မိခင်အများစုက အရမ်းပင်ပန်းနေရင်တောင် ညဖက်ဆိုတော်ရုံနဲ့ မအိပ်နိုင်ကြသေးတာလဲ

0
1545
- Advertisement -

မိခင်ရော ဖခင်ရောပါ သားသမီးလေးရလာပြီဆိုရင် အတူတူပင်ပန်းကြတာချည်းပါပဲ။ ဒါပေမယ့် အိမ်မှာနေရင်း ကလေးအမြဲထိန်းရတဲ့ မိခင်တွေကတော့ တခြားအလုပ်တွေပါ ရောပြီးလုပ်ရနိုင်ပါတယ်။ မနက်အစောကြီး ကလေးငိုလို့ ထပြီးထိန်းရတာ၊ ကျောင်းမသွားခင် မနက်စာပြင်ပေးရတာ၊ ရုံးသွားတော့မယ့် ခင်ပွန်းသည်အတွက် တီရှပ်ရှာပေးရတာ၊ တိရိစ္ဆာန်လေးတွေရှိနေရင် သူတို့အတွက် အစာထည့်ပေးရတာ စသဖြင့် မျိုးစုံအောင်ကို အလုပ်စလုပ်ရပါတော့တယ်။ တခြားသူတွေထက် အစောကြီးကတည်းက နိုးနှင့်နေပြီး ညဖက်ကျတော့လည်း သူများတွေရဲ့ နောက်ဆုံးမှအိပ်တတ်တဲ့ မိခင်တွေဟာ အိမ်မှုကိစ္စတွေကိုလည်း မပျက်မကွက် လုပ်ဆောင်ရပါသေးတယ်။

ဒီလိုမျိုး ဝေယျာဝစ္စအကုန်ကို ဘက်ပေါင်းစုံကနေ ပြီးပြည့်စုံအောင် လုပ်လေ့ရှိတဲ့ မိခင်တွေရဲ့ စွမ်းရည်တွေကို လေးစားရင်းဖြင့် ညဖက်တွေဆို ဘာလို့စောစောမအိပ်တတ်တာလဲဆိုတာ သိဖို့အတွက် ပြောပြပေးချင်ပါတယ်။

ကလေးတွေ ချက်ချင်းအိပ်မပျော်ဘူးဆိုတာကို သိနေလို့

- Advertisement -

ညဖက်အိပ်ချိန်ရောက်လို့ ကလေးတွေကို သွားတိုက်ခိုင်း၊ ညဝတ်အကျီလဲဝတ်ခိုင်း၊ အိပ်ရာထဲမှာ သိပ်ပြီးလို့ ကိုယ့်အခန်းထဲပြန်သွားပြီး နားမယ်လို့ပြင်လိုက်တာက ၁၀ မိနစ်တောင်မခံပါဘူး။ အခန်းထဲလိုက်လာပြီးတော့ ရေတိုက်ခိုင်းတာ၊ ပုံပြင်ဖတ်ခိုင်းတာ၊ မီးလာပိတ်ခိုင်းတာ စသဖြင့် တမျိုးပြီးတမျိုးကို မရိုးရပါဘူး။

အိမ်အလုပ်တွေမပြီးသေးလို့

တစ်ချို့ခင်ပွန်းသည်တွေက အိမ်မှုကိစ္စတော်တော်များများကို ဝိုင်းကူလုပ်ပေးဖို့ တတ်နိုင်ကြပေမယ့်လည်း ကလေးတွေနဲ့အတူနေနေတဲ့ အိမ်ကိုသန့်ရှင်းရေးလုပ်ဖို့ဆိုတာဟာ အရွယ်ရောက်ပြီးသား လူကြီး ၂ ယောက်ဆိုရင်တောင် လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့် မိခင်တွေဟာ သူတို့ရဲ့အိပ်ချိန်တွေကို အလျော့ခံပြီး တစ်နေကုန်ရှုပ်ထားသမျှကို ပြန်ပြီးရှင်းလင်းရပါတော့တယ်။

ခဏလောက်ဖြစ်ဖြစ် တစ်ယောက်တည်းနေချင်လို့

ကလေးတွေနဲ့တစ်နေကုန်နေပြီးနောက်မှာ မိခင်အများစုဟာ ညဖက်မှာတော့ ခဏလောက်ဖြစ်ဖြစ် ဘယ်သူနဲ့မှ စကားမပြောဘဲ တစ်ယောက်တည်း သီးသန့်နေချင်ကြပါတယ်။ ကလေးတွေနဲ့ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူတူနေရတာ ကံကောင်းခြင်းဆိုပေမယ့်လည်း အရမ်းများလာမယ်ဆိုရင် ခံနိုင်ရည်မရှိ ဖြစ်သွားတတ်ပါတယ်။

သူမ ချစ်ရတဲ့ တခြားသူတွေအတွက်လည်း အချိန်ပေးရမှာမို့

မိခင်တိုင်းရဲ့ ဘဝမှာ သားသမီးတွေက နံပါတ်တစ်အရေးကြီးဆုံးဆိုပေမယ့်လည်း သူမ အတူတူအချိန်ကုန်ဆုံးချင်တဲ့ တခြားအရေးကြီးသောသူများလည်း ရှိပါသေးတယ်။ ခင်ပွန်းသည်၊ သူငယ်ချင်း၊ မောင်နှမ၊ မိဘ စသဖြင့် သူမဘဝအတွက် အရေးကြီးသူတွေပါ။

ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့

မိခင်အများစုမှာ သူတို့လျှောက်လှမ်းချင်တဲ့၊ တည်ဆောက်ချင်တဲ့ အလုပ်အကိုင်တစ်ခုရှိကြပါတယ်။ တစ်ချို့မိခင်တွေက ရုံးအလုပ်ရော အိမ်အလုပ်ပါ ညီမျှအောင်လုပ်ကိုင်နေချိန်မှာ တစ်ချို့မိခင်တွေကျတော့ Freelancer အနေနဲ့သာ လုပ်ကိုင်ကြပါတယ်။ အလုပ်ကျန်နေတာတွေ၊ စာကျက်ဖို့တွေ၊ Assignments တွေကို ပြီးအောင်လုပ်ဖို့က အာရုံစူးစိုက်အားနဲ့ အချိန်တွေအများကြီးလိုအပ်လို့ ညဖက်တွေဆို တော်ရုံနဲ့မအိပ်နိုင်ကြပါဘူး။

#Chit_May_May

#Thinzar

Ref- brightside

LEAVE A REPLY

Please enter your comment!
Please enter your name here