Home Lotaya မိဘစကား မနာခံဘဲ ခေါင်းမာတတ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်မလဲ?

မိဘစကား မနာခံဘဲ ခေါင်းမာတတ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်မလဲ?

0
မိဘစကား မနာခံဘဲ ခေါင်းမာတတ်တဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်မလဲ?

မိဘစကားနားမထောင်တဲ့၊ ခေါင်းမာတဲ့ကလေးတွေဟာ မိဘတွေအတွက် ခေါင်းကိုက်စေနိုင်ပါတယ်။ သားသား/မီးမီးတို့ရဲ့ ကလေးဘဝဟာ မိဘတိုင်းအတွက် အပျော်ရွင်ဆုံးနဲ့ စိန်ခေါ်မှုအများဆုံးအချိန်ထဲက တစ်ခုဖြစ်ပါတယ်။ သူတို့နှင့် အတူတူရင်ဆိုင်ရမယ့် ပြောင်းလဲမှုတွေနဲ့ စိန်ခေါ်မှုတွေဟာ အဆင့်အများကြီးရှိပါတယ်။ ဒီအတောအတွင်းမှာ မိဘနဲ့ကလေးအကြားက ဆက်ဆံရေးနှင့် လေးစားမှု၊ ယုံကြည်မှုကို ထိန်းသိမ်းဖို့ ကြိုးစားရပါမယ်။ သူတို့ရဲ့သဘောထားတွေက ကိုင်တွယ်ဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။ သူတို့ရဲ့ အမူအကျင့်တွေကို ထိရောက်စွာ ပြုပြင်ဖို့အတွက် မိဘတွေအနေနဲ့ သည်းခံခြင်းနှင့် စိတ်အားထက်သန်မှု များစွာလိုအပ်ပါတယ်။

၁။ မိဘရဲ့ အမိန့်ကို လျစ်လျူရှုခြင်း

မိဘပြောတဲ့ အရာတွေကို မလုပ်ဘဲ ပေကပ်ကပ်နေခြင်းဟာ မနာခံတတ်တဲ့ကလေးတွေရဲ့ ထင်ရှားသော လက္ခဏာဖြစ်ပါတယ်။ ဒီကိစ္စမှာ ကလေးဟာ သူလိုက်နာစေဖို့ ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ဖို့ကြိုးစားပါလိမ့်မယ်။
ကလေးတွေ နာခံမှုမရှိတာ၊ စကားနားမထောင်တာက အကြောင်းရင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ မိဘတွေ အမြဲတမ်း ပဋိပက္ခဖြစ်နေတာ၊ သားသမီးတွေ ရိုသေလေးစားမဲ့တဲ့ အပြုအမှုတွေရှိတာ၊ မိဘတွေ ကွာရှင်းတာ၊ အိပ်စက်ချိန် မမှန်တာ၊ လူမှုရေးအခက်အခဲများနှင့် မျောက်ရှုံးအောင်အငြိမ်မနေတတ်တဲ့ ကလေးတွေမှာ အများဆုံး ဖြစ်နိုင်ပါတယ်။

သို့သော် ကလေးဟာ ဘယ်သူ့ကို မနာခံနိုင်တာလည်းဆိုတာ သိဖို့အရေးကြီးသလို သူ့ရဲ့မနာခံမှုက ဘာ့ကြောင့်လည်းဆိုတာကို သိမှသာ ပြဿနာကို ဖြေရှင်းနိုင်မှာပါ။

၂။ အိမ်မှုကိစ္စ သို့မဟုတ် အိမ်စာလုပ်ခိုင်းလို့မရခြင်း

သင်ဟာ အလိုလိုက်လွန်းတဲ့ မိဘတစ်ယောက် သို့မဟုတ် ထိန်းကွပ်မှုလျော့ရဲတဲ့ မိဘတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ကလေးအား သူငယ်ချင်းအဖြစ် သဘောထားစေလိုတာ ဖြစ်နိုင်ပါတယ်။ ဒါက များသောအားဖြင့် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပါတယ်။ သူတို့စိတ်ထဲမှာ သင့်ကို ရိုသေလေးစားမှု လျော့နည်းစေပြီး အလုပ်လုပ်ခိုင်းလို့ရတော့မှာ မဟုတ်ပါဘူး။ကလေးအနေနဲ့ မိဘအား အခွင့်အာဏာရှိသူတစ်ယောက်အဖြစ် မြင်သင့်ပါတယ်။ သူတို့ရဲ့ ကောင်းကျိုးကို ရှာဖွေပေးနေသရွေ့ လေးစားဖို့ လိုပါတယ်။

၃။ မိဘကို လိမ်ညာနေခြင်း

လိမ်ပြောခြင်းက ကလေးတွေမှာ တွေ့နေကျ ပြဿနာလေးတစ်ခုပါ။ သို့သော် သေးငယ်သော လိမ်လည်မှုကနေ ကြီးကြီးမားမားအထိ ဖြစ်သွားစေနိုင်ပြီး အနာဂတ်မှာ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် မိဘတွေအနေနဲ့ ဒီလိမ်ပြောတတ်တဲ့ အပြုအမှုကို စောစောကတည်းက ဖြေရှင်းထားရပါမယ်။

ဒီအသက်အရွယ်ဟာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးစရိုက်တွေ ဖွံ့ဖြိုးဆဲအချိန်ဖြစ်တာကြောင့် ကလေးနှင့် စကားပြောပေးဖို့ လိုပါတယ်။ မိဘကဆူမှာစိုးလို့၊ ရိုက်မှာစိုးလို့ ကလေးဘဝတစ်လျောက်လုံး မကြာခဏလိမ်ညာနေရင်းကနေ အနာဂတ်မှာ ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။

မနာခံတတ်တဲ့ ကလေးကို ဘယ်လိုဆုံးမမလဲ?

မနာခံတတ်တဲ့ ကလေးတစ်ယောက်ရဲ့အတွေ့ရဆုံးအပြုအမှုတွေကို ဖော်ထုတ်ခြင်းက သူတို့လေးတွေကို အချိန်မီ တည့်မက်ပေးတဲ့အခါမှာ အရေးပါပါတယ်။

  • အားကစား (သို့) အနုပညာလှုပ်ရှားမှုတွေမှာ သူတို့ကို စာရင်းသွင်းပေးပါ

စည်းမျဉ်းစည်းကမ်းတွေကို ရိုးအီစွာ အမြဲတမ်းလိုက်နာရခြင်းကြောင့် သူတို့ခန္ဓာကိုယ်မှာ တင်းမာမှုတွေ၊ အဒရီနယ်ဂလင်းတွေအများကြီး ဖြစ်လာပါတယ်။ မနာခံခြင်းဖြင့် သူတို့ရဲ့ ထွက်ပေါက်ကိုရှာတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့စိတ်ဝင်စားတဲ့ အားကစားတစ်ခုခု၊ အနုပညာလှုပ်ရှားမှုတစ်ခုခုမှာ ပါဝင်စေခြင်းဖြင့် သူတို့စိတ်ထဲမှာ အစိုင်အခဲဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေကို လွတ်မြောက်စေပါတယ်။ ဒါ့အပြင် အလေ့အကျင့်နှင့် စဉ်းကမ်းတွေကိုလည်း ဖန်တီးပေးပါလိမ့်မယ်။

  • သူတို့မနာခံတဲ့အခါ အခွင့်ထူးကို ဖယ်ရှားပါ

အခွင့်ထူးကို သူတို့မလိုက်နာတဲ့အချိန်မှာ ဖယ်ရှားခြင်းက သူတို့ရဲ့ မသင့်လျော်သော အပြုအမှုတွေကို ပြုပြင်ဖို့ ကူညီပါလိမ့်မယ်။ သူကြိုက်နှစ်သက်တဲ့အရာတွေ၊ သူ့ကို ဖျော်ဖြေနေတဲ့အရာတွေကို ဖယ်ရှားခြင်းက အပြုအမှုတိုးတတ်အောင် လုပ်ဆောင်ရာမှာ ထိရောက်မှု ရှိနိုင်ပါတယ်။

သို့သော်ရှင်းပြခြင်းမရှိဘဲ အပြစ်မပေးပါနဲ့။ သင့်ကလေးအား ပြောပြပါ။ လုပ်ဆောင်မှုတိုင်းမှာ အကျိုးဆက်တွေရှိတယ်ဆိုတာ သူတို့ကို နားလည်စေပါ။

သင့်ရဲ့ကလေးအကြောင်းကို နေ့စဉ်သင်ယူခြင်း၊ ကလေးနှင့် စကားပြောဆိုခြင်း၊ နားထောင်ပေးခြင်းက သူ့ရဲ့မနာခံမှုကို ဖြေရှင်းဖို့ ကူညီနိုင်သလို ဖြစ်လာမယ့် အခြားပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာ မိဘတစ်ယောက်အနေနဲ့ အေးဆေးတည်ငြိမ်စွာနေရပါမယ်။ ထကြွသောင်းကြမ်းလွယ်တဲ့ အပြုအမှုမျိုး မပြုလုပ်ရပါဘူး။ ကလေးတစ်ယောက်ရဲ့ မိဘစကားမနာခံမှုက စိတ်ရှုပ်စရာဖြစ်နိုင်သော်လည်း ဒီပြဿနာအမျိုးအစားကို သင့်တော်သော ပြောဆိုဆက်ဆံခြင်း၊ အကျိုးရှိမယ့် နည်းဗျူဟာတွေနဲ့ အကောင်းဆုံးရင်ဆိုင်ရပါမယ်။

#Chit_MayMay

#LM_Nandar

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here