မိခင်နို့ ကြာရှည်တိုက်ကျွေးခြင်းကြောင့် မိခင်နှင့် ကလေးအတွက် ရရှိနိုင်သော အကျိုးကျေးဇူး (၆)မျိုး

0
104
- Advertisement -

မိခင်တိုင်းက ကိုယ့်ကလေးကို ဘယ်အရွယ်ထိ နို့တိုက်မယ်၊ ဘယ်အချိန်မှာ နို့ဖြတ်မယ်ဆိုတာကို ဆုံးဖြတ်ထားတတ်ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မိခင်တွေကို ၆လအထိ မိခင်နို့တိုက်ကျွေးဖို့ အကြံပြုထားပါတယ်။ ပြီးမှ ကလေး ၂နှစ်ကျော်လာတဲ့အခါ အခြားအစားအစာတွေနဲ့ မိတ်ဆက်ပေးဖို့ အကြံပြုထားပါတယ်။ ဒီ processတွေမှာ ပါဝင်ခြင်းဖြင့် မိခင်နှင့် ကလေးအတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာ ရရှိစေမှာ အမှန်ပါပဲ။ ယနေ့မှာတော့ ဘေဘီလေးတွေကို မိခင်နို့တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးတွေနှင့် မေမေတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရတယ်ဆိုတဲ့ အကြောင်းကို ပြောပြချင်ပါတယ်။

၁။ ကျန်းမာရေးပိုကောင်းပြီး ကိုယ်ခံအားစနစ်ကို ပိုအားကောင်းစေပါတယ်

မိခင်နို့မှာ ကိုယ်ခံအားဆဲလ်တွေဖြစ်တဲ့ သွေးဖြူဆဲလ်တွေ မြင့်မားပါတယ်။ ဒါ့ကြောင့် မိခင်နို့တိုက်ကာလကြာရှည်ခြင်းဖြင့် သင့်ကလေးရဲ့ ကိုယ်ခံအားစနစ် တိုးတတ်လာတဲ့အချိန်ကို ကြာရှည်စေနိုင်ပါတယ်။ ထို့အပြင် မိခင်နို့မှာ ရောဂါအမျိုးမျိုးကို တိုက်ဖျက်ဖို့ ပဋိပစ္စည်းတွေ ပါဝင်ပါတယ်။ ထို့အပြင် မိခင်နို့ရဲ့ အရည်အသွေးက အချိန်နှင့်အမျှ ပိုကောင်းလာတာကြောင့် အချိန်ကြာကြာနို့တိုက်လေလေ သင့်ကလေးအတွက် ကျန်းမာရေးအကျိုးကျေးဇူ ပိုရလေဖြစ်ပါတယ်။ ၁၂လ သို့ ၁၂လအထက်ထိ မိခင်နို့တိုက်ကျွေးမှုက ကျန်းမာရေးကို ပိုကောင်းစေပြီး အချို့သော ရောဂါများရဲ့ အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။

- Advertisement -

၂။ ဦးနှောက်လုပ်ဆောင်မှုနှင့် အပြုအမှုအပေါ် ကောင်းကျိုးသက်ရောက်မှုများ

သင့်ကလေးရဲ့ microbiota ဖွံ့ဖြိုးလာပုံက သူတို့ရဲ့ ဦးနှောက်လုပ်ဆောင်ချက်များကို အကျိုးသက်ရောက်စေပြီး အပြုအမှုတွေကို ထိန်းညှိနိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက လိုအပ်တဲ့အာဟာရများ ပေးစွမ်းခြင်းဖြင့် ကလေးရဲ့ formative microbiome ကိုအထောက်အကူပြုပါတယ်။ လေ့လာမှုအတော်များများမှာ နို့တိုက်ခြင်းက ဉာဏ်ရည်မြင့်မားခြင်းနှင့် ဆက်စပ်မှုရှိတယ်လို့ ဆိုသော်လည်း ပေါင်းသင်းဆက်ဆံရေးတစ်ခုသာ ဖြစ်ပါတယ်။ ကလေးရဲ့ ဉာဏ်ရည်ကို ပိုမိုသိသာထင်ရှားစွာ အထောက်အကူပြုတဲ့ အခြားအချက်တွေလည်း ရှိပါတယ်။ မိခင်နို့်မှာ DHA ကဲ့သို့သော အာဟာရများပါဝင်ပြီး ကလေးရဲ့ ဖွံ့ဖြိုးဆဲဦးနှောက်ကို ကောင်းကျိုးသက်ရောက်စေပါတယ်။

၃။ ကလေးရဲ့ အိပ်စက်မှုပုံစံကို ပိုကောင်းစေပါတယ်

မိခင်နို့တိုက်ကျွေးခြင်းက မွေးကင်းစကလေးတွေမှာ sleep-wake rhythms ကို တိုးတတ်စေပါတယ်။ အိပ်စက်ခြင်းကို ထိန်းညှိပေးသော မက်လတိုနင်ဟော်မုန်းက လူကြီးတွေမှာ ညအချိန်ထုတ်ပေးသော်လည်း ကလေးတွေမှာတော့ ဖြစ်ပွားလေ့မရှိပါဘူး။ ဒီဟော်မုန်းဟာ အပန်းပြေစေတဲ့ သက်ရောက်မှု ရှိပြီး မိခင်နို့မှာ ပါဝင်ပါတယ်။ ၎င်းက လေထိုးလေအောင့်ဖြစ်တာတွေကို လျော့နည်းစေပြီး ကလေးရဲ့ အိပ်စက်မှုကို တိုးတတ်စေဖို့ ကူညီပေးပါတယ်။

၄။ အာဟာရ မျှတမှု

A little boy shows what he is a strong man.

မိခင်နို့ ကြာကြာတိုက်လေ ကလေးအတွက် ပိုမိုကောင်းမွန်တဲ့ အာဟာရတွေ ပေးစွမ်းလေပါတယ်။ လေ့လာမှုများအရ နို့ရည်တစ်နှစ်ပြည့်ပြီးနောက်တွင် မိခင်နို့မှာ အဆီနှင့် စွမ်းအင်ပါဝင်မှု မြင့်မားလာပါတယ်။ ၎င်းက ကလေးရဲ့ အစားအစာကို သိသိသာသာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

၅။ မိခင်နှင့်ကလေးရဲ့ သံယောဇဉ်ကို ခိုင်မြဲစေပါတယ်

လေ့လာမှုတစ်ခုအရ မိခင်နို့ကြာကြာတိုက်တဲ့ အမျိုးသမီးဟာ ကလေးတွေ လူကြီးဘဝရောက်လာတဲ့အထိ သားသမီးနှင့် ပတ်သတ်လာရင် sensitivity ပိုဖြစ်ကြတယ်လို့ ပြသခဲ့ပါတယ်။ ဒီခိုင်မာတဲ့နှောင်ကြိုးက မိခင်တွေဟာ ကလေးရဲ့ မျက်နှာရိပ်မျက်နှာကဲနှင့် အမူအကျင့်ကိုကြည့်ပြီး ကလေးရဲ့ စိတ်ခံစားမှုအခြေအနေကို ဖတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

၆။ မေမေတို့အတွက် အကျိုးကျေးဇူးများ

မိခင်နို့တိုက်ကျွေးခြင်းက ကလေးငယ်တွေသာမက မိခင်များကိုပါ အကျိုးသက်ရောက်နိုင်ပါတယ်။
အနည်းဆုံး ၆လအထိ မိခင်နို့တိုက်ကျွေးပါက ကိုယ်အလေးချိန်ကို ကျစေနိုင်ပါတယ်။
လေ့လာမှုတစ်ခုအရ ၁၂လကျော်တဲ့အထိ မိခင်နို့တိုက်ကျွေးတဲ့ မိခင်တွေဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ နည်းပါးပါတယ်။
အချိန်ကြာမြင့်စွာ နို့ထွက်ခြင်းက နောက်ပိုင်းတွင် အရိုးတွေ ပိုမိုသန်မာမှုနှင့် ဆက်နွယ်နေပါတယ်။
၁၂ လကျော်တဲ့အထိ နို့တိုက်ကျွေးခြင်းက အဆစ်အမြစ်ရောင်ရမ်းနိုင်ချေကို လျော့နည်းစေပါတယ်
မိခင်နို့တိုက်ကျွေးခြင်းက သန္ဓေတားဆေးကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းက သားအိမ်ကင်ဆာဖြစ်နိုင်ခြေ နိမ့်ကျမှုနှင့် ဆက်စပ်နေပါတယ်။
၁နှစ်ကျော်တဲ့အထိ မိခင်နို့တိုက်ကျွေးခြင်းက ဆီးချိုရောဂါ အမျိုးအစား ၂ ဖြစ်ပွားမှုကို လျော့ကျစေပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

ZAWGYI

မိခင္ႏို႔ ၾကာရွည္တိုက္ေကြၽးျခင္းေၾကာင့္ မိခင္ႏွင့္ ကေလးအတြက္ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူး (၆)မ်ိဳး
မိခင္တိုင္းက ကိုယ့္ကေလးကို ဘယ္အ႐ြယ္ထိ ႏို႔တိုက္မယ္၊ ဘယ္အခ်ိန္မွာ ႏို႔ျဖတ္မယ္ဆိုတာကို ဆုံးျဖတ္ထားတတ္ၾကပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕က မိခင္ေတြကို ၆လအထိ မိခင္ႏို႔တိုက္ေကြၽးဖို႔ အႀကံျပဳထားပါတယ္။ ၿပီးမွ ကေလး ၂ႏွစ္ေက်ာ္လာတဲ့အခါ အျခားအစားအစာေတြနဲ႔ မိတ္ဆက္ေပးဖို႔ အႀကံျပဳထားပါတယ္။ ဒီ processေတြမွာ ပါဝင္ျခင္းျဖင့္ မိခင္ႏွင့္ ကေလးအတြက္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ မ်ားစြာ ရရွိေစမွာ အမွန္ပါပဲ။ ယေန႔မွာေတာ့ ေဘဘီေလးေတြကို မိခင္ႏို႔တိုက္ေကြၽးျခင္းရဲ႕ ေကာင္းက်ိဳးေတြႏွင့္ ေမေမေတြအတြက္ ဘယ္လိုအက်ိဳးေက်းဇူးေတြရတယ္ဆိုတဲ့ အေၾကာင္းကို ေျပာျပခ်င္ပါတယ္။

၁။ က်န္းမာေရးပိုေကာင္းၿပီး ကိုယ္ခံအားစနစ္ကို ပိုအားေကာင္းေစပါတယ္

မိခင္ႏို႔မွာ ကိုယ္ခံအားဆဲလ္ေတြျဖစ္တဲ့ ေသြးျဖဴဆဲလ္ေတြ ျမင့္မားပါတယ္။ ဒါ့ေၾကာင့္ မိခင္ႏို႔တိုက္ကာလၾကာရွည္ျခင္းျဖင့္ သင့္ကေလးရဲ႕ ကိုယ္ခံအားစနစ္ တိုးတတ္လာတဲ့အခ်ိန္ကို ၾကာရွည္ေစႏိုင္ပါတယ္။ ထို႔အျပင္ မိခင္ႏို႔မွာ ေရာဂါအမ်ိဳးမ်ိဳးကို တိုက္ဖ်က္ဖို႔ ပဋိပစၥည္းေတြ ပါဝင္ပါတယ္။ ထို႔အျပင္ မိခင္ႏို႔ရဲ႕ အရည္အေသြးက အခ်ိန္ႏွင့္အမွ် ပိုေကာင္းလာတာေၾကာင့္ အခ်ိန္ၾကာၾကာႏို႔တိုက္ေလေလ သင့္ကေလးအတြက္ က်န္းမာေရးအက်ိဳးေက်းဇူ ပိုရေလျဖစ္ပါတယ္။ ၁၂လ သို႔ ၁၂လအထက္ထိ မိခင္ႏို႔တိုက္ေကြၽးမႈက က်န္းမာေရးကို ပိုေကာင္းေစၿပီး အခ်ိဳ႕ေသာ ေရာဂါမ်ားရဲ႕ အႏၲရာယ္ကို ေလွ်ာ့ခ်ႏိုင္ပါတယ္။

၂။ ဦးေႏွာက္လုပ္ေဆာင္မႈႏွင့္ အျပဳအမႈအေပၚ ေကာင္းက်ိဳးသက္ေရာက္မႈမ်ား

သင့္ကေလးရဲ႕ microbiota ဖြံ႕ၿဖိဳးလာပုံက သူတို႔ရဲ႕ ဦးေႏွာက္လုပ္ေဆာင္ခ်က္မ်ားကို အက်ိဳးသက္ေရာက္ေစၿပီး အျပဳအမႈေတြကို ထိန္းညႇိႏိုင္ပါတယ္။ မိခင္ႏို႔တိုက္ေကြၽးျခင္းက လိုအပ္တဲ့အာဟာရမ်ား ေပးစြမ္းျခင္းျဖင့္ ကေလးရဲ႕ formative microbiome ကိုအေထာက္အကူျပဳပါတယ္။ ေလ့လာမႈအေတာ္မ်ားမ်ားမွာ ႏို႔တိုက္ျခင္းက ဉာဏ္ရည္ျမင့္မားျခင္းႏွင့္ ဆက္စပ္မႈရွိတယ္လို႔ ဆိုေသာ္လည္း ေပါင္းသင္းဆက္ဆံေရးတစ္ခုသာ ျဖစ္ပါတယ္။ ကေလးရဲ႕ ဉာဏ္ရည္ကို ပိုမိုသိသာထင္ရွားစြာ အေထာက္အကူျပဳတဲ့ အျခားအခ်က္ေတြလည္း ရွိပါတယ္။ မိခင္ႏို႔္မွာ DHA ကဲ့သို႔ေသာ အာဟာရမ်ားပါဝင္ၿပီး ကေလးရဲ႕ ဖြံ႕ၿဖိဳးဆဲဦးေႏွာက္ကို ေကာင္းက်ိဳးသက္ေရာက္ေစပါတယ္။

၃။ ကေလးရဲ႕ အိပ္စက္မႈပုံစံကို ပိုေကာင္းေစပါတယ္

မိခင္ႏို႔တိုက္ေကြၽးျခင္းက ေမြးကင္းစကေလးေတြမွာ sleep-wake rhythms ကို တိုးတတ္ေစပါတယ္။ အိပ္စက္ျခင္းကို ထိန္းညႇိေပးေသာ မက္လတိုနင္ေဟာ္မုန္းက လူႀကီးေတြမွာ ညအခ်ိန္ထုတ္ေပးေသာ္လည္း ကေလးေတြမွာေတာ့ ျဖစ္ပြားေလ့မရွိပါဘူး။ ဒီေဟာ္မုန္းဟာ အပန္းေျပေစတဲ့ သက္ေရာက္မႈ ရွိၿပီး မိခင္ႏို႔မွာ ပါဝင္ပါတယ္။ ၎က ေလထိုးေလေအာင့္ျဖစ္တာေတြကို ေလ်ာ့နည္းေစၿပီး ကေလးရဲ႕ အိပ္စက္မႈကို တိုးတတ္ေစဖို႔ ကူညီေပးပါတယ္။

၄။ အာဟာရ မွ်တမႈ

မိခင္ႏို႔ ၾကာၾကာတိုက္ေလ ကေလးအတြက္ ပိုမိုေကာင္းမြန္တဲ့ အာဟာရေတြ ေပးစြမ္းေလပါတယ္။ ေလ့လာမႈမ်ားအရ ႏို႔ရည္တစ္ႏွစ္ျပည့္ၿပီးေနာက္တြင္ မိခင္ႏို႔မွာ အဆီႏွင့္ စြမ္းအင္ပါဝင္မႈ ျမင့္မားလာပါတယ္။ ၎က ကေလးရဲ႕ အစားအစာကို သိသိသာသာ အေထာက္အကူ ျဖစ္ေစႏိုင္ပါတယ္။

၅။ မိခင္ႏွင့္ကေလးရဲ႕ သံေယာဇဥ္ကို ခိုင္ၿမဲေစပါတယ္

ေလ့လာမႈတစ္ခုအရ မိခင္ႏို႔ၾကာၾကာတိုက္တဲ့ အမ်ိဳးသမီးဟာ ကေလးေတြ လူႀကီးဘဝေရာက္လာတဲ့အထိ သားသမီးႏွင့္ ပတ္သတ္လာရင္ sensitivity ပိုျဖစ္ၾကတယ္လို႔ ျပသခဲ့ပါတယ္။ ဒီခိုင္မာတဲ့ေႏွာင္ႀကိဳးက မိခင္ေတြဟာ ကေလးရဲ႕ မ်က္ႏွာရိပ္မ်က္ႏွာကဲႏွင့္ အမူအက်င့္ကိုၾကည့္ၿပီး ကေလးရဲ႕ စိတ္ခံစားမႈအေျခအေနကို ဖတ္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

၆။ ေမေမတို႔အတြက္ အက်ိဳးေက်းဇူးမ်ား

မိခင္ႏို႔တိုက္ေကြၽးျခင္းက ကေလးငယ္ေတြသာမက မိခင္မ်ားကိုပါ အက်ိဳးသက္ေရာက္ႏိုင္ပါတယ္။
အနည္းဆုံး ၆လအထိ မိခင္ႏို႔တိုက္ေကြၽးပါက ကိုယ္အေလးခ်ိန္ကို က်ေစႏိုင္ပါတယ္။
ေလ့လာမႈတစ္ခုအရ ၁၂လေက်ာ္တဲ့အထိ မိခင္ႏို႔တိုက္ေကြၽးတဲ့ မိခင္ေတြဟာ ႏွလုံးေသြးေၾကာဆိုင္ရာ ေရာဂါမ်ား နည္းပါးပါတယ္။
အခ်ိန္ၾကာျမင့္စြာ ႏို႔ထြက္ျခင္းက ေနာက္ပိုင္းတြင္ အ႐ိုးေတြ ပိုမိုသန္မာမႈႏွင့္ ဆက္ႏြယ္ေနပါတယ္။
၁၂ လေက်ာ္တဲ့အထိ ႏို႔တိုက္ေကြၽးျခင္းက အဆစ္အျမစ္ေရာင္ရမ္းႏိုင္ေခ်ကို ေလ်ာ့နည္းေစပါတယ္
မိခင္ႏို႔တိုက္ေကြၽးျခင္းက သေႏၶတားေဆးကို အက်ိဳးသက္ေရာက္မႈ ရွိႏိုင္ပါတယ္။
မိခင္ႏို႔တိုက္ေကြၽးျခင္းက သားအိမ္ကင္ဆာျဖစ္ႏိုင္ေျခ နိမ့္က်မႈႏွင့္ ဆက္စပ္ေနပါတယ္။
၁ႏွစ္ေက်ာ္တဲ့အထိ မိခင္ႏို႔တိုက္ေကြၽးျခင္းက ဆီးခ်ိဳေရာဂါ အမ်ိဳးအစား ၂ ျဖစ္ပြားမႈကို ေလ်ာ့က်ေစပါတယ္။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here