မိဘတိုင်းသိထားသင့်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝမှာ အရေးပါသော ကာလ(၈)ခု

0
792
- Advertisement -

ကိုယ့်ကလေးက ဘယ်အသက်အရွယ်မှာ ဘယ်လိုအပြုအမှုမျိုးလေးတွေ ဖြစ်လာနိုင်မလဲဆိုတာကို သိထားခြင်းက မိဘဖြစ်လာမယ့်ဘဝကို ပိုလွယ်ကူစေပါတယ်။ အသက် ၄နှစ်အရွယ်မှာ ကလေးရဲ့ ရန်လိုတဲ့အပြုအမှုက သင့်ကို အာရုံနောက်စေယုံသာမက ငါ..အုပ်ထိန်းမှု ညံ့နေလား? မိဘကောင်းတစ်ယောက်မှ ဟုတ်ရဲ့လား?လို့ သင့်ကိုယ်သင် တွေးမိစေနိုင်ပါတယ်။ သို့သော် ဒီအရွယ်ကလေးတွေအတွက်တော့ ပုံမှန်ပဲဖြစ်ပါတယ်။ အရေးကြီးတာက ကြိုတင်ပြင်ဆင်ထားဖို့နဲ့ ထိုအခြေအနေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သိဖို့ ဖြစ်ပါတယ်။

ကလေးရဲ့ ဖွံ့ဖြိုးမှု မိုင်တိုင်တိုင်းမှာ ဘယ်လိုအပြုအမှုလေးတွေရှိသလဲ၊ ဘယ်လို စိတ်ပိုင်းဆိုင်ရာ ထူးခြားချက်လေးတွေရှိသလဲ ဆိုတာကို ကြိုတင်သိထားခြင်းဖြင့် ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ မေမေတို့အတွက် အခက်အခဲမရှိစေတော့ပါဘူး။

၁။ မွေးကင်းစမှ ၃လအရွယ်အထိ

- Advertisement -

ဒီအသက်အရွယ်မှာ ကလေးတွေရဲ့ ငိုခြင်းက သူတို့လိုအပ်ချက်ကို ပြောပြပေးနိုင်တဲ့ အဓိကနည်းလမ်းဖြစ်ပါတယ်။ ကလေးက ဗိုက်ဆာနေလို့ ငိုတာလား၊ ပင်ပန်းနွမ်းနယ်နေလို့ ငိုတာလား (သို့) မသက်မသာခံစားနေရလို့ ငိုတာလား? ဆိုတဲ့ မတူညီတဲ့ခံစားမှုတွေကို မိဘတစ်ယောက်အနေနဲ့ လေ့လာရပါလိမ့်မယ်။ သို့သော် တခါတရံမှာ ကလေးက အကြောင်းပြချက်မရှိဘဲ ငိုနိုင်ပါတယ်။ စကားလုံးတွေ၊ ထိတွေ့မှုတွေနဲ့ ကလေးကို နှစ်သိမ့်ပေးဖို့နှင့် အမြဲတစေ တုံ့ပြန်ပေးဖို့ အရေးကြီးပါတယ်။ မွေးကင်းစကလေးတွေဟာ မေမေတို့ အသံထဲမှ ခံစားချက်ကို သိနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်ကို လုံခြုံစိတ်ချမှုရှိစေဖို့အတွက် ချော့မြူပေးပြီး ရင်းရင်းနှီးနှီးနေဖို့ လိုအပ်ပါတယ်။ သူတို့ကို လုံခြုံတဲ့ ခံစားမှုရရှိစေဖို့ စောင်တစ်ထည်နဲ့ ခြုံပေးထားတာ၊ မျက်နှာချင်းဆိုင်ပြီး စကားပြောပေးတာ၊ သူတို့ကို သီချင်းဆိုတာ ပြုလုပ်ပေးဖို့ အကြံပြုပါတယ်။ ကလေးတွေက ရုတ်တရက် လန့်ဖြန့်တတ်ကြတာကြောင့် သူတို့ကို ထွေးပွေ့ပေးထားတာမျိုး၊ စောင်အုပ်ပေးထားတာမျိုး ပြုလုပ်ပေးပါ။

၂။ ၄လမှ ၆လ အရွယ်

ဘေဘီလေးတွေဟာ မေမေတို့ပြောနေတဲ့အရာတွေကို တုံ့ပြန်တဲ့အနေနဲ့ အသံစူးစူးနဲ့အော်တာ ၊ ခိုးခိုးခစ်ခစ်လုပ်တာ၊ ရယ်မောတာ ပြုလုပ်နိုင်ပါတယ်။ ဒါ့ကြောင့် ဥပမာ- မိဘတွေက ရယ်စရာကောင်းတဲ့ မျက်နှာမျိုး ပြုလုပ်ပြခြင်းဖြင့် သူတို့ ရယ်မောဖို့ အားပေးနိုင်ပါတယ်။ ဒီအသက်အရွယ်မှာ ဘေဘီလေးတွေဟာ အမေနဲ့ အဖေထက် သူတို့ပတ်ဝန်းကျင်ရှိ လူတွေကို ပိုသတိထားမိလာကြပါတယ်။ သူတို့ဟာ အကျွမ်းတဝင် မျက်နှာများနှင့် အရာဝတ္တုကို မှတ်မိနိုင်ပါတယ်။ ဒီအချိန်ဟာ ကလေးတွေကို အခြားလူများနဲ့ စတင်မိတ်ဆက်ပေးရမယ့် အချိန်ဖြစ်ပါတယ်။

၃။ ၇လမှ ၁၂လအရွယ်

ဒီအချိန်မှာ ဘေဘီလေးတွေဟာ သူတို့မိခင်တွေကို အခြားလူများထက် ပိုနှစ်သက်လာပြီး သူစိမ်းများကို ကြောက်ပါလိမ့်မယ်။ မိဘတွေကို တွယ်ကပ်နိုင်ပြီး ထွက်သွားတဲ့အခါ ငိုကြပါတယ်။ ဒါ့ကြောင့် ကလေးကို လုံခြုံတဲ့နေရာမှာ ကစားဖို့ ထားခဲ့ပြီး မေမေတို့ အမြဲတမ်းလာကြည့်နေမယ်ဆိုတာ ပြသဖို့ မီးဖိုထဲ ခဏထွက်သွားတာမျိုး ပြုလုပ်နိုင်ပါတယ်။

၄။ ၁နှစ်မှ ၂နှစ်အထိ

ဒီအသက်အရွယ်ရှိ ကလေးတွေကို အိမ်အပြင်ဘက်မှာ အတွေ့အကြုံရအောင်၊ လူမှုရေးအပြန်အလှန် ဆက်သွယ်မှုရှိအောင် ပြုလုပ်ပေးသင့်ပါတယ်။ အခြားကလေးတွေနဲ့ ကစားနေချိန်မှာ မျှဝေခြင်းဆိုတဲ့ အယူအဆကို နားမလည်သေးပါဘူး။ ဒီအသက်အရွယ်မှာ ဒေါသပေါက်ကွဲတာတွေ ဖြစ်လေ့ ဖြစ်ထရှိတာကြောင့် ကလေးတွေကို အော်ဟစ်ခြင်း၊ ရိုက်နှက်ခြင်းမပြုဘဲ ဆုံးမဖို့ အရေးကြီးပါတယ်။

၅။ သုံးနှစ်အရွယ်

ဒီအချိန်မှာ ကလေးတွေဟာ အခြားကလေးတွေနဲ့ စတင် ဆော့ကစားတတ်လာပြီး ကစားစရာတွေကို မျှဝေဆော့ရမယ်ဆိုတာ နားလည်လာပါပြီ။ ဒီလိုမျှဝေတတ်အောင် သူတို့ကို အားပေးဖို့လည်းအရေးကြီးပါတယ်။ ဒေါသပေါက်ကွဲတာတွေ ဖြစ်လေ့ဖြစ်ထ နည်းလာပါတယ်။ အသက် ၃နှစ်အရွယ် ကလေးငယ်ဟာ အမှောင်ကြောက်တတ်၊ သရဲကြောက်တတ် လာပါတယ်။ သူတို့ကို တတ်နိုင်သလောက် ကိုယ့်ဘာသာလုပ်တတ်အောင် တိုက်တွန်းပေးသင့်ပါတယ်။ သူတို့ဘာသာ ဆွဲထားတဲ့ ပုံတွေကို ပြသတဲ့အခါ ဂုဏ်ယူကြောင်း ချီးကျူးစကားပြောပေးပါ။

၆။ ၄နှစ်မှ ၅နှစ်အရွယ်

ဒီအသက်အရွယ်ကလေးတွေဟာ စည်းကမ်းတွေကို လိုက်နာနိုင်ပေမယ့် ဘာကမှန်တယ်၊ ဘာက မှားတယ်ဆိုတာ နားမလည်သေးပါဘူး။ သူတို့ ပိုပြီးလွတ်လပ်ချင်တယ်၊ သူတို့အတွေးတွေက ဖြစ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါ့ကြောင့် သူတို့ကိုယ်တိုင် ရွေးချယ်မှုလုပ်ဖို့ အားပေးပါ။ သူတို့လေးတွေဟာ လောကကြီးအကြောင်းကို ပိုစပ်စုလာကြပါတယ်။ ၄နှစ်အရွယ် ကလေးငယ်တွေမှာ စိတ်အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။ ရန်လိုတတ်လာပြီး မောင်နှမတွေနဲ့ ရန်ဖြစ်နိုင်ပါတယ်။ ထွက်ပြေးဖို့ ခြိမ်းခြောက်လာနိုင်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင် ၅နှစ်အရွယ်ကလေးတွေဟာ မိဘတွေနဲ့ အဆင်ပြေပြေ နေထိုင်ကြပါတယ်။ သူတို့မှာ အမူအကျင့်ကောင်းတွေရှိပြီး ပိုပြီး responsible ဖြစ်လာပါတယ်။ အခြားသူတွေကို ပျော်ရွှင်စေလိုကြပါတယ်။ ဒီအချိန်မှာ ကလေးအား သူတို့ဒေါသကို ဘယ်လို ဖော်ပြသင့်သလဲဆိုတာ သင်ပေးသင့်ပါတယ်။ ဒီထက် ပြောမရဆိုမရဖြစ်လာရင် time-out လုပ်ပေးသင့်တဲ့ အချိန်ဖြစ်ပါတယ်။ သူတို့ ဘယ်လိုခံစားနေရသလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ အားပေးသင့်ပြီး သူတို့ရဲ့ အပြုအမှုကောင်းပေါ်မှာ ချီးမွမ်းပေးပါ။

၇။ ၆နှစ်မှ ၁၂နှစ်အထိ

ဒီအချိန်မှာ ကလေးတွေအနေနဲ့ သူငယ်ချင်းတွေက အရမ်းအရေးပါလာပြီး အချစ်ဇာတ်လမ်းတွေကို စတင်စိတ်ဝင်စားလာနိုင်ပါတယ်။ ဒီအသက်အရွယ်မှာ အခြားသူတွေကို မနာလိုတာဖြစ်လာပါတယ်။ အုပ်စုဖွဲ့ရတာနဲ့ ပြိုင်ဆိုင်ရတဲ့ ဂိမ်းတွေကို ပိုနှစ်သက်လာပါတယ်။ ဒီအသက်အရွယ်မှာ လူကြီးတွေကို လေးစားဖို့နဲ့ လူကြီးတွေစကားကို နားထောင်ဖို့ နှင့် self-disciple ဖြစ်ဖို့ သင်ပေးသင့်ပါတယ်။ မိဘတွေအနေနဲ့ တတ်နိုင်သလောက် အချိန်ပေးဖို့ ကြိုးစားသင့်ပါတယ်။

၈။ အသက် ၁၃ နှစ်မှ ၁၈ နှစ်အထိ

ဆယ်ကျော်သက်တွေဟာ မိမိကိုယ်ကို အခြားသူတွေနဲ့ မကြာခဏ နှိုင်းယှဉ်လေ့ရှိပါတယ်။ ရွယ်တူချင်း လက်ခံခြင်းကလည်း သူတို့အတွက် အလွန်အရေးပါပါတယ်။ ဒါ့ကြောင့် ရွယ်တူချင်းဖိအား၊ စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ သင်ပေးထားသင့်ပါတယ်။ သူတို့ရဲ့ခံစားချက်တွေ၊ စိုးရိမ်မှုတွေကို ပွင့်ပွင့်လင်းလင်းပြောဖို့ အားပေးရပါမယ်။ ဒီအသက်အရွယ်မှာ ရင်ခုန်စိတ်ကစားမှုတွေက သူတို့အတွက် ပိုအရေးကြီးတဲ့အရာ ဖြစ်လာကြပြီး ပိုလွတ်လပ်လိုကြပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here