မိဘတိုင်းက ကိုယ့်ကလေးတွေကို အကောင်းဆုံးဖြစ်စေချင်ကြသော်လည်း တခါတရံမှာ သက်ရောက်မှုရှိနိုင်တဲ့ အမှားတွေကိုပြုလုပ်မိကြပါတယ်။ တကယ်တော့ ငယ်ရွယ်တဲ့ စုံတွဲတွေဟာ ကလေးကို ပြုစုပျိုးထောင်တဲ့အခါ မှားလေ့ရှိတဲ့ မိဘအုပ်ထိန်းမှု အမှားတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘအားလုံး ရှောင်ရှားသင့်တဲ့ အမှားတွေကို စုဆောင်းမျှဝေပေးလိုက်ပါတယ်။
၁။ လက်ဖြင့် ကလေးရဲ့ ကိုယ်ပူချိန်ကို စစ်ဆေးခြင်း

ကလေးရဲ့ ခန္ဓာကိုယ်ဟာ ပူနွေးလေ့ရှိပါတယ်။ အမှန်က သူတို့ရဲ့ ပုံမှန်အပူချိန်ဟာ ၉၇ မှ ၁၀၀.၃ ဒီဂရီဖာရင်ဟိုက်အထိ ရှိပါတယ်။ အဲ့ဒီအထက်မှာရှိတယ်ဆိုရင် ဖျားနေတာ ဖြစ်ပါတယ်။ ထိုကဲ့သို့သော အနည်းငယ်ပြောင်းလဲမှုကို ရှာဖွေဖို့ လက်ဖြင့်စမ်းလို့ မဖြစ်နိုင်တာကြောင့် သာမိုမီတာကို အသုံးပြုဖို့ အမြဲတမ်းအကြံပြုပါတယ်။ ၃လအောက် ကလေးငယ်တွေအတွက် rectal thermometer ကသာ အတိအကျဖတ်ပေးပါလိမ့်မယ်။
၂။ ဒိုင်ဘာအရွယ်အစား မှားခြင်း

ဒိုင်ဘာတွေ အများကြီး ဝယ်ထားတာက အကြံကောင်းတစ်ခု မဟုတ်ပါဘူး၊ ငွေဖြုန်းတီးသလို ဖြစ်စေပါတယ်။၊ ကလေးတွေဟာတစ်လမှာ ၁/၂လက်မကနေ ၁လက်မအထိ လျှင်မြန်စွာ ထွားလာတတ်ပါတယ်။ ၊ အတိအကျပြောရရင် တစ်ပတ်မှာ ၁၄၀ဂရမ်ကနေ ၂၀၀ ဂရမ်အထိ ကိုယ်အလေးချိန်တိုးပါတယ်။ ကလေးဟာ ထွားလာတာကြောင့် ဒိုင်ဘာအရွယ်အစားကို ပြောင်းဝယ်ပေးရမှာဖြစ်ပါတယ်။
၃။ သူတို့ကို ငြိမ်အောင် နည်းပညာကို အသုံးပြုခြင်း

မိဘအများစုက ကလေးတွေကို ဖျော်ဖြေဖို့ တီဗီနှင့် မိုဘိုင်းဖုန်းတွေ သုံးကြသော်လည်း ၎င်းဟာ သူတို့ရဲ့ ကျန်းမာရေးအတွက် ဆိုးပါတယ်။ လေ့လာမှုအရ ဒီပစ္စည်းတွေကနေ ထွက်တဲ့ ဓါတ်ရောင်ခြည်ဟာ ကလေးရဲ့ ဦးနှောက်ကို တိုက်ရိုက်ထိခိုက်စေပြီး ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။
၄။ ကလေးဖျားတဲ့အခါ ခြေထောက်တွေကို ဖုံးအုပ်ထားခြင်း

ချွေးထုတ်တာက အဖျားနှင့် ဆက်စပ်နေတဲ့ အဓိကအမှားကြီး ဖြစ်ပြီး အမှန်တကယ် အလုပ်ဖြစ်လားဆိုတဲ့ သက်သေအထောက်အထား မရှိပါဘူး။ ကလေး ကိုယ်ပူနေချိန်မှာ ဖုံးအုပ်ပေးထားခြင်းဟာ သူတို့ကို ပိုပူစေပါတယ်။ အဝတ်အစား အထပ်ထပ်ဝတ်ပေးပြီး စောင်နှင့် ဖုံးအုပ်ထားပေးမယ့်အစား သက်တောင့်သက်သာရှိတဲ့ ချောင်ချောင်ချိချိ အဝတ်အစားကို လဲပေးပါ။ အခန်းဟာ လေဝင်လေထွက်ကောင်းပါစေ။
၅။ ဆီး၊ ဝမ်းသွားပြီးပြီးချင်း အနှီးလဲပေးခြင်း

တခါတရံမှာ ကလေးတွေဟာ ဆီးနှင့် ဝမ်းကို ခြားပြီးသွားတတ်ပါတယ်။ သူတို့ ဆီးသွားပြီးပြီးချင်း အနှီးလဲပေးလိုက်ခါမှ ဝမ်းသွားမယ်ဆိုရင် အနှီးခဏခဏ လဲရတဲ့ ဒုက္ခဖြစ်လာပါလိမ့်မယ်။ ယခုခေတ် ဒိုင်ပါတွေဟာ နာရီပေါင်းများစွာ စုပ်ယူထားနိုင်စွမ်းရှိပါတယ်။ ကလေးရဲ့ တင်ပါးကို ခြောက်သွေ့စေပြီး အဖုအပိန့်ကင်းစေပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ အနီးမလဲခင်၊ ဆေးကြောခြင်းမပြုခင် ၂မိနစ်လောက်စောင့်ဆိုင်းပါ။
၆။ ဇွန်းအပြည့်အလျှံ ခွံ့ကျွေးခြင်း

ဆရာဝန်များအဆိုအရ လသားကလေးတွေကို ဇွန်းဖြင့် ခွံ့ကျွေးခြင်းဟာ ကလေးတွေရဲ့ ကျန်းမာရေးနှင့် အလုံးစုံ ဖွံ့ဖြိုးမှုအတွက် မကောင်းပါဘူး။ အဲ့ဒီအစား ကလေးတွေကို သူတို့ဘာသာ သူတို့ စားခွင့် ပြုထားပါ။ ဇွန်းဖြင့် ခွံ့ကျွေးရတဲ့ ကလေးတွေဟာ အစားအစာ ဇီဇာကြောင်တတ်လာပြီး ကြီးပြင်းလာတဲ့အခါ အဝလွန်ပါလိမ့်မယ်။ ကိုယ့်ဘာသာကိုယ် စားတဲ့ ကလေးတွေဟာ ပိုပြီးကျန်းမာတယ်လို့ ဆိုပါတယ်။
၇။ သူတို့အတွက် ငွေအများကြီးသုံးခြင်း

ကလေးတွေဟာ မြန်မြန် ထွားလာတတ်ကြကြောင့် သူတို့ရဲ့ အဝတ်အစားတွေ မြန်မြန် သေးသွားပါလိမ့်မယ်။ ဒါ့ကြောင့် အဝတ်အစားဝယ်ပေးတဲ့အခါ စျေးအရမ်းကြီးတဲ့ အဝတ်အစားတွေ မဝယ်ပေးပါနဲ့။
၈။ ကလေးတွေကို ရိုက်တာ၊ ခြိမ်းခြောက်တာ

လသားအရွယ် ကလေးတွေကို အသံအကျယ်ကြီးနဲ့ အော်တာ၊ ဒေါသထွက်ပြတာက အဖြေမဟုတ်ပါဘူး။ တကယ်တော့ အဲဒီလိုလုပ်တာက ပြဿနာတွေကိုပဲ ဖြစ်စေပါတယ်။ စိတ်ပညာရှင်တစ်ဦးရဲ့ အဆိုအရ သင်ဟာ ကလေးကို များများအော်လေ၊ သူတို့ကပြောတာကို နားမထောင်လေလေ ဖြစ်ပါတယ်။ ခြောက်လန့်တာက ကလေးတွေကို ဆုံးမတဲ့ နည်းလမ်းမဟုတ်ပါဘူး။ လေသံမာနဲ့ လုပ်ဖို့အမိန့်ပေးမယ့်အစား သူတို့ကို မိတ်ဆွေတစ်ဦးအနေနဲ့ ပြောဆိုဖို့ ကြိုးစားကြည့်ပါ။
Lifestyle_Myanmar
LM_Nandar
Source-brightside