မိဘတိုင်းမဖြစ်မနေ သိထားရမယ့် ထူးခြားတဲ့ Introverts ကလေးငယ်တွေ အကြောင်း

0
4657
- Advertisement -

ကမ္ဘာပေါ်မှာ လူအမျိုးအစား ၃မျိုးရှိပါတယ်။ စိတ်ပညာရှင်တွေကလူတွေရဲ့အပြုအမူ၊ လူ့စိတ်သဘာဝကွဲပြားမှုတွေကိုလေ့လာရင်းလူတွေရဲ့အမျိုးအစားကိုခွဲခြားမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ခုပြောပြချင်တာကစိတ်ပညာရှင်တွေပြောတဲ့ စိတ်စွမ်းအားကို အပြင်ကရသူ (Extrovert) နဲ့ စိတ်စွမ်းအားကိုအတွင်းကရသူ ( Introvert)၊ အတွင်းကော အပြင်ကပါ မျှတစွာရရှိသူ (Ambivert) ဆိုတဲ့ လူအမျိုးအစားသုံးမျိုးအကြောင်းပါ။လက်ရှိက မ္ဘာကြီးမှာရှိနေကြတာက Extrovert ၅၀ရာခိုင်နှုန်း၊ Introvert ၅၀ရာခိုင်နှုန်း၊ မျှမျှတတရရှိတဲ့Ambivertအမျိုးအစားက တော့ အလွန်ရှားပါးတယ်တဲ့။ ရှိခဲ့ရင်လည်းကမ္ဘာပေါ်မှာကံအကောင်းဆုံးသူတွေလို့ ဆိုရမှာပါ။

အပြင်စွဲသဘာဝရှိသူ (Extrovert) နဲ့ အတွင်းစွဲသဘာဝရှိသူ (Introvert) အမျိုးအစားနှစ်မျိုးသာအပြင်လောကမှာ အတွေ့ရများပါတယ်။ ခုပြောပြချင်တာက Introverts ကလေးငယ်တွေဆိုတာ ဘယ်လိုအပြုအမူတွေ စရိုက်တွေ စိတ်နေစိတ်ထားတွေရှိလဲဆိုတာပါ.ကဲဒါလေးဖတ်ကြည့်ပီး မိဘတွေကိုယ်တိုင်ကရော ကိုယ့်ကလေးတွေရော ဘယ်လိုလူအမျိုးအစားလဲဆိုတာ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရအောင်.

- Advertisement -

စိတ်စွမ်းအားကို အပြင်ကရသူ (Extrovert)

Extrovertတွေရဲ့သဘာဝအရသူတို့ဟာ လူတွေအများကြီးနဲ့ပေါင်းသင်းဆက်ဆံရတာ ပျော်မွေ့တဲ့သူတွေပါ။ သူတို့ရဲ့ ပြင်ပဟန်ပန်အမူအရာတွေဟာလည်း လူအများအလွယ်တကူ အထင်ကြီးခံရတဲ့အတွက် Extrovertတွေသာဘဝမှာအောင်မြင်ကြတယ်လို့ အကြမ်းဖျင်းယူဆလို့ရပါတယ်။

သူတို့တွေက အမြဲလိုသွက်သွက်လက်လက် ဖြစ်နေတတ်ပြီး စကားကို ချက်ကျလက်ကျပြောတတ်ပါတယ်။ စိတ်ပညာရှင် Carl Jung က extrovert ကို ခုလိုသတ်မှတ်ထားပါတယ်။ Extrovert က outside ကို မျက်နှာမူပြီး နေတယ်။သူက အားလုံးနဲ့တသားတည်း ဖြစ်အောင် လုပ်နိုင်တယ်။

ပျော်ပျော်ရွှင်ရွှင် စကားတွေကို ဖောင်နေအောင် ပြောပြီး.လူတွေအားလုံး စိတ်သက်တောင့်သက်သာ ရှိနေအောင်၊ အခြေအနေအားလုံး အဆင်ပြေအောင် သူလုပ်ပေးတယ်။ extrovert တစ်ယောက်သာရှိနေလိုက် လူတွေက ပျော်ကြတယ်။ သူဖန်တီးပေ းထားတဲ့ အခြေအနေထဲမှာ အားလုံးဟာ သက်တောင့်သက်သာ ရှိကြတယ်။

အတွင်းစွဲသမား (Introvert)တွေရဲ့ လက္ခဏာရပ်များ

Introvertတွေဟာ စိတ်စွမ်းအားကို အတွင်းကရသူတွေဖြစ်ပါတယ်။ ဖုန်းတွေအားကုန်သွားရင် အားပြန်ဖြည့်ရသလို တယော က်တည်းနေခြင်း ဒါမှမဟုတ် အခင်ရဆုံးမိတ်ဆွေ အနည်းငယ်နဲ့နေမှ အားပြန်ပြည့်တဲ့အမျိုးအစားမျိုးတွေပါ။ စကားတွေကျွတ်ကျွတ်ညံအောင် ပြောဆိုပြီးပျော်မြူးနေတဲ့ လူအုပ်ကြီးကြားထဲမှာ introvert က စိတ်အညစ်ကြီး ညစ်ပြီး လုံးဝ တိတ်သွားတတ်တယ်။

သူဟာ တဖြေးဖြေး အားအင်ကုန်ခမ်းလာသလို ခံစားရတတ်ပြီး လူအုပ်ကြီးရဲ့ အစွန်းအဖျားကို ရွှေ့သွားမယ်။ နောက်ဆုံးမှာတော့ တစ်ယောက်တည်းရှောင်ထွက်သွားတော့တယ်။

ဒီတော့ ဒီလိုထူးဆန်းတာတွေနဲ့ပြည့်နေတဲ့ သူ့ကို လူတွေက လူ့ဂလန့် လူဂွစာ စသဖြင့်အမျိုးမျိုးထင်တတ်ကြတယ်။ သူကလူတွေအတွက် အဆိပ်အတောက်ပုံစံမျိုးထင်တတ်ကြတယ်။

အပေါင်းအသင်းဝင်မဆံသူတွေ အထီးကျန်နေသူတွေဆိုပြီး အ ထင်လွှဲတတ်ကြတယ်။ တကယ်တော့ Introverts တွေကို နားမလည်ကြခြင်းသာဖြစ်ပါတယ်။ သူတို့ကတစ်ကယ်တော့ “တစ်ကိုယ် တော်စိတ်”နဲ့ ပရော်ဖက်ရှင်နယ်တစ်ကိုယ်ရေနေထိုင်သူတွေသာဖြစ်ပါတယ်။

သင့်ကလေးဟာ Intro လား Extroလားဆိုတာသိဖို့ဘာကြောင့်လိုအပ်တာလဲ?

သင်က မိဘတစ်ဦး၊ ဆရာတစ်ဦး၊ လုပ်ငန်းရှင်တစ်ဦးဖြစ်နေခဲ့ရင် Introvert အကြောင်းပိုပြီး နားလည်ဖို့လိုပါတယ်။ အခန်းထဲမှာ ဖျတ်ဖျတ်လတ်လတ်နဲ့ တက်ကြွနေပြီး စကားပြောကောင်းတဲ့ကလေးတွေကို ဆရာတွေက ပိုတော်တယ်ထင်ပြီး မြှော က်စားတတ်ကြပါတယ်။ အလုပ်တွေ အိမ်တွေမှာလည်း အတူတူပါပဲ။ စကားနည်းပြီး ငြိမ်ငြိမ်သက်သက် တိတ်တိတ်ဆိတ်ဆိတ်လေးနေတတ်တဲ့ကလေးတွေကိုဆို ဉာဏ်မကောင်းဘူး၊ မထက်မြက်ဘူးဆိုတဲ့အမြင်ရှိတတ်ကြပါတယ်။

ဒီအသိ ဒီအမြင်ဟာ ဟာမိဘတွေနဲ့ဆရာတစ်ချို့မှာအခုထိစွဲထင်နေကြပါတယ်။ တကယ်လို့များ အဲဒီကလေး ဟာIntrovert တစ်ဦးဖြစ်နေရင် ဆူပူတာမျိုး ဖိအားပေးပီးပုံသွင်းတာမျိုးမလုပ်ဘဲ သူ့စရိုက်အလိုက်အားပေးပြုစုပျိုးထောင်ပေးဖို့လိုပါတယ်။ စိတ်ပညာရှင်တွေရဲ့စစ်တမ်းတွေအရလည်း Introvertကလေးတွေဟာအတန်းထဲမှာ စာပိုတော်လေ့ရှိတယ်လို့ဆိုထားပါတယ်။
Introvert တစ်ယောက်ဟာ သူသိတာ တစ်ရာဖိုးလောက်ရှိရင်သူက အဲဒါရဲ့ တစ်ကျပ်ဖိုးလောက်သာပြောမှာပါ ။

Introvert သားသမီးလေးတွေကို မိဘတွေကလည်း နားလည်သဘောပေါက်ပေးဖို့လိုအပ်ပါတယ်။ကိုယ့်သားသမီးကို ဘယ်သူ့ကလေးလိုဖြစ်စေချင်တာ တူစေချင်လိုက်တာ ဆိုတာမျိုးတွေ ဘယ်တော့မှမတွေးပါနဲ့။ အဲ့ဒီလို အဓိပ္ပါယ် ပေါက်စေတဲ့ စကားတွေကိုလည်း ကလေးတွေရှေ့မှာမပြောပါနဲ့။

ကလေးချင်း နှိုင်းယှဉ်ပြီး ကိုယ့်ကလေးကို ကိုယ် အားမလို အားမရ ဖြစ်တဲ့ စကားမျိုး မပြောမိပါစေနဲ့။ နောက်ဘယ်ကလေးကက ဘယ်လိုသွက်တာ ထက်တာ ကိုယ့်ကလေးကျ ငြိမ်နေလိုက်တာ လူတောမတိုးတာဆိုတာတွေ မပြောမိပါစေနဲ့။ ကိုယ့် သား သမီးရဲ့ ပင်ကိုယ်စရိုက်ကို ပင်ကိုဗီဇကို အကဲခပ်ပြီး သူ့ကို အကောင်းဆုံးထောက်ပံပေးဖို့လိုအပ်ပါတယ်။

ကိုယ့် သားသမီးရဲ့ ထူးခြားတဲ့ လက္ခဏာကို သေးသိမ်သလို အားမရ သလို စကားမျိုးကို လေးလေးနက်နက် သတိထား ရှောင်ကျဉ်သင့်ပါတယ်။ သူများနဲ့တူဖို့ နဲ့ တိုက်တွန်းတဲ့ တွန်းအားပေးတဲ့ မိဘတွေရဲ့ သားသမီးဟာ ငယ်ငယ်ကတော့မသိသာပေမယ့် အသက်တွေကြီးလာလေ ကလေးဟာစိတ်မချမ်းသာလေ မပျော်လေ ဖြစ်ရပါတယ်။

ကြာလာရင် စိတ်ဓါတ်ကျတာတွေ လောကကြီးကို စိတ်ကုန်လာတာတွေဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့ရဲ့ပင်ကိုဗီဇကို အတင်းဖျက်ဆီးခံလိုက်ရတဲ့အတွက် အနာဂါတ်မှာ အောင်မြင်တဲ့လူကြီးတစ်ယောက် ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်လို့ပါပဲ။

Introverts ကလေးတွေဟာ အရာရာကို နက်နက်နဲနဲတွေးတတ်တဲ့ စိတ်ရှိသလို တကိုယ်တည်း နေရတာကို ကြိုက်နှစ်သက်တဲ့ဗီဇရှိတဲ့အတွက် သူတို့ကို အတင်းပုံသွင်းတာမျိုးမလုပ်မိပါစေနဲ့။ ကမ္ဘာပေါက ကြီးကျယ်တဲ့ အတွေးအခေါ်ပညာရှင်တွေ စိတ်ကူးအသစ်တွေနဲ့လူသားအကျိုးပြုတဲ့ အရာတွေကို ဖန်တီးခဲ့သူတွေ သိပ္ပံပညာရှင်တွေဟာ Introverts တွေဖြစ်နေလို့ပါပဲ။

ဒါကြောင့်မိဘတွေအနေနဲ့ ကိုယ့်ကလေးဟာ ဘယ်လို အမျိုးအစားလဲဆိုတာသိဖို့လိုပြီး Introvertsကလေးငယ်တွေဆို သူတို့ကို အတင်းအကျပ်ပုံမသွင်းပဲ သူများကို အတုမယူခိုင်းပဲ သူ့ပုံစံနဲ့ သူ့ကိုယ်ပိုင်စတိုင်နဲ့ ရှင်သန်ကြီးထွားနိုင်အောင်သာ ဘေးကကူညီပေးပါလို့ အကြံပြုချင်ပါတယ်။

#Chit_May_May

#Mg_Htet

REF_Power Of Possitivity

LEAVE A REPLY

Please enter your comment!
Please enter your name here