သိပ္ပံပညာဂျာနယ်လစ် Helen Pearson က TED Talk မှာ မိခင်တစ်ယောက်ဖြစ်ရခြင်း အတွေ့အကြုံနှင့် အကြံကောင်းလေးတွေကို မျှဝေခဲ့ပါတယ်။ သူမဟာ ကလေးတွေကို သူတို့ရဲ့ တစ်နေ့တာအကြောင်း ပြောဆိုဖို့ ညတိုင်း ၁၅မိနစ် အချိန်ပေးထားပါတယ်။ ပြီးမှ အိပ်ရာဝင်ခိုင်းပါတယ်။ ကလေးတစ်ယောက်ကို ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာနဲ့ ပတ်သတ်ပြီး ပရော်ဖက်ရှင်နယ် အကြံဉာဏ်များ ရယူဖို့ ဘယ်လောက်အရေးကြီးကြောင်း ကျွန်တော်တို့ သိပါတယ်။ ဒီဆောင်းပါးလေးမှာ သင့်အား ပိုမိုကောင်းမွန်သော မိဘတစ်ယောက်ဖြစ်လာစေဖို့ ကူညီနိုင်မယ့် အချက်တွေကို တွေ့နိုင်ပါတယ်။
၁။ အသက် ၂နှစ််အထိ ကလေးနှင့် အတူတူအိပ်ပါ
သုတေသီတစ်ချို့က ကလေးငယ်တွေအတွက် အလုံခြုံဆုံးနည်းလမ်းက မိခင်နဲ့အတူ အိပ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အခြားအခန်းတစ်ခုမှာ ထားခြင်းက အန္တရာယ်ကင်းမှာမဟုတ်ကြောင်း ကလေးအထူးကုများက သတိပြုမိပါတယ်။ မိခင်ရဲ့ ရင်ခွင်ထဲမှာနဲ့ ပုခက်တစ်ခုထဲမှာ အိပ်စက်တဲ့ ကလေးငယ် ၁၆ယောက်ကို လေ့လာခဲ့ပါတယ်။ စောင့်ကြည့်လေ့လာသူများက ကလေးငယ်တစ်ယောက်ဟာ တစ်ယောက်တည််းအိပ်တဲ့အခါ စိတ်ဖိစီးမှု ၃ဆပိုများကြောင်း ဖော်ပြခဲ့ပါတယ်။
သိပ္ပံပညာရှင်များအဆိုအရ ကလေးတစ်ယောက်ဟာ အသက် ၃နှစ်အထိ မိဘနှင့်အတူအိပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ၄လမပြည့်ခင်အထိ တစ်အိပ်ရာထဲမှာ အိပ်တာက အရမ်း Safe မဖြစ်ဟု အကြံပြုထားပါတယ်။ ရင်ဘက်ပေါ်မှာ မွေးကင်းစကလေးကို တင်ထားပြီး အိပ်စက်ဖို့ မကြိုးစားပါနဲ့။

၂။ ကလေးကို အများကြီးစားဖို့ ဖိအားမပေးပါနဲ့
သင့်စားပွဲပေါ်မှာ ကျန်းမာသော အစားအစာတွေ တင်ထားပါလို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ ဒီကိစ္စမှာ သင့်ကလေး မကျန်းမာတဲ့ အစာအးစာကို စားသလား၊ သူတို့ ဘယ်လောက်စားသလဲဆိုတာနဲ့ ပတ်သတ်လို့ စိုးရိမ်စရာ မလိုပါဘူး။ အချို့သော မိဘတွေက ကိုယ့်ကလေး ဗိုက်ဆာနေတယ်လို့ ထင်ကြတာကြောင့် အတင်းစားစေပါတယ်။ ကလေးတစ်ယောက်အား အစားအစာနှင့် ပတ်သတ်ပြီး ဖိအားမပေးတာက ပိုကောင်းပါတယ်။ ကျန်းမာသော ရွေးချယ်စရာများသာ ထားပါ။ သင့်ကလေးအား ဘာစားရမယ်ဆိုတာ ဆုံးဖြတ်ခွင့်ပေးပါ။

၃။ potty မသုံးချင်တဲ့ ကလေးကို ကြောက်အောင်မလုပ်ပါနဲ့
လတိုင်း ဒိုင်ဘာဖိုး မကုန်တာ ကောင်းပေမယ့် ကလေးအား အိမ်သာသွားတတ်အောင် လေ့ကျင့်တာကို အချိန်ပေးသင့်ပါတယ်။ ကလေးအထူးကုနှင့် စာရေးဆရာတစ်ယောက်ရဲ့ အဆိုအရ ဘယ်အရွယ်မှာ အိမ်သာအိုး စသုံးရမယ်ဆိုတာ မရှိဘူးလို့ ဆိုခဲ့ပါတယ်။ ကလေးအဆင်သင့်ဖြစ်ဖို့နဲ့ စိတ်ဝင်စားမှုပြဖို့သာ လိုပါတယ်။ သို့သော် ခန့်မှန်းခြေအားဖြင့် ၂နှစ်မှ ၄နှစ်အကြားဖြစ်ပါတယ်။

၄။ ဆုံးဖြတ်ချက်ချတတ်အောင် သင်ကြားဖို့ လမ်းလျှောက်ခါစ ကလေးငယ်ကို ရွေးချယ်မှုပေးပါ
လမ်းလျှောက်ခါစ ကလေးငယ်တစ်ယောက်အား လွတ််လပ်မှုကို သင်ကြားပေးဖို့ လိုအပ်ပါတယ်။ ကလေးပါရဂူ Gwenn Schurgin O’Keeffe ကတင်းကြပ်သော လမ်းညွှန်ချက်တွေဟာ အကောင်းဆုံး ရွေးချယ်မှု မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကိုယ်ဖြစ်ချင်တာကို ကလေးအပေါ် မချမှတ်တာက ပိုကောင်းပါတယ်၊ သူတို့ဟာ ရွေးချယ်မှု လိုအပ်ပါတယ်။ ဥပမာ- သင့်ကလေးအား အင်္ကျီဘယ်အရောင်ကို ဝတ်ချင်သလဲဆိုတာကို မေးမြန်းပါ။

၅။ ကလေးဘာသာ ဖြေဆိုခွင့်ပေးပါ
ကျန်းမာရေးအသိပညာက ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့အခါ အရေးပါပါတယ်။ ကလေးတွေကို ဆရာဝန်တစ်ယောက်ဆီမှာ သတင်းအချက်အလက်အချို့ကို သူတို့ဘာသာသူတို့ ပေးနိုင်ဖို့လည်း သင်ပေးသင့်ပါတယ်။ သူတို့ကို ဆရာဝန်များနဲ့ ချိန်းဆိုရာမှာ ပါဝင်မှုပေးပါ။ အသက် ၆နှစ် ကလေးတွေဟာ ဆေးစစ်ချိန်မှာ အချို့သော မေးခွန်းတွေကို ဖြေဆိုနိုင်ကြောင်း ဆရာဝန် Abram ကပြောကြားခဲ့ပါတယဘ်။ သူတို့ကို သီးခြားမထားပါနဲ့ ။ ဆရာဝန်တွေရဲ့ မေးခွန်းတွေအားလုံးကို မိဘက လိုက်မဖြေပေးပါနဲ့။ သူတို့ဟာ သူတို့ရဲ့ ကျန်းမာရေးအတွက် တာဝန်ရှိတယ်ဆိုတာကို နားလည်သင့်ပါတယ်။

၆။ မွေးကင်းစကလေးငယ်တွေမှာ အလေ့အထ ပြောင်းလဲမှုကို သတိပြုပါ
နို့စို့နေစဉ် ချွေးအရမ်းထွက်တာ၊ ငိုပုံပြောင်းလဲတာ၊ ပုံမှန်ထက်ပိုပြီး အိပ်နေတာ စတဲ့ လက္ခဏာများကို သတိပြုပါ။

၇။ သင့်ကလေးဟာ ၁နှစ်အောက်ဖြစ်ပြီး အငိုမရပ်လျှင် ဒီအရာများကို လုပ်ဆောင်ပါ
တစ်ခါတလေမှာ သင်ဟာ အရာရာတိုင်းကို ကြိုးစားပြီးပြီလို့ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ကလေးကတော့ ငိုနေတုန်းပါပဲ။ တကယ်လို့ သူတို့ဟာ အစာကျွေးပြီး၊ အနားယူပြီးလို့ ငိုနေဆဲပဲဆိုရင် ကျွမ်းကျင်သူများ အကြံပြုထားတဲ့ ဒီနည်းစနစ်များကို ကြိုးစားကြည့်နိုင်ပါတယ်။

- သင့်လက်မောင်းပေါ်မှာ (သို့) လှုပ်ကုလားထိုင်တစ်ခုထဲမှာ လှုပ်ပေးခြင်း
- သီချင်း ဖွင့်ပေးခြင်း
- တွန်းလှည်းထဲမှာ (သို့) သင့်လက်ပေါ်မှာချီပြီး လမ်းလျှောက်ခြင်း
- အသံထွက်တဲ့ အရုပ်တွေနဲ့ ကစားစေခြင်း
၈ ။ငယ်စဉ်ကတည်းက ယုံကြည်မှုနှင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို တည်ဆောက်ပေးပါ
အချို့ဆရာဝန်များက ကိုယ့်ကိုယ်ကို လေးစားမှုရှိတဲ့ ကလေးတွေဟာ ပိုပျော်ရွင်ကြတယ်လို့ ဆိုပါတယ်။ ဒီကိစ္စမှာ သူတို့ဟာ ရွယ်တူချင်း ဖိအားပေးမှုကို အရှုံးပေးဖို့ အလားအလာနည်းပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းက ကလေးတွေကို ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်ဖို့ ကူညီပေးပါတယ်။ မိဘတွေအနေနဲ့ ကလေးတစ်ယောက်အား ချီးမွမ်းသင့်ပြီး သူတို့ရဲ့ ကြိုးပမ်းမှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသင့်ပါတယ်။ သူတို့ကို ပိုမိုကောင်းမွန်စေဖို့ အားပေးပါ။

- သူတို့ကို အသက်အရွယ်အလိုက် သင့်လျော်သော တာဝန်များပေးခြင်းနှင့် ကျေးဇူးတင်ကြောင်း ပြောဖို့ မမေ့ထားပါနဲ့။
- အတူတူ အချိန်ဖြုန်းပါ။ ကလေးတွေဟာ သူတို့လည်း အရေးပါကြောင်း သိသင့်ပါတယ်။
၉။ သူတို့ ဝုန်းဒိုင်းကြဲတဲ့အခါ မသိချင်ယောင်ဆောင်နေပါ
စတိုးဆိုင်တစ်ခုမှာ အော်ဟစ်နေတဲ့ ကလေးငယ်တွေဟာ ပုံမှန်မြင်ကွင်းတစ်ခုလို့ ထင်ရသော်လည်း ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ Dr. Tanya Remer Altmann က ဝုန်းဒိုင်းကြဲတာကို ရပ်တန့်ဖို့ အကောင်းဆုံးနည်းက သူတို့ကို လျစ်လျူရှုထားပါလို့ ပြောကြားခဲ့ပါတယ်။ ကလေးဟာ Safe ဖြစ်တဲ့ နေရာမှာရှိပါက ဝေးဝေးကကြည့်နေပါ။ မကြာခင်မှာ မိဘအာရုံစိုက်နေသလား/မစိုက်ဘူးလားဆိုတာကို ရှာဖွေပါလိမ့်မယ်။ မိဘက သူတို့ကို အာရုံမစိုက်ဘူးဆိုတာ သဘောပေါက်သွားရင် အော်ဟစ်တာ ရပ်တန့်သွားပါလိမ့်မယ်။

ပထမဆုံးအကြိမ်မှာတော့ လုပ်ဖို့ခဲယဉ်းပါလိမ့်မယ်။ ဒါပေမယ့် ကြိုးစားနိုင်ပါတယ်။ အချို့စာအုပ်တွေနဲ့ အကြိုက်ဆုံးကစားစရာများကို ယူလာပေးခြင်းက သင့်ကလေးငယ်ကို အာရုံလွှဲစေနိုင်ပါတယ်။
Chit_MayMay
LM_Nandar
Source-brightside