မိဘတွေဆီမှာတွေ့ရတတ်တဲ့ အုပ်ထိန်းနည်း (၄) မျိုးနှင့် ကလေးတွေအပေါ် သက်ရောက်မှုများ

0
483
- Advertisement -

စာဖတ်သူရဲ့ သားသမီးကိုအုပ်ထိန်းတဲ့ပုံစံဟာ သင့်ကလေးက သူတို့ကိုယ်သူတို့နဲ့ပတ်သက်လို့ ဘယ်လိုခံစားရလဲဆိုတာကို တိုင်းတာရာမှာ အင်မတန်သက်ရောက်မှုရှိနိုင်ပါတယ်။ သားသမီးနဲ့ဘယ်လို ဆက်ဆံမှုရှိလဲ၊ ဘယ်လိုပုံစံနဲ့ ထိန်းကျောင်းလဲဆိုတာက ကလေးရဲ့ဘဝတစ်လျှောက်ပေါ်မှာ လွှမ်းမိုးမှုဖြစ်တဲ့အတွက်ကြောင့် သင့်ရဲ့အုပ်ထိန်းမှုပုံစံက ကလေးအတွက် အများကြီးကောင်းကျိုးဖြစ်ဖို့ လိုအပ်ပါတယ်။

သုတေသနပညာရှင်များ ရှာဖွေတွေ့ရှိထားတဲ့ မိဘအုပ်ထိန်းနည်းပုံစံ (၄) မျိုးကတော့ –
• အာဏာရှင်ဆန်တဲ့ အုပ်ထိန်းနည်း
• စည်းစနစ်ကျတဲ့ အုပ်ထိန်းနည်း
• အထိန်းအကွပ်လျော့ရဲပြီး အလိုလိုက်တဲ့အုပ်ထိန်းနည်း
• သိပ်ဂရုစိုက်မှုမရှိတဲ့ အုပ်ထိန်းနည်း တို့ဖြစ်ပါတယ်။

အုပ်ထိန်းနည်းပုံစံတစ်ခုစီတိုင်းက ကလေးတွေကို ပြုစုပျိုးထောင်ပုံစံချင်း မတူညီနိုင်ကြသလို တစ်ချို့သောလက္ခဏာတွေကို ကြည့်ပြီးတော့ ဘယ်လိုပုံစံက ဘာဆိုတာလဲကို ခွဲခြားနိုင်ပါတယ်။

- Advertisement -

အာဏာရှင်ဆန်တဲ့ အုပ်ထိန်းနည်း

• “ငါပြောသလိုလုပ်၊ ငါလုပ်တဲ့အတိုင်း လုပ်စရာမလိုဘူး” ဆိုတာကို ယုံကြည်ခြင်း
• ကလေးရဲ့ခံစားချက်တွေကို အရေးမထားခြင်း
• ကလေးတွေဆိုတာ စကားနားထောင်ရမယ်၊ ပြန်ပြောစရာမလိုဘူး

အကယ်လို့ ဒီလိုအချက်တွေက သင့်အတွက်မှန်ကန်တယ်လို့ယူဆတယ်ဆိုရင်တော့ သင်ဟာ အာဏာရှင်ဆန်တဲ့မိဘတစ်ယောက်ဖြစ်နိုင်ပါတယ်။ အာဏာရှင်ဆန်တဲ့မိဘတွေဟာ သူတို့ရဲ့သားသမီးတွေက ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာရမယ်လို့ ယုံကြည်ကြပါတယ်။ ကလေးတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ကို စိတ်မဝင်စားဘဲ သူတို့ရဲ့ဦးတည်ချက်က နာခံမှုပါပဲ။ ဒါ့အပြင် အာဏာရှင်ဆန်တဲ့မိဘတွေဟာ ကလေးတွေကို ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေဘယ်လိုပြုလုပ်ရမလဲဆိုပြီး သွန်သင်ဆုံးမမယ့်အစား သူတို့အမှားကို သူတို့သုံးသပ်တတ်ဖို့အတွက် အပြစ်ပေးခြင်းနည်းလမ်းတွေကို အသုံးပြုတတ်ပါတယ်။

စည်းစနစ်ကျတဲ့ အုပ်ထိန်းနည်း

• ကလေးနဲ့ဆက်ဆံရေးကောင်းဖို့အတွက် ကြိုးစားအားထုတ်ခြင်း
• စည်းမျဥ်းတွေချမှတ်ထားရတဲ့ အကြောင်းအရင်းတစ်ခုစီကို ရှင်းပြခြင်း
• စည်းကမ်းတွေကို လိုက်နာစေပြီး နောက်ဆက်တွဲအကျိုးဆက်တွေကို သိအောင်ပေးတတ်ပေမယ့် ကလေးရဲ့ခံစားချက်တွေကို ဂရုစိုက်ခြင်း

ဒီအချက်တွေက သင်နဲ့ရင်းနှီးမှုရှိရင်တော့ သင်ဟာ စည်းစနစ်ကျတဲ့မိဘတစ်ယောက်ဖြစ်နိုင်ပါတယ်။ စည်းစနစ်ကျတဲ့မိဘတွေဟာ စည်းမျဥ်းတွေရှိပြီး နောက်ဆက်တွဲအကျိုးဆက်တွေကိုလည်း အသုံးချတတ်ပေမယ့် ကလေးရဲ့ထင်မြင်ချက်တွေကို အလေးအနက်ထားပါတယ်။ သူတို့ရဲ့အချိန်နဲ့ အားအင်တွေကို ရင်းနှီးမြုပ်နှံပြီးတော့ ကလေးလူလားမမြောက်ခင်အချိန်ကတည်းက ထိန်းမရသိမ်းမရ မဖြစ်အောင်လို့ ကြိုတင်ထိန်းကျောင်းထားကြပါတယ်။

အထိန်းအကွပ်လျော့ရဲပြီး အလိုလိုက်တဲ့အုပ်ထိန်းနည်း

• စည်းကမ်းတွေချထားပေမယ့် ဆယ်ခါ့တစ်ခါလောက်မှ လိုက်နာဖို့ပြောဆိုခြင်း
• အကျိုးဆက်တွေကို မကြာမကြာဆိုသလို မခံစားစေခြင်း
• မိဘနည်းနည်းဝင်ပါမှ သားသမီးကကောင်းကောင်းသင်ယူနိုင်မှာလို့ တွေးထင်ခြင်း

ဒီအချက်တွေက သင့်အတွက်ရင်းနှီးသလိုခံစားရရင်တော့ သင်ဟာ အထိန်းအကွပ်လျော့ရဲပြီး အလိုလိုက်တတ်တဲ့ မိဘတစ်ယောက်ဖြစ်နိုင်ပါတယ်။ သားသမီးကို အလိုလိုက်တတ်တဲ့ မိဘတွေဟာ သူတို့အပေါ်မှာ အရမ်းသက်ညှာပြီးတော့ ပြဿနာကြီးကြီးမားမားဖြစ်တဲ့အခါတိုင်း မကြာခဏဝင်ပါတတ်ကြပါတယ်။ ကလေးတွေကိုလည်း ခွင့်လွှတ်ပေးတတ်ကြပြီး “ကလေးမို့လို့” ဆိုတဲ့စကားကို လက်ကိုင်စွဲထားတတ်ကြပါတယ်။

သိပ်ဂရုစိုက်မှုမရှိတဲ့ အုပ်ထိန်းနည်း

• ကျောင်း သို့မဟုတ် အိမ်စာတွေနဲ့ပတ်သက်လို့ ကလေးကိုဘာမှမမေးခြင်း
• ကလေးကဘယ်ရောက်နေလဲ၊ ဘယ်သူနဲ့ရှိနေလဲဆိုတာကို စိတ်မဝင်စားခြင်း
• ကလေးနဲ့အတူတူ အချိန်မဖြုန်းခြင်း

ဒီအချက်တွေကတော့ သားသမီးအပေါ်မှာ သိပ်ဂရုစိုက်မှုမရှိတဲ့ မိဘတွေရဲ့လက္ခဏာတွေပါ။ သိပ်ဂရုမစိုက်တတ်တဲ့ မိဘတွေဟာ သူတို့ရဲ့သားသမီးဘာလုပ်နေလဲဆိုတာ ဘာမှသိပ်မသိကြပါဘူး။ စည်းကမ်းတစ်ချို့ရှိနိုင်ပေမယ့် ကလေးတွေဟာ ထိုစည်းကမ်းတွေနဲ့ပတ်သက်လို့ လမ်းကြောင်းပေးမှု၊ ထိန်းကျောင်းပေးမှု စသဖြင့် သိပ်ပြီးလက်ခံမရရှိကြပါဘူး။

#Chit_May_May

#Thinzar

Ref- verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here