သွန်နီဟာ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမှာ ပြဿနာတွေ ဖြစ်စေနိုင်ကြောင်းဖော်ပြထားပါတယ်။ ကြက်သွန်နီစားသုံးမှုကြောင့် ကလေးမှာလေထိုးလေအောင့်လည်း ဖြစ်စေနိုင်ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် လူအမြောက်အများကတော့ ကြက်သွန်နီစားသုံးတာဟာ ကလေးကိုမထိခိုက်နိုင်ဘူးလို့ ယူဆကြတဲ့အတွက် အရင်ဆုံးစားသင့်မစားသင့် သမားတော်နဲ့ တိုင်ပင်တာအကောင်းဆုံးပါပဲ။

၅။ ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီ
အဆိုပါဟင်းသီးဟင်းရွက်ဟာ ကလေးကိုကိုယ်လက်မအီမသာဖြစ်စေကြောင်းနဲ့ စိတ်တိုစေကြောင်းသိရပါတယ်။ ထို့အပြင် ပန်းဂေါ်ဖီဟာ နို့ရဲ့အရသာကို ပြောင်းလဲနိုင်တယ်လို့ ဆိုပေမယ့် တကယ်တမ်းတော့ ကလေးကသတိထားမိမှာ မဟုတ်ပါဘူး။

၆။ ကော်ဖီ
ကလေးနို့တိုက်နေတဲ့ကာလမှာ ကော်ဖီကို ရှောင်ရှားသင့်ပါတယ်။ ကော်ဖီသောက်ခြင်းဟာ ကလေးရဲ့အိပ်စက်မှုကို နှောက်ယှက်နိုင်ပြီး အိပ်မပျော်မှုနဲ့ အာရုံကြောပြဿနာတွေကို တွေ့ကြုံတတ်ပါတယ်။ ဒါ့အပြင်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း နှောက်ယှက်နိုင်တဲ့အတွက် ကော်ဖီသောက်တာကို ရှောင်ရှားပါ။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here