တခါတရံမှာ ကလေးတွေဟာ ငိုရခက်၊ ရယ်ရခက်စေတဲ့ မေးခွန်းလေးတွေ မေးတတ်ကြပါတယ်။ ဒါပေမယ့် မေမေတို့ရေ…ကလေးတွေအတွက် ဘာပြန်ဖြေရမယ်ဆိုတာ လေ့လာထားဖို့ လိုပါတယ်နော်။ ကလေးတွေဟာ သူတို့ရဲ့ နုံအမှုကြောင့် အရယ်ခံရတာ၊ အလိမ်ခံတာ၊ လျစ်လျူရှုခံရတာကို မကြိုက်ပါဘူး။ သူတို့မေးတဲ့ မေးခွန်းလေးတွေကို မိဘတွေအနေနဲ့ ပြီးစလွယ် မဖြေပဲ တိကျမှန်ကန်တဲ့ အဖြေများ ပေးဖို့လိုပါတယ်။
၁။ သားဘယ်က လာတာလဲ?
ရိုးသားပါ၊ သို့သော် အသေးစိတ်မပြောပါနဲ့။
“လူတွေက တစ်ယောက်ကို တစ်ယောက် ချစ်ကြတဲ့အခါ ပွေ့ဖက်ကြတယ်၊ နမ်းကြတယ် သားရဲ့,..အဖေက အမေ့ကို သူ့ဆဲလ်တွေ ပေးတယ်။ အဲ့ဆဲလ်လေးတွေက မေ့မေ့ရဲ့ ဆဲလ်လေးတွေနဲ့ ပူးပေါင်းသွားပြီးအမေ့ ဗိုက်ထဲမှာ ကလေးတစ်ယောက်အဖြစ် စကြီးထွားလာတယ်။ သူက သေးသေးလေး၊ အမေ့ဗိုက်ထဲမှာ ငါးလေးတစ်ကောင်လို ရေကူးနေတယ်။ သူက တဖြည်းဖြည်းနဲ့ ပိုကြီးလာတယ်။ တစ်နေ့ အမေ့ဗိုက်ထဲမှာ မဆံ့တော့တာကြောင့် မွေးလာတယ်”လို့ ပြောပေးနိုင်ပါတယ်။ နည်းနည်းကြီးတဲ့ ကလေးတွေဆိုရင်တော့ သုတ်ပိုးနှင့် ဥဆဲလ်တွေရဲ့ အယူအဆများကို ပြောပြနိုင်ပါတယ်။

၂။ မိန်းကလေးနဲ့ ယောကျ်ားလေးက ဘာ့ကြောင့်မတူတာလဲ?
ဒီအရာကို ကို့ယိုးကားရားမဖြစ်ဘဲ ပြောပြနိုင်ဖို့ ကြိုးစားပါ။ ကလေးတွေဟာ သူတို့ရဲ့ အင်္ဂါတွေအပေါ် စိတ်ဝင်စားတယ်ဆိုတာ သဘာဝဖြစ်ကြောင်း သတိရပါ။
“ကလေးငယ်တွေ မွေးဖွားနိုင်တာကြောင့် မိန်းကလေးနဲ့ ယောကျ်ားလေးမှာ မတူတာတွေရှိကြောင်း” ရှင်းပြပေးပါ။ ဥပမာ- မိန်းကလေးတစ်ယောက်မှာ ယောနိနှင့် အရွယ်ရောက်လာရင် ကလေးမွေးဖွားဖို့အတွက် သားအိမ်ပါရှိကြောင်း ရှင်းပြလို့ရပါတယ်။

၃။ မေမေတို့ ဘာ့ကြောင့် စကားများတာလဲ?
မိဘတွေ စကားများတဲ့အခါ ကလေးတွေရဲ့ မသိစိတ်မှာ အပြစ်ရှိသလို ခံစားကြရပါတယ်။ မေမေတို့ ကလေးဟာ သူရဲ့ အမှားမဟုတ်ကြောင်းကို နားလည်ဖို့ အရေးကြီးပါတယ်။
“လူတွေက တစ်ယောက်ရဲ့ ထင်မြင်ချက်ကို တစ်ယောက်က အမြဲတမ်း သဘောမတူနိုင်တဲ့အတွက် စကားများငြင်းခုန်ကြတယ်။ ကလေးတွေ ကစားတဲ့အခါ ငြင်းခုန်ကြသလို လူကြီးတွေလည်း တစ်ခါတရံမှာ ငြင်းခုန်တတ်ကြတယ်၊ ဒါပေမယ့် အမေတို့က အချင်းချင်း ချစ်ကြတဲ့အတွက် အမြဲတမ်းမဖြစ်ကြပါဘူး။ ပြီးတော့ သား/သမီးကို မေမေတို့ချစ်ပါတယ်” လို့ပြောပေးပါ။
၄။ ဘာ့ကြောင့် အဲ့အန်တီကြီးက ဝနေတာလဲ?
ကလေးတွေဟာ စူးစမ်းချင်စိတ်ရှိကြသလို ပြောသင့်လား/မပြောသင့်လားဆိုတာကို နားမလည်ကြပါဘူး။ လူကြားထဲမှာ ပုံမှန်မဟုတ်တဲ့ သူတစ်ယောက်ကို ကလေးက အာရုံစိုက်မိရင် တိတ်တိတ်နေဖို့ မပြောပါနဲ့။ သူတို့ရဲ့ သိချင်စိတ်ကို သည်းမခံနိုင်တာကြောင့် ထပ်မေးကြပါလိမ့်မယ်။

“လူတိုင်းက မတူကြဘူးသားရဲ့ ၊ တချို့တွေက အရပ်ရှည်တယ်၊ တစ်ချို့က အရပ် ပုတယ်။ တစ်ချို့က ဝတုတ်ပြီး တစ်ချို့ကပိန်တယ်၊ သူတို့နေမကောင်းဖြစ်နေလို့ တခါတရံမှာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ သူတို့ရဲ့ ကွဲပြားမှုကို လက်ညိုးထိုးတာက သူတို့ကို နာကျင်စေနိုင်တာကြောင့် သား သူတို့ကို လက်ညိုးထိုးမပြသင့်ဘူး။ သူတို့စိတ်ဆိုးသွားကြလိမ့်မယ်၊ နောက်မှ မေမေရှင်းပြမယ်” လို့ ပြောပေးနိုင်ပါတယ်။
၅။ သားနဲ့ မမ ဘယ့်သူ့ကို ပိုချစ်သလဲ?
မောင်နှမတွေဆိုတာ မိဘတွေရဲ့ အချစ်ကို အမြဲယှဉ်ပြိုင်တတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးကို မွေးချင်းမောင်နှမတွေနဲ့ ယှဉ်မပြောသင့်ပါဘူး။ မေမေတို့အနေနဲ့ “အစ်ကိုကြီးက သားထက် စာပိုတော်လို့ ပိုချစ်တယ်”လို့ မပြောသင့်ပါဘူး။
“ဖေဖေနဲ့ မေမေက သားတို့/သမီးတို့အားလုံးကို တန်းတူချစ်ကြောင်း “ပြောပြပေးပါ။

၆။ ဆရာဝန်က သားကိုနာအောင်လုပ်မှာလား?
ဆေးကုသဖို့ လိုအပ်ကြောင်း ကလေးအား ရှင်းပြပါ။ သူတို့ကို ငကြောက်လို့ မခေါ်ပါနဲ့(သို့) သူတို့ရဲ့ ကြောက်ရွံတဲ့ ခံစားချက်ကို မလှောင်ပါနဲ့။
” ဆရာဝန်က သားကို နာအောင်မလုပ်ပါဘူး။ သူတို့အလုပ်က ရောဂါပိုးနဲ့ ဖျားတာကို တိုက်ဖျက်ဖို့ပါ။ နည်းနည်းလေးတော့ နာလိမ့်မယ်။ အနာမခံနိုင်ရင် သားကောင်းလာမှာ မဟုတ်ဘူး။ မေမေနေမကောင်းတုန်းက မေမေလည်း ဆေးထိုးခံခဲ့ရတယ်” စသဖြင့် ကလေးနားလည်အောင် ပြောပေးနိုင်ပါတယ်။

၇။ ကလေးက သေဆုံးခြင်းနှင့် ပတ်သတ်ပြီး မေးတဲ့အခါ
သေဆုံးခြင်းနှင့် ပတ်သတ်ပြီး ကလေးတွေကို မုသားမသုံးပါနဲ့။ သူတို့က အမှန်တရားကို လက်ခံနိုင်ပါတယ်။
“လူတွေ၊ တိရိစ္ဆာန်တွေ၊ ပန်းတွေတောင် တနေ့သေကြရတယ်၊ ဒါက သဘာဝနိယာမတရားပဲ၊ ကမ္ဘာပေါ်မှာ မွေးဖွားသူအားလုံးက တစ်နေ့သေရမှာပဲ။ မေမေတို့လည်း တစ်နေ့ သေရလိမ့်မယ်။ မေမတို့ အသက်တွေ အရမ်းကြီးသွားရင် အဘွားလို သေသွားလိမ့်မယ်”လို့ပြောပေးနိုင်ပါတယ်။
၈။ ဖေဖေကျတော့ လုပ်ပြီး သားကျတော့ ဘာလို့ခွင့်မပြုတာလဲ?
သင်ဟာ စံပြပုဂ္ဂိုလ် မဟုတ်ကြောင်း ဝန်ခံဖို့ မကြောက်ပါနဲ့။ သင့်ကလေးတွေဟာ မိဘတွေလုပ်သမျှကို ပုံတူမတူးသင့်ကြောင်း နားလည်ဖို့ အရေးကြီးပါတယ်။
“ဒါက ဖေဖေ့ရဲ့ မကောင်းတဲ့ အကျင့်ဖြစ်လို့ ဖေဖေ ဆေးလိပ်သောက်သလို သားမသောက်ရဘူးနော်။ ဖေဖေ လူကောင်းတစ်ယောက် ဖြစ်ချင်လို့ မကြာခင် ဒီအကျင့်ကို စွန့်လွှတ်တော့မှာ”လို့ ပြောပေးနိုင်ပါတယ်။

ကလေးတွေရဲ့ မေးခွန်းတွေကို ဖြေဆိုခြင်းအတွက် စည်းမျဉ်းများ
- ကလေးတစ်ယောက်ဟာ သူတို့မေးမြန်းတဲ့ အရာတွေထက် ပိုသိဖို့ မလိုအပ်ပါဘူး။ ရိုးရှင်းတဲ့ အဖြေကိုသာ ပေးပါ။
- သူတို့ကို မလှည့်စားပါနဲ့၊ အကယ်၍ သူတို့မေးခွန်းတွေကို မဖြေနိုင်ပါက ကလေးအား ရိုးရှင်းစွာ ဝန်ခံပါ။ ပြီးမှ အဖြေကို အတူတူရှာပါ။
- ကလေးက အခြားသူတစ်ယောက်ဆီမှ အမှန်တရားကို သိရှိလာတဲအ့ခါ သင်လိမ်ရတဲ့ အကြောင်းရင်းကို ပြောပြဖို့ လိုပါတယ်။
- ဆရာတစ်ယောက်လို လေသံမျိုးနဲ့ သူတို့ကို ဘယ်တော့မှ မပြောပါနဲ့။ သူတို့မသိတာကို မလှောင်ပြောင်ပါနဲ့။ အလေးအနက်ထားပြီး သူတို့ရဲ့ မေးခွန်းတွေကို ဖြေရှင်းပေးပါ။ နောင်ကျရင် သင့်ကလေးအား မေးခွန်းတွေ ပိုမေးစေလိုမှာ သေချာပါတယ်။
- သူတို့မေးခွန်းအတွက် motivation ကိုစဉ်းစားပါ။ တခါတရံမှာ သင့်ကလေးရဲ့ မေးခွန်းက အကူအညီတောင်းဖို့ (သို့) ပုန်းကွယ်နေတဲ့ ကြောက်ရွံ့မှုကြောင့် တောင်းဆိုတာ ဖြစ်နိုင်ပါတယ်။ သင့်ကလေးက ဘာအတွက် မေးသလဲဆိုတာ နားလည်ဖို့ ကြိုးစားပါ။
Lifestyle_Myanmar
LM_Nandar
Source-brightside