မိဘတိုင်းကြုံတွေ့ရလေ့ရှိသော နာကျင်မှုနှင့် ဝမ်းနည်းဖွယ်အမှန်တရားများ

0
203
- Advertisement -

မိဘတစ်ယောက်ဖြစ်လာရခြင်းဟာ ဘဝရဲ့ တစ်ခုတည်းသော အကြီးမားဆုံးပျော်ရွှင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်စောင့်ရှောက်တတ်သော မိဘတိုင်းက မိဘအုပ်ထိန်မှုမှာ ပိုမိုကောင်းလာဖို့ သင်ယူရမယ့်နှလုံးကြေကွဲဖွယ် သင်ခန်းစာတစ်ချို့ရှိပါတယ်။ မိဘဖြစ်ခြင်းဟာ ဘဝရဲ့ တစ်ခုတည်းသော အကောင်းဆုံးအတွေ့အကြုံလည်းဖြစ်ပါတယ်။

၁။ သင်တတ်နိုင်တယ်ဆိုင် ဘာမှမလုပ်ပါနဲ့

မိဘတွေအနေနဲ့ ကျွန်မတို့ဟာ ကျွန်မတို့ကလေးတွေကို ကူညီချင်ကြပါတယ်။ ကျွန်မတို့အတွက် ကလေးတွေနဲ့ အတူ ရေကူးခြင်း၊ စက်ဘီးစီးခြင်း..စတာတွေ ကူလုပ်ပေးဖို့ လွယ်ကူပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ ကလေးတွေကိုယ်စားသင်္ချာနှင့် အင်္ဂလိပ်အိမ်စာတွေကို ကိုယ်တိုင်ဝင်လုပ်ပေးဖို့တော့ မဖြစ်နိုင်ပါ။ အကြောင်းရင်းကတော့ မိဘကနေရာတကာတိုင်း လိုက်လုပ်ပေးနေရင် သူတို့ဟာ ဘာမှ လုပ်တတ်တော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကလေးတွေဟာ သူတို့ကိုယ်တိုင်အတွက် အရေးကြီးတဲ့ ဖြေရှင်းနိုင်စွမ်းရည်ကို သင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် နာနာကျင်ကျင်နဲ့ပဲ သူတို့ကိုယ်တိုင် လုပ်ခွင့်ပြုပါ။

- Advertisement -

၂။ နေ့တိုင်း သူတို့ဟာ သင့်ကို လိုအပ်ပါတယ်

ပထမနှစ်အနည်းငယ်အတွင်းမှာ ကလေးတစ်ဦးရဲ့ သူသိသမျှအားလုံးက မိဘတွေနှင့် တစ်ခြားမိသားစုဝင်တွေဆီကနေ သင်ယူခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကျောင်းကို ရောက်သွားတဲ့အခါ မိဘတွေဆီကနေ ခွဲထွက်ပြီး သင်ယူကြီးထွားလာနေပါပြီ။ ကျွန်မတို့ရဲ့ ကလေးဟာ ကျွန်မတို့ရဲ့ အခွင့်အာဏာတွေကို ဆန့်ကျင်တိုက်ခိုက်လာလေလေ သူတို့ကို ပိုချစ်ခင်လိုအပ်လာပါတယ်။ ကလေးဟာ အရွယ်ရောက်လာတာနဲ့အမျှ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားလုံးတွေ၊ လိင်အကြောင်း မေးမြန်းပြောဆိုင်မှုတွေနဲ့ ဘာသာရေးဝန်ဆောင်မှုတွေကို ဘာကြောင့် လုပ်ပေးဖို့ လိုအပ်ကြောင်း မေးမြန်းပြောဆိုလာပါလိမ့်မယ်။ ဒါ့ကြောင့် ဒီနေရာမှာ အကောင်းဆုံးရှင်းပြပေးနိုင်ဖို့ ကြိုတင်စဉ်းစားထားပါ။ အသက်အရွယ်အလိုက် သူတို့ဟာသင့်ကို အမြဲလိုအပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဖြတ်သန်းရမယ့်နေရာမှာ သင်ဟာ ဖြတ်သန်းခဲ့ဖူးတာမို့ သူတို့ဘာတွေကြိုတင်ပြင်ဆင်ဖို့ လိုအပ်မလဲလို့ အမြဲမေးချင်တာကြောင့်ပါ။ ဒီနေရာမှာ အထူးသဖြင့် ငယ်ငယ်ကတည်းက ကြိုတင်ပြင်ဆင်ပေးလိုက်နိုင်တာ ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သင်ဟာ သူတို့အနားမှာ အမြဲရှိနေနိုင်မှာ မဟုတ်တာကြောင့်ပါ။

၃။ သူတို့ဟာ သင့်ကို ထားခဲ့ပြီး ထွက်ခွာသွားကြမယ်

သင့်ရဲ့ ကလေးတွေဟာ အမှန်တကယ်စေ့စပ်ခြင်း၊ ချစ်ခြင်းမေတ္တာတွေနှင့် ကတိကဝတ်ပြုခြင်းတို့က မိဘအုပ်ထိန်မှု အခန်းကဏ္ဍတွေက တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေအားလုံးဟာ ခိုင်မာပြီး ပြည့်စုံသောပုဂ္ဂိုလ်တွေဖြစ်ချင်ကြပါတယ်။ သူတို့ကို ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ ပြင်ဆင်ခြင်းက နောက်ဆုံးမှာသူတို့ကိုယ် ကိုယ့်ဘာသာအထုပ်အပိုးပြင်ပြီး နှုတ်ဆက်ကျောခိုင်းသွားနိုင်ပါလိမ့်မယ်။ တစ်ချိန်မှာ ထွက်ခွာသွားမယ်ဆိုတာ အမှန်တရားဖြစ်တာမို့ နာနာကျင်ကျင်ပဲ လက်ခံလိုက်ပါ။

Chit_May_May

Nyein_Thu

Ref-themindjournal

LEAVE A REPLY

Please enter your comment!
Please enter your name here