မိခင်နို့ဟာ သင့်ကလေးအတွက် ဘာကြောင့်အကောင်းဆုံး ဖြစ်နေရတာလဲ
0
86
- Advertisement -
နိုင်ငံတိုင်းမှာရှိတဲ့ ကျွမ်းကျင်ပညာရှင်၊ သိပ္ပံပညာရှင်၊ ဆရာဝန်တွေဟာ မိခင်နို့သာလျှင် ရင်သွေးတွေအတွက် အကောင်းဆုံးအာဟာရဖြစ်ကြောင်း တညီတညွတ်တည်း ထောက်ခံထားကြပါတယ်။ မိခင်နို့တိုက်ကြွေးခြင်းကြောင့် ကလေးရောအမေမှာပါ ကောင်းကျိုးတွေများစွာ ရရှိကြောင်းကိုလည်း သုတေသနများစွာက သက်သေပြခဲ့ပြီးပါပြီ။ ကလေးမွေးဖွားပြီး ပထမခြောက်လမှာ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပြီး ၆လကျော်လို့ အစိုင်အခဲတွေဖြစ်တဲ့ ကလေးအာဟာရမှုန့် နို့မှုန့်တွေကျွေးတဲ့ အချိန် ၁ နှစ် ၂ နှစ်ကနေ နို့မဖြတ်ခင်အချိန်ထိ မိခင်နို့ကို တိုက်ကျွေးနိုင်ပါတယ်။
မိခင်နို့ဟာ ပြီးပြည့်စုံတဲ့ အစားအစာဖြစ်ပါတယ်။ ရင်သွေးတွေအတွက် အစာချေဖို့ အရမ်းကိုလွယ်ကူပြီး အသက်ရှင်ဖို့ဆဲလ်တွေ ထုတ်လုပ်ပေးခြင်းကိုလည်း ကလေးရဲ့ခန္ဓာကိုယ်က လွယ်ကူစွာ စုပ်ယူနိုင်ပါတယ်။ မိခင်နို့ဟာ ကလေးရဲ့ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေဖို့အတွက် မရှိမဖြစ်အာဟာရတွေ၊ ဗီတာမင်တွေ၊ ပရိုတိန်း၊ အဆီနဲ့ ပဋိပစ္စည်းများစွာပါတယ်။ မိခင်နို့စို့တဲ့ ရင်သွေးတွေဟာ ထူးခြားတဲ့အရသာ အာရုံခံမှုတွေ ရှိကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိခင်ဖြစ်သူစားသုံးတဲ့အစားအစာပေါ်မူတည်ပြီး အနံ့နဲ့အရသာဟာ အမြဲပြောင်းလဲနေပါတယ်။ ဒါ့အပြင် အရေးအကြီးဆုံးအချက်က မိခင်နဲ့ရင်သွေး အသားချင်းထိတွေ့ပြီး နို့တိုက်ခြင်းဟာ ကလေးအတွက်လုံခြုံစေတဲ့အာရုံ၊ စိတ်ခံစားမှုနဲ့ နှောင်ကြိုးကိုပိုပြီးခိုင်မာစေတာကြောင့် မိခင်နို့စို့ခွင့်ရတဲ့ကလေးဟာ အရမ်းကိုကံထူးတဲ့ ကလေးလို့ပြောလို့ရပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းကြောင့် ကလေးမှာဖျားနာမှုနည်းပါးခြင်း၊ ဓါတ်မတည့်မှုအန ္တရာယ်လျော့နည်းခြင်း၊ အဝလွန်ခြင်းနဲ့ ဆီးချိုအန္တရာယ်ဖြစ်မှုလျော့နည်းခြင်း၊ ကလေးသေဆုံးမှုကင်းဝေးခြင်း၊ နားရောဂါကူးစက်မှုလျော့ကျစေခြင်း၊ အစာအိမ်ရောဂါဖြစ်မှုနည်းပါခြင်း တို့အပြင် ဦးနှောက်ဖွံဖြိုးမှုနဲ့ အကောင်းမြင်စိတ်ကို တိုးပွားစေပါတယ်။ ဒါ့အပြင် အခြားမည်သည့်ပစ္စည်းမှာမှ မရရှိနိုင်တဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ကောင်းကျိုးတွေ၊ ပိုလီယို၊ မေးခိုင်၊ ဆုံဆို့နာ၊ တုပ်ကွေးနဲ့ အခြားပြင်းထန်တဲ့ ဘက်တီးရီယားတွေကူးစက်မှုအန္တရာယ်ကနေကင်းဝေးဖို့အတွက် ကာကွယ်ဆေးထိုးတာထက်တောင်မှ မိခင်နို့က ပိုကောင်းပါသေးတယ်။
ဒါ့အပြင် နို့စိုတဲ့အခါ မေးရိုးလှုပ်ရှားရတာကြောင့် ခံတွင်းဖွံ့ဖြိုးမှုနဲ့ နို့မှာပါတဲ့အာဟာရတွေက သွားနဲ့ပတ်သတ်ပြီး ယိုယွင်းမှုအန္တရာယ်တွေကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ မိခင်တွေအတွက် ကလေးကိုနို့တိုက်ခြင်းကြောင့် အရိုးအဆစ်တွေကို ပိုမိုသန်မာကောင်းမွန်စေတဲ့ ကျေးဇူးတွေ၊ သွေးဆုံးခြင်း၊ အရိုးပွရောဂါဖြစ်မှုတွေကိုလည်း လျော့ချပေးနိုင်ပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေတာကြောင့် အဝလွန်ခြင်းကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ဒါ့အပြင် မမျိုးဥကင်ဆာရောဂါနဲ့ ရင်သားကင်ဆာဖြစ်မှု နှုန်းတွေကိုလည်း လျော့ကျစေတာကြောင့် မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးရောအမေမှာပါ များစွာအကျိုးများစေပါတယ်။ အခြား အကျိုးကျေးဇူးတွေလည်း များစွာရှိပါသေးတယ်။ ဒါကြောင့် မိမိတို့ရဲ့ရင်သွေး ဉာဏ်ရည်ထက်မြက်ပြီး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ရောဂါကင်းဝေစေဖို့နဲ့ မိခင်တွေပိုမိုကျန်းမာစေဖို့ မိခင်တိုင်းမိခင်နို့တိုက်ကျွေးခြင်းကသာလျှင် အကောင်းဆုံးဖြစ်ကြောင်း
ဖော်ပြလိုက်ရပါတယ်။
- Advertisement -
LM_Naung_Naung
Lifestyle_Myanmar
Source-lansinoh,verywell,mum
Zawgyi Font
ဖော်ပြလိုက်ရပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
LEAVE A REPLY
Please enter your comment!
Please enter your name here