မိဘကောင်းတွေအနေနဲ့ သားသမီးအတွက် လုပ်ပေးလေ့ရှိတဲ့ အရာများ

0
18

ကလေးတွေဟာ အရွယ်ရောက်လာရင် သူတို့ရဲ့လူကြီးဘဝမှာ ကြုံရတဲ့ ပြဿနာတွေအတွက် မိဘတွေကို အပြစ်တင်ကြသော်လည်း စိတ်ပညာရှင်များက ဒါဟာ ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းတဲ့ ဖြေရှင်းနည်း မဟုတ်ကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။ သို့သော် မိဘတွေအနေဖြင့် သူတို့ရဲ့ မိဘအုပ်ထိန်းမှု နည်းလမ်းတွေက သူတို့ကလေးတွေရဲ့ အနာဂတ်ပျက်စီးစေနိုင်မှာကို ကြောက်ရွံ့နေကြဆဲဖြစ်ပါတယ်။ မိဘအုပ်ထိန်းမှုဆိုတာ အရေးအပါဆုံး အလုပ်အကိုင်တွေထဲက တစ်ခုဖြစ်ပါတယ်။ မိဘကောင်းတွေအနေနဲ့ သူတို့ရဲ့ သားသမီးတွေ ပျော်ရွှင်စေဖို့ လုပ်ပေးတဲ့ အချက်လေးတွေရှိပါတယ်။

၁။ သားသမီးတွေကို အားလပ်ချိန် အလုံအလောက် ပေးထားပါတယ်

မိဘအများစုက ကိုယ့်သားသမီးတွေကို အောင်မြင်မှု ရစေလိုတာကြောင့် ကျောင်းသင်ခန်းစာအပြင် စန္ဒယားသင်ခန်းစာတွေ၊ သင်္ချာအတန်းတွေ၊ အားကစား လေ့ကျင့်မှုနှင့် အကသင်တန်းတွေစတဲ့ သင်တန်းတွေဖြင့် မအားမလပ်ရအောင် စီစဉ်ပေးကြပါတယ်။ သူတို့ရဲ့ အလုံးစုံဖွံ့ဖြိုးမှုအတွက် ကောင်းကျိုးရနိုင်ပေမယ့်လည်း အလုပ်တွေအများကြီးလုပ်ရခြင်းကြောင့် ကလေးတွေမှာ စိတ်ဖိစီးမှုများစွာ ဖြစ်ရပါတယ်၊ ကလေးတွေကို သူတို့ရဲ့ကိုယ်ပိုင်အချိန်နှင့် ဆော့ကစားဖို့အချိန်ပေးဖို့လိုပါတယ်။ သူတို့ရဲ့ အားလပ်ချိန်များကို ဖယ်ထုတ်ခြင်းက သူတို့ကို စိတ်သောကရောက်စေပြီး စိတ်ခံစားမှုနှင့် အပြုအမှုဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ သူတို့ဟာ ပြီးပြည့်စုံတဲ့ မိဘဖြစ်ဖို့ မကြိုးစားကြပါဘူး

မိဘအုပ်ထိန်းသူ လုပ်ရတာဟာ ခက်ခဲနိုင်ပါတယ်။ သို့သော် ကလေးတွေ ပျော်ရွှင်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်ပါတယ်။ မိဘတွေဟာ မဖြစ်နိုင်တဲ့ စံချိန်စံညွန်းများဖြင့် ကိုယ့်ကိုယ်ကိုသတ်မှတ်ထားတဲ့အခါ သူတို့ကလေးတွေရဲ့ တန်ဖိုးရှိတဲ့ အတွေ့အကြုံများကို ဆုံးရှုံးစေပါတယ်။ မိဘတွေအနေနဲ့ အရာရာတိုင်းကို ထိန်းချုပ်မှုအောက်မှာ ရှိဖို့ကြိုးစားပြီး သူတို့ရဲ့ တကယ့်စိတ်ခံစားမှုကို ထုတ်ဖော်ပြောဆိုခြင်းမရှိတာကြောင့် ဒီမိဘအုပ်ထိန်းမှုပုံစံက စစ်မှန်ခြင်း ကင်းမဲ့ပါတယ်။ မိဘတွေဟာ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေနှင့် မကိုက်ညီတာကြောင့် အပြစ်ရှိသလို ခံစားပြီး ကလေးနှင့် သူတို့အကြားက ဆက်ဆံရေးကို စိတ်ပျက်စေပါတယ်။

၃။ ကလေးတွေကို အပြစ်ပေးမယ့်အစား သင်ခန်းစာတွေ သင်ပေးပါတယ်

ကလေးတွေဟာ မိဘတွေရဲ့ အပြုအမှုကို တုပပြီး သူတို့ရဲ့ လုပ်ရပ်တွေကနေ လေ့လာသင်ယူပါတယ်။ ဒါ့ကြောင့် ကလေးဟာ တစ်ခုခု အမှားလုပ်မိရင် မိဘတွေအနေနဲ့ အပြုသဘောဆောင်တဲ့ မိဘအုပ်ထိန်းမှု နည်းစနစ်ကို အသုံးပြုပြီး ဒီအပြုအမှုကို လက်မခံနိုင်တဲ့ အကြောင်းရင်းကို ရှင်းပြသင့်ပါတယ်။ ကလေးက သူတို့အပြုအမှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ဘာကြောင့်မှားသလဲဆိုတာကို နားမလည်တာကြောင့် ကလေးတစ်ယောက်ကို အပြစ်ပေးခြင်းက နည်းမှန် လမ်းမှန် မဟုတ်ပါဘူး။ မိဘတွေအနေနဲ့ ကလေးရဲ့ အမှားတွေကို နားလည်သဘောပေါက်အောင် ထောက်ပြပြီး ဖြေရှင်းဖို့ အခွင့်အရေးပေးရပါမယ်။

၄။ သူတို့ ကလေးတွေအတွက် ပျော်ရွှင်စရာ အမှတ်တရတွေကို ဖန်တီးပေးပါတယ်

ကလေးဘဝအမှတ်တရတွေက အချို့သော ဖြစ်ရပ်တွေကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ ကျွန်တော်တို့ကို နားလည်စေပါတယ်။ သုတေသနတွေ့ရှိချက်များအရ ပျော်ရွှင်တဲ့ အမှတ်တရတွေရှိသော ကလေးတွေဟာ ပိုကျန်းမာပြီး ဘဝကို ကျေနပ်ရောင့်ရဲတတ်ကြပါတယ်။ ၎င်းတို့က ဘဝအပေါ် အကောင်းမြင်ပြီး စိတ်ဖိစီးမှုတွေကို ကျော်လွှားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ဒီကလေးတွေမှာ စိတ်ကျဝေဒနာခံစားရတာ နည်းပါးပြီး လူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်လို ကြပါတယ်။

၅။ ချစ်ခြင်းမေတ္တာကို ပြသကြပါတယ်

အရမ်းအလိုလိုက် အချစ်ခံရတဲ့ ကလေးတွေဟာ ပျက်စီးတတ်ကြတယ်လို့ လူအများက ယုံကြည်လက်ခံထားကြပေမယ့် မိဘတွေဟာ ချစ်ခြင်းမေတ္တာဖြင့် သူတို့ကလေးတွေကို မဖျက်ဆီးနိုင်ပါဘူး။ ချစ်ခြင်းမေတ္တာကို ပြသခြင်းဟာ စိတ်ပိုင်းဆိုင်ရာနှင့် အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်နိုင်ခြေကို လျော့ကျစေပြီး စိတ်ဖိစီးမှုကို ခံနိုင်ရည် ရှိစေပါတယ်။ ၎င်းက မိဘတွေနဲ့ ကလေးတွေအကြားက စိတ်ခံစားမှုနှောင်ကြိုးကို ပိုမိုခိုင်မာစေပြီး ကလေးတွေကို အကာအကွယ်တစ်ခုလို ခံစားရစေပါတယ်။

၆။ ကလေးတွေကို အိမ်ပတ်ဝန်းကျင်မှာ အကူအညီပေးဖို့ ပြောလေ့ ရှိပါတယ်

လေ့လာမှုအရ အိမ်မှုကိစ္စလုပ်တဲ့ ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါမှာ ပိုပြီးပျော်ရွှင်လေ့ရှိပါတယ်။ အိမ်နားနီးချငးတွေကို အကူအညီပေးတာက ကလေးတွေကို လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သင်ကြားခြင်းနှင့် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်နှင့် ဆက်စပ်နေပါတယ်။ ဒီကလေးတွေဟာ အလုပ်က ဘဝရဲ့ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာ နားလည်ပြီး ကိုယ့်အတွက် ကိုယ်လုပ်မှရမယ်ဆိုတာ နားလည်လာစေပါတယ်။ သူတို့ကြီးပြင်းလာတာနှင့်အမျှ လုပ်ငန်းခွင်မှာ ပိုမိုတတ်ကြွလေ့ရှိပြီး team work skills ပိုကောင်းလာပါလိမ့်မယ်။

၇။ တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ကြပါဘူး

မိဘကောင်းတွေဟာ ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို မဖိနှိပ်ပါဘူး။ အခြားသူတစ်ဦးဖြစ်အောင်လည်း ပြောင်းလဲဖို့ မကြိုးစားပါဘူး။ တချို့မိဘတွေက သူတို့နှစ်သက်တဲ့ အကျင့်စရိုက်တွေ ရရှိဖို့၊ ပိုပြီးစိတ်အားထက်သန်လာဖို့ဆိုတဲ့ မျှော်လင့်ချက်ဖြင့် ကိုယ့်ကလေးကို တခြားကလေးနှင့် နှိုင်းယှဉ်တတ်ကြပါတယ်။ လက်တွေ့ဘဝမှာ အဲ့ဒါက ဆန့်ကျင်ဘက်အနေနှင့် အလုပ်လုပ်ပါတယ်။ ဒီသဘောထားက သူတို့ရဲ့ ကိုယ့်ကိုယ်ကို လေးစားမှုကို ထိခိုက်စေပြီး ကလေးဟာ မိဘတွေကို ပိုနာကြည်းပြီး ခါးခါးသီးသီးဖြစ်စေပါတယ်။ သူတို့ကို အခြားသူတွေနှင့် နှိုင်းယှဉ်လို့လဲ အပြည့်အဝကောင်းလာမှာ မဟုတ်ပါဘူး။

၈။ သူတို့ရဲ့ ကိုယ်ပိုင်ဘဝ လွတ်လပ်ခွင့်ကို ပေးထားပါတယ်

မိဘတွေဟာ သူတို့ရဲ့အချိန်တွေ၊ ခွန်အားတွေအားလုံးနီးပါးကို ကိုယ့်သားသမီးပေါ်မှာ ရည်စူးထားသော်လည်း ကလေးတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ဘဝရှိဖို့ လိုအပ်ပါတယ်။ အချို့သော မိဘတွေဟာ ငါနင့်ကိုမွေးထားတာပဲဆိုပြီး ပိုင်ဆိုင်တဲ့ အပြုအမှုကို ပြသခြင်း ၊ ထိန်းချုပ်မှု များလွန်းခြင်း၊ ကလေးတွေကို ဘယ်မှမလွှတ်ခြင်းတို့ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ကလေးတစ်ယောက်မှာ အိမ်နှင့် ကလေးတွေအပေါ်မှာပဲ ဗဟိုမပြုထားသော စံထားရမယ့် ပုဂ္ဂိုလ်တစ်ဦးရှိဖို့ လိုအပ်ပါတယ်။ ဒါက ကလေးရဲ့ အနာဂတ်အသက်မွေးဝမ်းကျောင်း အလားအလာနှင့်လည်း ဆက်စပ်မှုရှိပါတယ်။ သုတေသနပြုချက်အရ အလုပ်လုပ်နေတဲ့ မိခင်တွေရဲ့ သမီးတွေဟာ ဝင်ငွေအများအပြားရပြီး ကြီးကြပ်ရေးရာထူးများမှာ အလုပ်ရတတ်ကြပါတယ်။

၉။ မိသားစုအတွင်းမှာ ခိုင်မာတဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို ဖန်တီးပေးပါတယ်

ကလေးတွေဟာ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်နှင့် လောကကြီးကို စူးစမ်းလေ့လာဖို့အတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်ကောင်း လိုအပ်ပါတယ်။ ၎င်းက စိတ်ဖိစီးမှုများကို ခံနိုင်ရည်ရှိအောင် ကူညီပေးပြီး သူတို့ရဲ့ အတွေးအခေါ်တွေကို အသက်ဝင်လာစေဖို့ အခွင့်အရေး ပိုပေးပါတယ်။ ကလေးတွေဟာ အနာဂတ်မှာ အခြားလူတွေနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ပေးတဲ့ လူမှုရေး ကျွမ်းကျင်မှုတွေကို ရရှိပါတယ်။ ငြင်းပယ်ခံရမှာကို မကြောက်ဘဲ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေနဲ့ ပိုမိုပွင့်လင်းစွာ ဆက်ဆံတတ်လာပါတယ်၊ မိသားစု အထောက်အပံ့နှင့် ယုံကြည်မှု ရရှိတာကြောင့် ဒီကလေးတွေဟာ ကျောင်းမှာ ရလဒ်ကောင်းတွေ ပြသကြပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi

မိဘေကာင္းေတြအေနနဲ႔ သားသမီးအတြက္ လုပ္ေပးေလ့ရွိတဲ့ အရာမ်ား
ကေလးေတြဟာ အ႐ြယ္ေရာက္လာရင္ သူတို႔ရဲ႕လူႀကီးဘဝမွာ ႀကဳံရတဲ့ ျပႆနာေတြအတြက္ မိဘေတြကို အျပစ္တင္ၾကေသာ္လည္း စိတ္ပညာရွင္မ်ားက ဒါဟာ ေကာင္းမြန္ၿပီး အက်ိဳးျဖစ္ထြန္းတဲ့ ေျဖရွင္းနည္း မဟုတ္ေၾကာင္း ထုတ္ေဖာ္ျပသခဲ့ပါတယ္။ သို႔ေသာ္ မိဘေတြအေနျဖင့္ သူတို႔ရဲ႕ မိဘအုပ္ထိန္းမႈ နည္းလမ္းေတြက သူတို႔ကေလးေတြရဲ႕ အနာဂတ္ပ်က္စီးေစႏိုင္မွာကို ေၾကာက္႐ြံ႕ေနၾကဆဲျဖစ္ပါတယ္။ မိဘအုပ္ထိန္းမႈဆိုတာ အေရးအပါဆုံး အလုပ္အကိုင္ေတြထဲက တစ္ခုျဖစ္ပါတယ္။ မိဘေကာင္းေတြအေနနဲ႔ သူတို႔ရဲ႕ သားသမီးေတြ ေပ်ာ္႐ႊင္ေစဖို႔ လုပ္ေပးတဲ့ အခ်က္ေလးေတြရွိပါတယ္။

၁။ သားသမီးေတြကို အားလပ္ခ်ိန္ အလုံအေလာက္ ေပးထားပါတယ္

မိဘအမ်ားစုက ကိုယ့္သားသမီးေတြကို ေအာင္ျမင္မႈ ရေစလိုတာေၾကာင့္ ေက်ာင္းသင္ခန္းစာအျပင္ စႏၵယားသင္ခန္းစာေတြ၊ သခ်ၤာအတန္းေတြ၊ အားကစား ေလ့က်င့္မႈႏွင့္ အကသင္တန္းေတြစတဲ့ သင္တန္းေတြျဖင့္ မအားမလပ္ရေအာင္ စီစဥ္ေပးၾကပါတယ္။ သူတို႔ရဲ႕ အလုံးစုံဖြံ႕ၿဖိဳးမႈအတြက္ ေကာင္းက်ိဳးရႏိုင္ေပမယ့္လည္း အလုပ္ေတြအမ်ားႀကီးလုပ္ရျခင္းေၾကာင့္ ကေလးေတြမွာ စိတ္ဖိစီးမႈမ်ားစြာ ျဖစ္ရပါတယ္၊ ကေလးေတြကို သူတို႔ရဲ႕ကိုယ္ပိုင္အခ်ိန္ႏွင့္ ေဆာ့ကစားဖို႔အခ်ိန္ေပးဖို႔လိုပါတယ္။ သူတို႔ရဲ႕ အားလပ္ခ်ိန္မ်ားကို ဖယ္ထုတ္ျခင္းက သူတို႔ကို စိတ္ေသာကေရာက္ေစၿပီး စိတ္ခံစားမႈႏွင့္ အျပဳအမႈဆိုင္ရာ ျပႆနာမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။

၂။ သူတို႔ဟာ ၿပီးျပည့္စုံတဲ့ မိဘျဖစ္ဖို႔ မႀကိဳးစားၾကပါဘူး

မိဘအုပ္ထိန္းသူ လုပ္ရတာဟာ ခက္ခဲႏိုင္ပါတယ္။ သို႔ေသာ္ ကေလးေတြ ေပ်ာ္႐ႊင္ေစဖို႔ အတတ္ႏိုင္ဆုံး ႀကိဳးစားသင့္ပါတယ္။ မိဘေတြဟာ မျဖစ္ႏိုင္တဲ့ စံခ်ိန္စံၫြန္းမ်ားျဖင့္ ကိုယ့္ကိုယ္ကိုသတ္မွတ္ထားတဲ့အခါ သူတို႔ကေလးေတြရဲ႕ တန္ဖိုးရွိတဲ့ အေတြ႕အႀကဳံမ်ားကို ဆုံးရႈံးေစပါတယ္။ မိဘေတြအေနနဲ႔ အရာရာတိုင္းကို ထိန္းခ်ဳပ္မႈေအာက္မွာ ရွိဖို႔ႀကိဳးစားၿပီး သူတို႔ရဲ႕ တကယ့္စိတ္ခံစားမႈကို ထုတ္ေဖာ္ေျပာဆိုျခင္းမရွိတာေၾကာင့္ ဒီမိဘအုပ္ထိန္းမႈပုံစံက စစ္မွန္ျခင္း ကင္းမဲ့ပါတယ္။ မိဘေတြဟာ မျဖစ္ႏိုင္တဲ့ ေမွ်ာ္လင့္ခ်က္ေတြႏွင့္ မကိုက္ညီတာေၾကာင့္ အျပစ္ရွိသလို ခံစားၿပီး ကေလးႏွင့္ သူတို႔အၾကားက ဆက္ဆံေရးကို စိတ္ပ်က္ေစပါတယ္။

၃။ ကေလးေတြကို အျပစ္ေပးမယ့္အစား သင္ခန္းစာေတြ သင္ေပးပါတယ္

ကေလးေတြဟာ မိဘေတြရဲ႕ အျပဳအမႈကို တုပၿပီး သူတို႔ရဲ႕ လုပ္ရပ္ေတြကေန ေလ့လာသင္ယူပါတယ္။ ဒါ့ေၾကာင့္ ကေလးဟာ တစ္ခုခု အမွားလုပ္မိရင္ မိဘေတြအေနနဲ႔ အျပဳသေဘာေဆာင္တဲ့ မိဘအုပ္ထိန္းမႈ နည္းစနစ္ကို အသုံးျပဳၿပီး ဒီအျပဳအမႈကို လက္မခံႏိုင္တဲ့ အေၾကာင္းရင္းကို ရွင္းျပသင့္ပါတယ္။ ကေလးက သူတို႔အျပဳအမႈေတြရဲ႕ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြနဲ႔ ဘာေၾကာင့္မွားသလဲဆိုတာကို နားမလည္တာေၾကာင့္ ကေလးတစ္ေယာက္ကို အျပစ္ေပးျခင္းက နည္းမွန္ လမ္းမွန္ မဟုတ္ပါဘူး။ မိဘေတြအေနနဲ႔ ကေလးရဲ႕ အမွားေတြကို နားလည္သေဘာေပါက္ေအာင္ ေထာက္ျပၿပီး ေျဖရွင္းဖို႔ အခြင့္အေရးေပးရပါမယ္။

၄။ သူတို႔ ကေလးေတြအတြက္ ေပ်ာ္႐ႊင္စရာ အမွတ္တရေတြကို ဖန္တီးေပးပါတယ္

ကေလးဘဝအမွတ္တရေတြက အခ်ိဳ႕ေသာ ျဖစ္ရပ္ေတြကို ဘယ္လိုတုန႔္ျပန္ရမလဲဆိုတာ ကြၽန္ေတာ္တို႔ကို နားလည္ေစပါတယ္။ သုေတသနေတြ႕ရွိခ်က္မ်ားအရ ေပ်ာ္႐ႊင္တဲ့ အမွတ္တရေတြရွိေသာ ကေလးေတြဟာ ပိုက်န္းမာၿပီး ဘဝကို ေက်နပ္ေရာင့္ရဲတတ္ၾကပါတယ္။ ၎တို႔က ဘဝအေပၚ အေကာင္းျမင္ၿပီး စိတ္ဖိစီးမႈေတြကို ေက်ာ္လႊားႏိုင္တဲ့ စြမ္းရည္ရွိပါတယ္။ ဒီကေလးေတြမွာ စိတ္က်ေဝဒနာခံစားရတာ နည္းပါးၿပီး လူေတြနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးကို တည္ေဆာက္လို ၾကပါတယ္။

၅။ ခ်စ္ျခင္းေမတၱာကို ျပသၾကပါတယ္

အရမ္းအလိုလိုက္ အခ်စ္ခံရတဲ့ ကေလးေတြဟာ ပ်က္စီးတတ္ၾကတယ္လို႔ လူအမ်ားက ယုံၾကည္လက္ခံထားၾကေပမယ့္ မိဘေတြဟာ ခ်စ္ျခင္းေမတၱာျဖင့္ သူတို႔ကေလးေတြကို မဖ်က္ဆီးႏိုင္ပါဘူး။ ခ်စ္ျခင္းေမတၱာကို ျပသျခင္းဟာ စိတ္ပိုင္းဆိုင္ရာႏွင့္ အမူအက်င့္ပိုင္းဆိုင္ရာ ျပႆနာမ်ားျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစၿပီး စိတ္ဖိစီးမႈကို ခံႏိုင္ရည္ ရွိေစပါတယ္။ ၎က မိဘေတြနဲ႔ ကေလးေတြအၾကားက စိတ္ခံစားမႈေႏွာင္ႀကိဳးကို ပိုမိုခိုင္မာေစၿပီး ကေလးေတြကို အကာအကြယ္တစ္ခုလို ခံစားရေစပါတယ္။

၆။ ကေလးေတြကို အိမ္ပတ္ဝန္းက်င္မွာ အကူအညီေပးဖို႔ ေျပာေလ့ ရွိပါတယ္

ေလ့လာမႈအရ အိမ္မႈကိစၥလုပ္တဲ့ ကေလးေတြဟာ ႀကီးျပင္းလာတဲ့အခါမွာ ပိုၿပီးေပ်ာ္႐ႊင္ေလ့ရွိပါတယ္။ အိမ္နားနီးခ်ငးေတြကို အကူအညီေပးတာက ကေလးေတြကို လူ႔အဖြဲ႕အစည္းရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္း သင္ၾကားျခင္းႏွင့္ ၎တို႔ ကိုယ္တိုင္ကိုယ္က် ပါဝင္မႈေတြ ျပဳလုပ္ဖို႔ လိုအပ္တယ္ဆိုတဲ့ အခ်က္ႏွင့္ ဆက္စပ္ေနပါတယ္။ ဒီကေလးေတြဟာ အလုပ္က ဘဝရဲ႕ မရွိမျဖစ္ လိုအပ္တဲ့ အရာတစ္ခုျဖစ္တယ္ဆိုတာ နားလည္ၿပီး ကိုယ့္အတြက္ ကိုယ္လုပ္မွရမယ္ဆိုတာ နားလည္လာေစပါတယ္။ သူတို႔ႀကီးျပင္းလာတာႏွင့္အမွ် လုပ္ငန္းခြင္မွာ ပိုမိုတတ္ႂကြေလ့ရွိၿပီး team work skills ပိုေကာင္းလာပါလိမ့္မယ္။

၇။ တျခားကေလးေတြနဲ႔ မႏႈိင္းယွဥ္ၾကပါဘူး

မိဘေကာင္းေတြဟာ ကေလးေတြရဲ႕ ကိုယ္ရည္ကိုယ္ေသြးကို မဖိႏွိပ္ပါဘူး။ အျခားသူတစ္ဦးျဖစ္ေအာင္လည္း ေျပာင္းလဲဖို႔ မႀကိဳးစားပါဘူး။ တခ်ိဳ႕မိဘေတြက သူတို႔ႏွစ္သက္တဲ့ အက်င့္စ႐ိုက္ေတြ ရရွိဖို႔၊ ပိုၿပီးစိတ္အားထက္သန္လာဖို႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ျဖင့္ ကိုယ့္ကေလးကို တျခားကေလးႏွင့္ ႏႈိင္းယွဥ္တတ္ၾကပါတယ္။ လက္ေတြ႕ဘဝမွာ အဲ့ဒါက ဆန္႔က်င္ဘက္အေနႏွင့္ အလုပ္လုပ္ပါတယ္။ ဒီသေဘာထားက သူတို႔ရဲ႕ ကိုယ့္ကိုယ္ကို ေလးစားမႈကို ထိခိုက္ေစၿပီး ကေလးဟာ မိဘေတြကို ပိုနာၾကည္းၿပီး ခါးခါးသီးသီးျဖစ္ေစပါတယ္။ သူတို႔ကို အျခားသူေတြႏွင့္ ႏႈိင္းယွဥ္လို႔လဲ အျပည့္အဝေကာင္းလာမွာ မဟုတ္ပါဘူး။

၈။ သူတို႔ရဲ႕ ကိုယ္ပိုင္ဘဝ လြတ္လပ္ခြင့္ကို ေပးထားပါတယ္

မိဘေတြဟာ သူတို႔ရဲ႕အခ်ိန္ေတြ၊ ခြန္အားေတြအားလုံးနီးပါးကို ကိုယ့္သားသမီးေပၚမွာ ရည္စူးထားေသာ္လည္း ကေလးေတြမွာ သူတို႔ရဲ႕ ကိုယ္ပိုင္ဘဝရွိဖို႔ လိုအပ္ပါတယ္။ အခ်ိဳ႕ေသာ မိဘေတြဟာ ငါနင့္ကိုေမြးထားတာပဲဆိုၿပီး ပိုင္ဆိုင္တဲ့ အျပဳအမႈကို ျပသျခင္း ၊ ထိန္းခ်ဳပ္မႈ မ်ားလြန္းျခင္း၊ ကေလးေတြကို ဘယ္မွမလႊတ္ျခင္းတို႔ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ ကေလးတစ္ေယာက္မွာ အိမ္ႏွင့္ ကေလးေတြအေပၚမွာပဲ ဗဟိုမျပဳထားေသာ စံထားရမယ့္ ပုဂၢိဳလ္တစ္ဦးရွိဖို႔ လိုအပ္ပါတယ္။ ဒါက ကေလးရဲ႕ အနာဂတ္အသက္ေမြးဝမ္းေက်ာင္း အလားအလာႏွင့္လည္း ဆက္စပ္မႈရွိပါတယ္။ သုေတသနျပဳခ်က္အရ အလုပ္လုပ္ေနတဲ့ မိခင္ေတြရဲ႕ သမီးေတြဟာ ဝင္ေငြအမ်ားအျပားရၿပီး ႀကီးၾကပ္ေရးရာထူးမ်ားမွာ အလုပ္ရတတ္ၾကပါတယ္။

၉။ မိသားစုအတြင္းမွာ ခိုင္မာတဲ့ စိတ္ပိုင္းဆိုင္ရာ ဆက္သြယ္မႈကို ဖန္တီးေပးပါတယ္

ကေလးေတြဟာ လုံၿခဳံစိတ္ခ်ရတဲ့ ပတ္ဝန္းက်င္ႏွင့္ ေလာကႀကီးကို စူးစမ္းေလ့လာဖို႔အတြက္ လုံၿခဳံတဲ့ ပတ္ဝန္းက်င္ေကာင္း လိုအပ္ပါတယ္။ ၎က စိတ္ဖိစီးမႈမ်ားကို ခံႏိုင္ရည္ရွိေအာင္ ကူညီေပးၿပီး သူတို႔ရဲ႕ အေတြးအေခၚေတြကို အသက္ဝင္လာေစဖို႔ အခြင့္အေရး ပိုေပးပါတယ္။ ကေလးေတြဟာ အနာဂတ္မွာ အျခားလူေတြႏွင့္ ဆက္ဆံေရးေကာင္း တည္ေဆာက္ေပးတဲ့ လူမႈေရး ကြၽမ္းက်င္မႈေတြကို ရရွိပါတယ္။ ျငင္းပယ္ခံရမွာကို မေၾကာက္ဘဲ သူတို႔ပတ္ဝန္းက်င္မွာရွိတဲ့ လူေတြနဲ႔ ပိုမိုပြင့္လင္းစြာ ဆက္ဆံတတ္လာပါတယ္၊ မိသားစု အေထာက္အပံ့ႏွင့္ ယုံၾကည္မႈ ရရွိတာေၾကာင့္ ဒီကေလးေတြဟာ ေက်ာင္းမွာ ရလဒ္ေကာင္းေတြ ျပသၾကပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here