မိဘတွေရဲ့ မိမိတို့ကလေးကိုကာကွယ်လိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့အရာ (၈)ခု

0
2771
- Advertisement -

ကလေးတွေဟာ များသောအားဖြင့် လူတွေနှင့်အဖြစ်အပျက်တွေကို အလွန်အကင်းပါးတာကြောင့်မို့လို့ ကလေးဘ၀မှာကြုံတွေ့ရတဲ့အသေးငယ်ဆုံးသောအရာများဟာ သူတို့ရဲ့ ဘ၀တစ်ခုလုံးကို အကျိုးသက်ရောက်နိုင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီဩဇာလွှမ်းမိုးမှုဟာ အပြုသဘောလွှမ်းမိုးမှုချည်းပဲမဟုတ်ပါဘူး။ အပြစ်မဲ့သော စကားစုတစ်ခုပင်လျှင်သေစေနိုင်ပါတယ်။ အရွယ်ရောက်သူတွေရဲ့ မသင့်လျော်တဲ့အပြုအမူတွေဟာ ကလေးငယ်တွေကိုရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေနိုင်ပါတယ်။ အောက်မှာဖော်ပြပေးထားတဲ့ အချက်(၈)ကတော့ ကလေးတွေရှေ့မှာ လုံး၀မလုပ်သင့်တဲ့ လျှို့၀ှက်ထားသင့်တဲ့ အရာလေးတွေပါ။

၁။ တစ်ခြားကလေးတွေရဲ့ လျှို့၀ှက်ချက်များ

မေရီရဲ့ မိခင်က သင့်ကို မေရီ့အကြောင်းလျှို့၀ှက်ချက်တစ်ခုခုပြောခဲ့မယ်ဆိုရင် သင့်ကလေးတွေကို သူမရဲ့လျှို့၀ှက်ချက်ကို ဘယ်တော့မှ ပြန်မပြောပြသင့်ပါဘူး။ သင့်ကလေးတွေက သူငယ်ချင်းတွေဖြစ်မယ်ဆိုရင် သူတို့ရဲလျှို့၀ှက်ချက်တွေကို ပြောချင်တယ် မပြောချင်ဘူးဆိုတာ သူတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။ အဲ့လိုမဟုတ်ဘဲ သင်က ကလေးရဲ့လျှို့၀ှက်ချက်တစ်ခုကို ဖြန့်၀ေခဲ့မယ်ဆိုရင် သင့်ကလေးရဲ့အရေးကိစ္စမှာ ၀င်ရောက်စွက်ဖက်တာဟာ အတင်းအဖျင်းပြောခြင်းသက်သက်ပါပဲ။ ကလေးတွေစကားပြောနေကြတယ်ဆိုတာ မမေ့ပါနှင့်။ လျှို့၀ှက်ထားသင့်တဲ့အရာတစ်ချို့ရှိပါတယ်။

၂။ မိဘနှစ်ပါးရန်ဖြစ်ခြင်း

သင့်ကလေးတွေ အနီးအနားရှိနေချိန်မှာ သင့်ခင်ပွန်းနဲ့ စကားမများပါနှင့် သူတို့က သင့်ခင်ပွန်းကို ရိုသေလေးစားမှုတွေပျောက်ကွယ်သွားနိုင်ပါတယ်။ ဟုတ်ပါတယ် စံပြဆက်ဆံရေးမရှိခြင်းနှင့် ရန်တွေ့ခြင်းက ပုံမှန်ပါပဲ။ ဒါပေမယ့်အော်ဟစ်ခြင်းနှင့် သတ်ပုတ်ခြင်းတွေကို ရှောင်သင့်ပါတယ်။ သင့်ကလေးတွေကို ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းတတ်စေလိုပါသလား။

၃။ သူတို့ကျောင်းကို မကျေနပ်မှုတွေ

သင့်ကလေးတွေ၀န်းကျင်မှာ ရှိနေတဲ့အခါ သူတို့ကျောင်းကို မ၀ေဖန်ပါနှင့်။ တကယ်လို့ သင်ကလေးတွေကသူတို့ကျောင်းက အလုပ်ကောင်းကောင်းမလုပ်ဘူးလို့ ကြားရတဲ့အခါ ၎င်းက သူတို့ကျောင်းနှင့် ဆရာတွေအပေါ်မှာ အပြုအမူတွေနှင့် သဘောထားတွေက ဆိုးကျိုးသက်ရောက်နိုင်တယ်။

၄။ သင့်ကလေးနောက်ကွယ်က ၀ေဖန်မှုများ

သင့်ကလေးနဲ့ ပတ်သက်ပြီးတော့ ဆွေမျိုးတွေနှင့် မိတ်ဆွေတွေကို မတိုင်ကြားပါနှင့်။ ကလေးတွေက မိုက်မဲတာမဟုတ်ပါဘူး။ သူတို့ဟာ အမြဲတမ်းသင်ထင်ထားတာထက် ပိုပြီးတော့ အရာရာကိုကြားလည်း ကြားကြသလို၊ နားလည်း နားလည်ကြပါတယ်။ သင့်ကလေးက ဘယ်သူ့မှသူ့ကို မချစ်ဘူး၊ သူတို့ကက ဆိုးရွားတဲ့ကလေးပဲ လို့ စပြီးတွေးမိလာပါလိမ့်မယ်။ အချို့သောကိစ္စရပ်တွေက သူတို့ဟာ တစ်ကမ္ဘာလုံးမှာ သူတို့ကိုယ်သူတို့သီးခြားခွဲထားခြင်းခံရတယ်လို့ တွေးနိုင်ပါတယ်။ သင့်ကလေးရဲ့ ယုံကြည်မှုကိုပြန်လည်ရရှိဖို့ သင်လတွေ၊ နှစ်တွေအကြာကြီးပေးဆပ်ရပါလိမ့်မယ်။

၅။ သင့်ခန္ဓာကိုယ်ကို ၀ေဖန်ခြင်း

သင့်ကလေးရဲ့ ၀န်းကျင်မှာ သင့်ခန္ဓာကိုယ်ကို ၀ေဖန်ခြင်းကို ရှောင်ပါ။ ၎င်းက သင့်ကလေးကို ညံ့ဖျင်းသောရှုပ်ထွေးမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာ- သူတို့က ကိုယ်အလေးချိန်တိုးလာရင် သင်သူတို့ကိုမချစ်တော့ဘူးလို့ထင်လာနိုင်ပါတယ်။ ဒီအရာတွေကမြီးကောင်ပေါက်အရွယ်ကလေးတွေကို အစာမစားခြင်းအထိဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် သင်က သင့်သားသမီးတွေရဲ့ မျက်မှောက်တွင် ကိုယ့်ကိုယ်ကို အရှက်ခွဲရင် နောက်ဆုံးမှာသင့်အခွင့်အာဏာကိုဆုံးရှုံးသွားနိုင်ပါတယ်။ မိမိကိုယ်ကို”အဆီများပြီးတော့ ညံ့ဖျင်းတဲ့သူ”လို့ခေါ်ပြီး ကလေးငယ်ဆီကနေဘာတွေများ နောက်ထပ်မျှော်လင့်နိုင်ပါသလဲ။ သင့်ကလေးတွေအတွက် စံနမူနာပြအဖြစ် သင်အကောင်းဆုံးကြိုးစားပါ။ သင့်ကိုယ်သင် ချစ်ပါ။ ဒါမှသာ သင့်ကလေးတွေက သင့်ကိုပိုချစ်ပါလိမ့်မယ်။

၆။ ကျန်းမာတဲ့အစားအစာကို သင်မကြိုက်ဘူးလား

သင့်ကလေးကို မှန်ကန်စွာအစာစားဖို့ မသင်ကြားခင် သင်ကိုယ်တိုင် ၎င်းကို ပိုလေ့လာသင့်ပါတယ်။ တကယ်လို့ သင်က ချောကလက်တစ်ဖက်မှာ လှည့်စားနေပြီးတော့ ကလေးကို ပန်းဂေါ်ဖီကျွေးနေမယ်ဆိုရင် အကောင်းဆုံးသော အကြံမဟုတ်ပါဘူး။ သင်က သင်ကလေးအတွက် စံပြအဖြစ်အမှုဆောင်ဖို့ လိုအပ်ပါတယ်။ သင့်ခွင့်ပြချက်မရရင် သူတို့ဘာကို စားရမယ်ဆိုတာ နားလည်ကြမှာမဟုတ်ပါဘူး။

၇။ ဘဏ္ဍာရေးပြဿနာများ

၀န်ဆောင်ခအတွက်ငွေကြေးမလုံလောက်ခြင်းနှင့် လုခလစာနှောင့်နှေးခြင်းတို့က သင့်အတွက် ပုံမှန်ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင့်ကလေးအတွက် အရွယ်ရောက်ပြီး သူ့ဘ၀မှာ မကြုံတွေ့ရသေးတဲ့ ဘဏ္ဍာရေးပြဿနာတွေကို ကြောက်ရွှံ့မှုနှင့် စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သင့်သားသမီးကို အဲ့ဒီ့ပြဿနာတွေနဲ့ကင်း၀ေးတာ သေချာစေပါ။

၈။ ကြောက်မက်ဖွယ်ပုံပြင်များ

ဟုတ်ပါတယ်။ လမ်းပေါ်မှာ တစ်ယောက်တည်းလမ်းလျှောက်တာ၊ သူစိမ်းတွေနဲ့ စကားပြောတာ၊အထူးသဖြင့် သူတို့ဆီက ပစ္စည်းတွေကို ယူတာမျိုးမလုပ်ဖို့ သင့်ကလေးတွေကို သတိပေးဖို့အရေးကြီးပါတယ်။ သို့ပေမယ့် သင့်ကလေးတွေကို အရူးနှင့် ပတ်သက်သော ကြောက်မက်ဖွယ်ပုံပြင်များတွေနဲ့ မကြောက်စေပါနှင့်။ သင့်ကလေးတွေရဲ့ ဘ၀မှာ ကြောက်ရွှံ့ခြင်းနှင့် အမုန်းတရားတွေ မကြီးစိုးစေပါနှင့်။

သင်က သင့်ကလေးတွေနှင့် အတူ ရိုးသားသင့်တာ မှန်ပါတယ်။ သို့ပေမယ့် ဘယ်စည်းမျဥ်းစည်းကမ်းမှာမဆို ခြွင်းချက်တွေရှိတာမမေ့ပါနှင့်။ တကယ်လို့ ဒီဆောင်းပါးက သင့်မိသားစုနှင့် သူငယ်ချင်းတွေအတွက် အထောက်အကူဖြစ်စေတယ်လို့ သင်ထင်ရင် သူတို့ကို မျှ၀ေပေးပါ။

Chit_May_May

Nyein_Thu

Ref-fabiosa

LEAVE A REPLY

Please enter your comment!
Please enter your name here