မိဘတွေအထူးရှောင်ကြဥ်သင့်တဲ့ သားသမီးကိုပြုစုပျိုးထောင်နည်း အမှားများ

0
472
- Advertisement -

မိဘတွေဟာ ကလေးတွေရဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်ပေးကြတဲ့ ပန်းပု ပညာရှင်လေးလိုပါပဲ။ ကိုယ်ပုံဖော်ထုဆစ်ပုံ မှားယွင်းတာဟာ ကလေးငယ်ရဲ့ အနာဂတ်အပေါ် အများကြီးမူတည်နေပါတယ်။ အခုဖော်ပြမယ့် အချက်တွေကို မိဘတွေအနေနဲ့ သတိထားပေးသင့်ပါတယ်။ မိဘဆိုတာ ကလေးတွေရဲ့ လက်ဦးဆရာလည်းဖြစ်သလို သင်ဆရာမြင်ဆရာလည်း ဖြစ်ပါတယ်။

မိဘတွေဆီကနေကြည့်ပြီး ပထမဆုံး သင်ယူကြတာမို့ပါ။ အမိယုတ်တော့ နှုတ်ကြမ်း၊ အဖယုတ်တော့ ကိုယ်ကြမ်းဆိုတဲ့ မြန်မာစကားပုံလည်း ရှိကြတာမို့ ကလေးတွေရဲ့ အပြုအမူဟာ မိဘတွေရဲ့ အုပ်ထိန်းမှုကို ထင်ဟပ်ပြသနေတယ်ဆိုတာ ငြင်းပယ်နိုင်စရာမရှိပါဘူး။ အကုန်လုံးကို သိမ်းကြုံးပြီး တော့ မပြောလိုပါဘူး။

မိဘတွေ ဆင်းရဲပေမယ့်လည်း အရမ်းတော်တဲ့ကလေးတွေရှိသလို မိဘတွေအရမ်းတော်ပေမယ့်လည်း မိဘတွေလောက် ထက်မြက်မှုမရှိတဲ့ ကလေးတွေလည်းရှိကြတာမို့ပါ။ အများအားဖြင့်တော့ ကလေးတွေရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမှု၊ တပါးသူအပေါ် စာနာထောက်ထားမှု၊ ပေးကမ်းရက်ရောတတ်မှုတွေဟာ မိဘတွေဆီကနေ အသွေးနဲ့ အသားနဲ့ စီးဆင်းကူးစက်လာတဲ့ အမူအကျင့်တွေပါပဲ။

အောင်မြင်ပျော်ရွှင်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ဖို့ မိဘရဲ့ အုပ်ထိန်းပုံဟာ အရေးပါလှပါတယ်။ ဒါ့ကြောင့် အုပ်ထိန်းသူ မိဘတွေအနေနဲ့ ဒီအချက်လေးတွေကို သတိပြုမိစေဖို့ မျှဝေပေးလိုက်ပါတယ်။

#Chit_May_May

#Thinzar

Ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here