မိဘတွေကို အဆင့်သတ်မှတ်ခဲ့မယ်ဆိုရင်

0
275
- Advertisement -

ကလေးတစ်ယောက်အတွက် အကြောက်ဆုံးအချိန်တစ်ခုက စာမေးပွဲ အချိန်ဖြစ်မှာပါ။ ကျွန်တော်တို့နေထိုင်ရာကမ္ဘာရဲ့ ယှဉ်ပြိုင်မှု သဘောသဘာဝကြောင့် ကလေးတွေဟာ ကောင်းမွန်စွာ လုပ်ဆောင်ဖို့နှင့် အဆင့်ကောင်းရဖို့အတွက် ဖိအားများစွာ ခံနေရပါတယ်။ များသောအားဖြင့် မိဘတွေက သူတို့ရဲ့သူငယ်ချင်းတွေကို သူတို့ရဲ့အောင်မြင်မှုတွေ ပြစေချင်ကြတာကြောင့် ကျောင်းမှာ လုပ်ဆောင်မှုကောင်းဖို့ သူတို့ကလေးတွေကို မျှော်လင့်ကြပါတယ်။ ဒါက အမှန်တရားဖြစ်ပေမယ့် ကလေးတွေကို အခြားကလေးတွေနဲ့ နှိုင်းယှဉ်ရတဲ့ အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။

မိဘတွေကို သူတို့ရဲ့မိဘအုပ်ထိန်းမှုစွမ်းရည်အရ အဆင့်သတ်မှတ်ထားတဲ့ စနစ်တစ်ခုရှိတယ်လို့ မြင်ယောင်ကြည့်ပါ။ ဒီလိုအဆင့်သတ်မှတ်ချက်သာ လုပ်ခဲ့မယ်ဆိုရင် ဘယ်အမျိုးအစားကို ဝင်လိမ့်မယ်လို့ သင်ထင်ပါသလဲ? သင့်ရဲ့ ဆယ်ကျော်သက်ကလေးတွေရဲ့အမြင်မှာ သင်ဟာ သာမာန်မိဘတစ်ယောက်လား? ရှာကြည့်ကြပါစို့။

၁။ ထူးချွန်တဲ့ မိဘတွေအတွက် “A+”

- Advertisement -

ဒီမိဘမျိုးကို ကလေးတိုင်းလိုချင်မှာပါ။ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်ခြင်းနှင့် နားလည်ခြင်းတို့အပြင် ဒီမိဘတွေကို ထူးခြားစေခြင်းက ကလေးတွေဘဝမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုတာပဲ ဖြစ်ပါတယ်။ သူတို့က ‘ဘာလိုအပ်တယ်’ဆိုတာကို သင်ပေးတယ်။ ဒါပေမယ့် သူတို့ကလေးတွေရဲ့ဘဝကို ရှင်သန်ခွင့်၊ သူတို့အမှားတွေကို ပြုလုပ်ခွင့်ပေးပြီး အချို့သောနည်းလမ်းဖြစ်ဖို့ ဖိအားမပေးပါဘူး။ သူတို့ဟာ ကူညီဖို့အဆင်သင့်ဖြစ်နေပြီး လိုအပ်တဲ့အခါတိုင်း ကလေးတွေအတွက် ထိုနေရာမှာ ရှိနေပေးပါတယ်။ ဒါက လွတ်လပ်စွာ ပြုစုပျိုးထောင်ပေးတဲ့ မိဘမျိုးအစားဖြစ်ပါတယ်။

၂။ ကောင်းမွန်သော မိဘတွေအတွက် “A”

ကလေးများစွာဟာ ဒီလိုမိဘမျိုးရှိခြင်းနှင့် ဆက်စပ်မှုရှိပါတယ်။ သူတို့က သူတို့ကလေးတွေကို အရာရာတိုင်း သူတို့ဘာသာလုပ်ခွင့်မပြုပါဘူး။ ကလေးတွေအား သူတို့အခန်းတွေကို သန့်ရှင်းရေးလုပ်ဖို့၊ နေရာမှာ စနစ်တကျပြန်ထားဖို့ ၊ ကျန်းမာစွာစားဖို့နှင့် စည်းကမ်းသေဝပ်သူဖြစ်ဖို့ မျှော်လင့်ထားကြပါတယ်။ သူတို့ဟာ စည်းကမ်းတင်းကျပ်ပေမယ့် မိမိတို့ကလေးတွေကို ကိစ္စကြီးတွေ ပြီးမြောက်စေဖို့ ဖိအားပေးတာ မလုပ်ကြပါဘူး။ ဒီအဆင့်အတွက် အဓိကအကြောင်းပြချက်က ဒီလိုမိဘတွေဟာ သူတို့ကလေးတွေရဲ့ privacy ကိုလေးစားတာကြောင့်ဖြစ်ပါတယ်။ ဒီလိုမိဘတွေကို သားသမီးတွေက လေးစားလေ့ရှိပြီး ကြီးပြင်းလာတာနှင့်အမျှ သူတို့ရဲ့သူငယ်ချင်းတွေေလို ဖြစ်လာကြတဲ့ ကလေးတွေကို ပြုစုပျိုးထောင်ကြပါတယ်။

၃။ နားပူနားဆာအများကြီးလုပ်တဲ့ မိဘတွေအတွက် “B”

ဒီလိုမိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို အခန်းသန့်ရှင်းရေးလုပ်ဖို့၊ အိမ်စာလုပ်ဖို့၊ စာကောင်းကောင်းလေ့လာဖို့နှင့် ဖုန်းသုံးတဲ့အချိန်နည်းဖို့ အဆက်မပြတ် တကျည်ကျည်လုပ်တတ်ပါတယ်။ မျက်စေ့ဒေါင့်ထောက်ကြည့်ပြီး ဟိုဟာဆိုလည်း လုပ်ပြန်ပြီ၊ ဒီဟာဆိုလည်းလုပ်ပြန်ပြီ ပြောတတ်ကြပါတယ်။ ကလေးတွေကို ဖုန်းပြောခွင့်မပေးတာမျိုး (သို့) သူတို့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာကို ခွင့်မပြုတာမျိုး ရှိကြပါတယ်။ ကလေးတွေကို ပိုကောင်းအောင်လုပ်နိုင်ဖို့ ပိတ်လှောင်ထားတာဖြစ်ပေမယ့် သူတို့ဟာ ကလေးရဲ့ privacy ကိုလေးစားဆဲဖြစ်ပါတယ်။ ဒီလိုမိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ချစ်ခြင်းမေတ္တာပြသတဲ့အနေနဲ့ စျေးကြီးတဲ့ပစ္စည်းတွေ၊ လက်ဆောင်တွေကို ပုံပေးတတ်ကြပါတယ်။

၄။ သူတို့ရဲ့ ကစားကွက်မြင့်တင်ဖို့ လိုအပ်တဲ့ မိဘတွေအတွက် “C”

တကယ်လို့ သင်ဟာ ဒီလိုမိဘတွေထဲက တစ်ယောက်ဖြစ်ရင် အလုပ်အများကြီးလုပ်ရမှာ သေချာပါတယ်။ သင်ဟာ အရမ်းတင်းကျပ်လွန်းတာကြောင့် ကလေးရဲ့အမြင်မှာ ပုံမလာတဲ့ မိဘတွေလို့ သတ်မှတ်ခံရနိုင်ပါတယ်။ မိဘကတော့ ကလေးကို ဆုံးမဖို့ ကြိုးစားနေတာဖြစ်ပေမယ့် သူတို့က သင်အနှောက်အယှက်ပေးနေတယ်လို့ ယုံကြည်နေတဲ့အတွက် ကလေးတွေဟာ ပုန်ကန်တတ်လေ့ရှိပါတယ်။ ဒီလိုမိဘတွေဟာ ကလေးကို privacy ပေးဖို့ သိပ်ဂရုမစိုက်ကြပါဘူး။ သို့သော် အားလပ်ရက်တွေနဲ့ ပျော်စရာကောင်းတဲ့ စွန့်စားခန်းနေ့တွေမှာ ကလေးတွေကို ခေါ်ဆောင်သွားတတ်ပါတယ်။ သင် သူတို့ကို ချစ်တယ်၊ သင့်မှာ သင့်ကလေးတွေ နားလည်ပုံမရသော ကွဲပြားတဲ့ ချဉ်းကပ်နည်းတစ်ခုပဲရှိပါတယ်။

၅။ ထိန်းချုပ်မှုကို စွန့်လွှတ်ဖို့ မနှစ်သက်တဲ့ မိဘတွေအတွက် “D”

ထိုကဲ့သို့သော မိဘတွေရှိသော ကလေးတွေဟာ မိဘတွေကို အများဆုံးကြောက်ရွံ့တတ်ကြပါတယ်။ သူတို့ဟာ ကလေးတွေရဲ့ဘဝမှာ အလွန်အမင်းပါဝင်ပတ်သတ်ခြင်း၊ သီးသန့်တည်ရှိမှုနှင့် privacy လိုအပ်ခြင်းကို မလေးစားပါဘူး။ ကလေးတွေအား သူတို့စိတ်အလိုအတိုင်းနေထိုင်ဖို့ အတင်းအကျပ်ဖိအားပေးကြပါတယ်။ ရှင်းလင်းသော မိဘနှင့်ကလေးဆက်ဆံရေးရှိပြီး သူတို့ကလေးတွေနှင့် သူငယ်ချင်းဖြစ်နိုင်တယ်လို့ မယုံကြည်ကြပါဘူး တကယ်လို့ သင်ဟာ ဒီလိုမိဘမျိုးဖြစ်တယ်လို့ ထင်ရင် သင့်ကလေးတွေပေါ်မှာ နည်းနည်းအလျှော့ပေးပြီး သူတို့ကို သူငယ်ချင်းတစ်ယောက်လို ခံစားရအောင် လုပ်ပေးပါ။

များသောအားဖြင့် မိဘတွေဟာ ကလေးတွေအတွက် ဘယ်အရာအကောင်းဆုံးဖြစ်တယ်ဆိုတာ သိသော်လည်း ကလေးတွေကို နားထောင်ပေးဖို့နှင့် သူတို့ခံစားရတဲ့အရာတွေကို ထည့်စဉ်းစားပေးဖို့ အရေးကြီးပါတယ်။ မိဘအုပ်ထိန်းခြင်းက ခက်ခဲတဲ့အလုပ်ဖြစ်ပါတယ်။ လိုက်နာဖို့ စည်းမျဉ်းစာအုပ်မရှိသဖြင့် မိဘတွေကို သတ်မှတ်ဖို့ ခက်ခဲပါလိမ့်မယ်။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here