ကလေးငယ်များကို မွေးကင်းစမှ ၆ လအတွင်းတွင် အခြားအစားအစာများ၊ ရေ သို့မဟုတ် နို့မှုန့်တိုက်ကျွေးခြင်းများ မလိုအပ်ဘဲ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းဖြင့် ကျန်းမာသန်စွမ်းပျော်ရွှင်ကာ ဉာဏ်ရည်ထက်မြက်သည့် ကလေးငယ်များဖြစ်လာစေရန် ပျိုးထောင်နိုင်သည်ကို နိုင်ငံတစ်ကာအသိအမှတ်ပြု ကျန်းမာရေးအဖွဲ့အစည်းများမှ ထောက်ခံခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း မိခင်များအတွက် ကလေးငယ်များကိုမွေးဖွားပြီး အချိန်ပြည့်လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြသည့်အခါတွင် အလုပ်နှင့် ကလေးသူငယ်ပြုစုစောင့်ရှောက်မှုအကြား အခက်အခဲများကို ရုန်းကန်နေရလျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ စီးပွားရေးဦးဆောင် လုပ်ငန်းစုကြီးများဖြစ်ကြသည့် City Mart Holdings Co., Ltd နှင့် KBZ ဘဏ် တို့သည် ၎င်းအဖွဲ့အစည်းများ၏ မူဝါဒများတွင် မိခင်များအနေဖြင့် ကလေးငယ်များအတွက် မိခင်နို့တိုက်ကျွေးရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေးကို ထည့်သွင်းကာ အထူးပံ့ပိုးအားပေး လျက်ရှိပါသည်။ အဆိုပါ လုပ်ငန်းစုနှစ်ခုတို့သည် မိခင်နို့တိုက်ကျွေးနေသည့် မိခင်များကို အားဖြည့်ပံ့ပိုးပေးရန်ရည်ရွယ်ပြီး ၆လ – မိခင်နို့မှတပါးအခြားမလို ဆိုသည့် လူထုအသိပညာပေးလှုံ့ဆော်မှုအစီအစဉ်တွင် ပင်တိုင်မိတ်ဖက်အဖွဲ့အစည်းများ အဖြစ် ပါဝင်ခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် ၎င်းတို့၏ အဖွဲ့အစည်းအား မိခင်နို့ကို ပိုမိုအဆင်ပြေချောမွေ့စွာ တိုက်ကျွေးနိုင်သည့် လုပ်ငန်းခွင်များအဖြစ် မှတ်ကျောက်တင် အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

City Mart Holdings Co., Ltd နှင့် KBZ ဘဏ်တို့သည် မိခင်နို့တိုက်ကျွေးသည့် မိခင်များကို ထောက်ခံအားပေးအနေဖြင့် ၎င်းတို့၏ လုပ်ငန်းခွင်တွင် မိခင်များအတွက် ပိုမိုအဆင်ပြေချောမွေ့စွာဖြင့် မိခင်နို့တိုက်ကျွေးနိုင်သည့် နေရာများကို စီစဉ်ပေးထားပြီး ဖြစ်ပါသည်။ ယခုနှစ်အတွင်း KBZ ဘဏ်တွင် အမေများအတွက် မိခင်နို့တိုက်ကျွေးနိုင်သည့် သီးသန့်စီစဉ်ထားသည့်အခန်းကို ကမာရွတ်မြို့နယ်ရှိ ရုံးချုပ်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ မိခင်နို့တိုက်ကျွေးနိုင်သည့်အခန်းတွင် မိခင်များ လိုအပ်သည့် သက်သောင့်သက်သာထိုင်နိုင်သည့် ဆိုဖာ၊ ရေခဲသေတ္တာ၊ မိုက်ခရိုဝေ့နှင့် သန့်စင်ခန်းများကို ပံ့ပိုးပေးထားပါသည်။ ထို့အပြင် ၆လ မိခင်နို့ တိုက်ကျွေးရေးပန်းတိုင်ကို အောင်မြင်နိုင်စေရန် ၂၀၁၇ ခုနှစ်တွင် KBZ သည် လုပ်ငန်းခွင်အတွင်းတွင် ဝန်ထမ်းများ၏ ၆လမှ ၃နှစ်အရွယ် ကလေးငယ်များအတွက် ကလေးငယ်များပြုစုစောင့်ရှောက်ရေး စင်တာတစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါသည်။

KBZ ဘဏ်၏ Head of Internal Communications and Public Affairs ဖြစ်သူ ဒေါ်ယုဝေမောင် မှ “ဝန်ထမ်းများအတွက် သူတို့ရဲ့ မိသားစုနဲ့အတူ ပန်းတိုင်များသို့ အတူတကွလျှောက်လှမ်းခြင်းဟာ အဖွဲ့အစည်းအတွက်လည်း အကျိုးကျေးဇူးများ စေသလို လုပ်ငန်းခွင်အတွင်းမှာလည်း မိဘဖြစ်သူတွေဟာ စိတ်ချမ်းမြေ့စွာနဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် တူညီတဲ့ အခွင့်အရေး ပံ့ပိုးမှုတွေကို အလေးထား လျက်ရှိပါတယ်။ ဒီလို ရည်ရွယ်ချက်တွေနဲ့ ၆လ – မိခင်နို့မှတပါးအခြားမလို လူထုအသိပညာပေး လှုံ့ဆော်မှုအစီအစဉ်ရဲ့ ပင်တိုင် မိတ်ဖက်အဖွဲ့အစည်းအဖြစ် အားဖြည့် ပါဝင်ရတာကို ဂုဏ်ယူဝမ်းမြောက်ပါတယ်” ဟု ပြောကြားထားပါသည်။

ထို့အပြင် City Mart Holdings Co., Ltd အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ City Mart စူပါမားကတ်၊ Marketplace နှင့် Ocean Supercenter များရှိ ထောင်ပေါင်းများစွာသော ဝန်ထမ်းများနှင့် ငွေရှင်းကောင်တာများရှိ ဝန်ထမ်းများသည် လှုံ့ဆော်မှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသဖြစ်သည့် Supporter လက်ပတ်လေးများကို အတူတကွ ဝတ်ဆင်ကာ လူထုအသိပညာပေး လှုံ့ဆော်မှုအစီအစဉ်တွင် တက်ညီလက်ညီပါဝင်ပံ့ပိုးခြင်းကို ပြသလျက်ရှိပါသည်။ စက်တင်ဘာလ ၂၄ (တနင်္လာနေ့) မှစ၍ ဖော်ပြပါ မြို့များရှိ လက်လီအရောင်းဆိုင်ပေါင်း ၃၈ ဆိုင်တို့တွင်လည်း Supporter လက်ပတ်များကို ဝယ်ယူနိုင်ပြီဖြစ်ပါသည်။ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းကို အားပေးထောက်ခံသူများအတွက် စီစဉ်ထားသည့် လက်ပတ်များ၏ ရောင်းရငွေကို လူထုအသိပညာပေးလှုံ့ဆော်မှု အစီအစဉ်အတွက်သာ ပံ့ပိုးသွားမည် ဖြစ်ပါသည်။

City Mart Holdings Co., Ltd ၏ Marketing Executive ဖြစ်သူ ဒေါ်နှင်းလဲ့ဝေ မှ “ဈေးဝယ်သူတွေ သို့မဟုတ် အလုပ်သမားတွေအတွက် လုပ်ငန်းခွင်အတွင်းမှာ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ အလေ့အထကို ကျင့်သုံးလျက်ရှိပါတယ်။ ဒီလိုအလေ့အထတွေနဲ့အညီ အခုလို လူထုအသိပညာပေး လှုံ့ဆော်မှုအစီအစဉ်မှာ မိခင်တွေကို ပံ့ပိုးကူညီဖို့၊ ပိုမိုလုံခြုံစိတ်ချပြီး ကျန်းမာတဲ့ လူအသိုက်အဝန်း ဖြစ်လာစေဖို့နဲ့ အထူးသဖြင့် ကလေးငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ကျန်းမာရေးကို ပံ့ပိုးပေးဖို့အတွက် ပါဝင်ဖြစ်ခဲ့တယ်။ ဒါ့အပြင် CMHL ကလည်း ဝန်ထမ်းတွေရဲ့ ကလေးတွေအတွက် ပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှုကို ပံ့ပိုးပေးဖို့ စီစဉ်နေပါတယ်။ အခုအချိန်ကတော့ ဒီဝန်ဆောင်မှုစီမံကိန်းအစီအစဉ်အတွက် အစောပိုင်းကာလမှာပဲရှိသေးပေမဲ့ ဒီစီမံကိန်းကို နှစ်အနည်းငယ်အတွင်း လုပ်ငန်းခွင်မှာ စီစဉ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟုဆိုပါသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အကောင်းဆုံး အစားအစာများ
Alive & Thrive ၏ လေ့လာတွေ့ရှိချက်များအရ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်သည့် မိခင်သည် ကလေးငယ်ကို မိခင်နို့တစ်မျိုးတည်း ၆လပြည့်အောင်တိုက်ကျွေးရေးပန်းတိုင်သို့ တက်လှမ်းနိုင်မှု လျော့ကျလာသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် မိခင်အသစ်များအတွက် မိခင်နို့ဆုံးရှုံးမှုနှင့် အခက်အခဲများ ကြုံတွေ့ရမှုများမရှိစေရန် မိခင်နို့တိုက်ကျွေးခြင်း သို့မဟုတ် မကြာခဏ မိခင်နို့ညစ်ပြီး သိမ်းဆည်းခြင်းစသည့် ဆောင်ရွက်ချက်တွေကို အဆင်ပြေချောမွေ့စွာဖြင့် လုပ်ဆောင်နိုင်မည့် သက်သောင့်သက်သာရှိပြီး သင့်တော်သည့် နေရာများ ပံ့ပိုးပေးမှု အားနည်းသည်ကိုတွေ့ရှိရပါသည်။

ထို့အပြင် ကလေးငယ်များ၏ ဘဝအစ ပထမ ၆လတွင် မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းသည် မိခင်များ၊ ကလေးငယ်များနှင့် ၎င်းတို့ ကိုယ်စားပြုသည့် အနာဂတ် မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများစွာရှိပါသည်။ Alive & Thrive နှင့် UNICEF တို့မှ ပြုစုထားသည့် သုတေသနအချက်အလက်များအရ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခံရသည့်ကလေးငယ်တွင် အသိဉာဏ်ဖွံ့ဖြိုးမှု ပိုကောင်းပြီး IQ အတိုင်းအတာတွင် ၃ဆပိုမြင့်သည်ကို တွေ့ရှိရပါသည်။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းသည် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ သွေးဖြူဥကင်ဆာရောဂါများ ရရှိနိုင်ခြင်းကို လျော့ချပေးပြီး မိခင်တွင်လည်း ဆီးချိုရောဂါ၊ ရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေ နည်းပါးစေပါသည်။ ထို့ကြောင့် မိခင်နို့ကို လိုအပ်သလို သက်သောင့်သက်သာ တိုက်ကျွေးနိုင်သည့် လူမှုအသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာစေခြင်းသည် မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကျန်းမာရေးပြုစုစောင့်ရှောက်မှု ကုန်ကျစရိတ် ဒေါ်လာ ၃.၃၈သန်း အထိသက်သာစေပြီး လူသားအရင်းအမြစ်များကို တိုးမြှင့် ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။
Alive & Thrive ၏ ကိုယ်စားလှယ်ဖြစ်သူ Jennifer Cashin မှ “မြန်မာနိုင်ငံမှာ မိခင်တွေအားလုံးနီးပါးဟာ မိခင်နို့တိုက်ကျွေးကြပါတယ်။ ဒါပေမယ့် ထက်ဝက်ခန့်ကသာ ကလေးငယ်ရဲ့ ဘဝအစ ပထမ ၆လ ပြည့်မီအောင် တိုက်ကျွေးကြတာကို လေ့လာတွေ့ရှိရပါတယ်။ အကယ်၍သာ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေက မိခင်တွေအတွက် ကလေးပြုစုစောင့်ရှောက်ဖို့ လုံလောက်တဲ့ လစာပေးခွင့်ရက်နဲ့ မိခင်နို့တိုက်ကျွေးနိုင်တဲ့ နေရာတွေ စီစဉ်ပေးတာက ဝန်ထမ်းရဲ့ ဘဝနဲ့ တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေးကို တိုးတက်အောင် ပံ့ပိုးကူညီနိုင် ပါတယ်။” ဟုပြောကြားခဲ့ပါသည်။
“၆လ – မိခင်နို့မှတပါး အခြားမလို” ဆိုသည့် လူထုအသိပညာပေးလှုံ့ဆော်မှုအစီအစဉ်သည် Save the Children ၊ UNICEF ၊ Alive & Thrive ၊ GIZ ၊ 3MDG နှင့် LIFT တို့မှ မိခင်နို့တိုက်ကျွေးနေတဲ့အမေတွေကို အားဖြည့်ကူညီရန်ရည်ရွယ်၍ အတူတကွ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ မိခင်များ အဆင်ပြေချောမွေ့စွာဖြင့် မိခင်နို့ တိုက်ကျွေးနိုင်သည့် လူမအသိုက်အဝန်းဖြစ်လာစေရန် City Mart Holdings Co., Ltd နှင့် KBZ ဘဏ်တို့မှ လူထုအသိပညာပေး လှုံဆော်မှု အစီအစဉ်၏ ပင်တိုင်မိတ်ဖက်အဖွဲ့အစည်းများအဖြစ် တစ်တပ်တစ်အား ပါဝင်အားဖြည့်ထားပါသည်။ အဆိုပါ အဖွဲ့အစည်းများသည် မြန်မာ့စီးပွားရေး လုပ်ငန်းအသိုက်အဝန်းကြီးတွင် မိခင်နို့တိုက်ကျွေးနေသည့် အမေများကို ထောက်ခံအားပေးမှုများ ပိုမိုအားကောင်းလာ စေရန်အတွက် လူထုအသိပညာပေး လှုံ့ဆော်မှုအစီအစဉ်တွေကတဆင့် လူအများတက်ကြွစွာပါဝင် အားဖြည့်သွားနိုင်ရန် ရည်ရွယ်ပါသည်။
Chit_may_may
Zawgyi Font
မိခင္မ်ားအား လုပ္ငန္းခြင္မ်ားအတြင္း မိခင္ႏို႔ကို အဆင္ေျပစြာတိုက္ေကၽြးႏိုင္ေစေရးေစဖို႔ စီးပြားေရလုပ္ငန္းမ်ားမွ ကူညီပံ့ပိုး

ကေလးငယ္မ်ားကို ေမြးကင္းစမွ ၆ လအတြင္းတြင္ အျခားအစားအစာမ်ား၊ ေရ သို႔မဟုတ္ ႏို႔မႈန္႔တိုက္ေကၽြးျခင္းမ်ား မလိုအပ္ဘဲ မိခင္ႏို႔တစ္မ်ိဳးတည္းသာ တိုက္ေကၽြးျခင္းျဖင့္ က်န္းမာသန္စြမ္းေပ်ာ္ရႊင္ကာ ဥာဏ္ရည္ထက္ျမက္သည့္ ကေလးငယ္မ်ားျဖစ္လာေစရန္ ပ်ိဳးေထာင္ႏိုင္သည္ကို ႏိုင္ငံတစ္ကာအသိအမွတ္ျပဳ က်န္းမာေရးအဖြဲ႔အစည္းမ်ားမွ ေထာက္ခံခဲ့ၿပီးျဖစ္ပါသည္။ သို႔ေသာ္လည္း မိခင္မ်ားအတြက္ ကေလးငယ္မ်ားကိုေမြးဖြားၿပီး အခ်ိန္ျပည့္လုပ္ငန္းခြင္သို႔ ျပန္လည္ဝင္ေရာက္ၾကသည့္အခါတြင္ အလုပ္ႏွင့္ ကေလးသူငယ္ျပဳစုေစာင့္ေရွာက္မႈအၾကား အခက္အခဲမ်ားကို ရုန္းကန္ေနရလ်က္ရွိပါသည္။ ျမန္မာႏိုင္ငံရွိ စီးပြားေရးဦးေဆာင္ လုပ္ငန္းစုႀကီးမ်ားျဖစ္ၾကသည့္ City Mart Holdings Co., Ltd ႏွင့္ KBZ ဘဏ္ တို႔သည္ ၎အဖြဲ႔အစည္းမ်ား၏ မူ၀ါဒမ်ားတြင္ မိခင္မ်ားအေနျဖင့္ ကေလးငယ္မ်ားအတြက္ မိခင္ႏို႔တိုက္ေကၽြးရာတြင္ အဆင္ေျပေခ်ာေမြ႔မႈရွိေစေရးကို ထည့္သြင္းကာ အထူးပ့ံပိုးအားေပး လ်က္ရွိပါသည္။ အဆိုပါ လုပ္ငန္းစုႏွစ္ခုတို႔သည္ မိခင္နို႔တိုက္ေကၽြးေနသည့္ မိခင္မ်ားကို အားျဖည့္ပံ့ပိုးေပးရန္ရည္ရြယ္ၿပီး ၆လ – မိခင္ႏို႔မွတပါးအျခားမလို ဆိုသည့္ လူထုအသိပညာေပးလႈ႔ံေဆာ္မႈအစီအစဥ္တြင္ ပင္တိုင္မိတ္ဖက္အဖြဲ႔အစည္းမ်ား အျဖစ္ ပါဝင္ခဲ့ပါသည္။ တစ္ဆက္တည္းမွာပင္ ၎တို႔၏ အဖြဲ႔အစည္းအား မိခင္ႏို႔ကို ပိုမိုအဆင္ေျပေခ်ာေမြ႔စြာ တိုက္ေကၽြးႏိုင္သည့္ လုပ္ငန္းခြင္မ်ားအျဖစ္ မွတ္ေက်ာက္တင္ အေကာင္အထည္ ေဖာ္ေဆာင္ႏိုင္ခဲ့ၿပီး ျဖစ္ပါသည္။

City Mart Holdings Co., Ltd ႏွင့္ KBZ ဘဏ္တို႔သည္ မိခင္ႏို႔တုိက္ေကၽြးသည့္ မိခင္မ်ားကို ေထာက္ခံအားေပးအေနျဖင့္ ၎တို႔၏ လုပ္ငန္းခြင္တြင္ မိခင္မ်ားအတြက္ ပိုမိုအဆင္ေျပေခ်ာေမြ႔စြာျဖင့္ မိခင္ႏို႔တုိက္ေကၽြးႏိုင္သည့္ ေနရာမ်ားကို စီစဥ္ေပးထားၿပီး ျဖစ္ပါသည္။ ယခုနွစ္အတြင္း KBZ ဘဏ္တြင္ အေမမ်ားအတြက္ မိခင္ႏို႔တိုက္ေကၽြးႏိုင္သည့္ သီိးသန႔္စီစဥ္ထားသည့္အခန္းကို ကမာရြတ္ၿမိဳ႕နယ္ရွိ ရံုးခ်ဳပ္တြင္ စတင္ဖြင့္လွစ္ေပးခဲ့ၿပီး ျဖစ္ပါသည္။ အဆိုပါ မိခင္ႏို႔တိုက္ေကၽြးႏိုင္သည့္အခန္းတြင္ မိခင္မ်ား လိုအပ္သည့္ သက္ေသာင့္သက္သာထုိင္ႏိုင္သည့္ ဆိုိဖာ၊ ေရခဲေသတၱာ၊ မိုက္ခရိုေဝ့ႏွင့္ သန္႔စင္ခန္းမ်ားကို ပံ့ပိုးေပးထားပါသည္။ ထို႔အျပင္ ၆လ မိခင္ႏို႔ တုိက္ေကၽြးေရးပန္းတိုင္ကို ေအာင္ျမင္ႏို္င္ေစရန္ ၂၀၁၇ ခုႏွစ္တြင္ KBZ သည္ လုပ္ငန္းခြင္အတြင္းတြင္ ဝန္ထမ္းမ်ား၏ ၆လမွ ၃ႏွစ္အရြယ္ ကေလးငယ္မ်ားအတြက္ ကေလးငယ္မ်ားျပဳစုေစာင့္ေရွာက္ေရး စင္တာတစ္ခုကို ဖြင့္လွစ္ေပးခဲ့ပါသည္။

KBZ ဘဏ္၏ Head of Internal Communications and Public Affairs ျဖစ္သူ ေဒၚယုေဝေမာင္ မွ “ဝန္ထမ္းမ်ားအတြက္ သူတို႔ရဲ႕ မိသားစုနဲ႔အတူ ပန္းတိုင္မ်ားသို႔ အတူတကြေလ်ွာက္လွမ္းျခင္းဟာ အဖြဲ႔အစည္းအတြက္လည္း အက်ဳိးေက်းဇူးမ်ား ေစသလို လုပ္ငန္းခြင္အတြင္းမွာလည္း မိဘျဖစ္သူေတြဟာ စိတ္ခ်မ္းေျမ႕စြာနဲ႔ ေဆာင္ရြက္ႏုိင္မွာ ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြအတြက္ တူညီတဲ့ အခြင့္အေရး ပံ့ပိုးမႈေတြကို အေလးထား လ်က္ရွိပါတယ္။ ဒီလို ရည္ရြယ္ခ်က္ေတြနဲ႔ ၆လ – မိခင္ႏို႔မွတပါးအျခားမလို လူထုအသိပညာေပး လႈံ႔ေဆာ္မႈအစီအစဥ္ရဲ႕ ပင္တိုင္ မိတ္ဖက္အဖြဲ႔အစည္းအျဖစ္ အားျဖည့္ ပါဝင္ရတာကို ဂုဏ္ယူဝမ္းေျမာက္ပါတယ္” ဟု ေျပာၾကားထားပါသည္။

ထို႔အျပင္ City Mart Holdings Co., Ltd အေနျဖင့္ ရန္ကုန္၊ မႏၱေလးႏွင့္ ေနျပည္ေတာ္ရွိ City Mart စူပါမားကတ္၊ Marketplace ႏွင့္ Ocean Supercenter မ်ားရွိ ေထာင္ေပါင္းမ်ားစြာေသာ ဝန္ထမ္းမ်ားႏွင့္ ေငြရွင္းေကာင္တာမ်ားရွိ ဝန္ထမ္းမ်ားသည္ လႈံ႔ေဆာ္မႈ အစီအစဥ္၏ တစ္စိတ္တစ္ေဒသျဖစ္သည့္ Supporter လက္ပတ္ေလးမ်ားကို အတူတကြ ဝတ္ဆင္ကာ လူထုအသိပညာေပး လႈံ႔ေဆာ္မႈအစီအစဥ္တြင္ တက္ညီလက္ညီပါဝင္ပ့ံပိုးျခင္းကို ျပသလ်က္ရွိပါသည္။ စက္တင္ဘာလ ၂၄ (တနလၤာေန႔) မွစ၍ ေဖာ္ျပပါ ၿမိဳ႕မ်ားရွိ လက္လီအေရာင္းဆိုုင္ေပါင္း ၃၈ ဆိုင္တို႔တြင္လည္း Supporter လက္ပတ္မ်ားကို ဝယ္ယူႏိုင္ၿပီျဖစ္ပါသည္။ မိခင္ႏိို႔တစ္မ်ိဳးတည္း တိုက္ေကၽြးျခင္းကို အားေပးေထာက္ခံသူမ်ားအတြက္ စီစဥ္ထားသည့္ လက္ပတ္မ်ား၏ ေရာင္းရေငြကို လူထုအသိပညာေပးလႈံ႕ေဆာ္မႈ အစီအစဥ္အတြက္သာ ပံ့ပိုးသြားမည္ ျဖစ္ပါသည္။

City Mart Holdings Co., Ltd ၏ Marketing Executive ျဖစ္သူ ေဒၚႏွင္းလဲ့ေဝ မွ “ေစ်းဝယ္သူေတြ သို႔မဟုတ္ အလုပ္သမားေတြအတြက္ လုပ္ငန္းခြင္အတြင္းမွာ အတူတကြပူးေပါင္းေဆာင္ရြက္ျခင္းဆိုတဲ့ အေလ့အထကို က်င့္သံုးလ်က္ရွိပါတယ္။ ဒီလိုအေလ့အထေတြနဲ႔အညီ အခုလို လူထုအသိပညာေပး လႈံ႔ေဆာ္မႈအစီအစဥ္မွာ မိခင္ေတြကို ပံ့ပိုးကူညီဖို႔၊ ပိုမိုလံုၿခံဳစိတ္ခ်ၿပီး က်န္းမာတဲ့ လူအသိုက္အဝန္း ျဖစ္လာေစဖို႔နဲ႔ အထူးသျဖင့္ ကေလးငယ္ေတြအတြက္ ပိုမိုေကာင္းမြန္္တဲ့က်န္းမာေရးကို ပံ့ပိုးေပးဖို႔အတြက္ ပါဝင္ျဖစ္ခဲ့တယ္။ ဒါ့အျပင္ CMHL ကလည္း ဝန္ထမ္းေတြရဲ႕ ကေလးေတြအတြက္ ျပဳစုေစာင့္ေရွာက္ေရးဝန္ေဆာင္မႈကို ပံ့ပိုးေပးဖို႔ စီစဥ္ေနပါတယ္။ အခုအခ်ိန္ကေတာ့ ဒီဝန္ေဆာင္မႈစီမံကိန္းအစီအစဥ္အတြက္ အေစာပိုုင္းကာလမွာပဲရွိေသးေပမဲ့ ဒီစီမံကိန္းကို ႏွစ္အနည္းငယ္အတြင္း လုပ္ငန္းခြင္မွာ စီစဥ္ႏိုင္လိမ့္မယ္လို႔ ယံုၾကည္ပါတယ္။” ဟုဆိုပါသည္။
ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ားအတြက္ အေကာင္းဆံုး အစားအစာမ်ား
Alive & Thrive ၏ ေလ့လာေတြ႔ရွိခ်က္မ်ားအရ လုပ္ငန္းခြင္သို႔ ျပန္လည္ဝင္ေရာက္လုပ္ကိုင္သည့္ မိခင္သည္ ကေလးငယ္ကို မိခင္ႏို႔တစ္မ်ိဳးတည္း ၆လျပည့္ေအာင္တိုက္ေကၽြးေရးပန္းတိုင္သို႔ တက္လွမ္းႏုိင္မႈ ေလ်ာ့က်လာသည္ကို ေတြ႔ရွိရပါသည္။ ျမန္မာႏိုင္ငံရွိ စီးပြားေရးလုပ္ငန္းမ်ားတြင္ မိခင္အသစ္မ်ားအတြက္ မိခင္ႏို႔ဆံုးရံႈးမႈႏွင့္ အခက္အခဲမ်ား ႀကံဳေတြ႔ရမႈမ်ားမရွိေစရန္ မိခင္ႏို႔တုိက္ေကၽြးျခင္း သို႔မဟုတ္ မၾကာခဏ မိခင္ႏို႔ညစ္ၿပီး သိမ္းဆည္းျခင္းစသည့္ ေဆာင္ရြက္ခ်က္ေတြကို အဆင္ေျပေခ်ာေမြ႔စြာျဖင့္ လုပ္ေဆာင္ႏိုင္မည့္ သက္ေသာင့္သက္သာရွိၿပီး သင့္ေတာ္သည့္ ေနရာမ်ား ပံ့ပိုးေပးမႈ အားနည္းသည္ကိုေတြ႔ရွိရပါသည္။

ထို႔အျပင္ ကေလးငယ္မ်ား၏ ဘဝအစ ပထမ ၆လတြင္ မိခင္ႏို႔တစ္မ်ိဳးတည္းတိုက္ေကၽြးျခင္းသည္ မိခင္မ်ား၊ ကေလးငယ္မ်ားႏွင့္ ၎တို႔ ကိုယ္စားျပဳသည့္ အနာဂတ္ ျမန္မာႏိုင္ငံအတြက္ အက်ိဳးေက်းဇူးမ်ားစြာရွိပါသည္။ Alive & Thrive ႏွင့္ UNICEF တို႔မွ ျပဳစုထားသည့္ သုေတသနအခ်က္အလက္မ်ားအရ မိခင္ႏို႔တစ္မ်ိဳးတည္း တိုက္ေကၽြးခံရသည့္ကေလးငယ္တြင္ အသိဥာဏ္ဖြံ႔ၿဖိဳးမႈ ပိုေကာင္းၿပီး IQ အတိုင္းအတာတြင္ ၃ဆပိုျမင့္သည္ကို ေတြ႔ရွိရပါသည္။ မိခင္ႏို႔တစ္မ်ိဳးတည္းတိုက္ေကၽြးျခင္းသည္ ႏွလံုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ အသက္ရွဴ လမ္းေၾကာင္းဆုိင္ရာေရာဂါ၊ ေသြးျဖဴဥကင္ဆာေရာဂါမ်ား ရရွိႏိုင္ျခင္းကို ေလ်ာ့ခ်ေပးၿပီး မိခင္တြင္လည္း ဆီးခ်ိဳေရာဂါ၊ ရင္သားကင္ဆာႏွင့္ သားအိမ္ကင္ဆာျဖစ္ပြားႏိုင္ေျခ နည္းပါးေစပါသည္။ ထို႔ေၾကာင့္ မိခင္ႏို႔ကို လုိအပ္သလို သက္ေသာင့္သက္သာ တိုက္ေကၽြးႏိုင္သည့္ လူမႈအသိုက္အဝန္းတစ္ခု ျဖစ္ေပၚလာေစျခင္းသည္ ျမန္မာႏိုင္ငံတြင္ တစ္ႏွစ္လွ်င္ က်န္းမာေရးျပဳစုေစာင့္ေရွာက္မႈ ကုန္က်စရိတ္ ေဒၚလာ ၃.၃၈သန္း အထိသက္သာေစၿပီး လူသားအရင္းအျမစ္မ်ားကို တိုးျမွင့္ ေဖာ္ေဆာင္ႏုိင္မည္ ျဖစ္ပါသည္။
Alive & Thrive ၏ ကိုယ္စားလွယ္ျဖစ္သူ Jennifer Cashin မွ “ျမန္မာႏိုင္ငံမွာ မိခင္ေတြအားလံုးနီးပါးဟာ မိခင္ႏို႔တိုက္ေကၽြးၾကပါတယ္။ ဒါေပမယ့္ ထက္ဝက္ခန္႔ကသာ ကေလးငယ္ရဲ႕ ဘဝအစ ပထမ ၆လ ျပည့္မီေအာင္ တိုက္ေကၽြးၾကတာကို ေလ့လာေတြ႔ရွိရပါတယ္။ အကယ္၍သာ ျမန္မာႏိုင္ငံမွာရွိတဲ့ စီးပြားေရးလုပ္ငန္းေတြက မိခင္ေတြအတြက္ ကေလးျပဳစုေစာင့္ေရွာက္ဖို႔ လံုေလာက္တဲ့ လစာေပးခြင့္ရက္နဲ႔ မိခင္ႏို႔တိုက္ေကၽြးႏိုင္တဲ့ ေနရာေတြ စီစဥ္ေပးတာက ဝန္ထမ္းရဲ႕ ဘဝနဲ႔ တစ္ႏိုင္ငံလံုးရဲ႕ က်န္းမာေရးကို တိုးတက္ေအာင္ ပ့ံပိုးကူညီႏို္င္ ပါတယ္။” ဟုေျပာၾကားခဲ့ပါသည္။
“၆လ – မိခင္ႏို႔မွတပါး အျခားမလို” ဆိုသည့္ လူထုအသိပညာေပးလႈ႔ံေဆာ္မႈအစီအစဥ္သည္ Save the Children ၊ UNICEF ၊ Alive & Thrive ၊ GIZ ၊ 3MDG ႏွင့္ LIFT တို႔မွ မိခင္ႏို႔တိုက္ေကၽြးေနတဲ့အေမေတြကို အားျဖည့္ကူညီရန္ရည္ရြယ္၍ အတူတကြ ပူးေပါင္း အေကာင္ အထည္ေဖာ္ ေဆာင္ရြက္သည့္ အစီအစဥ္ျဖစ္ပါသည္။ ျမန္မာႏိုင္ငံရွိ မိခင္မ်ား အဆင္ေျပေခ်ာေမြ႔စြာျဖင့္ မိခင္ႏို႔ တိုက္ေကၽြးႏိုင္သည့္ လူမအသိုက္အဝန္းျဖစ္လာေစရန္ City Mart Holdings Co., Ltd ႏွင့္ KBZ ဘဏ္တို႔မွ လူထုအသိပညာေပး လႈံေဆာ္မႈ အစီအစဥ္၏ ပင္တိုင္မိတ္ဖက္အဖြဲ႔အစည္းမ်ားအျဖစ္ တစ္တပ္တစ္အား ပါဝင္အားျဖည့္ထားပါသည္။ အဆိုပါ အဖြဲ႔အစည္းမ်ားသည္ ျမန္မာ့စီးပြားေရး လုပ္ငန္းအသိုက္အဝန္းႀကီးတြင္ မိခင္ႏိုိ႔တုိက္ေကၽြးေနသည့္ အေမမ်ားကို ေထာက္ခံအားေပးမႈမ်ား ပိုမိုအားေကာင္းလာ ေစရန္အတြက္ လူထုအသိပညာေပး လႈံ႔ေဆာ္မႈအစီအစဥ္ေတြကတဆင့္ လူအမ်ားတက္ၾကြစြာပါဝင္ အားျဖည့္သြားႏိုင္ရန္ ရည္ရြယ္ပါသည္။
Chit_may_may