မိခင်အသံကို ကြားလိုက်တဲ့ ကလေးငယ်တွေရဲ့ ဦးနှောက်မှာဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုများ

0
926
- Advertisement -

ကလေးတွေဆိုတာဟာ သူတို့ရဲ့မိခင်အသံကို တစ်စက္ကန့်လေးအတွင်းမှာပဲ မှတ်မိနိုင်တယ်လို့ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ဖော်ပြထားပါတယ်။ မိခင်အသံကို ကြားလိုက်ချိန်မှာ ဆက်သွယ်မှုတွေကို ပြသတဲ့ ဦးနှောက်ပိုင်ရှင် ကလေးတွေဟာ မပြသတဲ့ကလေးတွေထက် လူမှုရေးမှာ အထုံပါရမီပါကြသူတွေဖြစ်ပါတယ်။

ဒီသုတေသနကို Stanford တက္ကသိုလ်မှာ ပြုလုပ်ခဲ့ပြီး အသက် ၇ နှစ်မှ ၁၂ နှစ်အရွယ်တွင်းရှိ ဖွံ့ဖြိုးဆဲကလေးငယ် ၂၄ ယောက်ရဲ့ ဦးနှောက်လှုပ်ရှားမှုကို ကြည့်ရှုလေ့လာခဲ့တာဖြစ်ပါတယ်။ စမ်းသပ်ရာမှာလည်း သူတို့လေးတွေရဲ့ မိခင်တွေအသံအပါအဝင် တခြားအမျိုးသမီးတွေရဲ့ အသံတွေနဲ့ ရောစပ်ပြီး စကားပြောသံတွေကို နားထောင်ခိုင်းခြင်းဖြစ်ပါတယ်။

ကလေးတွေဟာ တစက္ကန့်လောက်သာ ကြားလိုက်ရတယ်ဆိုပေမယ့် မိခင်တွေပြောစကားကို ၉၇ ရာခိုင်နှုန်းလောက် မှန်အောင်ဖမ်းတတ်ကြပါတယ်။ ထို့နောက် ဒီအသံတွေကြောင့် ဦးနှောက်ရဲ့ဘယ်အပိုင်းတွေက လှုပ်ရှားမှုအများဆုံးလဲဆိုတာကို fMRI ကို အသုံးပြုပြီး ထပ်မံကြည့်ရှုခဲ့တဲ့အခါ မိခင်ရဲ့အသံက ဦးနှောက်ရဲ့အစိတ်အပိုင်းအများစုကို လှုံ့ဆော်ပေးနေတယ်ဆိုတာကို အံ့အားသင့်စရာကောင်းစွာနဲ့ ထပ်မံတွေ့ရှိခဲ့ရပါတယ်။

မိခင်အသံကို ကြားရတဲ့အချိန်က စခရင်မ်မည်းမည်းကြီးကို ကြည့်နေရတယ်ဆိုပေမယ့်လည်း ကလေးတွေရဲ့ဦးနှောက်ထဲမှာ မိခင်ရဲ့မျက်နှာကို ပုံဖော်တွေးတောနေတာဖြစ်နိုင်တယ်လို့လည်း သုတေသနပညာရှင်တွေက ပြောခဲ့ပါ‌သေးတယ်။ နောက်ထပ်ပုံစံတစ်မျိုးနဲ့ ကလေးတွေရဲ့ ပေါင်းသင်းဆက်ဆံရေးပုံစံကို လေ့လာကြည့်ရာမှာလည်း လူမှုဆက်ဆံရေးကောင်းတဲ့ ကလေးတွေဟာ မိခင်ရဲ့အသံကို အကောင်းဆုံးတုံ့ပြန်မှုရှိတယ်လို့ ဆိုပါတယ်။

#Chit_May_May

#Thinzar

Ref-time

LEAVE A REPLY

Please enter your comment!
Please enter your name here