Home Parenting Child Care မိဘတွေအတွက် သူတို့ကလေးကို ပိုနားလည်အောင် ကူညီနိုင်မယ့် စကားလုံးများ

မိဘတွေအတွက် သူတို့ကလေးကို ပိုနားလည်အောင် ကူညီနိုင်မယ့် စကားလုံးများ

0
မိဘတွေအတွက် သူတို့ကလေးကို ပိုနားလည်အောင် ကူညီနိုင်မယ့် စကားလုံးများ

ကလေးတစ်ဦးဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ရှင်းရှင်းလင်းလင်းထုတ်ဖော်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ တစ်ခါတလေမှာ မိဘတွေအနေနဲ့ ကလေးငယ်က ပြဿနာတွေကို အမှန်တကယ်ထုတ်ဖော်ပြတဲ့အခါ ကလေးဟာ မသင့်လျော်၊ ရိုင်းစိုင်းတဲ့အပြုအမူတွေကို ပြုမူနေတယ်လို့ထင်ကြပါတယ်။ ဒါ့ကြောင့်မို့ လူကြီးတွေအနေနဲ့ ကလေးတွေရဲ့အပြုအမူတွေရဲ့ အကြောင်းရင်းတွေကို ပိုနားလည်နိုင်ဖို့ ဒီစကားစုလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ကလေးတွေဟာ ရန်လိုနေတဲ့အခါ

အလွန်အကျွံရန်လိုနေတယ်ဆိုရင် – ငါအရမ်း ကြောက်တယ်၊ ငါ့မှာ စည်းကမ်းတွေနဲ့ ထောက်ပံ့မှုတွေလိုအပ်တယ်
စိတ်မပါလက်မပါဖြစ်နေတယ်ဆိုရင် – ငါအမှားလုပ်မိမှာ ကြောက်တယ်။ ငါတစ်ခုခုမှားသွားတဲ့အခါ လူကြီးတွေက သူတို့ထင်ရာမြင်ရာအတိုင်း ဆုံးဖြတ်ကြလိမ့်မယ်။
မိဘတွေအရိုက်ခံရတဲ့အခါ – ငါ့မိဘတွေဟာ သူတို့ဒေါသတွေကို ငါ့အပေါ်မှာပဲ ပုံချတယ်။ သူတို့မှာ တစ်ခြားနည်းလမ်းမရှိတော့ဘူး ထင်တယ်။ ငါ့အလှည့်ကျရင်လည်း ဒီလိုပဲလုပ်ရမယ်။

၂။ ကလေးတွေ ခိုးတယ်ဆိုရင်

သူတို့ရဲ့ ဆံပင်ကို ဆွဲခြင်း – ငါအရမ်းကြောက်တယ်၊ အရမ်းဖိစီးနေတယ်။
အလွန်တိတ်ဆိတ်စွာ စကားပြောနေတယ် – ငါ့ကိုယ့်ငါထုတ်ဖော်ပြောပြဖို့ အရမ်းကြောက်တယ်၊ အထူးသဖြင့် ငါလိုချင်တာတွေကို ပြောပြဖို့ ငါ့အရမ်းကြောက်နေတယ်။ ငါအကာအကွယ်လိုတယ်။ ငါ့ကို လက်မခံမှာ ကြောက်တယ်။
သူ့ရဲ့ လက်သည်းတွေကို ကိုက်နေတယ်- ငါအရမ်းကြောက်နေတယ်။ စိုးရိမ်နေတယ်။ စိတ်ဖိစီးနေတယ်။
သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မဆက်သွယ်ဘူး – ငါတစ်ခြားကလေးတွေနဲ့ ဆက်သွယ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ့်အမြဲကာကွယ်နေရမယ်။ သူတို့နဲ့ စကားပြောဖို့ ဘယ်လိုစကားလုံးတွေသုံးရမယ်ဆိုတာ ငါမသိဘူး။

၃။ သူတို့ဟာ ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားလုံးတွေ ပြောတဲ့အခါ

လောဘကြီးနေတယ်ဆိုရင် – ဒီပစ္စည်းတွေကို ငါပိုင်သင့်တယ်လို့ ထင်တယ်။ ငါဟာ နွေးထွေးမှုနှင့် ထောက်ပံ့မှုတွေ ကင်းမဲ့တယ်။
တစ်ခြားလူတွေကို မနာလိုဖြစ်တယ်- ငါ့ကို တစ်ခြားလူတွေထက်ပိုပြီး ငြင်းပယ်ခံရမှာ ကြိုက်တယ်။

ကြမ်းတမ်းရိုင်းစိုင်းသော စကားလုံးတွေရဲ့နောက်ကွယ်က အဓိပ္ပာယ်များ – ”ငါကမ္ဘာကြီးကို စူးစမ်းနေပါတယ်” ”ငါဟာ မင်းရဲ့ ဂရုစိုက်မှုကို မခံရဘူး” ”ငါ့အကြောင်း မသိအောင် ဖုံးကွယ်ပေးထားမယ့် မိသားစုအသိုင်းအဝိုင်းလိုအပ်တယ်” ”ငါတစ်ခုခုအပြစ်ရှိနေသလို ခံစားရတယ်” ”ငါဖြစ်ချင်တာတွေကို တိုက်ရိုက်ပြောလို့ မရဘူး”။

၄။ သူတို့က သူတို့ရဲ့ အစားအသောက်တွေကို မစားချင်ဘူးဆိုရင်

အစားအသောက်တွေအများကြီး စားတယ် – အစားအသောက်တွေက ငါ့ရဲ့ စိုးရိမ်ခြင်းတွေကို ကုသပေးတယ်။ အစားအသောက်တွေက ငါအရမ်းလိုအပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုတွေကို ပြန်ကောင်းအောင် ကူညီပေးတယ်။
ပျင်းနေတယ်ဆိုရင် – ဒီကမ်းလှမ်းချက်ကို ငါစိတ်မဝင်စားဘူး။ ငါတစ်ခုမှ မလုပ်ဘူး၊ လုပ်လိုက်ရင် ဘယ်သူမှ ငါ့ကို ထောက်ခံကြမှာ မဟုတ်ဘူး။ တစ်ခြားလူတွေက ငါ့အတွက်လုပ်ပေးတဲ့အခါ ငါစိတ်သက်သာတယ်။ ကျောင်းကို မသွားချင်ဘူး။

ကျောင်းမသွားချင်တဲ့ အကြောင်းရင်းများ – ငါစာမေးပွဲကျတဲ့အခါ ငါ့ကို ဆူပဲဆူနေကြတယ်။ အထောက်အပံ့ကောင်းကောင်းမရဘူး။ ငါ့မိဘတွေက အဆင့်မြင်လွန်းတာတွေကို မျှော်လင့်နေကြတယ်။ ငါ့သူငယ်ချင်းတွေနဲ့ အဆင်မပြေဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာလည်း မသိဘူး။

၅။ သူတို့က တစ်ယောက်တည်းကစားနေတယ်ဆိုရင်

ပစ္စည်းသေးသေးလေးတွေနဲ့ ကစားနေတယ်ဆိုရင် – ငါ ကလေးတွေနဲ့ မကစားနိုင်ဘူး၊ ငါကြောက်တယ်။ ငါကွန်ပျူတာဂိမ်းတွေနဲ့ ပဲကစားချင်တယ်။ ဒါမှလည်း ငါနိုင်မယ်။
အိပ်နေစဉ် သွားကြိတ်ခြင်း – ငါဒေါသထွက်နေတယ်။ ဒီဒေါသတွေကို စကားလုံးတွေနဲ့ မဖော်ပြနိုင်ဘူး။
ကောင်းကောင်းမအိပ်ဘူး – အမှောင်တွေနဲ့ ခပ်မှိန်မှိန်အလင်းတွေကြောင့် ငါမအိပ်တတ်ဘူး။ ငါ့ အမေမလာတော့ဘူး ထင်တယ်။ ငါနဲ့အတူ ငါ့အမေလာအိပ်မယ်ဆိုတာ ငါယုံတယ်။

၆။ အရုပ်နဲ့ပဲ အမြဲဆက်သွယ်နေတယ်ဆိုရင်

သူတို့ကိုယ်ကိုယ်ထိခိုက်စေတယ် – ငါ့ရဲ့ soul လေးဟာ သေလောက်အောင် နာကျင်ကိုက်ခဲနေတယ်။ ငါအရမ်းအပြစ်ရှိသလို ခံစားနေရပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်ပေးဖို့ ကြိုးစားနေတယ်။
အလွန်အကျွံ့စိတ်ကူးယဉ်ခြင်း – ငါ့ရဲ့ စိတ်ကူးယဉ်ကမ္ဘာကပဲ အရာရာတိုင်းအတွက် အဆင်ပြေတယ်။

Chit_May_May

Nyein_Thu

Ref-Brightsideme

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here