မိဘတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ရင်သွေးငယ်ကို သင်ကြားပေးသင့်တဲ့ ပြုမူပြောဆိုပုံများ

0
261
- Advertisement -

မိဘတိုင်းကတော့ ကိုယ့်ရဲ့သားသမီးတွေကို လိမ္မာယဥ်ကျေးပြီး ဖော်ဖော်ရွေရွေရှိတတ်စေချင်ကြတာချည်းပါပဲ။ ဒါကြောင့်လည်း ငယ်စဥ်ကတည်းက ကိစ္စတိုင်းကို သွန်သင်ဆုံးမပေးရတာ အသက်ကြီးလာတဲ့အထိကို မရပ်နိုင်သေးပါဘူး။ ကိုယ့်ရဲ့ရှေ့မှောက်ကျမှ လိမ္မာပြီး သူများတကာတွေ့ရှေ့ရောက်တော့မှ ပြောဆိုဆုံးမလို့ မရတဲ့အခါ ကလေးရော ကိုယ်ရော မျက်နှာပျက်၊ သိက္ခာကျစရာတွေ ဖြစ်ကုန်နိုင်တဲ့အတွက် ဘယ်လိုအကျင့်ကောင်းလေးတွေကို သားသမီးတွေအား သင်ကြားပြသပေးရမလဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

ကျေးဇူးပြု၍

ကိုယ့်အတွက် တစုံတခုကို ပြုလုပ်ပေးစေချင်တဲ့အခါ ယဥ်ကျေးမှုရှိအောင်လို့ ကျေးဇူးပြု၍ ဆိုတဲ့စကားလေးနဲ့ အစချီပြီး အကူအညီတောင်းခိုင်းပါ။

- Advertisement -

ကျေးဇူးတင်ပါတယ်

တစ်ယောက်ယောက်ဆီက အကူအညီလက်ခံရရှိတဲ့အခါ၊ တစ်ခုခုကိုလက်ဆောင်ရတဲ့အခါတိုင်းမှာ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလေးပြောပြီးတော့ အသိအမှတ်ပြုပေးပါ။

လူကြီးတွေစကားပြောတုန်း ကြားဝင်မဖြတ်ရဘူး

အခုလိုအကျင့်က ငယ်စဥ်ကတည်းက သေချာမသွန်သင်ဘူးဆိုရင် လူကြားထဲရောက်တဲ့အခါ ကိုယ့်ပတ်ဝန်းကျင်က လူတွေဆီကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ စိတ်ရှည်ရှည်နဲ့ သူတို့အလှည့်ရောက်တဲ့အထိ စောင့်တတ်အောင် သင်ကြားပေးပါ။

သူတစ်ပါးကို မကဲ့ရဲ့ရဘူး

တစ်ဖက်လူရဲ့ အသွင်အပြင်၊ ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ အသားရောင်နဲ့ပတ်သက်ပြီး ကဲ့ရဲ့စကားထိုးခြင်းက မကောင်းတဲ့အလေ့အကျင့်ဖြစ်ပါတယ်။

နှုတ်ဆက်စကားဆိုပါ

လူကြီးတွေနဲ့တွေ့ဆုံတဲ့အခါ အမြဲတမ်း နှုတ်ဆက်တတ်အောင် သင်ကြားပါ။

တံခါးခေါက်ပြီးမှ ဝင်ပါ

ပိတ်ထားတဲ့အခန်းထဲကို ဝင်တော့မယ်ဆိုရင် မပြောမဆိုနဲ့ ဖွင့်ပြီးဝင်မသွားပါနဲ့။ အထဲကိုမဝင်ခင် တံခါးကိုအရင်ခေါက်လို့ ဝင်ခွင့်တောင်းပြီးမှ အထဲဝင်ပါ။

တစ်ဖက်လူကို အနိုင်မကျင့်ရဘူး

တခြားလူတွေက တစ်ဖက်သားကို လှောင်ပြောင်ပြောဆိုတာတွေ၊ အနိုင်ကျင့်တာမျိုးတွေကို တွေ့တာနဲ့ပဲ ကိုယ်လည်းလိုက်ပြီးလုပ်ရမယ်လို့ မဆိုလိုပါဘူး။

အစားစားတုန်း အသံမထွက်ရဘူး

ထမင်းစားတုန်းဖြစ်ဖြစ် တစ်ခုခုစားတဲ့အချိန်ဖြစ်ဖြစ် ပါးစပ်က တပြတ်ပြတ်ဝါးတဲ့အသံမထွက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်စားတတ်အောင် သင်ပေးပါ။

#Chit_May_May

#Thinzar

Ref- timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here