ယနေ့ မေမေတို့အတွက် မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်နဲ့ ကလေးမှာ ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရနိုင်တဲ့ အကြောင်းကို ပြောပြချင်ပါတယ်။ အချို့သော မိခင်တွေဟာ အမျိုးမျိုးသော အကြောင်းရင်းတွေနဲ့ မိခင်နို့မတိုက်နိုင်ကြပါဘူး။ ရင်သွေးငယ်တွေကို တတ်နိုင်သလောက် မိခင်နို့တိုက်ကျွေးတာက ပိုကောင်းပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ ရင်သွေးငယ်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေရစေပါတယ်။ မိခင်နို့တိုက်ကျွေးတာက ကလေးနှင့် မေမေတို့အတွက် ဘာ့ကြောင့်ကောင်းသလဲဆိုတာကို ဖတ်ကြည့်လိုက်ပါနော်။

မိခင်နို့က ကလေးရဲ့ အာဟာရလိုအပ်ချက်တွေကို ဖြည့်စွမ်းပေးပါတယ်
မိခင််နို့မှာ ဗီတာမင်တွေ၊ သတ္တုဓါတ်တွေ ပရိုတိန်းဓါတ်တွေ ပါဝင်ပြီး ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ ပဋိဇီဝပစ္စည်းတွေ ပါဝင်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ မဖြစ်စေပါဘူး။ ကလေးကို ကြီးထွားဖွံ့ဖြိုးပြီး ဉာဏ်ရည်လည်း မြင့်မားစေပါတယ်။
မွေးကင်းစကလေး ရုတ်တရက်သေဆုံးတဲ့ အန္တရာယ်(SIDS)ကို လျှော့နည်းစေပါတယ်
မွေးကင်းစကလေး ရုတ်တရက် သေဆုံးတဲ့ရောဂါဟာ ကမ္ဘာတစ်ဝှမ်းမှ မိသားစုအများစု တွေ့ကြုံခံစားရတဲ့ စိတ်ထိခိုက်စရာ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းက SIDS ဖြစ်ဖို့အခွင့်အလမ်း ၅၀ရာခိုင်နှုန်းခန့် လျော့ကျစေပါတယ်။
နို့တိုက်ခြင်းက ဖျားနားမှုကို လျော့နည်းစေပါတယ်
မိခင်နို့က ဆီးချိုရောဂါအမျိုးအစား ၁၊ celiac diseaseနဲ့ Chron’s disease ဆိုတဲ့အူရောဂါတွေကဲ့သို့သော နာတာရှည်ရောဂါတွေရဲ့ အန္တရာယ်ကို လျှော့ကျစေပါတယ်။ ဒီဖျားနာမှုတွေကို ရှောင်ကြဉ်ဖို့ မိခင်နို့ တိုက်ကျွေးသင့်ပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းက မိခင်ကို မြန်မြန် ကျန်းမာလာစေပါတယ်
နို့တိုက်ကျွေးတဲ့ မိခင်တစ်ယောက်ဟာ မီးဖွားပြီးနောက် မြန်မြန် နာလန်ထူလာစေပြီး ဗိုက်ခွဲမွေးထားတဲ့ ဒဏ်ရာကို မြန်မြန် ကျက်စေပါတယ်။ ကလေးကို နို့တိုက်တဲ့အခါ သားအိမ်ကို ကျုံသွားစေတာကြောင့် ကလေးမွေးပြီး သွေးအများကြီး ဆင်းတာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် မိခင်နို့တိုက်ခြင်းက သားအိမ်ကို ပုံမှန်အရွယ်အစား မြန်မြန် ပြန်ဖြစ်စေပါတယ်။ နို့တိုက်ကျွေးတဲ့အခါ ခြောက်ပတ်လောက်မှာ ပြန်လည်ကျန်းမာလာနိုင်ပြီး မိခင်နို့မတိုက်ကျွေးပါက ၁၀ ပတ်လောက်မှ ပြန်လည်နာထန်ထူလာစေနိုင်ပါတယ်။
အရိုးတွေကို ပိုမိုအားကောင်းစေပါတယ်
မိခင်နို့တိုက်ကျွေးတဲ့ အမျိုးသမီးဟာ သွေးဆုံးပြီးနောက် အရိုးပွရောဂါ ခံစားရတဲ့ အန္တရာယ်ကို လျော့နည်းစေပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ပြီးတဲ့အချိန် နို့တိုက်ကျွေးပြီးနောက် သူမခန္ဓာကိုယ်က ကယ်လစီယမ်တွေကို ပိုမိုထိရောက်စွာ အများကြီး စုပ်ယူပါတယ်။ ကျောရိုးနှင့် တင်ပါးကဲ့သို့သော တချို့အရိုးတွေက သိပ်သည်းဆနည်းနိုင်တာကြောင့် ခြောက်လအကြာမှာ ကိုယ်ဝန်မဆောင်ခင်ကထက် ပိုအားကောင်းလာပါလိမ့်မယ်။
ကယ်လိုရီတွေကို ပိုပြီးလောင်ကျွမ်းစေပါတယ်
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ပုံမှန်အားဖြင့် ကိုယ်အလေးချိန်တတ်လေ့ရှိပြီး ကလေးမွေးပြီးတဲ့အခါ ကျဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် မိခင်နို့တိုက်ကျွေးခြင်းက ကယ်လိုရီအပိုတွေကို နေ့ရက်တိုင်းမှာ လောင်ကျွမ်းစေပါတယ်။ မျှတတဲ့ အစားအသောက်စားပြီး ရင်သွေးငယ်ကို နို့တိုက်ကျွေးမယ်ဆိုရင် ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန်ပြန်ရဖို့ သိပ်မခက်ခဲတော့ပါဘူး။ မိခင်နို့တိုက်တာက တစ်နေ့ကို ကယ်လိုရီအပို ၅၀၀ခန့် လောင်ကျွမ်းပါတယ်။
ဒါက သင့်ရဲ့ ယခင်အလေးချိန်ကို ပြန်ရဖို့ ကူညီနိုင်ပေမယ့် ကျန်းမာတဲ့ လူနေမှုပုံစံတစ်ခုကို ထိန်းသိမ်းမှ သာလျှင် ရမှာဖြစ်ပါတယ်။
မီးဖွားပြီးနောက် စိတ်ကျရောဂါ ခံစားရနိုင်ခြေကို လျော့နည်းစေပါတယ်
မီးဖွားပြီးနောက်ပိုင်း ဖြစ်တတ်တဲ့ စိတ်ဓါတ်ကျရောဂါဟာ ကလေးမွေးပြီးနောက်ပိုင်း အမျိုးသမီးအများစု ခံစားရတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်မှသာ ဒါကို ဆန့်ကျင် တိုက်ထုတ်နိုင်ပါလိမ့်မယ်။ မိခင်နို့တိုက်ကျွေးခြင်းက ဟော်မုန်းတွေကို တည်ငြိမ်အောင် ထိန်းပေးထားနိုင်တဲ့ oxytocin ကိုထုတ်ပေးပါတယ်။ ဟော်မုန်းတွေ တည်ငြိမ်မှုရှိတာက မီးဖွားပြီးနောက်ပိုင်း စိတ်ကျရောဂါမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
မိခင်နှင့် ကလေးအတွက် မိခင်နို့တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးတွေကို အများကြီးသိသွားပြီလို့ မျှော်လင့်မိပါတယ်။
Chit_MayMay
LM_Nandar
ZawGyi
မိခင္ႏွင့္ ကေလးအတြက္ မိခင္ႏို႔တိုက္ေကြၽးျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ား
ယေန႔ ေမေမတို႔အတြက္ မိခင္ႏို႔တိုက္ေကြၽးျခင္းေၾကာင့္ မိခင္နဲ႔ ကေလးမွာ က်န္းမာေရးေကာင္းက်ိဳးေတြ အမ်ားႀကီးရႏိုင္တဲ့ အေၾကာင္းကို ေျပာျပခ်င္ပါတယ္။ အခ်ိဳ႕ေသာ မိခင္ေတြဟာ အမ်ိဳးမ်ိဳးေသာ အေၾကာင္းရင္းေတြနဲ႔ မိခင္ႏို႔မတိုက္ႏိုင္ၾကပါဘူး။ ရင္ေသြးငယ္ေတြကို တတ္ႏိုင္သေလာက္ မိခင္ႏို႔တိုက္ေကြၽးတာက ပိုေကာင္းပါတယ္။ မိခင္ႏို႔တိုက္ေကြၽးျခင္းဟာ ရင္ေသြးငယ္ေတြအတြက္ အဖိုးမျဖတ္ႏိုင္တဲ့ အက်ိဳးေက်းဇူးေတြရေစပါတယ္။ မိခင္ႏို႔တိုက္ေကြၽးတာက ကေလးႏွင့္ ေမေမတို႔အတြက္ ဘာ့ေၾကာင့္ေကာင္းသလဲဆိုတာကို ဖတ္ၾကည့္လိုက္ပါေနာ္။
မိခင္ႏို႔က ကေလးရဲ႕ အာဟာရလိုအပ္ခ်က္ေတြကို ျဖည့္စြမ္းေပးပါတယ္
မိခင္္ႏို႔မွာ ဗီတာမင္ေတြ၊ သတၱဳဓါတ္ေတြ ပ႐ိုတိန္းဓါတ္ေတြ ပါဝင္ၿပီး ေရာဂါပိုးေတြကို တိုက္ဖ်က္ႏိုင္တဲ့ ပဋိဇီဝပစၥည္းေတြ ပါဝင္ပါတယ္။ အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါေတြ၊ ဝမ္းပ်က္ဝမ္းေလွ်ာတာေတြ မျဖစ္ေစပါဘူး။ ကေလးကို ႀကီးထြားဖြံ႕ၿဖိဳးၿပီး ဉာဏ္ရည္လည္း ျမင့္မားေစပါတယ္။
ေမြးကင္းစကေလး ႐ုတ္တရက္ေသဆုံးတဲ့ အႏၲရာယ္(SIDS)ကို ေလွ်ာ့နည္းေစပါတယ္
ေမြးကင္းစကေလး ႐ုတ္တရက္ ေသဆုံးတဲ့ေရာဂါဟာ ကမာၻတစ္ဝွမ္းမွ မိသားစုအမ်ားစု ေတြ႕ႀကဳံခံစားရတဲ့ စိတ္ထိခိုက္စရာ ျဖစ္ရပ္တစ္ခုျဖစ္ပါတယ္။ မိခင္ႏို႔တိုက္ေကြၽးျခင္းက SIDS ျဖစ္ဖို႔အခြင့္အလမ္း ၅၀ရာခိုင္ႏႈန္းခန္႔ ေလ်ာ့က်ေစပါတယ္။
ႏို႔တိုက္ျခင္းက ဖ်ားနားမႈကို ေလ်ာ့နည္းေစပါတယ္
မိခင္ႏို႔က ဆီးခ်ိဳေရာဂါအမ်ိဳးအစား ၁၊ celiac diseaseနဲ႔ Chron’s disease ဆိုတဲ့အူေရာဂါေတြကဲ့သို႔ေသာ နာတာရွည္ေရာဂါေတြရဲ႕ အႏၲရာယ္ကို ေလွ်ာ့က်ေစပါတယ္။ ဒီဖ်ားနာမႈေတြကို ေရွာင္ၾကဥ္ဖို႔ မိခင္ႏို႔ တိုက္ေကြၽးသင့္ပါတယ္။
မိခင္ႏို႔တိုက္ေကြၽးျခင္းက မိခင္ကို ျမန္ျမန္ က်န္းမာလာေစပါတယ္
ႏို႔တိုက္ေကြၽးတဲ့ မိခင္တစ္ေယာက္ဟာ မီးဖြားၿပီးေနာက္ ျမန္ျမန္ နာလန္ထူလာေစၿပီး ဗိုက္ခြဲေမြးထားတဲ့ ဒဏ္ရာကို ျမန္ျမန္ က်က္ေစပါတယ္။ ကေလးကို ႏို႔တိုက္တဲ့အခါ သားအိမ္ကို က်ဳံသြားေစတာေၾကာင့္ ကေလးေမြးၿပီး ေသြးအမ်ားႀကီး ဆင္းတာေတြကို သက္သာေစပါတယ္။ ဒါ့အျပင္ မိခင္ႏို႔တိုက္ျခင္းက သားအိမ္ကို ပုံမွန္အ႐ြယ္အစား ျမန္ျမန္ ျပန္ျဖစ္ေစပါတယ္။ ႏို႔တိုက္ေကြၽးတဲ့အခါ ေျခာက္ပတ္ေလာက္မွာ ျပန္လည္က်န္းမာလာႏိုင္ၿပီး မိခင္ႏို႔မတိုက္ေကြၽးပါက ၁၀ ပတ္ေလာက္မွ ျပန္လည္နာထန္ထူလာေစႏိုင္ပါတယ္။
အ႐ိုးေတြကို ပိုမိုအားေကာင္းေစပါတယ္
မိခင္ႏို႔တိုက္ေကြၽးတဲ့ အမ်ိဳးသမီးဟာ ေသြးဆုံးၿပီးေနာက္ အ႐ိုးပြေရာဂါ ခံစားရတဲ့ အႏၲရာယ္ကို ေလ်ာ့နည္းေစပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ဟာ ကိုယ္ဝန္ေဆာင္ၿပီးတဲ့အခ်ိန္ ႏို႔တိုက္ေကြၽးၿပီးေနာက္ သူမခႏၶာကိုယ္က ကယ္လစီယမ္ေတြကို ပိုမိုထိေရာက္စြာ အမ်ားႀကီး စုပ္ယူပါတယ္။ ေက်ာ႐ိုးႏွင့္ တင္ပါးကဲ့သို႔ေသာ တခ်ိဳ႕အ႐ိုးေတြက သိပ္သည္းဆနည္းႏိုင္တာေၾကာင့္ ေျခာက္လအၾကာမွာ ကိုယ္ဝန္မေဆာင္ခင္ကထက္ ပိုအားေကာင္းလာပါလိမ့္မယ္။
ကယ္လိုရီေတြကို ပိုၿပီးေလာင္ကြၽမ္းေစပါတယ္
ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြဟာ ပုံမွန္အားျဖင့္ ကိုယ္အေလးခ်ိန္တတ္ေလ့ရွိၿပီး ကေလးေမြးၿပီးတဲ့အခါ က်ဖို႔ ခက္ခဲပါတယ္။ ဒါေပမယ့္ မိခင္ႏို႔တိုက္ေကြၽးျခင္းက ကယ္လိုရီအပိုေတြကို ေန႔ရက္တိုင္းမွာ ေလာင္ကြၽမ္းေစပါတယ္။ မွ်တတဲ့ အစားအေသာက္စားၿပီး ရင္ေသြးငယ္ကို ႏို႔တိုက္ေကြၽးမယ္ဆိုရင္ ကိုယ္ဝန္မေဆာင္ခင္ ကိုယ္အေလးခ်ိန္ျပန္ရဖို႔ သိပ္မခက္ခဲေတာ့ပါဘူး။ မိခင္ႏို႔တိုက္တာက တစ္ေန႔ကို ကယ္လိုရီအပို ၅၀၀ခန္႔ ေလာင္ကြၽမ္းပါတယ္။
ဒါက သင့္ရဲ႕ ယခင္အေလးခ်ိန္ကို ျပန္ရဖို႔ ကူညီႏိုင္ေပမယ့္ က်န္းမာတဲ့ လူေနမႈပုံစံတစ္ခုကို ထိန္းသိမ္းမွ သာလွ်င္ ရမွာျဖစ္ပါတယ္။
မီးဖြားၿပီးေနာက္ စိတ္က်ေရာဂါ ခံစားရႏိုင္ေျခကို ေလ်ာ့နည္းေစပါတယ္
မီးဖြားၿပီးေနာက္ပိုင္း ျဖစ္တတ္တဲ့ စိတ္ဓါတ္က်ေရာဂါဟာ ကေလးေမြးၿပီးေနာက္ပိုင္း အမ်ိဳးသမီးအမ်ားစု ခံစားရတဲ့ ေဝဒနာတစ္ခုျဖစ္ပါတယ္။ စိတ္ပိုင္းဆိုင္ရာ က်န္းမာတဲ့ အမ်ိဳးသမီးတစ္ေယာက္မွသာ ဒါကို ဆန္႔က်င္ တိုက္ထုတ္ႏိုင္ပါလိမ့္မယ္။ မိခင္ႏို႔တိုက္ေကြၽးျခင္းက ေဟာ္မုန္းေတြကို တည္ၿငိမ္ေအာင္ ထိန္းေပးထားႏိုင္တဲ့ oxytocin ကိုထုတ္ေပးပါတယ္။ ေဟာ္မုန္းေတြ တည္ၿငိမ္မႈရွိတာက မီးဖြားၿပီးေနာက္ပိုင္း စိတ္က်ေရာဂါမျဖစ္ေအာင္ ကူညီေပးႏိုင္ပါတယ္။
မိခင္ႏွင့္ ကေလးအတြက္ မိခင္ႏို႔တိုက္ေကြၽးျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို အမ်ားႀကီးသိသြားၿပီလို႔ ေမွ်ာ္လင့္မိပါတယ္။