မိခင် အအေးမိနေချိန်မှာ ကလေးကို နို့တိုက်ခြင်းက safe ဖြစ်ပါသလား?

0
186
- Advertisement -

မေမေတို့ အအေးမိ တုပ်ကွေးဖြစ်နေပြီဆိုရင် ကလေးကို နို့တိုက်လို့ရပါမလား?၊ နို့ကနေတဆင့် ကလေးကို အဖျားကူးနိုင်သလား လို့တွေးမိကြမှာပါ။ ရိုးရိုးအအေးမိတာ (သို့) တုပ်ကွေးအအေးမိတာ ဖြစ်ပါက ကလေးကို နို့တိုက်လို့ရပါတယ်။ အအေးမိခြင်းက အပြင်းထန်ဆုံးဖြစ်တဲ့ တုပ်ကွေးနှင့် (ခေါင်းအအေးမိခြင်းလို့ခေါ်တဲ့) ခေါင်းကိုက်ခြင်းကို ဖြစ်စေသော အအေးမိ၊ နှာခေါင်းပိတ်ခြင်း ကဲ့သို့သော အမျိုးအစားများစွာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ အအေးမိပါစေ ခန္ဓာကိုယ်ဟာ ရောဂါပိုးကူးစက်မှုကို စစ်ဆေးပြီး မိခင်ရဲ့နို့က အလိုအလျောက် ထုတ်ပေးတဲ့ Antibodies တွေဟာ မိခင်နို့ မှတဆင့် ကလေးဆီကို ကူးစက်စေတဲ့ ရောဂါများကို တိုက်ခိုက်ပေးပါတယ်။ မိခင်နို့က ကလေးဖျားမှာကို ကာကွယ်ပေးပါတယ်။
ကလေးလေးဟာ မိခင်နို့မှတဆင့် antibodies တွေကို လက်ခံရရှိတာကြောင့် အအေးမိနေချိန်အတွင်း နို့တိုက်ခြင်းက ကလေးကို ကာကွယ်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

အအေးမိနေချိန် နို့တိုက်တဲ့အခါမှာ ပြုလုပ်ရမယ့် ကြိုတင်ကာကွယ်မှုများ

မိခင်နို့တိုက်နေစဉ်မှာ antibodies သာလွှဲပြောင်းပေးသော်လည်း သင်ရှူနေတဲ့လေက ရောဂါပိုးတွေ သယ်ဆောင်လာနိုင်ပါတယ်။ဒါ့ကြောင့် အအေးမိနေတဲ့အချိန်မှာ ကလေးနို့တိုက်တာကို သတိထားရပါမယ်။

- Advertisement -

၁။ ကလေးကို မကိုင်ခင်မှာ လက်ဆေးပါ။ ပိုးသတ်ဆေး ဆပ်ပြာသုံးပြီး သင့်လက်တွေပေါ်က ရောဂါပိုးတွေကို ဖယ်ရှားဖို့ လက်တွေကို သေချာဆေးကြောပါ။ ကလေးငယ်ရဲ့ ပစ္စည်းတွေကို မကိုင်ခင်မှာ ကလေးအား ရောဂါပိုးတွေ ကူးစက်ခြင်းမှ ကာကွယ်ဖို့ လက်ဆေးပါ။

၂။ မိခင်နို့တိုက်နေစဉ် facemask သုံးပါ။ နို့တိုက်နေစဉ် မတော်တဆ နှာချေခြင်း (သို့) ချောင်းဆိုးလျှင် နှာခေါင်းစည်းက ရောဂါပိုးတွေ လေထဲမှ ကူးစက်ခြင်းကို တားဆီးပေးပါတယ်။

၃။ ကလေးနှင့် အနီးကပ်ထိတွေ့မှုကို ကန့်သတ်ပါ။ အအေးမိချိန်မှာ ကလေးကိုနမ်းတာတွေ ရှောင်ကြဉ်ပါ။ သူ့ကိုအနီးကပ် မချီခင်မှာ facemask အုပ်ပါ။

ကလေးကို ဂရုစိုက်ဖို့ ကြိုတင်ကာကွယ်မှုများစွာ လုပ်ရပါမယ်။ သို့သော် ဆေးဝါးတွေ လိုအပ်ပါက သင့်ကလေးအား ဘေးထွက်ဆိုးကျိုးမှ ကင်းဝေးစေဖို့ မှန်ကန်သော ဆေးဝါးအကြောင်း သိထားသင့်ပါတယ်။

မိခင်နို့တိုက်နေချိန်မှာ အအေးမိဖျားနာပျောက်ဆေးတွေသောက်တာက အန္တရာယ်ကင်းပါသလား?

အအေးမိခြင်းနှင့် တုပ်ကွေး၊ ချောင်းဆိုးခြင်းလက္ခဏာတွေအတွက် ဆေးဝါးအတော်များများ ရှိပါတယ်။ သို့သော် အချို့သောဆေးတွေက ကလေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်တာက ပိုကောင်းပါတယ်။

အအေးမိခြင်းကို ဖယ်ရှားဖို့ မိခင်နှင့် နို့စို့ကလေးအတွက် လုံးဝစိတ်ချရသော အိမ်သုံးနည်း

ရေနွေးငွေ့ရှူခြင်း- ခေါင်းအအေးမိခြင်းကို သက်သာစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဇလုံတစ်လုံးထဲကို ရေနွေးပူပူထည့်ပါ။ ခေါင်းပေါ်မှာ မျက်နှာသုတ်ပုဝါကို လုံအောင်အုပ်ပြီး ရေနွေးငွေ့ရှူပါ။ ငါးမိနစ်လောက် ပြင်းပြင်းရှူလိုက် စက္ကန့် ၃၀လောက် နားလိုက်လုပ်ပါ။

ဆားငန်ရေဖြင့် ပလုတ်ကျင်းပါ -သောက်ရေကို နွေးနွေးလေးဖြစ်တဲ့အထိ အပူပေးပြီး ဆားနည်းနည်းထည့်ပါ။ ထိုဆားရည်ကို ၁၅စက္ကန့်လောက် ငုံလိုက်ထွေးလိုက် ပြုလုပ်ပေးပါ။ ဒါက လည်ချောင်းနာတာတွေအတွက် အကောင်းဆုံးဆေးဖြစ်ပါတယ်။

ပူနွေးသော အရည်များနှင့် အစားအစာများကို စားသုံးပါ- လက်ဖက်ရည်၊ ကြက်သားစွပ်ပြုတ်၊ ထမင်းနှင့် နို့ဆန်ပြုတ် ကဲ့သို့သော ပူနွေးတဲ့ အစားအစာတွေစားပါ။ အရည်နွေးနွေးလေးတွေက ချောင်းဆိုးခြင်းနှင့် အအေးမိခြင်းမှ တားဆီးပေးပါတယ်။ ပူနွေးတဲ့ အစားအစာများက အသက်ရှူရလွယ်ကူစေသလို ချွဲ၊သလိပ်တွေကို လျော့နည်းစေပါတယ်။

စိုစွတ်သော wipe သုံးပါ – အအေးမိပြီး အဖျားတတ်ပါက ကိုယ်အပူချိန်ကျဆင်းစေဖို့ စိုစွက်သော အဝတ် (သို့) wet wipes တွေကို အသုံးပြုပါ။

ရေကိုပုံမှန်သောက်ပါ – ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး အသက်ရှူလမ်းကြောင်းစနစ်ရဲ့ ချွဲနံရံတွေကို စိုထိုင်းစေပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction.

မိခင္ အေအးမိေနခ်ိန္မွာ ကေလးကို ႏို႔တိုက္ျခင္းက safe ျဖစ္ပါသလား?
ေမေမတို႔ အေအးမိ တုပ္ေကြးျဖစ္ေနၿပီဆိုရင္ ကေလးကို ႏို႔တိုက္လို႔ရပါမလား?၊ ႏို႔ကေနတဆင့္ ကေလးကို အဖ်ားကူးႏိုင္သလား လို႔ေတြးမိၾကမွာပါ။ ႐ိုး႐ိုးအေအးမိတာ (သို႔) တုပ္ေကြးအေအးမိတာ ျဖစ္ပါက ကေလးကို ႏို႔တိုက္လို႔ရပါတယ္။ အေအးမိျခင္းက အျပင္းထန္ဆုံးျဖစ္တဲ့ တုပ္ေကြးႏွင့္ (ေခါင္းအေအးမိျခင္းလို႔ေခၚတဲ့) ေခါင္းကိုက္ျခင္းကို ျဖစ္ေစေသာ အေအးမိ၊ ႏွာေခါင္းပိတ္ျခင္း ကဲ့သို႔ေသာ အမ်ိဳးအစားမ်ားစြာ ျဖစ္ႏိုင္ပါတယ္။ ဘယ္လိုပဲ အေအးမိပါေစ ခႏၶာကိုယ္ဟာ ေရာဂါပိုးကူးစက္မႈကို စစ္ေဆးၿပီး မိခင္ရဲ႕ႏို႔က အလိုအေလ်ာက္ ထုတ္ေပးတဲ့ Antibodies ေတြဟာ မိခင္ႏို႔ မွတဆင့္ ကေလးဆီကို ကူးစက္ေစတဲ့ ေရာဂါမ်ားကို တိုက္ခိုက္ေပးပါတယ္။ မိခင္ႏို႔က ကေလးဖ်ားမွာကို ကာကြယ္ေပးပါတယ္။
ကေလးေလးဟာ မိခင္ႏို႔မွတဆင့္ antibodies ေတြကို လက္ခံရရွိတာေၾကာင့္ အေအးမိေနခ်ိန္အတြင္း ႏို႔တိုက္ျခင္းက ကေလးကို ကာကြယ္ဖို႔ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။

အေအးမိေနခ်ိန္ ႏို႔တိုက္တဲ့အခါမွာ ျပဳလုပ္ရမယ့္ ႀကိဳတင္ကာကြယ္မႈမ်ား

မိခင္ႏို႔တိုက္ေနစဥ္မွာ antibodies သာလႊဲေျပာင္းေပးေသာ္လည္း သင္ရႉေနတဲ့ေလက ေရာဂါပိုးေတြ သယ္ေဆာင္လာႏိုင္ပါတယ္။ဒါ့ေၾကာင့္ အေအးမိေနတဲ့အခ်ိန္မွာ ကေလးႏို႔တိုက္တာကို သတိထားရပါမယ္။

၁။ ကေလးကို မကိုင္ခင္မွာ လက္ေဆးပါ။ ပိုးသတ္ေဆး ဆပ္ျပာသုံးၿပီး သင့္လက္ေတြေပၚက ေရာဂါပိုးေတြကို ဖယ္ရွားဖို႔ လက္ေတြကို ေသခ်ာေဆးေၾကာပါ။ ကေလးငယ္ရဲ႕ ပစၥည္းေတြကို မကိုင္ခင္မွာ ကေလးအား ေရာဂါပိုးေတြ ကူးစက္ျခင္းမွ ကာကြယ္ဖို႔ လက္ေဆးပါ။

၂။ မိခင္ႏို႔တိုက္ေနစဥ္ facemask သုံးပါ။ ႏို႔တိုက္ေနစဥ္ မေတာ္တဆ ႏွာေခ်ျခင္း (သို႔) ေခ်ာင္းဆိုးလွ်င္ ႏွာေခါင္းစည္းက ေရာဂါပိုးေတြ ေလထဲမွ ကူးစက္ျခင္းကို တားဆီးေပးပါတယ္။

၃။ ကေလးႏွင့္ အနီးကပ္ထိေတြ႕မႈကို ကန္႔သတ္ပါ။ အေအးမိခ်ိန္မွာ ကေလးကိုနမ္းတာေတြ ေရွာင္ၾကဥ္ပါ။ သူ႔ကိုအနီးကပ္ မခ်ီခင္မွာ facemask အုပ္ပါ။

ကေလးကို ဂ႐ုစိုက္ဖို႔ ႀကိဳတင္ကာကြယ္မႈမ်ားစြာ လုပ္ရပါမယ္။ သို႔ေသာ္ ေဆးဝါးေတြ လိုအပ္ပါက သင့္ကေလးအား ေဘးထြက္ဆိုးက်ိဳးမွ ကင္းေဝးေစဖို႔ မွန္ကန္ေသာ ေဆးဝါးအေၾကာင္း သိထားသင့္ပါတယ္။

မိခင္ႏို႔တိုက္ေနခ်ိန္မွာ အေအးမိဖ်ားနာေပ်ာက္ေဆးေတြေသာက္တာက အႏၲရာယ္ကင္းပါသလား?

အေအးမိျခင္းႏွင့္ တုပ္ေကြး၊ ေခ်ာင္းဆိုးျခင္းလကၡဏာေတြအတြက္ ေဆးဝါးအေတာ္မ်ားမ်ား ရွိပါတယ္။ သို႔ေသာ္ အခ်ိဳ႕ေသာေဆးေတြက ကေလးကို အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္း ေသာက္တာက ပိုေကာင္းပါတယ္။

အေအးမိျခင္းကို ဖယ္ရွားဖို႔ မိခင္ႏွင့္ ႏို႔စို႔ကေလးအတြက္ လုံးဝစိတ္ခ်ရေသာ အိမ္သုံးနည္း

ေရေႏြးေငြ႕ရႉျခင္း- ေခါင္းအေအးမိျခင္းကို သက္သာေစဖို႔ အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။ ဇလုံတစ္လုံးထဲကို ေရေႏြးပူပူထည့္ပါ။ ေခါင္းေပၚမွာ မ်က္ႏွာသုတ္ပုဝါကို လုံေအာင္အုပ္ၿပီး ေရေႏြးေငြ႕ရႉပါ။ ငါးမိနစ္ေလာက္ ျပင္းျပင္းရႉလိုက္ စကၠန္႔ ၃၀ေလာက္ နားလိုက္လုပ္ပါ။

ဆားငန္ေရျဖင့္ ပလုတ္က်င္းပါ -ေသာက္ေရကို ေႏြးေႏြးေလးျဖစ္တဲ့အထိ အပူေပးၿပီး ဆားနည္းနည္းထည့္ပါ။ ထိုဆားရည္ကို ၁၅စကၠန္႔ေလာက္ ငုံလိုက္ေထြးလိုက္ ျပဳလုပ္ေပးပါ။ ဒါက လည္ေခ်ာင္းနာတာေတြအတြက္ အေကာင္းဆုံးေဆးျဖစ္ပါတယ္။

ပူေႏြးေသာ အရည္မ်ားႏွင့္ အစားအစာမ်ားကို စားသုံးပါ- လက္ဖက္ရည္၊ ၾကက္သားစြပ္ျပဳတ္၊ ထမင္းႏွင့္ ႏို႔ဆန္ျပဳတ္ ကဲ့သို႔ေသာ ပူေႏြးတဲ့ အစားအစာေတြစားပါ။ အရည္ေႏြးေႏြးေလးေတြက ေခ်ာင္းဆိုးျခင္းႏွင့္ အေအးမိျခင္းမွ တားဆီးေပးပါတယ္။ ပူေႏြးတဲ့ အစားအစာမ်ားက အသက္ရႉရလြယ္ကူေစသလို ခြၽဲ၊သလိပ္ေတြကို ေလ်ာ့နည္းေစပါတယ္။

စိုစြတ္ေသာ wipe သုံးပါ – အေအးမိၿပီး အဖ်ားတတ္ပါက ကိုယ္အပူခ်ိန္က်ဆင္းေစဖို႔ စိုစြက္ေသာ အဝတ္ (သို႔) wet wipes ေတြကို အသုံးျပဳပါ။

ေရကိုပုံမွန္ေသာက္ပါ – ေရေသာက္ျခင္းျဖင့္ ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းညႇိေပးၿပီး အသက္ရႉလမ္းေၾကာင္းစနစ္ရဲ႕ ခြၽဲနံရံေတြကို စိုထိုင္းေစပါတယ္။

Chit_MayMay

LM_Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here