မိခင်/ဖခင်လောင်းတွေ လေ့လာထားရမယ့် ကလေး ပြုစုစောင့်ရှောက်နည်း

0
343
- Advertisement -

အသစ်စက်စက် မိခင်/ဖခင်တွေအနေနဲ့ ကလေးတစ်ယောက် မွေးတော့မယ်ဆိုရင် အများကြီး ကြိုတင်ပြင်ဆင်ကြရပါတယ်။ အထူးသဖြင့် မွေးကင်းစကလေး စောင့်ရှောက်တာနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှု ဖြစ်ပါလိမ့်မယ်။ မေမေတို့ဟာ သားသားမီးမီးတို့ကို ကိုယ်ဝန်ဆောင်ထားပြီ ဆိုကတည်းက မွေးဖွားလာတဲ့အခါ ဘယ်လိုပြုစုရမယ်၊ ဘာတွေလုပ်ပေးရမယ် စသဖြင့် လေ့လာထားပြီး ဖြစ်ပါလိမ့်မယ်။ မလေ့လာထားရသေးတဲ့ မိခင်လောင်းတွေအတွက် သားသားမီးမီးလေးတွေကို မွေးဖွားလာတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်ပေးရမလည်းဆိုတဲ့ အကြံဉာဏ်တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ခန္ဓာဗေဒဘာသာစကားရဲ့ အရေးပါပုံကို လျှော့မတွက်ပါနဲ့

ငိုခြင်းဟာ သင့်ကလေး သင့်ကို ဆက်သွယ်ဖို့ ကြိုးစားနေတဲ့ တစ်ခုတည်းသော နည်းလမ်းသာ မဟုတ်ပါဘူး။ သင့်ကလေးရဲ့ Body Language ကိုလည်း ဂရုစိုက်ရပါမယ်။ လက်သီးကျစ်ကျစ်ဆုပ်ထားတာက သင့်ကလေး ဗိုက်ဆာနေတာ သို့မဟုတ် စိတ်ဖိစီးမှုရှိနေတယ်ဆိုတာ ညွှန်ပြနိုင်ပါတယ်။ သင့်ကလေးထပ်ခါထပ်ခါ ကန်နေတာဆိုရင် ကစားချင်နေတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

- Advertisement -

၂။ သင့်ကလေး နို့တောင်းတဲ့အခါ နို့တိုက်ပေးပါ

Baby
ယေဘုယျအားဖြင့် ကလေးငယ်ကို ၂နာရီခြား/၃နာရီကြား တစ်ခါ တစ်နေ့ကို ၈ကြိမ်မှ ၁၂ကြိမ်ခန့်လောက် နို့တိုက်ဖို့ လိုပါတယ်။ သင့်ကလေးဟာ လက်သီးစုပ်နေတာ ကဲ့သို့ ဗိုက်ဆာတဲ့ လက္ခဏာများ ရှိ/မရှိ ကြည့်ပါ။

၃။ သင့်ကလေးကို နိုးစေလျှင် ယားအောင်ပြုလုပ်ပေးပါ

ဘာအကြောင်းရင်းနဲ့ဖြစ်ဖြစ် သင့်ကလေး နိုးဖို့လိုအပ်လျှင် လှုပ်ပြီးနှိုးတာက ကောင်းတဲ့အိုင်ဒီယာတစ်ခု မဟုတ်ပါဘူး။ ကစားနေရင်းတောင် သူတို့ကို မလှုပ်ပါနဲ့။ လှုပ်ရမ်းခြင်းက ဦးနှောက်သွေးထွက်စေနိုင်သလို၊ အသက်အန္တရာယ်လည်း ရှိနိုင်ပါတယ်။ အဲ့ဒီအစား သူတို့ကို နှိုးဖို့ လိုအပ်ရင် လည်ပင်း၊ မေးစေ့၊ ခြေဖဝါးလေးတွေကို ယားအောင် ညင်ညင်သာသာလေး ပြုလုပ်ပေးပါ။

၄။ နို့မတိုက်ခင် ချိုလိမ်မပေးထားပါနဲ့

တချို့မိခင်တွေက ကလေးကိုနို့မတိုက်နိုင်သေးတဲ့အချိန်မှာ မိခင်ရဲ့နို့သီးခေါင်းအစား ကလေးစို့ပြီး ငြိမ်နေစေဖို့ ချိုလိမ်ပေးထားတတ်ပါတယ်။ သင့်ကလေးကို နို့တိုက်ဖို့ စီစဉ်ထားရင် ချိုလိမ်မပေးထားပါနဲ့။ ကလေး ၂ပတ်၊ ၃ပတ်လောက်ရောက်မှသာ ချိုလိမ်ပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

၅။ သင့်ကလေးကို ပထမဆုံးရေချိုးပေးရင် ရေမြှုပ်တစ်ခုနဲ့ ချိုးပေးသင့်ပါတယ်

သင့်ကလေးအတွက် ရေချိုးဖို့ ရေမြုပ်နုနုလေးတစ်ခု သီးသန့်ဝယ်ထားပါ။ မွေးကင်းစ ကလေးတစ်ယောက်ရဲ့ ချက်ကြိုးက ပုံမှန်အားဖြင့် ခြောက်သွေ့အောင်ထားရမှာဖြစ်လို့ ရေထိလို့မရသေးပါဘူး။ ချက်ကြွေသွားတဲ့အချိန်မှသာ ရေစချိုးပေးရမှာပါ။ ဒါ့ကြောင့် ချက်မကြွေသေးခင် ရေပတ်ဝတ်ပျော့ပျော့လေး သို့မဟုတ် ရေမြုပ်နုနုလေးနဲ့သာ သန့်စင်ပေးရမှာပါ။

၆။ ကလေးရေချိုးရင်မချော်အောင် အဝတ်ခြင်းတစ်ခုကို သုံးပါ

ရေချိုးဇလုံနဲ့ရေချိုးပေးတဲ့ မေမေတို့အတွက် ကလေးချော်မလဲအောင် ရေချိုးဇလုံထဲမှာ အဝတ်ထည့်ခြင်းကို ထည့်ထားပေးလို့ရပါတယ်။ အဝတ်ခြင်းက အငြိမ်မနေတဲ့ သင့်ကလေးကို မချော်လဲအောင် တားဆီးပေးနိုင်ပါတယ်။ ကစားစရာအရုပ်လေးတွေ ခြင်းထဲမှာ ထည့်ထားပေးရင် ကလေးတွေ ရေချိုးကြောက်မှာ မပူရတော့ပါဘူး။

၇။ ဂီတက ဂျီကျတဲ့ကလေးအများစုကို ချော့မြူနိုင်ပါတယ်

ကလေးတွေ ဂျီကျနေတဲ့အချိန်မှာ ဖုန်းပေးသုံးဖို့ မလိုပါဘူး။ သီချင်းပေးနားထောင်ခြင်းက ကလေးငြိမ်နေစေဖို့ ကူညီပေးနိုင်ပါတယ်။

၈။ သင့်ကလေးရဲ့ အသားအရေအထိခိုက်မခံမှုကို သတိထားပါ

လိုးရှင်းမလိမ်းခင် ဂရုစိုက်ပါ။ ကလေးတွေမှာ မွေးဖွားပြီးနောက် ခြောက်သွေ့တဲ့ အသားအရေရှိပြီး သူတို့အသားအရေက အရမ်းအထိခိုက်မခံပါဘူး။ လိုးရှင်း သို့မဟုတ်ဆီ လိမ်းပေးမယ်ဆိုရင် ဓါတ်မတည့်တုန့်ပြန်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးကို လိုးရှင်း သို့မဟုတ်ဆီတစ်ခုခု လိမ်းပေးချင်ရင် ၂ပတ်လောက်နေမှ လိမ်းပေးပါ။ တုံ့ပြန်မှုရှိလျှင် မြင်ရဖို့ ကလေးခန္ဓာကိုယ်ရဲ့ သေးငယ်တဲ့အစိတ်အပိုင်းပေါ်မှာ တစက်လောက် စမ်းကြည့်ပါ။

၉။ ခံတွင်းနဲ့ သွားကျန်းမာရေးက အသက်အရွယ်တိုင်းမှာ အရေးကြီးပါတယ်

သင့်ကလေးက သွားမပေါက်သေးသော်လည်း သင့်ကလေးရဲ့ခံတွင်းကျန်းမာရေးကို လျစ်လျူမရှုထားသင့်ပါဘူး။ သင့်ကလေးရဲ့သွားဖုံးတွေကိုသန့်စင်ဖို့ စိုစွတ်တဲ့ ပိတ်ကျိုစကို အသုံးပြုပါ။ အသက်(၁)နှစ်နဲ့ (၆)လ ကျော်လာတဲ့အခါ ဖလိုရိုက်ပါဝင်တဲ့ သွားတိုက်ဆေးအနည်းငယ်ကို စတင်အသုံးပြုလို့ရပါပြီ။ ကလေးသွားတိုက်ဆေးသီးသန့်ရှိတာကြောင့် သွားဆရာဝန်တွေဆီမှာ အကြံဉာဏ်ရယူနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Zawgyi Font

မိခင္/ဖခင္ေလာင္းေတြ ေလ့လာထားရမယ့္ ကေလး ျပဳစုေစာင့္ေရွာက္နည္း္

အသစ္စက္စက္ မိခင္/ဖခင္ေတြအေနနဲ႔ ကေလးတစ္ေယာက္ ေမြးေတာ့မယ္ဆိုရင္ အမ်ားႀကီး ႀကိဳတင္ျပင္ဆင္ၾကရပါတယ္။ အထူးသျဖင့္ ေမြးကင္းစကေလး ေစာင့္ေရွာက္တာနဲ႔ ပတ္သတ္ၿပီး စိုးရိမ္ပူပန္မႈ ျဖစ္ပါလိမ့္မယ္။ ေမေမတို႔ဟာ သားသားမီးမီးတို႔ကို ကိုယ္ဝန္ေဆာင္ထားၿပီ ဆိုကတည္းက ေမြးဖြားလာတဲ့အခါ ဘယ္လိုျပဳစုရမယ္၊ ဘာေတြလုပ္ေပးရမယ္ စသျဖင့္ ေလ့လာထားၿပီး ျဖစ္ပါလိမ့္မယ္။ မေလ့လာထားရေသးတဲ့ မိခင္ေလာင္းေတြအတြက္ သားသားမီးမီးေလးေတြကို ေမြးဖြားလာတဲ့အခါ ဘယ္လိုျပဳစုေစာင့္ေရွာက္ေပးရမလည္းဆိုတဲ့ အႀကံဥာဏ္တစ္ခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

၁။ ခႏၶာေဗဒဘာသာစကားရဲ႕ အေရးပါပံုကို ေလွ်ာ့မတြက္ပါနဲ႔

ငိုျခင္းဟာ သင့္ကေလး သင့္ကို ဆက္သြယ္ဖို႔ ႀကိဳးစားေနတဲ့ တစ္ခုတည္းေသာ နည္းလမ္းသာ မဟုတ္ပါဘူး။ သင့္ကေလးရဲ႕ Body Language ကိုလည္း ဂရုစိုက္ရပါမယ္။ လက္သီးက်စ္က်စ္ဆုပ္ထားတာက သင့္ကေလး ဗိုက္ဆာေနတာ သို႔မဟုတ္ စိတ္ဖိစီးမႈရွိေနတယ္ဆုိတာ ညႊန္ျပႏိုင္ပါတယ္။ သင့္ကေလးထပ္ခါထပ္ခါ ကန္ေနတာဆိုရင္ ကစားခ်င္ေနတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

၂။ သင့္ကေလး ႏို႔ေတာင္းတဲ့အခါ ႏို႔တုိက္ေပးပါ

Baby
ေယဘုယ်အားျဖင့္ ကေလးငယ္ကို ၂နာရီျခား/၃နာရီၾကား တစ္ခါ တစ္ေန႔ကို ၈ႀကိမ္မွ ၁၂ႀကိမ္ခန္႔ေလာက္ ႏို႔တိုက္ဖို႔ လိုပါတယ္။ သင့္ကေလးဟာ လက္သီးစုပ္ေနတာ ကဲ့သို႔ ဗိုက္ဆာတဲ့ လကၡဏာမ်ား ရွိ/မရွိ ၾကည့္ပါ။

၃။ သင့္ကေလးကို ႏိုးေစလွ်င္ ယားေအာင္ျပဳလုပ္ေပးပါ

ဘာအေၾကာင္းရင္းနဲ႔ျဖစ္ျဖစ္ သင့္ကေလး ႏိုးဖို႔လိုအပ္လွ်င္ လႈပ္ၿပီးႏိႈးတာက ေကာင္းတဲ့အိုင္ဒီယာတစ္ခု မဟုတ္ပါဘူး။ ကစားေနရင္းေတာင္ သူတို႔ကို မလႈပ္ပါနဲ႔။ လႈပ္ရမ္းျခင္းက ဦးေႏွာက္ေသြးထြက္ေစႏိုင္သလို၊ အသက္အႏၱရာယ္လည္း ရွိႏိုင္ပါတယ္။ အဲ့ဒီအစား သူတို႔ကို ႏိႈးဖို႔ လိုအပ္ရင္ လည္ပင္း၊ ေမးေစ့၊ ေျခဖဝါးေလးေတြကို ယားေအာင္ ညင္ညင္သာသာေလး ျပဳလုပ္ေပးပါ။

၄။ ႏို႔မတိုက္ခင္ ခ်ိဳလိမ္မေပးထားပါနဲ႔

တခ်ိဳ႕မိခင္ေတြက ကေလးကိုႏို႔မတိုက္ႏိုင္ေသးတဲ့အခ်ိန္မွာ မိခင္ရဲ႕ႏို႔သီးေခါင္းအစား ကေလးစို႔ၿပီး ၿငိမ္ေနေစဖို႔ ခ်ိဳလိမ္ေပးထားတတ္ပါတယ္။ သင့္ကေလးကို ႏို႔တုိက္ဖို႔ စီစဥ္ထားရင္ ခ်ိဳလိမ္မေပးထားပါနဲ႔။ ကေလး ၂ပတ္၊ ၃ပတ္ေလာက္ေရာက္မွသာ ခ်ိဳလိမ္ေပးသင့္တယ္လို႔ အႀကံျပဳထားပါတယ္။

၅။ သင့္ကေလးကို ပထမဆံုးေရခ်ိဳးေပးရင္ ေရျမွဳပ္တစ္ခုနဲ႔ ခ်ိဳးေပးသင့္ပါတယ္

သင့္ကေလးအတြက္ ေရခ်ိဳးဖို႔ ေရျမဳပ္ႏုႏုေလးတစ္ခု သီးသန္႔ဝယ္ထားပါ။ ေမြးကင္းစ ကေလးတစ္ေယာက္ရဲ႕ ခ်က္ႀကိဳးက ပံုမွန္အားျဖင့္ ေျခာက္ေသြ႕ေအာင္ထားရမွာျဖစ္လို႔ ေရထိလို႔မရေသးပါဘူး။ ခ်က္ေၾကြသြားတဲ့အခ်ိန္မွသာ ေရစခ်ိဳးေပးရမွာပါ။ ဒါ့ေၾကာင့္ ခ်က္မေၾကြေသးခင္ ေရပတ္ဝတ္ေပ်ာ့ေပ်ာ့ေလး သို႔မဟုတ္ ေရျမဳပ္ႏုႏုေလးနဲ႔သာ သန္႔စင္ေပးရမွာပါ။

၆။ ကေလးေရခ်ိဳးရင္မေခ်ာ္ေအာင္ အဝတ္ျခင္းတစ္ခုကို သံုးပါ

ေရခ်ိဳးဇလံုနဲ႔ေရခ်ိဳးေပးတဲ့ ေမေမတို႔အတြက္ ကေလးေခ်ာ္မလဲေအာင္ ေရခ်ိဳးဇလံုထဲမွာ အဝတ္ထည့္ျခင္းကို ထည့္ထားေပးလို႔ရပါတယ္။ အဝတ္ျခင္းက အၿငိမ္မေနတဲ့ သင့္ကေလးကို မေခ်ာ္လဲေအာင္ တားဆီးေပးႏိုင္ပါတယ္။ ကစားစရာအရုပ္ေလးေတြ ျခင္းထဲမွာ ထည့္ထားေပးရင္ ကေလးေတြ ေရခ်ိဳးေၾကာက္မွာ မပူရေတာ့ပါဘူး။

၇။ ဂီတက ဂ်ီက်တဲ့ကေလးအမ်ားစုကို ေခ်ာ့ျမဴႏိုင္ပါတယ္

ကေလးေတြ ဂ်ီက်ေနတဲ့အခ်ိန္မွာ ဖုန္းေပးသံုးဖို႔ မလိုပါဘူး။ သီခ်င္းေပးနားေထာင္ျခင္းက ကေလးၿငိမ္ေနေစဖို႔ ကူညီေပးႏိုင္ပါတယ္။

၈။ သင့္ကေလးရဲ႕ အသားအေရအထိခိုက္မခံမႈကို သတိထားပါ

လိုးရွင္းမလိမ္းခင္ ဂရုစိုက္ပါ။ ကေလးေတြမွာ ေမြးဖြားၿပီးေနာက္ ေျခာက္ေသြ႕တဲ့ အသားအေရရွိၿပီး သူတို႔အသားအေရက အရမ္းအထိခိုက္မခံပါဘူး။ လိုးရွင္း သို႔မဟုတ္ဆီ လိမ္းေပးမယ္ဆိုရင္ ဓါတ္မတည့္တုန္႔ျပန္မႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကေလးကို လိုးရွင္း သို႔မဟုတ္ဆီတစ္ခုခု လိမ္းေပးခ်င္ရင္ ၂ပတ္ေလာက္ေနမွ လိမ္းေပးပါ။ တံု႔ျပန္မႈရွိလွ်င္ ျမင္ရဖို႔ ကေလးခႏၶာကိုယ္ရဲ႕ ေသးငယ္တဲ့အစိတ္အပိုင္းေပၚမွာ တစက္ေလာက္ စမ္းၾကည့္ပါ။

၉။ ခံတြင္းနဲ႔ သြားက်န္းမာေရးက အသက္အရြယ္တုိင္းမွာ အေရးႀကီးပါတယ္

သင့္ကေလးက သြားမေပါက္ေသးေသာ္လည္း သင့္ကေလးရဲ႕ခံတြငး္က်န္းမာေရးကို လ်စ္လ်ဴမရႈထားသင့္ပါဘူး။ သင့္ကေလးရဲ႕သြားဖံုးေတြကိုသန္႔စင္ဖုိ႔ စိုစြတ္တဲ့ ပိတ္က်ိဳစကို အသံုးျပဳပါ။ အသက္(၁)ႏွစ္နဲ႔ (၆)လ ေက်ာ္လာတဲ့အခါ ဖလို႐ိုက္ပါဝင္တဲဲ့ သြားတိုက္ေဆးအနည္းငယ္ကို စတင္အသံုးျပဳလို႔ရပါၿပီ။ ကေလးသြားတိုက္ေဆးသီးသန္႔ရွိတာေၾကာင့္ သြားဆရာဝန္ေတြဆီမွာ အႀကံဥာဏ္ရယူႏိုင္ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here