
အမေနဲ့သမီးတွေကြားက ပြောဆိုဆက်ဆံရေးဟာ ပုံမှန်အားဖြင့် အရမ်းထူးခြားတယ်ဆိုတာ သေချာပါတယ်။ မိန်းကလေးတွေက အမေတွေနဲ့ စကားပြောဖို့၊ ယုံကြည်မှု အပ်နှံဖို့ကို ပိုနှစ်သက်ကြပါတယ်။ ဒါက communication ညက်ညောပြီး သဘာဝကျတဲ့အခါမှသာ ဖြစ်ပါတယ်။ တကယ်တော့ အမေနဲ့သမီးကြားက ဆက်ဆံရေးဟာ အမြဲတမ်းမလွယ်ကူပါဘူး။ အချို့ကိစ္စတွေမှာ နေ့စဉ်အတောမသတ်နိုင်တဲ့ ပြောဆိုမှုတွေ ရှိသော်လည်း တစ်ချို့တွေရဲ့ ပြောဆိုမှုတွေမှာ အကန့်အသတ်ရှိကြပါတယ်။ အသေးစိတ်အများကြီးမပြောကြပါဘူး။
မိခင်နဲ့ သမီး relationship ရဲ့မတူညီသောအဆင့်များ
မိခင်တွေနဲ့ သမီးတွေကြား relationship ဟာ ရင်းနှီးနိုင်ပြီး တစ်ခါတစ်ရံမှာ မွန်းကျပ်စေနိုင်ပါတယ်။ နှစ်ယောက်ကြားက နှောင်ကြိုးက ငယ်စဉ်ကလေးဘဝမှစတင်ပြီး ကြီးပြင်းအရွယ်ရောက်လာတဲ့အထိ ဆက်သွားပါတယ်။ မိခင်နဲ့ သမီးနှောင်ကြိုးရဲ့ အဆင့်သုံးဆင့်မှာ အောက်ပါတို့ပါဝင်ပါတယ်။
၁။ အမေ-မိန်းကလေးဆက်ဆံရေး
ဒီပထမအဆင့်မှာ မိခင်က မိန်းကလေးရဲ့တစ်ဦးတည်းသော ယုံကြည်ရသူကို ကိုယ်စားပြုနိုင်ပါတယ်။ ကလေးမလေးက ကျောင်းနှင့်ပတ်သတ်တဲ့ ပထမဆုံး လျှို့ဝှက်ချက်တွေကို၊ သူငယ်ချင်းအသစ်တွေအကြောင်းမှတ်ချက်တွေကို ဝေမျှပါတယ်။ သူတို့နှစ်ယောက်ကြားက ယုံကြည်မှုက ပြည့်စုံပါတယ်။ ၎င်းက သူတို့ရဲ့အတွေးတွေ၊ ခံစားချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပေးပါတယ်။ ဒီတုံ့ပြန်မှုအားလုံးကို ငယ်စဉ်ကလေးဘဝမှာ လှပတဲ့နှောင်ကြိုးတစ်မျှင်အဖြစ် ဘာသာပြန်ပါတယ်။ သို့သော် နှစ်တွေကြာလာတာနဲ့အမျှ ပဋိပက္ခတွေ ပေါ်လာနိုင်ပြီး ဆက်ဆံရေးဟာ ပိုရှုပ်ထွေးလာပါတယ်။

၂။ မိခင်- ဆယ်ကျော်သက် ဆက်ဆံရေး
စကားများတဲ့ ကလေးမလေးက ထိန်းချုပ်ရခက်တဲ့ စိတ်ခံစားမှုရှိသော လူတစ်ယောက်ဖြစ်လာပါတယ်။ ဒီအချိန်မှာ သူ့အမေကို ယုံကြည်ဖို့ သမီးအတွက် ပိုရှုပ်ထွေးလာပါတယ်။ မြီးကောင်ပေါက်အရွယ်မှာ မိန်းကလေးတွေက သူတို့မိသားစုဆီကနေ ပိုလွတ်လပ်မှုကို ရှာဖွေကြပါတယ်၊ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ရေးက ပိုခိုင်မာလာပါတယ်။ ဒါ့ကြောင့် crush အကြောင်းကဲ့သို့သော သူမရဲ့ လျှို့ဝှက်ချက်တွေကို သူငယ်ချင်းတွေနဲ့ ဝေမျှရတာ ပိုသဘောကျလာပါတယ်။ ဒီကာလအတွင်းမှာ မိခင်နဲ့ သမီးတို့့အကြား ပဋိပက္ခတွေက တဖြည်းဖြည်း ကြီးထွားလာနိုင်ပါတယ်။ သမီးတွေက လွတ်လပ်မှုကို ရှာဖွေရင်း ပုန်ကန်ဖို့ အခွင့်အလမ်းများလာပါတယ်။ အခြားကိစ္စတွေမှာ သမီးတွေဟာ ဆန့်ကျင်ဘက်အမြင်တွေကို ပိုင်ဆိုင်တတ်ကြပြီး သူတို့ရဲ့ကိုယ်ပိုင်စရိုက်ကို ခိုင်မာအောင် ကြိုးပမ်းကြပါတယ်။

၃။ အမေ- အရွယ်ရောက်သမီး ဆက်ဆံရေး
လူကြီးလောကထဲကို ဝင်လာတဲ့အခါ အရာအားလုံးက သဘာဝပိုကျလာပါတယ်။ သမီးတွေ ရင့်ကျက်လာတဲ့အခါ သူမရဲ့ အထိန်းအကွယ်မနာခံမှုကို ထပ်လောင်းအတည်ပြုပါတယ်။ အမေက သူ့သမီးရဲ့နေထိုင်မှုပုံစံကို မလွှမ်းမိုးနိုင်၊ မကန့်သတ်နိုင်ပါဘူး။ ဒါ့ကြောင့် မိခင်ဖြစ်သူတွေဟာ သမီးကို ပြုစုပျိုးထောင်ရမယ့် အချိန်ကျော်လွန်သွားပြီး သူမနဲ့ ကျန်းမာသောနှောင်ကြိုးရှိခြင်းပေါ်မှာသာ အာရုံစိုက်ရမယ့်အချိန်ဖြစ်ကြောင်း နားလည်ရပါမယ်။

မိခင်နဲ့ သမီးတို့အကြား ပြောဆိုဆက်ဆံမှုကို အားပေးသော အချက် (၆)ချက်
အမေတစ်ယောက်အနေနဲ့ သမီးရဲ့ဘဝမှာ အနှောက်အယှက်ကင်းစွာနဲ့ ရှိနေပေးပါ။ သူ့ကို အကဲဖြတ်တယ်လို့ ခံစားရရင် လျှို့ဝှက်ချက်တွေ၊ သူမရဲ့စူးစမ်းလိုစိတ်တွေနဲ့ သင့်ကို ယုံကြည်ဖို့ ဆန္ဒရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ယုံကြည်စိတ်ချရသော အခန်းကဏ္ဍမှာ ရှိတယ်ဆိုရင်တောင် အကွာအဝေးထားဖို့ အကြံပြုပါတယ်။ ဒီအရာကို အောင်မြင်နိုင်တဲ့ နည်းလမ်းအချို့ ရှိပါတယ်။
၁။ သမီးအား ငယ်ရွယ်စဉ်ကတည်းက စကားပြောပေးပါ
သမီးနဲ့ အရေးကြီးကိစ္စတွေ ပြောဆိုခြင်းက ဆယ်ကျော်သက်အရွယ်မတိုင်ခင် စတင်လုပ်ဆောင်သင့်တဲ့အရာဖြစ်ပါတယ်။ သူမရင့်ကျက်လာတာနဲ့မျှ အထူးသဖြင့် အသက် ၁၁နှစ်နဲ့ ၁၄နှစ်အတွင်းမှာ သင့်လျော်တဲ့ ဆွေးနွေးမှုတွေ၊ တိုးတတ်မှုတွေ ရှိလာပါမယ်။
၂။ ပွင့်လင်းတဲ့စိတ်ရှိခြင်းက သင့်ကို ပြောပြဖို့ ကူညီပါလိမ့်မယ်
နည်းနည်းပဲ ဝေဖန်ပြီး များများပွင့်လင်းတဲ့ အမေဖြစ်ရင် သမီးဖြစ်သူက ရင်ဖွင့်ဖို့ ပိုဆန္ဒရှိလာပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ မေးခွန်းတွေ သင်မေးတဲ့အခါ သူမက တုံ့ပြန်ဖို့၊ အချက်အလက်တွေ နောက်ထပ်ဝေမျှဖို့ ငြင်းဆန်နိုင်ပါတယ်။ မဝေမျှချင်တဲ့ အသေးစိတ်အချက်အလက်တွေကို ဝေမျှဖို့ သူမကို ဖိအားပေးတာမျိုးကို ရှာင်ပါ။
၃။ အမေတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ဖြစ်ခြင်းအကြား မျှတမှုကို ရှာဖွေပါ
သော့ချက်တစ်ခုကတော့ ငယ်ရွယ်စဉ်ကတည်းက မိခင်နဲ့ သမီးဆက်ဆံရေးကို ဟန်ချက်ညီစေဖို့ ဖြစ်ပါတယ်။ အရွယ်ရောက်လာမှ သမီးနဲ့ အရမ်းရင်းနှီးဖို့ ကြိုးစားတာဟာ အကျိုးမရှိပါဘူး။ မိခင်တစ်ယောက်ဟာ သူငယ်ချင်းတစ်ယောက် ဖြစ်နိုင်၊ ယုံကြည်စိတ်ချရသူ ဖြစ်နိုင်သော်လည်း မိခင်တစ်ယောက်အဖြစ် အမြဲတမ်း ဆက်ရှိနေရပါမယ်။
“အမေနဲ့ သမီးကြားက အချစ်က ဘယ်တော့မှခွဲခြားလို့မရဘူး” –Viola Shipman–

၄။ မိသားစုဓလေ့ထုံးတမ်းတွေကို ဝေမျှပါ
မိသားစု ဓလေ့ထုံးတမ်းတွေက မိခင်နဲ့ သမီးတွေအား အတူတူ ပျော်ရွှင်စွာ နေခွင့်ပြုတဲ့ အခမ်းအနားတွေ၊ ပွဲတွေ (သို့) အခါသမယတွေ ဖြစ်နိုင်ပါတယ်။ သမီးအတွက် ဒီအခိုက်အတန့်တွေက ဇာတ်လမ်းတွေ၊ စိုးရိမ်မှုတွေနဲ့ အတွေ့အကြုံတွေ ဝေမျှခွင့်ကို ကိုယ်စားပြုပါတယ်။ ဒီလုပ်ဆောင်မှုတွေကို စောစောစီးစီးစတင်ရင် သမီးဖြစ်သူဟာ ဆယ်ကျော်သက်အရွယ်နဲ့ အရွယ်ရောက်ချိန်မှာ ဒီအကျင့်တွေကို ထိန်းသိမ်းပါလိမ့်မယ်။
၅။ သမီးနှင့်အတူ အဖြေရှာပါ
သူမ မှာရှိတဲ့ ပြဿနာတစ်ခုအကြောင်း သင်ပြောတဲ့အခါ သူမရဲ့ ဖြေရှင်းချက်တွေနဲ့ အကြံပြုခွင့်ပေးပါ။ သူမနှင့်အတူ ဖြေရှင်းဖို့ ကြိုးစားပါ။ မိန်းကလေးတွေက အကြံဉာဏ် လိုအပ်တတ်ပါတယ်၊ သို့သော်သူတို့က ဖြေရှင်းချက်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်စေချင်ပါတယ်။ ဒီနည်းက သူမပြဿနာတစ်ခု ကြုံလာရင် သင့်ကို ဖွင့်ပြောဖို့ အားပေးပါလိမ့်မယ်။
၆။ သမီးနှင့်အတူ စကားစမြည်ပြောဖို့ လက်ရှိမီဒီယာကိုသုံးပါ
သမီးနဲ့ ပြောဆိုဆက်ဆံမှုကို သင့်ဘဝရဲ့အရေးပါသော အစိတ်အပိုင်းတစ်ခုအနေနဲ့ ထားပါ။ communication tools အသစ်တွေက ဆက်ဆံရေးကို ခိုင်မာစေနိုင်ပါတယ်။ ပြဿနာတွေကို ဆွေးနွေးဖို့ အမြင်တွေကို ဖလှယ်ဖို့ မတွန့်ဆုတ်ပါနဲ့။
အတိုချုပ်အားဖြင့် မိန်းကလေးတွေဟာ မိခင်နဲ့ စကားပြောရတာကို ပိုနှစ်သက်သော်လည်း မိခင်နဲ့ သမီးကြားက ဆက်ဆံရေးဟာ ဘယ်တော့မှ မရိုးရှင်းတာကို သိထားသင့်ပါတယ်။
Chit_MayMay
LM_Nandar
Source-youaremom