မိဘတိုင်း သတိထားသင့်တဲ့ ကလေးတွေအနိုင်ကျင့်တတ်လာတဲ့ အကြောင်းရင်းများ (၈) ချက်

0
494
- Advertisement -

ကလေးတွေဟာ အထူးသဖြင့် အသက် (၆) နှစ်မှ ၁၃ နှစ်ကြားကလေးတွေမှာ အနိုင်ကျင့်တတ်တဲ့ ပမာဏ ပိုများတာတွေ့ရပါတယ်။ အထူးသဖြင့် ကလေးတွေအများစုက အမျိုးသမီးတွေဖြစ်နေတတ်ပါတယ်။ ၎င်းက အာရုံစူးစိုက်မှုလိုအပ်နေတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ကျွန်တော်တို့က တစ်ချို့ကလေးတွေက ဘာကြောင့် ရက်စက်ကြမ်းကြုတ်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုလေ့လာသင့်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာ Lifestyle_Myanmar ကနေပြီးတော့ အကြောင်းရင်းတွေကို မျှဝေပေးချင်ပါတယ်။ ဒါ့အပြင်ကျွန်တော်တို့အားလုံးက ကျွန်တော်တို့ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာတွေကနေပြီးတော့ ကယ်တင်ဖို့လည်း အစွမ်းကုန်ကြိုးစားချင်ကြပါတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့ ဆက်လက်လေ့လာကြည့်ကြရအောင်။

၁။ အိမ်တွင်း ပြဿနာများနှင့် နားလည်မှုလွဲမှားခြင်းများ

အိမ်တွင်းပတ်ဝန်းကျင်ကျန်းမာမှုမရှိတဲ့အခါမှာလည်း ၎င်းက အရမ်းအန္တရာယ်ရှိပါတယ်။ ဆွေမျိုးတွေက အလွဲသုံးစားပြုခံရတဲ့ ကလေးတွေက အခြားသူတွေထက် အနိုင်ကျင့််ခြင်းနှင့် အကြမ်းဖက်ခြင်းတွေကို ပြသဖို့ ပိုများပါတယ်။

- Advertisement -

ကလေးတွေဟာ အနိုင်ကျင့်ခြင်းတတ်သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုအိမ်မှာမရှိနိုင်တဲ့ ထိန်းချုပ်မှုတစ်ခုပေးချင်လို့ပါပဲ။ မိမိကိုယ်ကိုယ်လေးစားမှုနိမ့်ခြင်းက နတ်ဆိုးတွေကို နိုးထစေနိုင်ပြီးတော့ တစ်ခြားသူတွေကို ရက်စက်တဲ့နည်းလမ်းတွေနဲ့ လွှမ်းမိုးစေချင်တဲ့ ဆန္ဒတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ လူကြိုက်များခြင်းနှင့် လူမှုရေးအဆင့်အတန်းကို ဖော်ပြခြင်း

ကလေးတော်တော်များများ အထူးသဖြင့် ဆယ်ကျော်သက်တွေက တစ်ခြားသူတွေကို အနိုင်ကျင့်တဲ့ ရုပ်ရှင်တွေကို ကြည့်ကြပါတယ်။ ကလေးတွေက ဒီလုပ်ရပ်ကို ပျော်စရာအဖြစ်လုပ်တတ်ကြပါတယ်။ သို့ပေမယ့်လည်း ၎င်းက လူမှုအဆင့်အတန်းကို ဖော်ပြဖို့ နည်းလမ်းလည်းဖြစ်ပါတယ်။ ချမ်းသာသူတွေက ဒီလိုလုပ်ကြတယ်လို့ မှတ်ယူကြတယ်။

လူကြိုက်များတာက သင့်ကို ပါဝါတွေနှင့် တစ်ချို့သော ဘေးထွက်ဆိုးကျိုးတွေကို ပေးပါတယ်။ ၎င်းကကောလဟာလတွေနှင့် အတင်းအဖျင်းတွေကို ပျံ့နှံ့စေနိုင်ပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်တွေအရ လူမှုကွန်ယက်ရဲ့ ဗဟိုမှာရှိသူတွေက ဗဟိုအပြင်ဘက်လူတွေကို ပိုပြီးတော့ ရန်လိုတတ်ပါတယ်။ cele တွေက လူသိများသူတွေဖြစ်တဲ့အတွက် cele မဟုတ်သူတွေကို လူထုအားကိုးနဲ့ ပြဿနာရှာတတ်တာမျိုးပါ။

၃။ အားနည်းချက်လက္ခဏာ

ကလေးတွေဟာ ရန်လိုတဲ့ အပြုအမူတွေလုပ်မယ်ဆိုရင် အားနည်းချက်တွေရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ သူတို့က သူငယ်ချင်းတွေကြားထဲမှာ သူတို့ရဲ့ နေရာနှင့် ပတ်သက်ပြီးတော့ မသေချာမရေရာတဲ့အခါမှာ သူတို့ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့ အနိုင်ကျင့်ခြင်းနည်းလမ်းနဲ့ တုံ့ပြန်ကြပါတယ်။

၄။ တစ်ခြားကလေးတွေရဲ့ ဖိအား

ကျွန်တော်တို့က လူမှုရေးဆိုင်ရာ သတ္တဝါတွေဖြစ်ပါတယ်။ ဒါကြောင့် အုပ်စုတစ်စုနဲ့ အံဝင်ခွင်ကျဖြစ်နေဖို့ အမြဲကြိုးစားနေကြရပါတယ်။ တစ်ခြားလူတွေကို မျက်နှာလုပ်ချင်တာကြောင့် တစ်ယောက်ယောက်ကို အနိုင်ကျင့်တာလည်း ဖြစ်နိုင်ပါတယ်။ ရွယ်တူချင်းဖိအားက အလွန်ပြင်းထန်ပြီးတော့ တစ်ခါတရံမှာ ကလေးတွေက အတူတူအနိုင်ကျင့်လိုက်ဖို့ထက် အခြားရွေးချယ်စရာတစ်ခုခုမရှိတော့ဘူးလို့ ခံစားရတဲ့အခါမှာ အားနည်းတဲ့ကလေးကို အနိုင်ကျင့်တတ်ကြပါတယ်။ ဒါမှလည်း အဖွဲ့တစ်ဖွဲ့နဲ့ အံဝင်ခွင်ကျဖြစ်လိမ့်မယ်လို့ ထင်ကြပါတယ်။

၅။ ကလဲ့စားချေခြင်း

ကလေးတွေက အုပ်စုလိုက်အနိုင်ကျင့်ခြင်းရဲ့ သားကောင်တွေဖြစ်တဲ့အခါ ၎င်းတိုက သူတို့ဘဝတွေရဲ့ အခြားဒေသတွေမှာ အပိုဆုကြေးအဖြစ် ကလေးတွေကို အနိုင်ကျင့်ကြတာဖြစ်ပါတယ်။ အနိုင်ကျင့်ခြင်းရဲ့ သားကောင်တွေဖြစ်ခဲ့ကြတဲ့ ဆယ်ကျော်သက်တွေနှင့် ကလေးငယ်တွေက လက်စားချေဖို့ ကြိုးစားကြပါတယ်။ ဒီကလေးတွေက သူတို့ရဲ့ လုပ်ရပ်တွေမှာ တရားမျှတတယ်လို့ ခံစားရပြီးတော့ တစ်စုံတစ်ယောက်ကို အရှက်ရသွားစေမှသာ စိတ်သက်သာရစေပါတယ်။ မြန်မာစကားပြောတစ်ခုလို ”အဖေက အမေ့ကို နိုင်၊ အမေက ငါ့ကို နိုင်၊ ငါက ကြက်ဖကြီးကို နိုင်…..”စသဖြင့် စက်ဝိုင်းလည်နေသလိုပေါ့။

၆။ ကိုယ်ချင်းစာမှုကင်းမဲ့ခြင်း

ကလေးတစ်ချို့က စာနာမှုကင်းမဲ့တာကြောင့် အနိုင်ကျင့်ခြင်းတွေဖြစ်တည်လာတာလည်း ဖြစ်ပါတယ်။ သူတို့က တစ်ခြားသူတွေကို ဘယ်လောက်နာကျင်ရမယ်ဆိုတာ သူတို့နားမလည်ကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

တစ်ခြားသူတွေရဲ့ ခံစားချက်ကို နားလည်ခြင်းက လူကြီးတစ်ယောက်အနေနဲ့ ပိုမိုကောင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ အထောက်အကူပြုနိုင်ပါတယ်။

၇။ အာရုံစိုက်ခံရမှု ကင်းမဲ့ခြင်း

အရွယ်ရောက်သူတွေထံမှ ကလေးတွေဟာ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုတွေ လိုအပ်ပါတယ်။ ကလေးတစ်ဦးဟာ သူကိုယ်တိုင်ရဲ့ လိုအပ်ချက်တွေကို မပိုင်ဆိုင်ရတဲ့အခါမှာ တစ်ခြားသူတွေကို အနိုင်ကျင့်တယ်ဆိုတာတွေအပြင် ကျူးကျော်မှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဒီတော့ အနိုင်ကျင့်တယ်ဆိုတာက ကလေးတစ်ဦးအတွက် မိဘတွေထံက ဂရုစိုက်ဖို့နှင့် ခွင့်ပြုချက်ရဖို့ ကြိုးစားတဲ့ ဂိမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။ သို့ပေမယ့် သူတို့က ၎င်းကို မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ အတိအကျမသိကြပါဘူး။ မိဘတွေမေ့ထားတဲ့ ကလေးဟာလည်း အနိုင်ကျင့်တတ်သူဖြစ်လာနိုင်ပြီးတော့ အနိုင်ကျင့်လိုက်တဲ့အခါ တစ်ချို့အတိုင်းအတာအထိ မိဘတွေရဲ့ အာရုံစိုက်မှုကို ပိုင်ဆိုင်ရပါတယ်။

၈။ Stereotypes နှင့် prejudices

ကျွန်တော်တို့ရဲ့ စံသတ်မှတ်ချက်တွေနှင့် မလိုမုန်းထားမှုတွေကို အခြေခံပြီးတော့ အနိုင်ကျင့်ခြင်းက ဘယ်လိုနေရာမှာမဆို ဖြစ်ပွားနိုင်ပါတယ်။ ကလေးတွေဟာ ကျောင်းမှာ၊ အင်တာနက်မှာ၊ နောက်ပြီး ကော်ဖီဆိုင်တွေမှာ ကြုံတွေ့ရနိုင်ပါတယ်။ ပြီးတော့ လူတစ်ချို့အပေါ်မှာ မတူကွဲပြားစွာဆက်ဆံဖို့ ထိုက်တန်တယ်ဆိုတဲ့ ယုံကြည်ချက်တွေကနေပြီးတော့ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

လူတိုင်းက အထူးစပရှယ်ဆိုတာမျိုးကို ခံစားချင်ကြပါတယ်။ ကလေးတစ်ဦးက ၎င်းတို့ရဲ့လူမှုအဆင့်အတန်းကြောင့် (သို့) တစ်ခြားအကြောင်းပြချက်တွေကြောင့် တစ်ခြားတစ်ယောက်ထက်ပိုကောင်းတယ်လို့ ထင်တဲ့အခါမှာ ၎င်းက အနိုင်ကျင့်ခြင်းမှာပါဝင်နိုင်တဲ့ အပြုအမူတစ်ချို့ကို ဖန်တီးပါတယ်။

ကလေးဘဝတုန်းက တစ်ယောက်ယောက် သင့်ကို အနိုင်ကျင့်ခဲ့ဖူးပါသလား။ မိဘတစ်ယောက်အနေနဲ့ သူတို့ရဲ့ ကလေးတွေဟာ အနိုင်ကျင့်တာကို မြင်ရင် ဘာလုပ်သင့်ပါသလဲ။ ကျေးဇူးပြုပြီးတော့ သင့်ရဲ့ အတွေ့အကြုံတွေကို မျှဝေခဲ့ပါဦး။ တကယ်လို့ ဒီလိုကလေးကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒီ Page မှာပဲ မျှဝေပေးထားပါတယ်။ ရှာဖတ်ကြည့်မယ်လို့ မျှော်လင့်ပါတယ်။

Chit_May_May

Nyein_Thu

Ref- Brightsideme

LEAVE A REPLY

Please enter your comment!
Please enter your name here