မိဘတိုင္းသိထားသင့္တဲ့ စိတ္ပညာရွင္မ်ား မွ်ေဝထားေသာ သားေယာက်္ားေလးေတြရဲ႕ ဖြံ႕ၿဖိဳးမႈအဆင့္(၃)ဆင့္

0
13252
သားေယာက်ာ္းေလး

မိဘအုပ္ထိန္းျခင္းက လြယ္ကူတဲ့ ဂိမ္းကစားနည္းတစ္ခုေတာ့ မဟုတ္ပါဘူး။ ဒါက သင့္ကေလး ဘာစားလဲ၊ ဘာဝတ္လဲဆိုတာနဲ႔ ပတ္သတ္ၿပီး ဂရုစိုက္ေပးရမႈ႕ထက္ ပိုပါတယ္။ မိန္းကေလးနဲ႔ ေယာက်ာ္းေလးႏွစ္ေယာက္စလံုးမွာ အလြန္တိက်တဲ့ ဖြံ႕ၿဖိဳးမႈဆိုင္ရာ လုပ္ငန္းစဥ္ေတြ ရွိပါတယ္။ ဒါေပမယ့္ ေယာက်ာ္းေလးေတြက ပိုၿပီးဂရုစိုက္မႈ လိုအပ္ပါတယ္။ စိတ္ပညာရွင္မ်ားနဲ႔ ဖြံ႕ၿဖိဳးမႈဆိုင္ရာ ကၽြမ္းက်င္သူမ်ားက ကေလးတစ္ဦး ေမြးဖြားႀကီးျပင္းလာတဲ့အခါ အေရးတႀကီး ထည့္သြင္းစဥ္းစားရမယ့္ သားေယာက်္ားေလးေတြရဲ႕အဓိကဖြံ႔ၿဖိဳးမႈ အဆင့္ ၃ဆင့္ကို ခြဲျခားျပထားပါတယ္။ ဒါ့ေၾကာင့္ သားေယာက်ာ္းေလးေမြးထားတဲ့ မိဘေတြအတြက္ အေထာက္အကူျဖစ္ေစႏုိင္မယ့္ ဖြံ႕ၿဖိဳးမႈ အဆင့္(၃)ဆင့္ကို မွ်ေဝေပးလုိက္ပါတယ္။

အဆင့္ ၁။ ေမြးစကေန ၆ႏွစ္အထိ


သူတို႔ရဲ႕ gender နဲ႔မသက္ဆိုင္ဘဲ ကေလးက ကေလးဘဲ ျဖစ္ပါတယ္။ ကေလးေတြဟာ သူတို႔ကို လက္ေပၚမွာ ခ်ီထားတာ၊သူတို႔ကို စကားေျပာေပးတာ သူတို႔နဲ႔ ကစားေပးတာကို ႏွစ္သစ္ၾကပါတယ္။ အေျခခံအားျဖင့္ သူတို႔ဟာ အာရံုစူးစိုက္မႈကို ရွာတတ္ၾကပါတယ္။ ႀကီးျပင္းလာတဲ့အခါ သားေယာက္က်ားေလးေတြဟာ စူးစမ္းခ်င္စိတ္ေတြနဲ႔ မတူညီတဲ့ လႈပ္ရွားမႈမ်ားမွတဆင့္ သူတို႔ပတ္ဝန္းက်င္ကမာၻႀကီးကို ရွာေဖြၾကပါတယ္။ ဒီအခါ သူတို႔ကို ကူညီေပးဖို႔ အေရးႀကီးပါတယ္။ social psychologist တစ္ေယာက္ျဖစ္တဲ့ Erich Fromm က သားေယာက်္ားေလးတစ္ေယာက္ရဲ႕ အေစာပိုင္းဖြံ႕ၿဖိိဳးမႈမွာ မိဘေတြရဲ႕ အေရးပါတဲ့ အခန္းက႑ကို ေထာက္ျပေနတဲ့ သုေတသနကို လုပ္ေဆာင္ခဲ့ပါတယ္။ သူ႔ရဲ႕ အထင္ရွားဆံုး အိုင္ဒီယာေတြကေတာ့

မိခင္ကေန ကေလးဆီကို ခ်စ္ျခင္းေမတၱာနဲ႔ပဲ ဘဝကျဖတ္သန္းရတာေၾကာင့္ မိခင္တစ္ဦးဟာ စိတ္က်ေရာဂါ ခံစားေနရလွ်င္ ကေလးမွာလည္းပဲ ထိခိုက္ပါတယ္။

သားေယာက်္ားေလးေတြဟာ သူတို႔မိဘရဲ႕ ပါဝင္ေဆာင္ရြက္မႈလိုအပ္ပါတယ္။ မိခင္အမ်ားစုဟာ မိဘေမတၱာခ်စ္ျခင္းနဲ႔ ဂရုစိုက္ေပးမႈမွာ အေရးပါတဲ့ အခန္းက႑တစ္ခုမွ ပါဝင္ပါတယ္။ ကေလးတစ္ေယာက္ဟာ ခ်စ္ျခင္းေမတၱာနဲ႔ ယံုၾကည္မႈခံစားမိဖို႔ လိုအပ္တာေၾကာင့္ ဒါကတကယ့္ကို အေရးႀကီးပါတယ္။


ဖခင္ရဲ႕အခန္းက႑က ကိုယ့္ရဲ႕သားအတြက္ authority ရွိဖို႔ျဖစ္ၿပီး ကေလးကို ဘာအရာက ေကာင္းသလဲ? ဘယ္အရာကမေကာင္းဘူးလဲဆိုတာကို သင္ေပးရမယ့္သူ ၊ ကေလးက အတုယူအားက်ေနရမယ့္သူ ျဖစ္ရပါမယ္။
ဖခင္ရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ မိခင္ရဲ႕ခ်စ္ျခင္းေမတၱာက မတူညီပါဘူး။ ဖခင္ေတြဟာ မွန္ကန္စြာ ျပဳမႈျခင္းနဲ႔ ေကာင္းတဲ့အရာေတြကို ျပဳလုပ္ျခင္းျဖင့္ ေရွ႕ေဆာင္လမ္းျပျဖစ္ေနရပါမယ္။
အေျခခံစညး္မ်ဥ္းမ်ားနဲ႔ ကိုယ္က်င့္တရားနဲ႔ ပတ္သတ္ၿပီး ကေလးတစ္ေယာက္ဟာ မိဘေတြဆီကေန ေလ့လာရတာေၾကာင့္ ျဖစ္ပါတယ္။ ဒီbalanceကို မထိန္းသိမ္းလွ်င္ သားေယာက်ာ္းေလးႀကီးျပင္းလာတဲ့အခါ အတၱႀကီးသူတစ္ေယာက္ သို႔မဟုတ္ ရက္စက္ၾကမ္းၾကဳတ္သူတစ္ေယာက္ ျဖစ္လာပါလိမ့္မယ္။

အဆင့္ ၂။ ၆ႏွစ္ကေန ၁၃ႏွစ္အ၇ြယ္

ေယာက်္ားေလးတစ္ေယာက္လို လုပ္ေဆာင္မႈေတြမွာ ပါဝင္ပတ္သတ္ၿပီး သူတို႔ရဲ႕ က်ားမအခန္းက႑ကို ရွင္းရွင္းလင္းလင္း သေဘာေပါက္တဲ့အရြယ္လည္း ျဖစ္ပါတယ္။သုေတသနစိတ္ပညာရွင္မ်ားက ဒီအသက္အရြယ္သားေယာက်ာ္းေလးကို ျပဳစုပ်ိဳးေထာင္ျခင္းမွာ အမ်ားဆံုး အေရးပါတဲ့ ေအာက္ပါအခ်က္ေလးေတြကို မွ်ေဝထားပါတယ္။

ေယာက္်ားေလးေတြရဲ႕ သဘာဝက ၾကမ္းၾကမ္းတမ္းတမ္း ေဆာ့ကစားရတာကို ႏွစ္သက္ပါတယ္။ ဒီအခါ မိဘေတြက ကေလးကိုထိခိုက္ဒဏ္ရာရမွာစိုးလို႔ ကာကြယ္ဖို႔ ႀကိဳးစားတာေတြ ၊ ပိတ္ပင္တာေတြ မျဖစ္သင့္ဘူးလုိ႔ ဆိုပါတယ္။
လြတ္လပ္မႈ၊ ႀကီးထြားမႈႏွင့္ စြန္႔စားမႈသေဘာကို အားေပးအားေျမွာက္ျပဳေနခ်ိန္မွာ သင့္သားေလးရဲ႕ေယာက်ာ္းဆန္မႈကို တန္ဖိုးထားပါ။ ကေလးဟာ ေသနတ္ကစားစရာတစ္ခု သို႔မဟုတ္ အၾကမ္းဖက္ဗီဒီယိုဂိမ္းကစားဖို႔ လိုလားလွ်င္ သင္က ကန္႔သတ္ခ်က္ထားေပမယ့္လည္း သူတို႔နည္းလမ္းရွာလာပါလိမ့္မယ္။

သူတို႔ရဲ႕ individuality ကိုေလးစားပါ။


မတူကြဲျပားတဲ့ စိတ္ဝင္စားမႈေတြကို အားေပးပါ။ မ်ားစြာေသာမိဘေတြရဲ႕ ျပႆနာက သူတို႔ကေလးကို သူတို႔စိတ္ဝင္စားတာကိုပဲ စိတ္ဝင္စားရမယ္။ သူတို႔လိုပဲ ျဖစ္ရမယ္လို႔ ခံယူထားၾကပါတယ္။ ဒါေပမယ့္ သင့္ကေလးကို မတူညီတဲ့ လုပ္ေဆာင္ေတြမွာ၊ သူတို႔စိတ္ဝင္စားတဲ့ေနရာေတြမွာ ပါဝင္ေစဖို႔ အားေပးအားေျမွာက္ ျပဳျခင္းက ေရြးခ်ယ္မႈ လြတ္လပ္ခြင့္ကို တန္ဖိုးထားတတ္လာၿပီး သူ႔တို႔ဘဝကို ထိန္းေက်ာင္းတတ္လာပါမယ္။

Gender ကိုအေျခခံၿပီး ေမွ်ာ္လင့္ခ်က္မထားပါနဲ႔။ Peggy Drexler က သူမရဲ႕ေလ့လာေတြ႕ရွိခ်က္အရ က်ားမအခန္းက႑မွာ ေခ်ာင္ပိတ္မေနတဲ့ ေယာက်ာ္းေလးေတြဟာ ပိုၿပီးလြတ္လပ္ေသာစိတ္၊ ပိုၿပီး ပြင့္လင္းေသာစိတ္ရွိပါတယ္။ သူတို႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္မ်ားထက္ sexually စိတ္ရွည္သည္းခံမႈ ပိုၿပီး ရွိၾကတယ္လို႔ ေျပာပါတယ္။

သားေယာက်ာ္းေလးေတြကို ေဝဖန္မႈေတြ ေျဖရွင္းႏိုင္ေအာင္ သင္ေပးပါ။ ရန္လိုမႈမပါဘဲ မိမိကိုယ္ကိုယ္ ဘယ္လုိရပ္တည္ႏိုင္သလဲဆိုတာ သူတို႔ိကို ျပသပါ။

အဆင့္ ၃။ အသက္၁၄ႏွစ္မွစၿပီး ေနာက္ပိုင္း

ဒါက သင့္ရဲ႕သားေယာက်ာ္းေလး ဆယ္ေက်ာ္သက္အ၇ြယ္ ျဖစ္လာတဲ့ အဆင့္ျဖစ္ပါတယ္။ ဒီကာလအတြင္းမွာ ေဟာ္မုန္းလႈပ္ရွားမႈက ေယာက်ာ္းေလးေတြကို ေဒါသႀကီးေစ၊ ရန္လိုေစတာေၾကာင့္ ခက္ခဲတဲ့ ကာလျဖစ္ပါတယ္။ ဒါကိုေက်ာ္ျဖတ္ဖို႔နည္းလမ္းက ဒီစြမ္းအင္ကို မွန္ကန္တဲ့ လမ္းေၾကာင္းထဲသို႔ တည့္မတ္လမ္းညြန္ေပးဖို႔ ျဖစ္ပါတယ္။

သူရဲ႕လုပ္ရပ္မ်ားအတြက္ တာဝန္ယူတတ္တဲ့သူျဖစ္လာေအာင္ သင္ေပးဖို႔ လိုအပ္ပါတယ္။ တာဝန္ယူတတ္မႈကို သင္ေပးဖို႔ အဓိကေသာ့ခ်က္က သင့္ကေလးကို အာဏာ, အခြင့္ထူးနဲ႔ တာဝန္ယူမႈက အတူတူ ဆက္စပ္ေနတယ္ဆိုတဲ့ အေရးပါတဲ့အခ်က္ကို ေသခ်ာနားလည္ေစဖို႔ ျဖစ္တယ္ လို႔ စိတ္ပညာရွင္ ေဒါက္တာ Steven Stosny က ေျပာပါတယ္။
တစ္ခ်ိန္တည္းမွာပဲ သူ႔ကို ကိုယ္ပိုင္ဝိေသသလကၡဏာ တည္ေထာင္ႏိုင္ဖို႔ အခြင့္အေရးေပးပါ။ child development ပါေမာကၡ David Elkind က သင့္ကေလးကို မေကာင္းတဲ့ အေပါင္းအသင္းနဲ႔ မျမင္ခ်င္ရင္ ပိုၿပီး လြတ္လပ္မႈ ေပးသင့္တယ္လို႔ ဆိုပါတယ္။

စည္းမ်ဥ္းစည္းကမ္းေတြ ႀကိဳၿပီး ခ်မွတ္ပါ။ ေဒါက္တာ Amy Bobrow ရဲ႕အဆိုအရ မိဘႏွစ္ဦးစလံုးဟာ သူတို႔သားကို ျပဳလုပ္ဖို႔ခြင့္ျပဳထားတဲ့အရာေတြ သို႔မဟုတ္ သူတို႔ လိုက္နာ အေကာင္အထည္ေဖာ္လိမ့္မယ့္ ျပစ္ဒဏ္စည္းမ်ဥ္းေတြကို ႀကိဳတင္ ခ်မွတ္ထားသင့္တယ္လို႔ ဆိုပါတယ္။ ဒီလိုမွမဟုတ္ရင္ သူတို႔ကို ရွင္းျပဖို႔ ခက္ခဲပါလိမ့္မယ္။

အေရးပါဆံုးစည္းမ်ဥ္းတစ္ခုက စံနမူနာထားရတဲ့သူျဖစ္ဖို႔ ျဖစ္ပါတယ္။ သင့္ရဲ႕အျပဳအမႈေတြက ဆန္႔က်င္ဘက္ျပသမယ္ဆိုရင္ သင့္ကေလးကို သင္ေပးလိုက္တဲ့ ဘယ္အရာမဆို အေရးထားမွာ မဟုတ္ပါဘူး။ စံနမူနာေကာင္းတစ္ေယာက္ျဖစ္ရပါမယ္။ ဒါဆိုရင္ မိဘအုပ္ထိနး္မႈႏွင့္အတူ ဘာဒုကၡမွ ရွိေတာ့မွာမဟုတ္ပါဘူး။
#Chit_MayMay
#LM_Nandar
Source-Brightside

Unicode

မိဘတိုင်းသိထားသင့်တဲ့ စိတ်ပညာရှင်များ မျှဝေထားသော သားယောကျ်ားလေးတွေရဲ့ ဖွံ့ဖြိုးမှုအဆင့်(၃)ဆင့်
မိဘအုပ်ထိန်းခြင်းက လွယ်ကူတဲ့ ဂိမ်းကစားနည်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒါက သင့်ကလေး ဘာစားလဲ၊ ဘာဝတ်လဲဆိုတာနဲ့ ပတ်သတ်ပြီး ဂရုစိုက်ပေးရမှု့ထက် ပိုပါတယ်။ မိန်းကလေးနဲ့ ယောကျာ်းလေးနှစ်ယောက်စလုံးမှာ အလွန်တိကျတဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းစဉ်တွေ ရှိပါတယ်။ ဒါပေမယ့် ယောကျာ်းလေးတွေက ပိုပြီးဂရုစိုက်မှု လိုအပ်ပါတယ်။ စိတ်ပညာရှင်များနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကျွမ်းကျင်သူများက ကလေးတစ်ဦး မွေးဖွားကြီးပြင်းလာတဲ့အခါ အရေးတကြီး ထည့်သွင်းစဉ်းစားရမယ့် သားယောကျ်ားလေးတွေရဲ့အဓိကဖွံ့ဖြိုးမှု အဆင့် ၃ဆင့်ကို ခွဲခြားပြထားပါတယ်။ ဒါ့ကြောင့် သားယောကျာ်းလေးမွေးထားတဲ့ မိဘတွေအတွက် အထောက်အကူဖြစ်စေနိုင်မယ့် ဖွံ့ဖြိုးမှု အဆင့်(၃)ဆင့်ကို မျှဝေပေးလိုက်ပါတယ်။

အဆင့် ၁။ မွေးစကနေ ၆နှစ်အထိ

သူတို့ရဲ့ gender နဲ့မသက်ဆိုင်ဘဲ ကလေးက ကလေးဘဲ ဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ကို လက်ပေါ်မှာ ချီထားတာ၊သူတို့ကို စကားပြောပေးတာ သူတို့နဲ့ ကစားပေးတာကို နှစ်သစ်ကြပါတယ်။ အခြေခံအားဖြင့် သူတို့ဟာ အာရုံစူးစိုက်မှုကို ရှာတတ်ကြပါတယ်။ ကြီးပြင်းလာတဲ့အခါ သားယောက်ကျားလေးတွေဟာ စူးစမ်းချင်စိတ်တွေနဲ့ မတူညီတဲ့ လှုပ်ရှားမှုများမှတဆင့် သူတို့ပတ်ဝန်းကျင်ကမ္ဘာကြီးကို ရှာဖွေကြပါတယ်။ ဒီအခါ သူတို့ကို ကူညီပေးဖို့ အရေးကြီးပါတယ်။ social psychologist တစ်ယောက်ဖြစ်တဲ့ Erich Fromm က သားယောကျ်ားလေးတစ်ယောက်ရဲ့ အစောပိုင်းဖွံ့ဖြိိုးမှုမှာ မိဘတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ထောက်ပြနေတဲ့ သုတေသနကို လုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ အထင်ရှားဆုံး အိုင်ဒီယာတွေကတော့

မိခင်ကနေ ကလေးဆီကို ချစ်ခြင်းမေတ္တာနဲ့ပဲ ဘဝကဖြတ်သန်းရတာကြောင့် မိခင်တစ်ဦးဟာ စိတ်ကျရောဂါ ခံစားနေရလျှင် ကလေးမှာလည်းပဲ ထိခိုက်ပါတယ်။

သားယောကျ်ားလေးတွေဟာ သူတို့မိဘရဲ့ ပါဝင်ဆောင်ရွက်မှုလိုအပ်ပါတယ်။ မိခင်အများစုဟာ မိဘမေတ္တာချစ်ခြင်းနဲ့ ဂရုစိုက်ပေးမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပါတယ်။ ကလေးတစ်ယောက်ဟာ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုခံစားမိဖို့ လိုအပ်တာကြောင့် ဒါကတကယ့်ကို အရေးကြီးပါတယ်။

ဖခင်ရဲ့အခန်းကဏ္ဍက ကိုယ့်ရဲ့သားအတွက် authority ရှိဖို့ဖြစ်ပြီး ကလေးကို ဘာအရာက ကောင်းသလဲ? ဘယ်အရာကမကောင်းဘူးလဲဆိုတာကို သင်ပေးရမယ့်သူ ၊ ကလေးက အတုယူအားကျနေရမယ့်သူ ဖြစ်ရပါမယ်။
ဖခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ မိခင်ရဲ့ချစ်ခြင်းမေတ္တာက မတူညီပါဘူး။ ဖခင်တွေဟာ မှန်ကန်စွာ ပြုမှုခြင်းနဲ့ ကောင်းတဲ့အရာတွေကို ပြုလုပ်ခြင်းဖြင့် ရှေ့ဆောင်လမ်းပြဖြစ်နေရပါမယ်။
အခြေခံစညး်မျဉ်းများနဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သတ်ပြီး ကလေးတစ်ယောက်ဟာ မိဘတွေဆီကနေ လေ့လာရတာကြောင့် ဖြစ်ပါတယ်။ ဒီbalanceကို မထိန်းသိမ်းလျှင် သားယောကျာ်းလေးကြီးပြင်းလာတဲ့အခါ အတ္တကြီးသူတစ်ယောက် သို့မဟုတ် ရက်စက်ကြမ်းကြုတ်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

အဆင့် ၂။ ၆နှစ်ကနေ ၁၃နှစ်အရွယ်

ယောကျ်ားလေးတစ်ယောက်လို လုပ်ဆောင်မှုတွေမှာ ပါဝင်ပတ်သတ်ပြီး သူတို့ရဲ့ ကျားမအခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း သဘောပေါက်တဲ့အရွယ်လည်း ဖြစ်ပါတယ်။သုတေသနစိတ်ပညာရှင်များက ဒီအသက်အရွယ်သားယောကျာ်းလေးကို ပြုစုပျိုးထောင်ခြင်းမှာ အများဆုံး အရေးပါတဲ့ အောက်ပါအချက်လေးတွေကို မျှဝေထားပါတယ်။

ယောက်ျားလေးတွေရဲ့ သဘာဝက ကြမ်းကြမ်းတမ်းတမ်း ဆော့ကစားရတာကို နှစ်သက်ပါတယ်။ ဒီအခါ မိဘတွေက ကလေးကိုထိခိုက်ဒဏ်ရာရမှာစိုးလို့ ကာကွယ်ဖို့ ကြိုးစားတာတွေ ၊ ပိတ်ပင်တာတွေ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
လွတ်လပ်မှု၊ ကြီးထွားမှုနှင့် စွန့်စားမှုသဘောကို အားပေးအားမြှောက်ပြုနေချိန်မှာ သင့်သားလေးရဲ့ယောကျာ်းဆန်မှုကို တန်ဖိုးထားပါ။ ကလေးဟာ သေနတ်ကစားစရာတစ်ခု သို့မဟုတ် အကြမ်းဖက်ဗီဒီယိုဂိမ်းကစားဖို့ လိုလားလျှင် သင်က ကန့်သတ်ချက်ထားပေမယ့်လည်း သူတို့နည်းလမ်းရှာလာပါလိမ့်မယ်။

သူတို့ရဲ့ individuality ကိုလေးစားပါ။

မတူကွဲပြားတဲ့ စိတ်ဝင်စားမှုတွေကို အားပေးပါ။ များစွာသောမိဘတွေရဲ့ ပြဿနာက သူတို့ကလေးကို သူတို့စိတ်ဝင်စားတာကိုပဲ စိတ်ဝင်စားရမယ်။ သူတို့လိုပဲ ဖြစ်ရမယ်လို့ ခံယူထားကြပါတယ်။ ဒါပေမယ့် သင့်ကလေးကို မတူညီတဲ့ လုပ်ဆောင်တွေမှာ၊ သူတို့စိတ်ဝင်စားတဲ့နေရာတွေမှာ ပါဝင်စေဖို့ အားပေးအားမြှောက် ပြုခြင်းက ရွေးချယ်မှု လွတ်လပ်ခွင့်ကို တန်ဖိုးထားတတ်လာပြီး သူ့တို့ဘဝကို ထိန်းကျောင်းတတ်လာပါမယ်။

Gender ကိုအခြေခံပြီး မျှော်လင့်ချက်မထားပါနဲ့။ Peggy Drexler က သူမရဲ့လေ့လာတွေ့ရှိချက်အရ ကျားမအခန်းကဏ္ဍမှာ ချောင်ပိတ်မနေတဲ့ ယောကျာ်းလေးတွေဟာ ပိုပြီးလွတ်လပ်သောစိတ်၊ ပိုပြီး ပွင့်လင်းသောစိတ်ရှိပါတယ်။ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်များထက် sexually စိတ်ရှည်သည်းခံမှု ပိုပြီး ရှိကြတယ်လို့ ပြောပါတယ်။

သားယောကျာ်းလေးတွေကို ဝေဖန်မှုတွေ ဖြေရှင်းနိုင်အောင် သင်ပေးပါ။ ရန်လိုမှုမပါဘဲ မိမိကိုယ်ကိုယ် ဘယ်လိုရပ်တည်နိုင်သလဲဆိုတာ သူတိို့ကို ပြသပါ။

အဆင့် ၃။ အသက်၁၄နှစ်မှစပြီး နောက်ပိုင်း

ဒါက သင့်ရဲ့သားယောကျာ်းလေး ဆယ်ကျော်သက်အရွယ် ဖြစ်လာတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ဟော်မုန်းလှုပ်ရှားမှုက ယောကျာ်းလေးတွေကို ဒေါသကြီးစေ၊ ရန်လိုစေတာကြောင့် ခက်ခဲတဲ့ ကာလဖြစ်ပါတယ်။ ဒါကိုကျော်ဖြတ်ဖို့နည်းလမ်းက ဒီစွမ်းအင်ကို မှန်ကန်တဲ့ လမ်းကြောင်းထဲသို့ တည့်မတ်လမ်းညွန်ပေးဖို့ ဖြစ်ပါတယ်။

သူရဲ့လုပ်ရပ်များအတွက် တာဝန်ယူတတ်တဲ့သူဖြစ်လာအောင် သင်ပေးဖို့ လိုအပ်ပါတယ်။ တာဝန်ယူတတ်မှုကို သင်ပေးဖို့ အဓိကသော့ချက်က သင့်ကလေးကို အာဏာ, အခွင့်ထူးနဲ့ တာဝန်ယူမှုက အတူတူ ဆက်စပ်နေတယ်ဆိုတဲ့ အရေးပါတဲ့အချက်ကို သေချာနားလည်စေဖို့ ဖြစ်တယ် လို့ စိတ်ပညာရှင် ဒေါက်တာ Steven Stosny က ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ သူ့ကို ကိုယ်ပိုင်ဝိသေသလက္ခဏာ တည်ထောင်နိုင်ဖို့ အခွင့်အရေးပေးပါ။ child development ပါမောက္ခ David Elkind က သင့်ကလေးကို မကောင်းတဲ့ အပေါင်းအသင်းနဲ့ မမြင်ချင်ရင် ပိုပြီး လွတ်လပ်မှု ပေးသင့်တယ်လို့ ဆိုပါတယ်။

စည်းမျဉ်းစည်းကမ်းတွေ ကြိုပြီး ချမှတ်ပါ။ ဒေါက်တာ Amy Bobrow ရဲ့အဆိုအရ မိဘနှစ်ဦးစလုံးဟာ သူတို့သားကို ပြုလုပ်ဖို့ခွင့်ပြုထားတဲ့အရာတွေ သို့မဟုတ် သူတို့ လိုက်နာ အကောင်အထည်ဖော်လိမ့်မယ့် ပြစ်ဒဏ်စည်းမျဉ်းတွေကို ကြိုတင် ချမှတ်ထားသင့်တယ်လို့ ဆိုပါတယ်။ ဒီလိုမှမဟုတ်ရင် သူတို့ကို ရှင်းပြဖို့ ခက်ခဲပါလိမ့်မယ်။

အရေးပါဆုံးစည်းမျဉ်းတစ်ခုက စံနမူနာထားရတဲ့သူဖြစ်ဖို့ ဖြစ်ပါတယ်။ သင့်ရဲ့အပြုအမှုတွေက ဆန့်ကျင်ဘက်ပြသမယ်ဆိုရင် သင့်ကလေးကို သင်ပေးလိုက်တဲ့ ဘယ်အရာမဆို အရေးထားမှာ မဟုတ်ပါဘူး။ စံနမူနာကောင်းတစ်ယောက်ဖြစ်ရပါမယ်။ ဒါဆိုရင် မိဘအုပ်ထိနး်မှုနှင့်အတူ ဘာဒုက္ခမှ ရှိတော့မှာမဟုတ်ပါဘူး။
#Chit_MayMay
#LM_Nandar
Source-Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here